အငွေ့အသက်နှစ်မျိုး
Vol. 4 Ch. 56
နောက်တရက်မှာ ပိုင်လင်းတို့ တုံမင်မြို့ထဲက ခပ်မြန်မြန်ပဲ ထွက်လာကြတယ်။
မနေ့က ကိစ္စမှာ ချူသခင်လေးဆိုသူက ဒီတိုင်း ထားမှာမဟုတ်ဘူးလို့ သူတို့ယူဆကြပြီးနောက် ထပ်ရန်သူအချို့နဲ့ ရင်ဆိုင်ရမှာကို မလိုလားပါဘူး။ ဒါက ခရီးစဥ်ကိုအချိန်ကုန်စေ တာကလွဲပြီး အကျိုးလည်းမရှိဘူးလေ။
တဖက်မှာ ဒေသခံအင်အားစုနဲ့ ထိပ်တိုက်တွေ့ ဆုံတာက ချန်ဟယ်ဌာနခွဲကိုလည်း ခက်ခဲစေပြီး လွန်ကဲတဲ့ ရန်စခြင်းမျိုးမဟုတ်ရင် သည်းခံဖို့ပဲ တွေးထားကြတယ်။
ယန်ရှုက ချန်ဟယ်ကို တောင်းပန်စကားဆိုနေ တယ်။ သူက ဝိုင်အရသာကို ဝေဖန်မိတာကနေ နောက်ထပ်ပြဿနာများလာမှာကို ကြိုမြင်နေပုံ ရတယ်။
ဦးလေးအမှားမဟုတ်ပါဘူး ဝိုင်ကိုကအရသာ ညံ့လွန်းတာပါ အဝေဖန်မခံတဲ့ စီးပွားရေးသမား ကိုတော့ ပထမဆုံးမြင်ဖူးတာပေါ့လေ
ချန်ဟယ်က အသက်ဆယ်နှစ်အရွယ်တည်းက ချန်ဟယ်ကုန်သွယ်ရေးကို ဝင်ရောက်ခဲ့ပြီး အရောင်းအဝယ်လား ကုန်စည်ပို့တာလား လေလံပွဲလား အရာအားလုံးကို သူမက ကျွမ်း ကျင်ပါတယ်။ ဒါကြောင့်လည်း ချူသခင်လေး ဆိုသူရဲ့စကားအသွားအလာအရ ဝိုင်ရဲ့အရည် အသွေးကိုဝေဖန်လို့ ပြဿနာရှာလိုတာမျိုးမဟု တ်နိုင်ဘူးလို့ သူမတွေးမိတယ်။
ပြဿနာအရင်းအမြစ်က သူမဖြစ်နေတာပဲ။ ဒီအတွက် သူမလည်း စိတ်ရှုပ်ထွေးသလို ခံစား နေရတယ်။ ကျင့်ကြံသူတွေဖြစ်ပြီး အပေါ်ယံရုပ်ပိုင်းဆိုင်ရာကို ဘာအတွက်မက်နေ သလဲသူမ စဥ်းစားမရဘူး။ ကျင့်ကြံသူတွေက အဆင့်တခုရောက်သွားရင် ရုပ်ရည်သွင်ပြင်က အရေးမပါတော့ဘူးလေ။
ထိုစဥ် ပိုင်လင်းတယောက် မြင်းကိုရပ်တန့်ပြီး ပတ်ဝန်းကျင်ကို တချက်ကြည့်တယ်။ သူ့စိတ်ထဲ လေထုထဲမှာ ထူးဆန်းတဲ့အန္တရာယ် အငွေ့အသက်နောက်တခု ထပ်တိုးလာတာကို သတိပြုမိနေတယ်။
ဘာလဲ.. မြို့ပြင်ရောက်တော့ ဒီခံစားချက်ကြီး ပြန်ရနေပြီး နောက်ထပ်တခုတောင် ထပ်တိုးလာ နေသေးတယ်။
အကုန်လုံးက ပိုင်လင်းကိုတချက်ကြည့်ပြီး ယန်ရှုလည်း ပိုင်လင်းနည်းတူ တည်ငြိမ်နေတယ်။
အကုန်လုံး သတိထားကြတော့ အန္တရာယ်က နီးကပ်နေပြီ
ယန်ရှုက ကျယ်လောင်စွာ သတိပေးလိုက်ပြီး ချန်ဟယ်အနားကို သိသာစွာတိုးကပ်လိုက်တယ် တခုခုဆို သူကာကွယ်ရမှာက ချန်ဟယ်ပဲ။ ကုန်စည်တွေကလည်း ချန်ဟယ်လောက်အရေး မပါဘူး။
ထိုချိန် ပိုင်လင်းတိုနဲ့ မီတာရာဂဏန်းအကွာတခု မှာတော့ လူအိုကြီးတယောက် ရှိနေတယ်။
ဘာလဲ ငါ့အပြင်နောက်ထပ်ရှိနေတာလား ဘယ်လောက်တောင်ကြောက်ဖို့ကောင်းတဲ့ သတ်ဖြတ်ချင်စိတ်လဲ ဒါမျိုးစိတ်ဆန္ဒက လုပ်ကြံရေးသမားတွေမှာပဲ ရှိလိမ့်မယ်
လူအိုကြီးက တွေးနေတယ်။ အခြေနေကထင် ထားတာထက် ရှုပ်ထွေးနေပြီး ဒီကုန်သည်လေး ကိုလုပ်ကြဲချင်သူ ရှိနေတဲ့အတွက် သူ့အနေနဲ့ ဝင်ပါလို့မသင့်တော်ဘူး။ မဟုတ်ရင် လုပ်ကြံရေးသမားရဲ့ ပစ်မှတ်အသစ်က သူဖြစ် သွားနိုင်တယ်။ လက်ရှိသူ့ရဲ့အဆင့်အရ ထိပ်တိုက်ရင်ဆိုင်တာကို မကြောက်ပေမယ့် လုပ်ကြံသူတွေရဲ့ သတ်ဖြတ်ရေးနည်းလမ်းတွေ ကိုတော့ သူကစိုးရွံမိနေတယ်။
ငါဆက်စောင့်ကြည့်နေတာပဲ ကောင်းတယ်
အဆုံးမှာတော့ ခြေနေစောင့်ကြည့်ဖို့ပဲ တွေးလိုက်တယ်။ ပိုင်လင်းက လေးပင်စွာသက် ပြင်းချလိုက်ပြီး သူ့ရဲ့စိတ်စွမ်းအားမပြောနဲ့ ယန်ရှုလိုလူတောင် ရန်သူကိုအာရုံမခံနိုင်ခဲ့ဘူး။ ဒါက စိုးရိမ်ရတဲ့အနေထားပါပဲ။ တဆက်တည်း ချီယောင်သာဆိုရင် သိလောက်တယ်လို့လည်း တွေးမိပြီး ပထမဆုံး ချီယောင်ရဲ့တန်ဖိုးကို တွေးမိသွားတယ်။ အနှီဘုရင်မက မောက်မာပေ မယ့် သူ့ကိုတော့ကူညီရှာပါတယ်။
ခရီးစဥ်က ဆက်ပြီးသွားနေတယ်။ ချန်မြို့တော် နဲ့အနီးဆုံးမှာရှိတဲ့ စီချွမ်ကိုရောက်ဖို့ကတော့ အနည်းဆုံး ၅ရက်လောက်လိုတယ်။
တခုရှိတာက တုံမင်နဲ့စီချွမ်းကြား လူနေအိမ်ရွာ စသဖြင့် နေရာအချို့ ခပ်ကျဲကျဲရှိတတ်ပြီး အနားယူဖို့အဆင်ပြေတယ်။ ဒါပေမယ့် တလမ်း လုံးအန္တရာယ်အငွေ့အသက် ရနေတာကတော့ မကောင်းဘူးပေါ့လေ။
သိပ်မကြာခင် အန္တရာယ်ရှိလာနိုင်လို့ ကုန်စည် တွေကို ဂရုစိုက်ကြပါ
ချန်ဟယ်က အစောင့်တွေကို တီးတိုးမှာတယ်။ ဒါပေမယ့် သူမစိတ်ထဲမှာလည်း အန္တရာယ်က ကုန်စည်တွေမဟုတ်ပဲ အဖွဲ့ထဲက တစုံတဦးကို သီးသန့်ရည်ညွှန်းတယ်လို့ ယူဆနေတယ်။ ဖြစ်နိုင်တာက သူမလား။ ဒါလည်းမဟုတ်သေး သခင်လေးတွေနဲ့ သူမကြားလက်ထပ်ဖို့ဖိအား အရ ဖြစ်နိုင်ချေရှိပေမယ့် အသက်အန္တရာယ်ရှိ အောင်တော့ မလုပ်လောက်ပါဘူး။
မဟုတ်ရင် လက်ထပ်ဖို့ဖိအားပေးမှာ မဟုတ်နေ ဘူးလေ။ ဒါဆိုဘယ်သူလဲ သူမရဲ့အကြည့်တွေက ပိုင်လင်းဆီရောက်လာ တယ်။
သူလား..
ခန်းမနှစ်ခုနဲ့ ထန်းမိသားစုကလူတွေသာ ငတုံး တွေမဟုတ်ရင် ပိုင်လင်းရဲ့တည်ရှိမှုက ဘာကို ဦးတည်စေမှန်းသိပြီးဖြစ်လို့ ပိုင်လင်းကိုဖယ်ရှာ ဖို့ကြိုးစားမှာဖြစ်တယ်။ ဖြစ်နိုင်တယ် သူပဲ။
တဆက်တည်း သဘာဝဖြစ်စဥ်နဲ့ပက်သက်ပြီး သူမအမေက အနည်းငယ်ပြောထားတာကြောင့် ပိုင်လင်းကိုတစုံတခု လုပ်ချင်ရင်တောင် သူတို့ ကိုယ်တိုင်တော့ လုပ်မှာမဟုတ်ဘူးလို့ တွေးမိတယ်။ ဒါဆို လုပ်ကြံရေးသမား.
ချန်ဟယ် ထိတ်ခနဲ ဖြစ်သွားပြီး သူမတို့တလမ်း လုံးရနေတဲ့ အငွေ့အသက်က ဘယ်လောက်ဆိုး ရွားလဲဆိုတာ သိသွားတယ်။ ဒီလောကမှာလုပ် ကြံရေးသမားတွေက ထိပ်တန်းကျင့်ကြံသူတွေ ထက်ပိုကြောက်ရတယ်လေ။
ပိုင်လင်းက တချက်ချက်သူ့ဆီ လှမ်းကြည့်နေ တတ်တဲ့ ချန်ဟာ်ရဲ့အကြည့်ကြောင့် စိတ်ရှုပ် ထွေးနေစဥ်မှာပဲ အလင်းတန်းတခုကို မျက်စိ ထောင့်နားက ဖျတ်ခနဲ မြင်လိုက်ရတယ်။
ရုတ်ချည်းတိုးဝင်လာတာကြောင့် ရှောင်တိမ်းဖို့ ခက်တဲ့အတွက် ညာဘက်လက်နဲ့ ယမ်းခါလိုက် ရတယ်။
ချွင်.
ဓားတိုတချောင်း ဓားဖျားမှာ အစိမ်းရောင် အရည် အတိကျအားဖြင့်ဆို အဆိပ်သုတ်ထား တဲ့ ဓားတိုတချောင်း။ ဓားတိုက ပိုင်လင်းရဲ့ လက်နဲ့ထိခတ်ပြီး လွင့်စင်သွားပေမယ့် ဓားဖျား ကအရေပြားကို ဖောက်ဝင်ဖို့ သီသီလေးပဲလို တော့တယ်။ ဒါတောင် သွေးစို့တဲ့ဒဏ်ရာတခု ဖြစ်သွားသေးတယ်။
အဆိပ်လား ချက်ချင်းညိုပုပ်လာတဲ့ ညာလက် ကိုကြည့်ပြီး ပိုင်လင်းထိတ်လန့်သွားတယ်။ ပျွိးတော့ ဓားပစ်လွှတ်ရာနေရာကို ချက်ချင်းပဲ ပြေးလိုက်သွားတယ်။ လုပ်ကြံရေးသမားရဲ့ အဆိပ်ကိုဖြေတဲ့ဆေးက လုပ်ကြံရေးသမားဆီ မှာပဲရှိတယ်။
……………………………………………….