← Chapters

အဆင့်နိမ့်သလင်းကျောက်

Vol. 4 Ch. 53

အဆင့်နိမ့်သလင်းကျောက်

Vol. 4 Ch. 53

ထိုအချိန် ပိုင်လင်းက ချီယောင်နဲ့ဆက်သွယ်ပြီး သဘာဝဖြစ်စဥ်အကြောင်း ပြောဆိုနေတယ်။

ချီယောင်က..

ဖြစ်စဥ်ရဲ့ကြာချိန် ပြီးတော့လက္ခဏာကိုကြည့် ရသလောက် ဒါကသလင်းကျောက်တွင်းပေါ်တဲ့ ဖြစ်စဥ်မျိုးပဲ

သလင်းကျောက်တွင်းတဲ့လား

ပိုင်လင်းရဲ့အမေးကို ချီယောင်က

ဟုတ်တယ် သလင်းကျောက်မှာတောင် အဆင့် နိမ့် အလယ်ဆင့်နဲ့ အဆင့်မြင့်ဆိုပြီး ၃မျိုးခွဲထား သေးတယ် နောက်ထပ်အမြင့်ဆုံးကတော့ ထိပ် တန်းအဆင့်ပေါ့ ဒါကမှတ်တမ်းတွေရဲ့ဖော်ပြမှု အရလွန်ခဲ့တဲ့နှစ်၅၀၀၀ခန့်က ဒီလောကကြီးမှာ နောက်ဆုံးပေါ်လာပြီး ပျောက်ကွယ်သွားတာလို့ ရေးထားတယ်

ပိုင်လင်းက မေးလိုက်တယ်။

သူက ဘာအတွက်လဲ ကျင့်ကြံဖို့ပဲလား

ဟုတ်တယ် သလင်းကျောက်တွေက ကျင့်ကြံ သူတွေကို အရမ်းအထောက်ကူပြုတယ် သလင် ကျောက်အဆင့်မြင့်လေ ရနိုင်တဲ့စွမ်းအားမြင့် လေဆိုတော့ တန်ဖိုးကြီးပြီးရှားပါးတယ်လို့ဆို နိုင်တယ် အင်အားစုတခုအနေနဲ့ ကျောက်တွင်း တခုသာပိုင်ထားရင် အဆင့်နိမ့်ဖြစ်ပါစေဦး နှစ် ရာဂဏန်းအတွင်းမှာပဲ ထိပ်တန်းအင်အားစုတခု ဖြစ်လာနိုင်တယ်

အဲ့လောက်တောင်လား

ချီယောင်က နှာမှုတ်လိုက်ပြီး

အကျိုးကိုပဲ မကြည့်နဲ့ အနောက်မှာအလောင်း တွေတောင်လိုပုံနေမှာကို နင်စဥ်းစားလိုက်ဦး ခု လောက်ဆို ဒီမြို့မှာဖြစ်စဥ်တခုပေါ်လာတာ အ များစုသိထားလောက်ပြီ သိပ်မကြာခင်မှာဒီကို လာစုကြလိမ့်မယ် တခုကံကောင်းတာက ဖြစ်စဥ်ပေါပြီး အနည်းဆုံးနှစ်ဝက်ကြာမှ ကျောက်တွင်းပေါ်တာ နင်ကံကောင်းတယ်

ပိုင်လင်းတယောက် သက်ပြင်းချလိုက်တယ်။ လက်ရှိသူ့ခွန်အားအရ ကျောက်တွင်းကိစ္စကို ဝင်ပါလို့မရနိုင်ဘူး။ ဒါပေမယ့် နှစ်ဝက်ဆိုရင် တော့ ကိစ္စက တခုခုပြောင်းလဲသွားနိုင်ပါသေး တယ်။

နင့်ရဲ့ပထမဆုံး အလုပ်ကိုပဲအာရုံစိုက်ထား ဒီ ကိစ္စကို ငါဆက်ပြီးစောင့်ကြည့်နေမယ် နင်သွား ရင်လက်စွပ်ကို ကျိလင်ဆီပေးခဲ့လိုက်

ချီယောင်က သူမနေခဲ့ပြီး အခြေနေကိုစောင့်ကြ ည့်ဖို့ဆုံးဖြတ်လိုက်ပုံရတယ်။

ကောင်းပြီ ကျတော်မှာထားလိုက်မယ်

ထိုသို့ပြောပြီးတာနဲ့ ပိုင်လင်းလည်း ချီယောင်နဲ့ အဆက်သွယ်ဖြတ်ပြီး ကျိလင်ကိုအကြောင်းစုံ ရှင်းပြလိုက်တယ်။ အဲ့အထဲမှာ ချီယောင့်ကိစကို တော့ထည့်မပြောပဲ လက်စွပ်ရဲ့တန်ဖိုးကြောင့် ယူဆောင်သွားလို့မဖြစ်တဲ့အကြောင်းနဲ့ လက်ရှိ သဘာဝဖြစ်စဥ်က ထူးခြားနေလို့ ရှန်ယု လျှိုချင်းဖုန်းတို့နဲ့ တိုင်ပင်ပြီး မြို့တွင်းအခြေနေ ကိုစောင့်ကြည့်ဖို့ပဲ အဓိကထားပြီးမှာလိုက်ရ တော့တယ်။

ရက်အနည်းငယ်အတွင်းမှာပဲ မြို့တော်ကစတင် လှုပ်ရှားလာပြန်ပါပြီ။ ပိုင်လင်းကလည်း နေ့စဥ် ဖြတ်သန်းမှုအတိုင်း ဖြတ်သန်းနေပြီး ၃ပတ်ပြည့်ဖို့ ရက်အနည်းငယ်အလိုမှာတော့ သင်းပျံ့ကောင်းကင်မြို့က တစတစပိုပြီးအသ က်ဝင်လာတာကို သတိထားမိလာတယ်။

ချီယောင့်စကားအရဆို ဒီမြို့ကစစ်တလင်း ဖြစ်ရတော့မှာပေါ့

ထိပ်တန်းအင်အားစု ထိပ်တန်းဂိုဏ်းတွေက ပြင်ပလူစိမ်းကျင့်ကြံသူတွေ ဝင်ရောက်တာကို တားဆီးနေပြီး ပိုင်လင်းတို့ကတော့ ခရီးစဥ်အ တွက်လိုအပ်တာကို ပြင်ဆင်နေခဲ့တယ်။

မြို့မကုန်သွယ်ရေးခန်းမထဲမှာ မြို့မကုန်သွယ် ရေးခန်းမသခင် ကျားဖြူကုန်သွယ်ရေးနဲ့ ထန်း မိသားစု စတဲ့ထိပ်တန်းအင်အားစုအသီးသီးက ခန်းမသခင်တို့ တွေ့ဆုံနေကြပြီး ထို့အပြင် တစ္ဆေဂိုဏ်းချုပ် ပန်းတရာဂိုဏ်းချုပ်တို့လည်း ရှိနေကြတယ်။

ဒီသဘာဝဖြစ်စဥ်ကို ခင်ဗျားတို့လည်းသိထား ကြမှာဆိုတော့ အပိုမပြောတော့ဘူး

မြို့မကုန်သွယ်ရေးခန်းမသခင်က စကားစတယ်။

ကျုပ်တို့သိတယ် အခုပြဿနာက ပြင်ပကဝင် လာတဲ့အင်အားစုတွေကို ထိန်းချုပ်ဖို့နဲ့ ချန်အိမ် တော်ကိစ္စပဲ ပွင့်လင်းရာသီပြိုင်ပွဲကနီးလာပြီ

ထန်းသခင်ကြီးက ထောက်ပြတယ်။ သူ့စကား အဆုံးမှာ စုလဲ့က နှာခေါင်းရှုံ့လိုက်ပြီး

ချန်အိမ်တော်ကိစ္စကို ရှင်စိုးရိမ်စရာမလိုပါဘူး ကျွန်မစီစဥ်ထားတယ် အဲ့ထက်အရေးကြီးတာ သလင်းကျောက်တွင်းကိစ္စပဲ ဒါက ကျွန်မတို့ကို ပိုပြီးအားကောင်းလာစေဖို့ အထောက်ကူပြုနိုင် တယ်ဆိုတာ ရှင်မမေ့နဲ့ ချန်အိမ်တော်ကိစနဲ့ပြိုင် ပွဲက အချိန်မရွေးလုပ်လို့ရတယ်

စုလဲ့ရဲ့စကားကို အကုန်လုံးက ထောက်ခံဟန်နဲ့ ခေါင်းညိတ်လိုက်ကြတယ်။ သလင်းကျောက်ရဲ့ တန်ဖိုးက ချန်အိမ်တော်ထက်အများကြီးတန်ဖိုး ရှိတယ်မဟုတ်လား။ နောက်ပြီးသူတို့အားလုံးခွဲ ဝေယူခဲ့ရင်တောင် တဦးစီရဲ့ရပိုင်ခွင့်က အင်အားစုတခုကို နှစ်ဆယ်ဂဏန်းလောက် အထောက်အကူပြုနိုင်ပါတယ်။

ဒီရက်ပိုင်းကစပြီး မြို့တော်ကို ကိုယ့်နည်းကို့ ဟန်နဲ့စောင့်ကြည့်ပြီး အချက်အလက်စုဆောင်း ရမယ် ပြီးတော့ဒီသတင်းကိုလည်း ပိတ်ဆို့ထား ရမယ်

တစ္ဆေဂိုဏ်းချုပ်က ပြောတယ်။

ဟမ့် ခင်ဗျားလိုအင်အားစုပေါင်းစုံနဲ့ ချိတ်ဆတ် နေတဲ့လူက ဒီစကားပြောတယ်တဲ့လား ယုံချင်စ ရာပဲ

ထန်းသခင်ကြီးက လှောင်ပြောင်လိုက်တယ်။ ပန်းတရာဂိုဏ်းချုပ်က တိုးညင်းစွာရယ်မောလို က်ပြီး

ဒါက အင်အားစုကြီးထွားရေးနဲ့ပက်သက်နေ တာမျိုးမဟုတ်လား အစ်ကိုဝမ်က နှုတ်လုံမှာပါ ဟုတ်တယ်မလား အစ်ကိုဝမ်

သူမရဲ့ရယ်သံနဲ့ စကားပြောသံက ညှို့ငင်နိုင်စွမ် ရှိပြီး လေသံအသွားအလာကို နားထောင်ရုံနဲ့ သူမက တစ္ဆေဂိုဏ်းချုပ်ကို ခြိမ်းခြောက်လိုက်မှန်း လူတိုင်းသိကြတယ်။ အစ်ကိုဝမ်က မျက်နှာတခုလုံးရှုံ့မဲ့သွားပြီး မကျေမနပ်နဲ့ တုန့်ပြန်လာတယ်။

မင်းငါ့ကို သတိပေးစရာမလိုပါဘူး

ဟားးး ကောင်းတယ် ဒါဆိုကျုပ်တို့ကြားယုံ ကြည်မှုကို အခြေခံပြီး ဆက်ဆွေးနွေးကြတာ ပေါ့ ဒါနဲ့ ပိုင်လင်းကိစ္စကိုတော့ အစ်မစုလဲ့ဆီ အပ်လိုက်ပြီနော်

မြို့မသခင်က ကျယ်လောင်စွာရယ်မောပြီး ပြောလိုက်တယ်။ ပိုင်လင်းကိုသာဖြေရှင်းနိုင်ပါက ချန်အိမ်တော်ကို ဖြေရှင်းဖို့က ပုံမှန်နည်းအတိုင်း ဆက်သွားလို့ရပါပြီ။ အထူးသဖြင့် ပွင့်လင်းရာ သီမှာလုပ်တဲ့ ပြိုင်ပွဲနဲ့ပေါ့လေ။

ထိုကိစ္စဆွေးနွေးပြီး နောက်တရက်မှာတော့ မြို့ အဝင်အထွက်က ပိုတင်းကြပ်သွားတယ်။ ဒေသခံမဟုတ်တဲ့ ကျင့်ကြံသူတွေကို ထိန်းချုပ် လိုက်ပြီး အင်အားစု၅ခုက အပြည့်အဝစောင့် ကြည့်လာကြတယ်။

All Chapters