← Chapters

အခန်း (၅၄)

Vol. 4 Ch. 54

အခန်း (၅၄)

Vol. 4 Ch. 54

ခရီးစဥ်က စတင်ခဲ့ပြီ။

များပြားတဲ့ကုန်စည်တွေကို သယ်ဆောင်ရင်း ပိုင်လင်းတို့တဖွဲ့ မြို့ထဲကနေ ချောချောမွေ့မွေ့ပဲ ထွက်လာခဲ့တယ်။

မြို့အဝင်အထွက်ကို စစ်ဆေးပေမယ့် ပိုင်လင်း ဆိုတာက လတ်တလောမှာထင်ရှားနေတဲ့ လူငယ်ပါရမီရှင်တဦး ဖြစ်နေတဲ့အတွက် သူ့ကို စစ်ဆေးမှုသိပ်မလုပ်ကြပါဘူး။

အဓိက မြို့ဖြစ်တဲ့ တစ္ဆေမြို့ကိုအရင်ဖြတ်သန်း သွားပြီး ဒုတိယမြို့ဖြစ်တဲ့ တုံမင်မြို့ကိုဖြတ်ရ မှာပါ။

ပိုင်လင်းက တလမ်းလုံးတိတ်ဆိတ်နေပြီး ခရီး စထွက်တည်းက လေးလံနေတဲ့စိတ်ကြောင့်လဲ ပတ်ဝန်းကျင်ကို သတိမပြတ်လေ့လာနေခဲ့တယ် မော့ပေက ကုန်စည်လှည်းတွေကို အနီးကပ် ကြပ်မတ်ထားပြီး ချန်ဟယ်နဲ့ယန်ရှုက ပိုင်လင်း ရဲ့အရှေ့ကနေ ရင်ဘောင်တန်းသွားနေတယ်။

မြို့ပြင်ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ မြင်း လှည်းတွေက လမ်းကြောင်းပေါ် ရောက်သွားကြတယ်။ တအိအိရွေ့လျားနေတဲ့ လှည်းတွေနဲ့အတူ အစောင့်၂၀ ကျော်ကပျင်းရိ ထုံထိုင်းစွာနဲ့ တောအုပ်ထဲဝင်လာကြတယ်။

ဒီခရီးအတွက် ပိုင်လင်းကရွာတွေကို ဖြတ်ဖို့မ တွေးထားပါဘူး။ အသွားခရီးကိုရွာလမ်းက ဖြတ်မသွားတာက ပိုမြန်စေပြီး အပြန်ကျမှရွာ လမ်းကနေဖြတ်ဖို့ တွေးထားတာဖြစ်တယ်။

မုန်းချောင်းက ဒီချိန်ဆို ရေကျနေပြီ ဒီတော့ ငါတို့မြင်းနဲ့ဒီတိုင်းဖြစ်လို့ရတယ်

ယန်ရှုက ပိုင်လင်းဆီကပ်လာရင်း ပြောတယ်။

ဒါဆို မုန်းချောင်းနားက ဆိုင်တွေပါ ဖျက်လိုက် ရမှာပေါ့

ပိုင်လင်းရဲ့အမေးကို ယန်ရှုက

ဟုတ်တယ် ဒါကသူတို့နားတဲ့ကာလပဲလေ

ယန်ရှုက ထိုသို့ပြောရင်း တဆက်တည်း ပတ်ဝန်းကျင်ရဲ့ အငွေ့အသက်တချို့ သိပ်သည်းလာတာကို သတိပြုမိလိုက်ပုံရတယ် အသင့်အနေထားဖြစ်သွားတယ်။

ထိုအချင်းအရာကို မြင်လိုက်တဲ့ချန်ဟယ်နဲ့ မော့ပေတို့လည်း သတိကပ်သွားတယ်။

ဒီပတ်ဝန်းကျင်က မသက်ာစရာကောင်းတယ် အကုန်လုံး သတိကပ်ထားကြတော့ဟေ့

လူအုပ်ကြီးက အဆတ်မပြတ်သတိကပ်နေရင်း ပတ်ဝန်းကျင်ကိုလည်း စူးစမ်းနေတယ်။ ဒီလိုနဲ့ တနေ့တာကုန်သွားတယ်။

ဒီနေရာမှာပဲ စခန်းချကြမယ် ကင်းကိုအလှည့် ကျစောင့်မယ် မပေါ့ဆနဲ့

ချန်ဟယ်က အစောင့်တွေကို သတိပေးလိုက်ပြီး ယာယီတဲအချို့စီမံစေတယ်။ အကုန်ပြင်ဆင် ပြီးချိန်ရောက်တော့ အေးစက်တဲ့လေနဲ့အတူ ညအချိန်ရောက်ရှိလာတယ်။

ပိုင်လင်းက မီးပုံတခုဖိုလိုက်ပြီး မော့ပေတို့နဲ့တူ မီးပုံကိုဝိုင်းပတ်ပြီး ထိုင်နေတယ်။ မီးပုံရဲ့အပူရှိန်နဲ့ အလင်းရောင်က ယာယီတဲနဲ့ မြင်းလှည်းတွေကို ခြုံမိစေတယ်။

အစောင့်တွေကလည်း တဲနဲ့ကုန်စည်းလှည်းတွေ အားလုံးကိုသတိထား စောင့်ကြပ်နေတယ်။

ကုန်စည်ပို့တိုင်း ဒီလိုဖြစ်နေတာက မဟုတ်သေးဘူးလို့ ထင်တယ်

မော့ပေက ညီးတွားလာတယ်။ သူကနှစ်ကြိမ် လိုက်ပါခဲ့ပြီး နှစ်ကြိမ်လုံးတိုက်ခိုက်ခံရတယ်ဆို တာကျ နည်းလမ်းမကျတော့ဘူးလေ။

အချိန်ကတဖြေးဖြေး ကုန်လွန်လာတယ်။ အအေးဓာတ်က အနည်းငယ်ထူထပ်လာပေမဲ့ ဆောင်းနှောင်းကာလကို စတင်ဝင်ရောက်လာ တဲ့အတွက် အရင်ကလောက် မအေးတော့ဘူး။ အကုန်လုံးရဲ့စိတ်တွေက သိသာစွာပဲ လေးပင်နေခဲ့ကြတယ်။

ပိုင်လင်းက မီးပုံဘေးမှာထိုင်ပြီး တိတ်တဆိတ် အတွေးလွန်နေတယ်။ အဓိက မထင်မှတ်ပဲကူး ပြောင်းလာကစပြီး ချီယောင်ရဲ့ဆယ်နှစ်တာ ကတိကိုပေးလိုက်ပြီးနောက် သူ့ရဲ့ကျင့်ကြံရေး လမ်းကြောင်းက စတင်အသက်ဝင်လာပြီလို့ သူထင်နေတယ်။

ဒါကအသက်ကိုပုံအောပြီး လောင်းရတဲ့ကစား ပွဲတခုထက် မပိုပါဘူး။ အထွဋ်အထိပ်လမ်းစဥ် ရောက်ဖို့ဆိုတာထက် အရင်ဆုံးနုနယ်ချိန်မှာ အသေမစောဖို့ပဲ ပိုအလေးအနက်ထားရမယ့် ပုံစံဖြစ်နေတယ်။ ဒီလောကရဲ့ အမှန်တရားက ခွန်အားပဲ။ ခွန်အားကသာအရာအားလုံးအပေါ် အမှားအမှန် ဆုံးဖြတ်နိုင်တယ်။ ခွန်အားမရှိရင် အလကားပဲလေ။

တညလုံး မအိပ်ပဲအတွေးများပြီးနောက် မိုးလင်းသွားတယ်။ မနက်စောစောမှာပြင်ဆင် ပြီး ခရီးထွက်ဖို့လုပ်တယ်။ ကျင့်ကြံသူတွေဖြစ် ကြတဲ့အတွက် တညတာအနားယူတာက ပင်ပန်းမှုတွေကို ပျောက်ကင်းသွားစေတယ်။

ဒီလိုနဲ့နောက်ထပ် ရက်အချို့ကြာပြီးနောက်မှာ တော့ တစ္ဆေမြို့ထဲကို ရောက်လာတော့တယ်။ တစ္ဆေမြို့က ပထမအကြိမ်ရောက်စဥ်ကလိုပဲ စည်ကားနေပြီး အပြောင်းအလဲအချို့တောင် ရှိမနေပါဘူး။

ချန်ဟယ် ယန်ရှု ပိုင်လင်းတို့လည်း တစ္ဆေမြို့က ချန်ဟယ်ကုန်သွယ်ရေး ဌာနခွဲကိုရောက်သွား တယ်။ တဖက်မှာမော့ပေက အစောင့်တွေကို ကုန်စည်လှည်းတွေနဲ့အတူ အနားယူမယ့်နေရာ ကိုခေါ်သွားတယ်။

လမ်းတလျှောက် ချန်ဟယ်က ဌာနခွဲနဲ့ပက်သက် တာတွေအကုန် ရှင်းပြနေတယ်။

ဒီဌာနခွဲက သင်းပျံ့ကောင်းကင်မြို့ ပြင်ပဌာန ခွဲတွေထဲမှာ ပထမဆုံးဖွင့်တဲ့ ဌာနခွဲပဲ ဖွင့်ကာစ အချိန်တွေတုန်းကတော့ ကျွန်မနဲ့ ဦးလေးတိလုံ တို့ တာဝန်ကျသေးတယ်လေ

ဒီမြို့က တစ္ဆေဂိုဏ်းလက်အောက်ဆိုတော့ ဝန်ထမ်းတွေအနေနဲ့ ဖိအားတချို့ မရှိဘူးလား

ပိုင်လင်းရဲ့အမေးကို တိလုံက

မရှိဘူး အပေါ်ယံအားဖြင့်တော့ တစ္ဆေဂိုဏ်းရဲ့ ဂုဏ်သိက္ခာအရ ဒီလိုအရေးမပါတဲ့ဌာနခွဲတခုကို ကိုင်တွယ်မှာမဟုတ်ဘူး

ဂိုဏ်းကြီးတခုအနေနဲ့ အရေးမပါတဲ့လူတွေကို ဖြေရှင်းတာက ဂုဏ်သိက္ခာကျဆင်းစေတယ်လို့ ယူဆပုံရတယ်။ ဒါက တနည်းအားဖြင့်တော့ ဘေးကင်းတာပေါ့လေ။

ဌာနခွဲထဲကိုဝင်တော့ ဌာနခွဲမန်နေဂျာက ထွက်ကြိုတယ်။ သူ့အနေနဲ့ ပိုင်လင်းအကြောင်း ကိုသိထားတဲ့အပြင် ချန်ဟယ်ကိုယ်တိုင် လိုက်ပါလာတဲ့အတွက် အလေးအနက်ဖြစ်နေရ တယ်။

သိပ်မကြာခင်ပဲ ဌာနခွဲရဲ့စာရွက်စာတမ်းအချို့ ပြီးတော့ကုန်စည် ဖြန့်ဝေတာ လက်ခံတာ စတာတွေနဲ့ပက်သက်ပြီး ဆွေးနွေးမှုအချို့လုပ် ဆောင်ပြီးတော့ ချန်ဟယ်နဲ့ပိုင်လင်းတို့ ဌာနခွဲ ထဲကနေပြန်ထွက်လာပြီး တည်းခိုတဲ့နေရာကို သွားလိုက်တယ်။

ငါတို့လမ်းမှာ ခံစားနေရတဲ့ အငွေ့အသက်က ဒီမြို့ထဲရောက်တော့ ပျောက်သွားပြီ ဒါပေမယ့် ပေါ့ဆဆတော့လုပ်မနေနဲ့ တစ္ဆေလုပ်ကြံရေး အဖွဲ့ဆိုတာက တစ္ဆေဂိုဏ်းလက်အောက်ကပဲ

ယန်ရှုက ပိုင်လင်းကိုအလေးအနက်ပြောလာ တယ်။ ပြိုင်ပွဲကြောင့် ပိုင်လင်းရဲ့ကျော်ကြားမှု အချို့ကိုမနာလိုတဲ့ ပြိုင်ဘက်အင်အားစုတွေက ပိုင်လင်းမကြီးထွားခင် သတ်ဖြတ်ဖို့စီစဥ်လာနိုင် တယ်လို့ သူယူဆတယ်လေ။

ပိုင်လင်းက အသာခေါင်းညိတ်ပြလိုက်ပြီး သူအနားယူမယ့်အခန်းထဲ ဝင်သွားလိုက်တယ်။ တစ္ဆေမြို့မှာ တညတာအနားယူတာက မည်သည့်ပြဿနာမှ မဖြစ်ပွားခဲ့ဘူး။ နောက်တ ရက်မှာတော့ ဌာနခွဲမန်နေဂျာရဲ့ ပို့ဆောင်မှုနဲ့အ တူ တစ္ဆေမြို့ထဲက စတင်ထွက်လာခဲ့တယ်။

မြို့ပြင်ကိုရောက်တော့ လူအသွားအလာကျဲပါး သွားပြီး တောတွင်းမဟုတ်ပေမယ့် တောအုပ်ငယ်တခုလို အပင်တွေက ထူထပ်စွာ ပေါက်ရောက်နေတယ်။ ဒီလမ်းအတိုင်းသွား မယ်ဆိုရင် တုံမင်ကို ၃ရက်အတွင်းရောက်သွား တော့မှာပါ။

..

All Chapters