← Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

“လုပ်ကြံရေးအဖွဲ့မှာ သံ ကြေး ငွေ ရွှေနဲ့ ထိပ်တန်းအဆင့်ဆိုပြီး ၅ဆင့်ရှိတယ်”

ယန်ရှုက လမ်းတလျှောက် ရှင်းပြနေခဲ့တယ်။

“အများအားဖြင့် ကြေးနဲ့ငွေ တံဆိပ်တွေက လှုပ်ရှားတယ်ဆိုပေမယ့် သူတို့လှုပ်ရှားရင်ပစ် မှတ်တခုက အသက်ရှင်ဖို့ရာခိုင်နှုန်း အရမ်းနည်းတယ်”

ယန်ရှုရဲ့စကားဆုံးတော့ ချန်ဟယ်က

“ဒါဆို သခင်လေးပိုင်ကို သတ်ဖို့ကြိုးစားတာက ငွေအဆင့်ဖြစ်ပြီး ဒီလိုလှုပ်ရှားဖို့အတွက် ငွေစ ထောင်နီချီသုံးရလောက်တယ်”

ချန်ဟယ်ရဲ့စကားကို ယန်ရှုကလည်း

“အမှန်ပဲပေါ့ ငွေစ ၃၀၀၀ တောင်ဖြစ်နေနိုင်တယ် ဒီလိုပမာဏတခုကို ထုတ်ပေးဖို့က အင်အားစုကြီးတခုခု ဖြစ်နေမှာ စိုးရတယ်”

အကုန်လုံးက တိတ်ဆိတ်ပြီး အတွေးနက်သွား ရတယ်။ မမြင်ရတဲ့ အန္တရာယ်နှစ်ခုမှာ တခုက ပြီးဆုံးသွားပေမယ့် နောက်တခုကျန်နေသေးတဲ့ အတွက်စိတ်မအေးနိုင်ကြဘူး။

“စိုးရိမ်နေတာက အဖြေမဟုတ်ဘူး ကျတော်တို့ ချန်မြို့တော်ကို အမြန်ဆုံးရောက်အောင် သွားရ မယ်နောက်ထပ် အငွေ့အသက်က မရိုးရှင်းဘူး”

ပိုင်လင်းရဲ့စကားကို အကုန်လုံးကသဘောတူ ဟန်နဲ့ ခေါင်းညိတ်ပြတယ်။

ပိုင်လင်းမသိတာက အဆင့်၃ ငွေအဆင့်လုပ်ကြံ ရေးသမားကို သတ်ပြီး သူ့နောက်လိုက်နေတဲ့ လူအိုကြီးက ထိတ်လန့်သွားတယ်ဆိုတာပဲ။

သိပ်မကြာခင်မှာပဲ စီချွမ်မြို့နယ်အစပ်ကို ဝင်ရောက်သွားချိန်မှာတော့ အငွေ့အသက်က ပျောက်ကွယ်သွားတော့တယ်။

စီချွမ်မြို့က မဟာချန်ပြည်နယ်စတင်ရာ မြို့တော်တခုဖြစ်ပြီး ကောလဟာလအရ ချန်ဘုရင်မင်းမြတ် မွေးဖွားရာဇာတိလည်း ဖြစ် တယ်လို့ ဆိုကြတယ်။

ထိုအတွက် ချန်ဘုရင်နန်းတက်ချိန်မှာ ဇာတိမြို့ ဖြစ်တဲ့စီချွမ်ကို အပြည့်အဝထောက်ပံ့ပေးခဲ့တာ မဆန်းပါဘူး။ ဒီအတွက် စီချွမ်မြို့က ချန်မြို့နီးနီး စည်ကားပြီး သက်ဝင်လှုပ်ရှားနေ ခြင်းဖြစ်တယ်။ ဒါ့အပြင် ချန်မြို့တော်ကအင် အားစုကြီးတွေရဲ့ လက်တံခွဲတွေကို စီချွမ်မှာ တွေ့နိုင်သေးတယ်။

အထူးသဖြင့် လင်း ယွမ် နဲ့ ဟုန် မိသားစုတို့ဖြစ် တယ်။ ချန်ထန်းကတော့ လင်းမိသားစုနဲ့ဆက် စပ်နေတဲ့ စီချွမ်မှာ ဌာနခွဲမဆောက်ခဲ့ဘူး။ သူမ ဆောက်ချင်တာထက် လင်းမိသားစုခေါင်းဆောင်က ဖိအားပေးပြီး ဆောက်ခွင့်မပေးတာကြောင့် ဖြစ်တယ်။ ဒါပေမဲ့ သိထားရမှာက ချန်ဟယ်ကုန်သွယ်ရေး တခုလုံးကို ချန်ထန်းက နှစ်၃၀ အတွင်းအောက် ခြေကနေ စခဲ့ရတာပါ။

မထင်မှတ်ပဲ လင်းချင်းကျူနဲ့ အကြောင်းပါပြီး လင်းမိသားစုက လင်းချင်းကျူကို စွန်ပြစ်လိုက် တဲ့အနောက်မှာ ချန်ထန်းက လုပ်ငန်းကိုပိုပြီးဖိဖိ စီးစီးလုပ်ကိုင်ခဲ့တယ်။ ကံကောင်းတာက ယန်ရှု ကျန်းထျန်း ဝေမင်နဲ့ ချန်တင်းတို့လို အရည်ချင်း ရှိတဲ့မိတ်ဆွေညီအစ်ကိုတွေကြောင့် လုပ်ငန်းက ချောမွေ့လာပြီး အဆင်ပြေပြေ နေနိုင်ခဲ့တာဖြစ် တယ်။

ပိုင်လင်းက စားသောက်ဆိုင်တခုကနေတဆင့် စီချွမ်မြို့လမ်းမတွေကို ကြည့်နေခဲ့တယ်။ လမ်းမကြီးတွေက ကျယ်ဝန်းပြီး အများအားဖြင့် လမ်းမပေါ်မှာ ခေါင်းရွက်စျေး သည်အများပြားနဲ့ ကျင့်ကြံသူလူတစုက ဟိုဒီ လျှောက်နေတာကို မြင်နိုင်တယ်။

“စီျွီမ်ကို ဒီလောက်စည်မယ်လို့ မထင်ထားဘူး”

မော့ပေက အံ့သြတကြိီးဆိုတယ်။ ချန်ဟယ်ကလည်း ခေါင်းညိတ်လိုက်ပြီး

“ကျွန်မကလေးဘဝတုန်းက တခါရောက်ဖူးခဲ့တယ် ဒီလောက်လူမများသေးဘူး ကျွန်မအထင် လူဦးရေက သန်း၁၀၀ နားကပ်နေလောက်ပြီ”

သန်း၁၀၀ ဟုတ်လား မြို့တမြို့က ဘယ်လောက်ကျယ်လို့ ဒီလောက်လူများနေရ တာလဲ။ ပိုင်လင်းသိထားတာက ထိုပမာဏက နိုင်ငံတခုနီးပါးဖြစ်နေတာပဲ။ ဥပမာဘဂ်လားဒေ့ နိုင်ငံနီးပါးပေါ့။

ပိုင်လင်းရဲ့အံ့သြနေပုံကိုကြည့်ပြီး ယန်ရှုက ခက်ဖွဖွရယ်လိုက်တယ်။ ပြီးနောက်

“ချန်မြို့တော်ဆို သန်း၂၀၀ ကျော်သေးတယ် အကျယ်ဝန်းကလည်း အကြီးဆုံးပဲလေ နေရာအကွက်အကွင်းကောင်းတော့ ချန်ဘုရင် မင်းမြတ်က နန်းမြို့တော်လုပ်ခဲ့တာ”

အကုန်လုံး နေ့လည်စာစားသောက်ပြီးနောက် အနားယူဖို့ ကိုယ်စီအခန်းထဲဝင်သွားကြတယ်။ ဒီမြို့မှာတော့ ဌာနခွဲမရှိပဲ နောက်ရက်ကျမှကုန်စည်တွေ ပို့ဖို့ လုပ်ရမှာပါ။

ပိုင်လင်းတို့က စီချွမ်မြို့မှာ နှစ်ရက်နေခဲ့ပြီး မှာယူထားတဲ့ ကုန်ပစ္စည်းတွေကို ပို့ဆောင်ပြီး ချိန်မှာတော့ လေလံပွဲအတွက် ချန်မြို့တော်ဆီ ခရီးဆက်ရတယ်။ ချန်မြို့တော်က ပစ္စည်းချို့ ဝယ်ယူတာက လေလံပွဲအတွက် အသုံးဝင်မှာပါ

ထိုအချိန် သင်းပျံ့ကောင်းကင်မြို့မှာတော့ အင်အားစုလေးခုက သဘာဝဖြစ်စဥ်ကိုဖုံးကွယ် ထားဖို့ အကျိတ်အနယ်ကြိုးစားနေကြတယ်။ ဒါပေမယ့် သတင်းကဖုံးမရခဲ့ဘူး။ အနီးနားမြို့ တွေထိ ပြန့်သွားချိန်မှာတော့ အင်အားစုအသီး သီးက တိုးဝင်လာကြတယ်။

အဆုံးမှာ မြို့မ ကျားဖြူ ထန်းမိသားစုတို့က တိုးဝင်လာတဲ့ ကျင့်ကြံသူတွေကို လွှတ်ပေးလိုက်ပြီး အချို့အင်အားစုကြီးတွေနဲ့ ပေါင်းစည်းဖို့ကိုပဲ ရွေးချယ်လိုက်ရတယ်။ သူတို့မှာ ပြင်ပအင်အားစုတွေကို ဆန့်ကျင်ဖို့ လုံလောက်တဲ့ခွန်အားမရှိဘူး။ ရှိရင်လည်း နောင်မှာချန်အိမ်တော်ကို ရင်ဆိုင်ရမှာဖြစ်လို့ အဆုံးထိမသွားလိုကြဘူးလေ။

နောက်ဆုံးတော့ သလင်းကျောက်တွင်းကို ရခဲ့ရင်တောင် အကျိုးအမြတ်ကခွဲဝေရဦးမယ် မဟုတ်လား။ ချန်မိသားစုကို ရလိုက်တာက သင်းပျံ့ကောင်းကင်တခုလုံးကို ရလိုက်သလိုပဲ ဆိုတော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းဆွဲသာ ဆိုတဲ့လမ်းကိုရွေးရတယ်။

“ဟားး နောင်တော်ချူကျန်းရှန် လာရောက်ပေး တဲ့အတွက် ဝမ်းသာမိတယ်”

ထန်းမိသားစုခေါင်းဆောင်က ရယ်ရယ်မောမော နဲ့ပဲ ချူမိသားစုခေါင်းဆောင် ချူကျန်းရှန်ကို ဖိတ်ခေါ်စကားဆိုတယ်။ စုလဲ့နဲ့ မြို့မသခင်တို့ကလည်း အသီးသီးမတ်တပ်ရပ် လိုက်ပြီး ချူကျန်းရှန်ကို နှုတ်ဆက်ကြတယ်။ ချူကျန်းရှန်းက

“ယဥ်ကျေးစရာမလိုပါဘူး ကျုပ်တို့ကအကျိုး တူပူးပေါင်းထားတာပဲ”

ထိုသို့ပြောပြီး ထိုင်ခုံတခုမှာဝင်ထိုင်တယ်။ မကြာခင်မှာပဲ အခန်းထဲကို မီးတောက်ဂိုဏ်းချုပ် ဇောင်မိသားစုခေါင်းဆောင် ဇီမိသားစုခေါင်းဆောင် နဲ့ ရတနာဂိုဏ်းချုပ် တစ္ဆေဂိုဏ်းချုပ် ပန်းတရာဂိုဏ်းချုပ်စသည်တို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်လာပြီး နောက်ဆုံးမှာတော့ ချန်ထန်းရောက်လာတယ်။

“ကဲ လူလည်းစုံပြီဆိုတော့ ဆွေးနွေးစရာလေး အချို့စကြတာပေါ့”

မြို့မသခင်က စကားစတယ်။

“ဆေွးနွေးဖို့လား ဘာအတွက်လဲ”

ချူကျန်းရှန်က မသိသလိုနဲ့မေးတယ်။

“အကျိုးအမြတ်ခွဲဝေဖို့လေ သိပ်မကြာခင်မှာ ကျောက်တွင်းက ပေါ်လာတာတော့မယ် ဒီအတွက် လက်ရှိခေါင်းဆောင်တွေက အင်အားစုအသီးသီးကို ကိုယ်စားပြုပြီးတော့ ရပိုင်ခွင့်တွေကို ခွဲဝေရမှာပဲ”

ကျားဖြူခန်းမသခင်စုလဲ့က စပြောတယ်။ ထိုစကားကိုကြားတော့ ဇီပန်းပဲမိသားစုက

“ဒါအရမ်းတွေးနေစရာမလိုပါဘူး ကျောက်တွင်းပိုင်ဆိုင်မှု ၇၀ ရာနှုန်းကိုကျုပ်တို့ သင်းပျံ့ကောင်းကင်မြို့ခံ အင်အားစုကရမယ် ကျန်တာကိုတော့ ပြင်ပအင်အားစုက သင့်သလို ခွဲဝေကြပေါ့”

ဇီဟုန်က ခပ်ပေါ့ပေါ့ပဲ အကြံပြုတယ်။ လက်ရှိ ကျောက်တွင်းက သင်းပျံ့ကောင်းကင်မြို့မှာ ပေါ်လာမှာဖြစ်လို့ ပိုင်ဆိုင်မှုအများဆုံးက သူတို့ နဲ့ပဲသက်ဆိုင်တယ်လို့ တွေးတယ်။ ဖြစ်နိုင်ရင် ပြင်ပအင်အားစုတွေကိုတောင် ဖိတ်ခေါ်ချင်တာ မဟုတ်ပါဘူး။ သတင်းပေါက်ကြားသွားလို့သာ ဆက်ဆံနေရတာပါ။

“ဟမ့် မမျှတလိုက်တာ ဒီမှာ အင်အားစုစုစုပေါင် ဆယ့်နှစ်ခုရှိတယ် အချိုးကျရင် တစုကို ရာ၈ ခိုင်နှုန်းရသင့်တယ် ဘာအတွက်နဲ့ခင်ဗျားတို့က ၇၀ ရာနှုန်းကိုလိုချင်တာလဲ”

တစ္ဆေဂိုဏ်းချုပ်ရဲ့စကားကိုကြားတော့ မီးတောက်ဂိုဏ်းချုပ်က မကျေမနပ်ထပြောလာ တယ်။

“ဘာအတွက်ဟုတ်လား ခင်ဗျားတို့က ပြင်ပလူ တွေပဲ ကျောက်တွင်းကခင်ဗျားတို့အပိုင်ထဲမှာ ပေါ်လာတာမဟုတ်ဘူး ကျုပ်အနေနဲ့ဆို လုံးဝ မပေးဘူး”

မီးတောက်ဂိုဏ်းချုပ်ရဲ့စကားက ပြင်းထန်ပြီး သူ့အင်အားအရ တစ္ဆေဂိုဏ်းကိုမယှဥ်နိုင်ပေမဲ့ ကြောက်ရွံနေမှာတော့ မဟုတ်ဘူးလေ။

“ပြင်ပအင်အားစုတဲ့လား ကျုပ်တို့သာဖိအားပေ ​ရယူသွားရင်ကော ခင်ဗျားတို့ဘာတတ်နိုင်မလဲ”

ချူကျန်းရှန်က ရန်စကားပြောလာတယ်။

“မင်း စမ်းကြည့်လို့ရတယ်”

တချိန်လုံးတိတ်နေတဲ့ ချန်ထန်းက ဝင်ပြောလာ တယ်။ သူကအဆင့်၁ ပြီးပြည့်စုံနေပြီး သိုင်းသခင်အဆင့်နဲ့ ခြေတလှမ်းပဲဝေးတော့တာ ဆိုတော့ ဒီလူအုပ်ကိုမကြောက်ပါဘူး။

ချန်ထန်းရဲ့လေးနက်တဲ့အကြည့်နဲ့ ဖိအားကိုခံစားလိုက်ရတော့ ချူကျန်းရှန်းလည်း ငြိမ်ကျသွားတယ်။ ကျင့်ကြံဆင့်နဲ့ခွန်အားအရ ချန်ထန်းကို သူမနိုင်ဘူးလေ။ ထိုအချိန် ပန်းတရာဂိုဏ်းချုပ်က အသံလွင်လွင်နဲ့ ရယ်မောလိုက်ပြီး

“တဝက်စီပဲ ဘယ်လိုလဲ ကျွန်မတို့ဘက်မှာ အင်အားစုခုကို3 ခွဲရမှာ ရှင်တို့ဘက်မှာက၇စု ဖြစ်နေတယ်ဆိုတော့…”

သူမစကားက တစုံတရာကိုရည်ညွန်းမယ် လူအို ကြီးတွေကသိလိုက်တော့ မျက်နှာပျက်သွားကြ တယ်။ အထူးသဖြင့် ဇီ ဇောင် မိသားစုနှစ်ခုနဲ့ မီးတောက်ဂိုဏ်းပဲ။ ခွန်အားအရ အင်အားစု၄စု ကသာသူတို့ကိုဖယ်ထုတ်ချင်ရင် အသာလေးပဲ မဟုတ်လား။

“ခဗျားက ကျုပ်တို့ကိုသွေးခွဲဖို့ ကြိုးစားနေတာ လို့ကျုပ်ဘာလို့ ထင်နေမိပါလိမ့်”

ချန်ထန်းက ပန်းတရာဂိုဏ်းချုပ်ကို ခပ်ဖွဖွကြည့်လိုက်ပြီး ထေ့သလိုငေါ့သလိုနဲ့ ပြောလိုက်တယ်။

“မဟုတ်ပါဘူးရှင် ကျွန်မက ရှင်တို့အင်အားစု၄စု ဝေစုနည်းသွားမှာဆိုးလို့ပါ”

သူမက ထိုသို့ပြောပြီး ယောက်ျားပီသစွာခန့်ငြာ တဲ့ချန်ထန်းကို နှစ်လိုဖွယ်အပြုံးနဲ့ ကြည့်နေခဲ့တယ်။

“ခင်ဗျားတို့မသိတာက ကျောက်တွင်းပေါ်လာရင် နောက်ဆက်တွဲမှာ ကျောက်တွင်းထဲဝင်ဖို့ အရင်ဆုံးပုံရိပ်ယောင် အစီရင်ကိုကျော်ဖြတ်ရမယ် ဒီအတွက်ခင်ဗျား တို့အားလုံးမှာ အဆင့်မြင့်အစီရင်ဆရာ ရှိထားကြပြီလား”

ရတနာဂိုဏ်းချုပ်က ဝင်မေးတယ်။ သူ့အနေနဲ့ ဝေစုတခုတော့ ရမှဖြစ်မယ်။ မဟုတ်ရင်တော့ ဂိုဏ်းရဲ့အင်အားကို မြင့်တင်ဖို့က ခက်ခဲသွားတော့မှာလေ။

“ကျုပ်မှာရှိတယ် ဒါကြောင့်ကျုပ်တို့အတွက် ၅၀ ရာနှုန်းအပြည့်လိုချင်တယ်”

အဆင့်မြင့်အစီအရင်ဆရာ ဆိုတာကရွှေထက် ရှားပြီး ထိပ်တန်းအင်အားစုတွေမှာတောင် တဦးရှိဖို့မလွယ်ပါဘူး။ ချူကျန်းရှန်းရဲ့စကား အဆုံးမှာ မြို့မသခင်က အလေးအနက်တွေးနေ ခဲ့တယ်။ လက်ရှိသင်းပျံ့ကောင်းကင်ရဲ့ ဒေသခံ အင်အားစုက အဆင့်မြင့်အစီရင်ဆရာဖိတ်ခေါ် ဖို့မတတ်နိုင်ဘူး။

………………………………………………..

All Chapters