သတ်ဖြတ်ခြင်း
Vol. 4 Ch. 57
တဖက်သူကို မတွေ့လိုက်ပေမယ့် ခံစားမှုအရ ပြေးလိုက်သွားတာဖြစ်တယ်။ မာကြောတဲ့ ရုပ်ပိုင်းဆိုင်ရာကြောင့် မိနစ်အနည်းငယ်တော့ အဆိပ်ကိုတောင့်ခံနိုင်မှာပါ။
ထိုအချိန် စက္ကန့်ပိုင်းအတွင်း ဖြစ်သွားတဲ့ဖြစ်စဥ် ကြောင့် တုန်လှုပ်နေတဲ့ချန်ဟယ် ယန်ရှုတို့လဲ သတိဝင်လာတယ်။ ချက်ချင်းပဲ ယန်ရှုက
“ဘယ်ကလုပ်ကြံသူလဲ သေချင်လို့”
ကျယ်လောင်တဲ့အသံနဲ့အတူ ပိုင်လင်းနောက် ပြေးလိုက်လာတယ်။ ချန်ဟယ်ကတော့ ကုန်စ ည်လှည်းတွေကို စောင့်ကြည့်ဖို့ မော့ပေနဲ့အတူ ကျန်နေခဲ့ရတယ်။
ပိုင်လင်းက လျှပ်စီးခြေလှမ်းကိုသုံးပြီး ပြေးနေ စဥ်မှာပဲ မီတာအနည်းငယ်က လူရိပ်တခုကိုမြင် လိုက်ရတယ်။
ဒီလူပဲ..ဟုတ်ပြီ။ တဖက်သူက လုပ်ကြံမှုမအောင်မြင်တဲ့အတွက် ချက်ချင်းနောက်ပြန်ဆုတ်ဖို့ တွေးလိုက်ပုံရတယ်။ အလျင်အမြန်ပြေးနေစဥ် မှာပဲ ပိုင်လင်းကစိတ်အသိအရ လိုက်ခဲ့ပြီး မထင်မှတ်စွာပဲ တဖက်သူကိုတွေ့လိုက်ရတာ ကြောင့် အရှိန်ကိုမြင့်လိုက်တယ်။
“မင်းဘယ်ပြေးမလို့လဲ”
လျှပ်စီးခြေလှမ်းက ထိပ်တန်းအဆင့်ရွေ့လျား ကျင့်စဥ်ဖြစ်တာကြောင့် လုပ်ကြံသူကိုအမြန်ပဲ လိုက်မီသွားတယ်။ လုပ်ကြံသူက အနောက်မှာ ကပ်ပါလာတဲ့ ပိုင်လင်းကိုသတိထားမိပြီး ချက်ချင်းပဲ ဓားတိုနှစ်ချောင်းနောက်ပြန် ပစ်လွှတ်လိုက်တယ်။
ဓားတိုတွေက လေကိုတိုးညင်းစွာထိုးခွဲပြီး ပိုင်လင်းဆီတိုးဝင်လာတယ်။ ပိုင်လင်းအနေနဲ့ ဒီဓားတိုတွေကိုတော့ လက်နဲ့ခတ်ထုပ်လို့မရဲ တော့ဘူး။ ဒါကြောင့် အမြန်ရှောင်လိုက်ရပြီး တဆက်တည်း အရှေ့ကိုအရှိန်ယူပြီး လေထဲခုန် တက်လိုက်တယ်။
အမြင့်ပေအချို့ မြောက်တက်သွားပြီး ပြန်အကျမှာတော့ ပိုင်လင်းရဲ့ခန္ဓာကိုယ်က လုပ်ကြံသူအရှေ့မှာ ရောက်နေပြီ။ လုပ်ကြံသူ ကသူ့အရှေ့ရောက်လာတဲ့ ပိုင်လင်းကိုတချက် ကြည့်လိုက်တယ်။ သူမလွတ်မြောက်နိုင်တာကို သိတဲ့အတွက် ထိပ်တိုက်ရင်ဆိုင်ဖို့ တွေးလိုက် တယ်။ အနည်းဆုံးသူတို့က အဆင့်တူပဲလေ။ ပြီးတော့ပိုင်လင်းက အဆိပ်မိထားသေးတယ်။
“မင်းက သေချင်နေတာပဲ”
လုပ်ကြံသူက ပိုင်လင်းကိုပြေးဝင်တိုက်ခိုက်လာ တယ်။ တဖက်သူက ဓားတိုနှစ်ချောင်းကိုဘယ် ညာကိုင်ထားပြီး အဆတ်မပျက်တိုက်ခိုက်နေ တာကို ပိုင်လင်းက အသာယာရှောင်တိမ်းပြီး လက်မှာပြန့်နေတဲ့ အဆိပ်တွေကို ထိန်းချုပ်နေရ တယ်။
“ဟားး သတ္တိရှိရင် ချီဓာတ်သုံးကြည့်စမ်း မင်းမိထားတဲ့အဆိပ်က ချီဓာတ်သုံးလေ ပိုပြန့်လေပဲကောင်လေး”
လုပ်ကြံသူက လှောင်ပြောင်ပြောဆိုလာတယ်။ ပိုင်လင်းက
“အဆိပ်ဖြေဆေးဘယ်မှာလဲ အခုပေးလိုက်”
သူ့စကားကိုကြားတော့ လုပ်ကြံသူက ရယ်မော လိုက်ပြီး
“အဆိပ်ဖြေဆေးတဲ့လား ငါ့ကိုသတ်နိုင်မှရမယ် မဟုတ်ရင်တော့ စိတ်တောင်မကူးနဲ့”
“ကောင်းပြီ”
ပိုင်လင်းက ခေါင်းတချက်ညိတ်လိုက်တယ်။ သူ့အတွက်ချီဓာတ်မသုံးရင်တောင် ရုပ်ပိုင်းဆိုင် ရာခွန်အားက တဖက်သူကိုကိုင်တွယ်ဖို့လုံလော က်ပါတယ်။
ချက်ချင်းပဲ လက်သီးတချက်ထိုးလွှတ်လိုက်ပြီး လုပ်ကြံသူအနား တိုးကပ်လိုက်တယ်။ ပြင်းထန် တဲ့လက်သီးချက်ကြောင့် လုပ်ကြံသူလည်း ထိတ်လန့်သွားပြီး ချက်ချင်းပဲ ရှောင်တိမ်လိုက် ပေမယ့် ပိုင်လင်းကသူ့အနားအနီးကပ်ရောက် နေခဲ့ပြီး တဆက်တည်း လက်သီးချက်တွေက ဝမ်းဗိုက်ကို ထိမှန်လာတယ်။
အွတ်!
“အရမ်းမြန်လွန်းတယ် ဘယ်လိုတိုက်ခိုက်ရေး ပညာလဲ”
လက်သီးချက်တွေကြောင့် ခန္ဓာကိုယ်ကွေးညွတ် သွားတဲ့လုပ်ကြံသူကို ပိုင်လင်းက အဆုံးသတ် လိုက်တယ်။ သူ့အတွက် ဒီလိုရုပ်ပိုင်းဆိုင်ရာ ပျော့ဖတ်တဲ့လုပ်ကြံသူကို သတ်ရတာက လွယ်လွန်းပါတယ်။ လက်သီးချက်အနည်းငယ် သုံးပြီး ဦးခေါင်းကိုတိုက်ရိုက် ထိုးခွဲလိုက်တာ မျိုးပေါ့။
တိုက်ပွဲက တိုတောင်းပါတယ် အစကနေအဆုံး ထိဖြစ်စဥ်မှာ ပိုင်လင်းကလက်သီးချက် ဆယ်ချက်ထက်မနည်း သုံးလိုက်ရပေမယ့် အချိန်ကတော့ တမိနစ်သာသာပဲ ကြာတယ်။
ဦးခေါင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကိုကြည့်ပြီး သိုလှောင်လက်စွပ်ကို ရှာတယ်။ တဖက်သူက လုပ်ကြံရေးသမားဖြစ်လို့ သတင်းစုံစမ်းလို့လဲ မရနိုင်တဲ့အတွက် အဆုံးသတ်ပေးလိုက်တာက အဖြေပါပဲ။ မကြာခင်ပဲ လက်စွပ်တခုတွေ့ပြီး လက်စွပ်ထဲမှာတော့ ကံကောင်းစွာနဲ့ အဆိပ်ဖြေဆေး ရှိနေခဲ့တယ်။
ထိုချိန် အနောက်လိုက်လာတဲ့ ယန်ရှုကပိုင်လင်း အနားရောက်လာတယ်။ မြေပေါ်လဲနေတဲ့ အလောင်းကိုတွေ့တော့ ယန်ရှုလည်းမှင်သက် သွားပြီး
“ဟမ် သေသွားပြီလား သူကဘယ်သူတဲ့လဲ”
ယန်ရှုရဲ့အမေးကို ပိုင်လင်းကခေါင်းယမ်းပြ လိုက်ပြီး
“ကျတော်လည်းမသိဘူး သေချာတာကလုပ်ကြံ ရေးသမားပဲ သူက ကျတော်တို့နောက်ကိုတချိန် လုံးလိုက်နေခဲ့တာ”
ပိုင်လင်းရဲ့စကားကိုကြားတော့ ယန်ရှုကလူသေ အလောင်းကိုထပ်စစ်ဆေးကြည့်တယ်။ ခနအကြာ
“ဒါက တစ္ဆေလုပ်ကြံရေးသမားပဲ ရင်ဘတ်မှာ တက်တူးတခုရှိတယ် ဒါကသက်သေပဲ”
ယန်ရှုက အလောင်းရဲ့ရင်ဘတ်ကို ဖွင့်ပြတယ်။ ရင်ဘတ်မှာ အရိုးခေါင်းပုံစံ တက်တူးသေးသေး တခုရှိနေပြီး တက်တူးကမဲနက်တဲ့အရောင်ရှိနေ တယ်။ ပြီးတော့လက်စွပ်ထဲမှာ ငွေတံဆိပ်ပြား တခု ဒါကတော့လုပ်ကြံသူရဲ့ အဆင့်ကိုပြဆိုနေ တာဖြစ်မယ်။
ယန်ရှုက တံဆိပ်ပြားကိုယူကြည့်တယ်။
“ ငွေတံဆိပ်ပြားလား အဆင့်၃ လုပ်ကြံရေး သမားပေါ့ ဘယ်လိုလူက အဆင့်၃ကိုတောင် ငှားရမ်းရတာလဲ”
ယန်ရှုကမယုံနိုင်ဟန်နဲ့ တံဆိပ်ပြားကို အထက် အောက်ကြည့်ပြီး ပိုင်လင်းကိုပြန်ပေးတယ်။
“ဒါကိုသိမ်းထားလိုက် တချိန်ချိန်အသုံးဝင်လာ လိမ့်မယ်”
ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး လက်စွပ်နဲ့အတူ တံဆိပ်ပြားကိုပါ သိမ်းဆည်း လိုက်တယ်။
“ဒီကသွားကြစို့ အန္တရာယ်ကမပြီးသေးဘူး”
……………………………………………..