အကျိတ်အနယ်
Vol. 4 Ch. 59
“ခင်ဗျားတို့က တဝက်ကိုရပြီး အဆင်ပြေပေမဲ့ ကျုပ်တို့ဘက်မှာ အင်အားစု၈စု ဖြစ်နေတော့ ကျန်တဲ့တဝက်ကို ခွဲဝေဖို့က ခက်ခဲနေတယ်”
ထန်းမိသားစုခေါင်းဆောင်က ဝင်ပြောတယ်။ အင်အားစု၈စုက ၅၀ ရာခိုင်နှုန်းခွဲဝေဖို့ဆိုတာ
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အပြင်လူတွေက ၅၀ ရာခိုင်နှုန်းကို အင်အားစုနည်းနည်းပဲ ခွဲရမှာ”
ထန်းမိသားစုခေါင်းဆောင်ရဲ့စကားကို ချန်ကျန်းရှန်က ရယ်မောလိုက်ပြီး
“ဒါကတော့ ခင်ဗျားတို့ကိစပဲ ကျုပ်ဘက်က အဆင့်မြင့်အစီရင်ဆရာတဦး ဖိတ်ခေါ်ပေးမယ် ပြီးတော့ ကျုပ်တို့အင်အားစုတွေအတွက် တဝက်တိတိယူမယ် ကျန်တာခင်ဗျားတို့ဘာသာ ဆက်ဆွေးနွေးကြတော့ ဟားးး”
သူက စကားကိုအပြတ်ပြောလိုက်ပြီးနောက် ကျောက်တွင်းဖြစ်စဥ်နီးကပ်ချိန်မှာ လိုအပ်တဲ့ အစီရင်ဆရာခေါ်ဆောင်လာပြီး နောက်တကြိမ် ပြန်လာမယ်ဆိုတဲ့အကြောင်း ပြောဆိုသွားတယ် တဖက်မှာတော့ ချန်ထန်းတယောက် လေးနက်နေခဲ့ပြီး ဒီပုံစံအရဆို ကျန်တဝက်တွက် သူတို့ကရန်ဖြစ်ကြရဦးမှာပါ။
“ဒီလိုဆိုတော့ ကျန်တဲ့ရာခိုင်နှုန်းကို ကျုပ်တို့ အင်အားစု၄ခုက ၃၅ ရာခိုင်နှုန်းယူမယ် ကျန်တဲ့ ၁၅ ရာခိုင်နှုန်းကို ခင်ဗျားတို့ကခွဲဝေကြပေါ့”
မီးတောက်ဂိုဏ်းနဲ့ ရတနာဂိုဏ်းတို့ရဲ့ ခေါင်းဆောင်အသီးသီးက မျက်နှာပျက်သွားကြတယ်။ ဒီခြေနေကိုတွက်ဆ ထားပြီးဆိုပေမယ့် လက်မခံလိုကြဘူး။ ၁၅ ရာနှုန်းဆိုတာက အလွန်နည်းလွန်းတယ်လို့ သူတို့ခံစားနေရတယ်
“ကျုပ်တို့အတွက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လိုချင်တယ်”
ဇောင်မိသားစုခေါင်းဆောင် ဇောင်ချင်က ပြောတယ်။ သူပြောတဲ့ပမဏကိုရမှ အင်အားစု တစုကို၅ ရာခိုင်နှုန်းရမှာပါ။ ဒါကနည်းလွန်းနေ ပေမယ့်မရတာထက်စာရင်တော့ မဆိုးပါဘူး။
“ညီအစ်ကိုဇောင် မင်းတောင်းဆိုမှုက များလွန်းနေတယ်လို့ မထင်ဘူးလား”
မြို့မသခင်က ဇောင်ချင်ကိုကြည့်ပြီး မေးတယ်။ သေချာတာက ခွဲဝေဖို့ကိုစိတ်မဝင်စားဘူး ဆိုတာပဲ။
“ဘာလဲ ခင်ဗျားတို့က ဖိအားပေးချင်တာလား”
ဇောင်ချင်က မြို့မသခင်ကို စိုက်ကြည့်ပြီး မေးလိုက်တယ်။ သူကတော့ ရပိုင်ခွင့်အတွက် တောင်းဆိုမယ်လို့ ဆုံးဖြတ်ထားပုံရတယ်။
လေထုက တည်ငြိမ်မှုပျက်ပြားလာပြီး ထိပ်သီး ကျင့်ကြံသူတွေကြား တင်းမာမှုတိုးလာတာကို သတိပြုမိတော့ ချန်ထန်းကထပြောတယ်။
“တော်ကြစမ်း ခင်ဗျားတို့မစည်းလုံးလို့ အခုကြည့် ရာနှုန်းတဝက်အပြင်ကို ပေးလိုက်ရ ပြီဒီတိုင်း ထပ်ဖြစ်နေရင် တခုမှရမှာမဟုတ်ဘူး အကုန်လုံးစိတ်အေးအေးထားပြီး ဆွေးနွေးကြတော့”
ချန်ထန်းစကားအဆုံးမှာ ဇောင်ချင်ကငြိမ်ကျသွားခဲ့ပြီး ခေတ်တူတဲ့လူတွေအရ ချန်ထန်းကို သူကအရမ်းလေးစားတဲ့သူပါ။ သူ့အပြင် ဇီနဲ့ အခြားဂိုဏ်း၂ခုက ခေါင်းဆောင်တွေကလဲ ချန်ထန်းကို လေးစားကြသူတွေဖြစ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဆက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ကြတယ်။
“၃၃ ရာခိုင်နှုန်း ကျုပ်တို့ယူမယ် ကျန်တာခင်ဗျားတို့ သဘော ဘယ်လိုလဲ”
မြို့မသခင်က ဆက်ပြောတယ်။
“ဒီထက်ပိုမတောင်းကြနဲ့တော့ ကျုပ်တို့ရင်ဆိုင် နေရတာက ပြင်ပအင်အားစုတွေဖြစ်နေပြီး အခုချိန်မှာ ညီအစ်ကိုချန်ပြောသလိုပဲ စည်းလုံးရမယ် ဒါကြောင့်ကျုပ်ဘက်က ဒီတိုင်းတာကို စဥ်းစားပေးနေတာပဲ”
“မဖြစ်နိုင်ဘူး ၃၅ ၁၅ပဲ ကျုပ်သဘောမတူဘူး”
ထန်းမိသားစုခေါင်းဆောင်က အသည်းသန်ထ ငြင်းတယ်။ ချန်ထန်းက လောဘကြီးလွန်းတဲ့ ထန်းမိသားစုခေါင်းဆောင်ကို ကြည့်ပြီးသူနဲ့သာ ခမည်းခမက်ဖြစ်သွားခဲ့ရင် ရင်လေးစရာပဲလို့ တွေးပြီး တဆက်တည်းမှာပဲ အတွင်းကျိတ်ကြံ တတ်တဲ့စုလဲ့ကိုလည်း စောင့်ကြည့်ဖို့တွေးမိလိုက်တယ်။
ဆွေးနွေးမှုက အပြင်းထန်ဆုံးအခြေနေကိုဖြစ် နေစေပြီး ဆွေးနွေးပွဲက ၃ရက်တိုင်ကြာခဲ့တယ်။ အဆုံးမှာတော့ ချန်ထန်းရဲ့စေ့စပ်မှုအရ ၃၃ ၁၇ ဆိုတာကိုလက်ခံလိုက်ကြပြီး ၁၇ ရာနှုန်းက အရင်ဆုံးယူဆောင်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို လည်းထပ်ပေါင်း သဘောတူခဲ့တယ်။
“တောက်.. အဲ့ကောင်ချန်ထန်းကြောင့်ပေါ့ ငါ့စိတ်အရဆို ပေးတောင်မပေးချင်ဘူး”
ထန်းမိသားစုခေါင်းဆောင်က မကျေမနပ်နဲ့ ပြောဆိုနေတယ်။ ဆွေးနွေးပွဲမှာတုန်းက ချန်ထန်းကိုကြောက်ရွံတာကြောင့် ငြိမ်နေခဲ့ပြီး ချန်ထန်းတို့ထွက်သွားမှ လေသံဟရဲတာပါ။
“ကိစမရှိပါဘူး အဆုံးမှာကျုပ်တို့ပဲ ခွဲဝေယူရမှာပဲလေ ဘာတွေလောနေတာလဲ”
မြိုမြသခင်က မျက်လုံးကိုလှန်လိုက်ပြီး မသိရန်ကောဟူတဲ့ အကြည့်နဲ့ပြောတယ်။ သူတို့မှာအစီစဥ်တွေ ရှိပြီးသားပါ။
“ဒီတကြိမ်မှာ ပြင်ပအင်အားစုနဲ့ ချန်ထန်းကိုရန် တိုက်ပေးနိုင်ရင် ကျုပ်တို့အတွက်အဆင်ပြေပြီ ဟမ့် ကျန်အင်အားစုလေးတွေကတော့ သူတို့ချန်ထန်းကိုအားကိုးနေရင် ပျက်စီးကိန်း ကြုံမယ်ဆိုတာကို မြင်သွားစေရမယ်”
မြိုမြသခင်က ကြိမ်းဝါးပြောဆိုလိုက်တယ်။ စုလဲ့က ခေါင်းအသာယမ်းလိုက်ပြီးနောက်
“နင်တွေးတာမှားနေပြီ ချန်ထန်းကိုကိုင်တွယ်ဖို့ မလွယ်ဘူးဆိုတာ နင်သိလား သူ့ရဲ့ကျင့်ကြံဆင့် အခုဆို သိုင်းသခင်တဝက်ကို ရောက်နေမှာကိုတောင် ငါကြောက်မိတယ်”
စုလဲ့ရဲ့စကားကိုကြားတော့ ကျန်နှစ်ယောက်လဲ ထိတ်လန့်သွားကြပြီး ချက်ချင်းတုန့်ပြန်လာကြ တယ်။
“သိုင်းသခင်တဝက်ဟုတ်လား မဖြစ်နိုင်တာ”
“မဖြစ်နိုင်ဘူး အဲ့ကောင်ပြီးပြည့်စုံအဆင့်ကို ရောက်ထားတာ ၅နှစ်လောက်ပဲရှိသေးတယ်”
စုလဲ့ကမျက်လုံးအစုံကို မှိတ်လိုက်ပြီးတိုးညင်းစွာနဲ့
“ငါ့ခံစားမှုက သေချာတယ် ငါတို့အစီစဥ်ကိုအလေးနက်ထားမှ အဆင်ပြေ လိမ့်မယ် တခုခုလွဲချော်သွားရင် ပျက်စီးရမှာက ငါတို့ ဖြစ်သွားလိမ့်မယ်”
………………………………………………….