ချူမိသားစုသခင်လေး
Vol. 4 Ch. 55
သက်မှတ်ထားတဲ့အတိုင်း ၃ရက်ပြည့်ချိန်မှာ တုံမင်မြို့အဝင်ကိုရောက်လာတယ်။ ခုထိတော့ အန္တရာယ်တစုံတရာ မဖြစ်သေးဘူး။ ဒီအတွက် ပိုင်လင်းတယောက် သူ့ရဲ့အာရုံခံစားမှုကိုတောင် သံသယဝင်စပြုလာတယ်။
သူမသိတာက ယန်ရှုကြောင့် တဖက်ကလုပ်ငန်း မစတာကိုပဲ ဖြစ်တယ်။ ယန်ရှုကဘယ်သူမို့လဲ။ အဆင့်၂ အလယ်လတ်ကိုရောက်နေပြီး ဒေါသ နတ်ဘုရားလို့ နာမည်ကြီးတဲ့ တိုက်ခိုက်ရေးသမား မဟုတ်လား။
တုံမင်မြို့မှာတော့ ထိပ်တန်းဂိုဏ်းအချို့နဲ့ ချူမိသားစုက ထိန်းချုပ်ထားတယ်။ အဓိက ချူမိသားစုပေါ့လေ။ ချူကျန်းရှန်က အဆင့်၁ အစောပိုင်း ကျင့်ကြံသူဖြစ်ပြီး ချူမိသားစုဘိုး ဘေးကတော့ သိုင်းသခင်အဆင့်၃ ကျင့်ကြံသူ ဖြစ်တဲ့အတွက် လွှမ်းမိုးမှုအချို့ ရှိတယ်လို့ယူဆ နိုင်တယ်။
ထုံးစံအတိုင်းပဲ ချန်ဟယ်ဦးဆောင်ပြီး ဌာနခွဲကို အရင်သွားရတယ်။ ဌာနခွဲမှာ လိုအပ်တာတွေကို မှာကြားပြီး ကုန်ပစ္စည်းအချို့ ဖလှယ်တယ်။ တုံမင်မြို့က လုပ်ငန်းရှင်အချို့ မှာယူထားတဲ့ ဆေးဝါးနဲ့ ပိုးထည်တွေ ဖြစ်တယ်။
နာရီအနည်းငယ်ကြာပြီးနောက် အနားယူမယ့် တည်းခိုနေရာကို သွားပြီး အနားယူဖို့ပြင်ဆင် ကြတော့တယ်။
ပိုင်လင်းက တည်းခိုခန်းရဲ့ စားသောက်ခန်းမမှာ ထိုင်ပြီး ညစာအတွက် စားစရာအချို့မှာနေခဲ့ တယ်။ သူ့အတွက်ဒေသအသစ်တခုက စားစရာ အသစ်တမျိုးကို စားရတာ စိတ်ကျေနပ်စရာ ဖြစ်တယ်လို့ ယူဆတယ်။
ပိုင်လင်းနဲ့အတူ ချန်ဟယ် ယန်ရှု မော့ပေတို့လဲ ရှိနေပြီး ညစာအတွက် မန်ထိုနဲ့ အသားစွပ်ပြုတ် အချို့ပြီးတော့ ဝိုင်အိုးအနည်းငယ် ထပ်မှာတယ် ယန်ရှုက ဝိုင်အိုးကိုမော့ပြီး သောက်ချတယ်။
ထွီ ညံ့လိုက်တဲ့ဝိုင်ပဲ
စားသောက်ခန်းမက ကျိတ်ကျိတ်တိုးစည်ကား နေတာမျိုးမဟုတ်ပေမယ့် လူအပြည့်ဖြစ်နေပြီး ယန်ရှုရဲ့စကားသံက အနည်းငယ်ကျယ်နေတာ ကြောင့် ခန်းမတခုလုံး ကြားလိုက်ကြတယ်။
ဘယ်သူလဲ ဘယ်သူက ဝိုင်ကိုညံ့တယ်လို့ ပြောရဲတာလဲ
ဒီလူက လူစိမ်းထင်တယ် ချူမိသားစုကထုတ်တဲ့ ဝိုင်ကိုများ မကောင်းပြောရဲတယ်
အကုန်လုံးက တီးတိုးပြောနေစဥ်မှာပဲ စကားသံ တခုထွက်လာတယ်။
နောင်ကြီးက ကျုပ်တို့မိသားစုကထုတ်တဲ့ နှစ်တရာဝိုင်ကို ဘာလို့ဝေဖန်တာလဲ
အသံက လူငယ်တယောက်ရဲ့အသံပဲ။ အသံနဲ့အတူ အသက်နှစ်ဆယ်အရွယ် လူငယျတဈဥိီးက အစောင့်နှစ်ဦးနဲ့အတူ ဆိုင်ထဲ ဝင်ရောက်လာတယ်။ လူငယ်ပုံစံက ချမ်းသာပြီး ထက်မြတ်တဲ့ကိုယ်ရည်ကိုယ်သွေးကို ပိုင်ဆိုင် ထားမှန်းသိသာနေတယ်။
ဒီဝိုင်ကို မင်းတို့မိသားစုကထုတ်တာလား မင်းကဘယ်မိသားစုကလဲ
ယန်ရှုကခပ်တည်တည်ပဲ ပြန်မေးတယ်။ လူငယ်ကဒေါသမထွက်ပဲ အနည်းငယ်တောင် ပြုံးယောင်ယောင်လုပ်လိုက်ပြီး
ဟုတ်တယ် ဒါကကျုပ်တို့ချူမိသားစုကထုတ် ထားတဲ့နှစ်တရာဝိုင်ပဲ ဒီလိုဝိုင်တအိုးရဖို့ ရောစပ်တာ ပေါင်းခံတာ လုပ်ငန်းစဥ်တွေက နှစ်တရာကြာလို့ နှစ်တရာဝိုင်လို့ ပေးထားတာ
လူငယ့်စကားဆုံးတော့ ယန်ရှုကကျယ်လောင် စွာရယ်လိုက်ပြီး ပြောတယ်။
ဟားးးး ဒါကနှစ်တရာသက်တမ်းရှိတဲ့ ဝိုင်တဲ့လား ရယ်စရာပဲ ဒီလောက်ဆိုးတဲ့အရသာ ဘယ်လိုလုပ်နှစ်တရာ ပေါင်းခံထားတာဖြစ်မလဲ ငါ့ကိုလာနောက်မနေစမ်းနဲ့
ပိုင်လင်းက ဘေးမှာတိတ်ဆိတ်နေပြီး ဝိုင်ပြဿ နာကို ငြိမ်ပြီးကြည့်နေတယ်။ လူငယ်ကယန်ရှု စကားကြောင့် ဒေါသအနည်းငယ်ထွက်သွားပေ မယ့်တည်ငြိမ်အောင် ထိန်းထားတုန်းပဲ။
တုံမင်မြို့မှာ ချူမိသားစုကထုတ်တဲ့ ဘယ်လိုအရာကိုမဆို စော်ကားလို့မရဘူး ဒါကို ခင်ဗျားမသိဘူးလား
လူငယ့်ဘေးနားရှိ အစောင့်ကမာန်မဲတယ်။ ဒါမျိုးက ကျွန်ပါးဝတတ်တဲ့ အလေ့အထမျိုးပဲ။ မတူတာက မောက်မာတဲ့သခင်လေးက စိတ်ထိန်းထားတာမျိုးပေါ့။ မဟုတ်ရင်သူဖတ် ဖူးတဲ့စာစဥ်တွေထဲကလို ပြဿနာတော့တတ်နေ ပြီလေ။
ယန်ရှုက
ချူမိသားစု ဟုတ်လား အဲ့တော့ငါကဘာလုပ် ပေးရမလဲ မင်းတို့ရဲ့ကုန်ပစ္စည်းအပေါ်နည်းလမ် တကျဝေဖန်တာကိုတောင် လက်မခံရဲဘူးလား
လူငယ်က မျက်မှောက်ကြုတ်လိုက်ပြီး ယန်ရှု ကိုစိုက်ကြည့်လာတယ်။
ဒီ မှာ ကျုပ်တို့မိသားစုကို စော်ကားတာက ခင်ဗျားအတွက် နည်းလမ်းကောင်းမဟုတ်နေ ဘူးနော်
သူ့လေသံက တင်းမာနေပြီး ဒေါသကိုထိန်းချုပ် ထားရတာကြောင့် ဖြူနုတဲ့အသားအရေက နီမြန်းစပြုလာတယ်။
ချူမိသားစုသခင်လေး ဒေါသထွက်နေပြီ
ဒီလူတွေကတော့ကွာ တမင်ပြဿနာရှာနေတာ လားပဲ
မကြာဘူး သူတို့အားလုံးမြို့ထဲက ဆွဲထုတ်ခံရ တော့မယ်
လူတွေက တီးတိုးဝေဖန်နေကြပြီး ချူမိသားစုရဲ့ သခင်လေးဆိုတာပါလာတော့ ချန်ဟယ်က ယန်ရှုကို တီးတိုးပြောလိုက်တယ်။ သူတို့အနေနဲ့ မလိုအပ်ပဲ ပြဿနာမဖြစ်အောင် ဂရုစိုက်သင့်တယ်လို့ ပြောလိုက်ပုံပါပဲ။ ယန်ရှုလို အရက်ဂျိုးက ဝိုင်နဲ့ပက်သက်ရင် အထိမခံတာကို ပိုင်လင်းမသိဘူးလေ။ ဒီလောက်အရသာဆိုးတဲ့ ဝိုင်ကိုစျေးကြီးပေး သောက်ရတဲ့အပေါ် ယန်ရှုတယောက် မကျေနပ် တာဖြစ်တယ်။
ဒီက သခင်လေးစိတ်အနှောင့်ယှက်ဖြစ်စရာ မလိုပါဘူး ကျွန်မဦးလေးက နည်းနည်းမူးနေလို့ အပြောမတတ်တာပါ စိတ်ထဲမထားပါနဲ့
ချန်ဟယ်က ယန်ရှုကိုယ်စား ချူသခင်လေးကို ကျေအေးစကား ပြောလိုက်တယ်။ ချူသခင်လေးဆိုသူက ချန်ဟယ်ရဲ့ တကိုယ်လုံး စေ့စေ့စပ်စပ်ကြည့်ပြီးနောက်
ဟက် အလှနတ်သမီးလေးပြောလို့ ဒီတကြိမ် ခွင့်လွှတ်ပေးလိုက်မယ် နောက်တခါဆိုရင်တော့ ခင်ဗျားတို့ကို တုံမင်မြို့ထဲကနေ ကျုပ်ကိုယ်တိုင် ကန်ထုတ်မယ်
ပိုင်လင်းက ထိုစကားကိုကြညးတော့ ချူသခင် လေးဆိုသူရဲ့ ကျင့်ကြံဆင့်ကို တချက်ကြည့်လို က်တယ်။ အဆင့်၅ နှောင်းပိုင်း ဒီလောက်နဲ့သူက ယန်ရှုကိုကန်ထုတ်ချင်နေတာ တဲ့လား။ ဟက်.. ဟာသပဲ။
ချူသခင်လေးက အပြုံနဲ့ဆက်ပြီး
ညီမက ဘယ်မြို့ကလာတာလဲ အစ်ကိုဘာကူညီပေးရမလဲ
ချူသခင်လေးရဲ့ လေသံပြောင်းသွားတယ်။ သူ့အကြည့်တွေကတော့ စူးစူးစိုက်စိုက်ရှိနေပြီး အလွန်ရိုင်းစိုင်းတဲ့ တဏ္ဍအကြည့်တခုဖြစ်နေတ ယ်။ ချန်ဟယ်က စိတ်မသက်သာစွာနဲ့ ခေါင်းယမ်းလိုက်ပြီး
ကျွန်မတို့က အနီးနားမြို့က ကုန်သည်တွေပါ ဒီမှာတညနားပြီး ပြန်သွားမှာပါ စေတနာအတွက် ကျေးဇူးတင်ပါတယ်
ချန်ဟယ်က ထိုသို့ပြောပြီးနောက် ညစာကိုထပ် မစားတော့ပဲ ပိုင်လင်းတို့ကိုနှုတ်ဆက်ပြီး အနားယူဖို့ အပေါ်ထပ်ကိုတက်သွားတော့တယ်။ ယန်ရှုကတော့ ပြဿနာစရှာသလိုဖြစ်သွားတဲ့ သူ့ကိုယ်သူ မကျေနပ်ဟန်နဲ့ နှာမှုတ်လိုကိပြီး အနောက်ကနေ လိုက်ပါသွားပြီး သူ့အခန်းဆီ ဝင်သွားတယ်။
စားပွဲမှာ ပိုင်လင်းနဲ့မော့ပေတို့သာကျန်ပြီး မော့ပေက ထူးဆန်းစွာနဲ့ တိတ်တဆိတ်ပဲညစာ ကိုအပြတ်မခံတဲ့အလား ငုံ့စားနေတယ်။
ဟမ့် ကုန်သည်တဲ့လား ဒီသခင်လေးက အဲ့မိန်း ကလေးကိုသဘောကျသွားပြီ
ချူသခင်လေးဆိုသူက ပိုင်လင်းတို့ကိုတချက် တောင်မကြည့်ပဲ ထွက်ခွာသွားတယ်။ လူအုပ်က တော့ ပွဲတပွဲလွတ်သွားတဲ့အလား ညီးညူးပြော ဆိုနေကြတယ်။ ပိုင်လင်းနဲ့မော့ပေလည်း ခဏ အကြာမှာတော့ အနားယူဖို့ အခန်းကိုယ်စီဝင် သွားတော့တယ်။
အခန်းထဲရောက်တော့ ကုတင်ပေါ်တင်ပျဥ်ခွေ ထိုင်လိုက်ပြီး ကျင့်ကြံရေးကိုစတယ်။ ကျင့်ကြံ ဆင့်က အဆင့်၃ အလယ်ထိချဥ်းကပ်နေပြီ။ ထိပ်တန်းချီကျင့်စဥ်က သာမန်ပါရမီရှင်ကို ထိပ်တန်းရောက်အောင် လုပ်ပေးနိုင်တယ်။
ပိုင်လင်းရဲ့ ခန္ဓာကိုယ်ပတ်လည်က ချီဓာတ်တွေ စုဝေးပြီး ခန္ဓာကိုယ်ထဲကို စိမ့်ဝင်နေတယ်။ သူ့ရဲ့လက်ရှိခွန်အားအရ အဆင့်၃ နှောင်းပိုင်း တယောက်ကိုတောင် ကိုင်တွယ်နိုင်မှာပါ။ ဒါပေမဲ့ သူ့ကိုယ်သူအားမရသေးပဲ တနှစ်အတွင် အဆင့်၁ ထိရောက်ချင်နေတယ်။
အရင်နဲ့မတူစွာပဲ သူ့မှာကာကွယ်ရမယ့် မိန်းမနဲ့ သမီးရှိနေပြီး ဂုဏ်သိက္ခာအရကော လုပ်ငန်းရဲ့ လိုအပ်ချက်အရပါ ခွန်အားမြင့်မြင့်ရှိဖို့ လိုအပ် တယ်မဟုတ်လား။ အထွဋ်အထိပ်အဆင့် ဒါကို တော့ပိုင်လင်းက တဆင့်ချင်းသွားဖို့ တွေးထား ခဲ့တယ်။ ထာဝရအသက်ရှည်ဖို့ဆိုတာကို သူလဲ ဆန္ဒရှိတာပဲလေ။
ထိုအချိန် ချူအိမ်တော်မှာတော့ ချူသခင်လေး ဆိုသူက လူအချို့နဲ့စကားပြောနေတယ်။
အဲ့ဒီကုန်သည်အဖွဲ့ကို မြို့ကထွက်တာနဲ့ စောင့် ကြည့်ထားလိုက် ဒီသခင်လေးတို့ မိသားစုကို စော်ကားပြီး ဒီတိုင်းထွက်သွားခွင့်မပေးနိုင်ဘူး ကံဆိုးတာက ဘာမဟုတ်တဲ့သဘာဝဖြစ်စဥ် သတင်းကို ငါ့အဖေက အလေးအနက်ထားပြီး အလုပ်များနေတာပဲ မဟုတ်ရင် သူတို့စော်ကား ပုံမျိုးနဲ့ ငါ့အဖေကအသက်ရှင်အောင်ထားမှာ တောင်မဟုတ်နေဘူး ဟမ့်
ချူလင်းယွန်က မဲ့ရွဲ့ပြီးပြောနေတယ်။
အမှန်ပဲ ဟိုအရက်သမားပုံစံ ကြည့်ရတာ အဆင့်နိမ့်ကျင့်ကြံသူပဲ ဖြစ်မှာပါ မိန်းကလေး ကတော့ သခင်လေးဆော့ကစားဖို့ အဆင့်မီတ ယ်လို့ ဆိုရမယ်
ဟုတ်တယ် သခင်လေး ဘာမှစိတ်မပူနဲ့ ကျတော်တို့ သခင်လေးအတွက် ကောင်မလေး ကိုခေါ်လာခဲ့ပေးမယ်
အစောင့်နှစ်ယောက်က ဖားယားပြီး ပြောဆိုနေ တယ်။ သူတို့ကအဆင့်၇ သာရှိပေမယ့် ချူလင်းယွန်ကို စောင့်ကြပ်တဲ့ သက်တော်စောင့်ကတော့ အဆင့်၂ မှာရှိနေတာ ကိုသူတို့သိထားတယ်လေ။
ချူလင်းယွန်က အမှောင်ထဲကိုတချက်ကြည့်လို က်ပြီး
အဘိုးကြီး ကောင်မလေးကိုခေါ်လာခဲ့ ကျန်တဲ့ သူတွေကိုတော့ ကြိုက်သလိုလုပ်လို့ရတယ်
ချူလင်းယွန်စကားအဆုံးမှာ အမှောင်ထဲက အသံတခုထွက်ပေါ်လာတယ်။
ကောင်းပါပြီ သခင်လေးလူအိုကြီး လုပ်ဆောင် ပေးဖို့အသင့်ရှိနေပါတယ်
ကောင်းတယ် ကောင်းတယ် ဟားးး နှစ်တရာဝိုင်ကို မကောင်းဘူးတဲ့လား ဟမ့်
ဝိုင်က အကြောင်းပြချက်ပဲ။