← Chapters

အခန်း (၄၂၂)

Vol. 29 Ch. 422

အခန်း (၄၂၂)

Vol. 29 Ch. 422

လက်ရှိအချိန်တွင် အစီအရင်ကြီးအတွင်း၌ လူသားမျိုးနွယ်ဘက်မှ ရွှမ်ယီမှ လွဲ၍ ကျန်လူများအားလုံး ကြောက်မက်ဖွယ် ဖိအားကြီးအား ရင်ဆိုင်နေကြရသည်။

လူတိုင်း မျက်နှာများဖြူဖျော့နေကြ၏။ အလွန်ကြီးမားသော ဖိအားကြီးအောက်‌၌ ဒူးထောက်မကျသွားစေရန် အံကြိတ်လျက် ခါးသီးစွာ ရင်ဆိုင်နေခဲ့ကြသည်။

အစိမ်းရောင် စိတ်ဝိညာဉ် တိုင်လုံးကြီးက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ပင်လယ်သားရဲမျိုးနွယ်မှ အစွမ်းထက်ကျင့်ကြံသူ (၂၁) ယောက်ကလည်း အစိမ်းရောင်အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။

ထိုနေရာတွင် မီတာ (၃ သိန်း‌) ကျော် ရှည်လျားသည့် ကြီးမားသော ပုံရိပ်ကြီးတစ်ခု အစားထိုး၀င်ရောက်လာခဲ့သည်။

၎င်းက ပင်လယ်သားရဲတစ်ကောင်ဖြစ်ပြီး သူ၏ခန္ဓာကိုယ်က ကောင်းကင်ကြီးတမျှ ကြီးမားလွန်းလှသည်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သွေးရောင် သန်းနေခဲ့ပြီး လက်များ၌ ခရမ်းရောင်အကြေးခွံများ ဖုံးအုပ်ထား၏။

ထို့အပြင် ၎င်းထံမှ ရှေးခေတ်မှ အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ ရှေးခေတ်မှ နတ်ဘုရားတစ်ပါး ပြန်လည်ရှင်သန်လာသည့်အလားပင်။

ထိုပုံရိပ်ကြီးထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ် ဖိအားများက ဘိုးဘေးဝိညာဉ် အစီအရင်တစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။ ပတ်ဝန်းကျင်မှ လေဟာနယ်များ ပေါက်ကွဲပျက်စီးသွားပြီး လေဟာနယ်အက်ကြောင်းများက နေရာအနှံ့ ပျံ့နှံ့သွား၏။

အစီအရင်အတွင်း၌ အကောင်းအတိုင်းရှိသောနေရာဟူ၍ ရွှမ်ယီတို့အဖွဲ့ရပ်နေသော နေရာသာရှိတော့သည်။

“ အဲ့ဒါ… အင်ပါယာအဆင့် စိတ်ဝိညာဉ် ပုံရိပ်ကြီးမဟုတ်လား…”

အစီအရင်၏ အပြင်ဘက်မှ ကောင်းကင်ဘုရင်တစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။

သူ၏ စကားများအား ကြားလိုက်လျှင် လူသားအင်ပါယာ (၃) ယောက်၏ အမူအယာများက ပို၍ ခါးသီးသွားခဲ့၏။

ပင်လယ်သားရဲများ ကြိတ်၍ လှုပ်ရှားနေသောအကွက်က ဤမျှ ကြီးကျယ်ကာ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ကြချေ။

ဘိုးဘေးစိတ်ဝိညာဉ် အစီအရင်…

၎င်းက နာမည်အတိုင်းပင် ပင်လယ်သားရဲမျိုးနွယ်၏ ဘိုးဘေး ပြန်လည်ရှင်သန်လာစေရန် ရည်ရွယ်၍ ဖန်တီးထား‌ခဲ့သော အစီအရင်တစ်ခုဖြစ်ပေသည်။

ကောင်းကင်ဘုရင်နှင့်အထက်အဆင့် ကျင့်ကြံသူ (၂၁) ယောက်ရှိနေသ၍ ဘိုးဘေး၏ စိတ်ဝိညာဉ်အား ဆင့်ခေါ်နိုင်စွမ်းရှိသည်။

၎င်းက သူ၏ နောက်ဆုံး စိတ်ဝိညာဉ်အမျှင်လေး သိမ်းဆည်းထားသည့် လျှို့ဝှက်နယ်မြေ၏ ဗဟိုချက်မှနေ၍ ဤနေရာသို့ ဖြတ်ကျော်ပြီး နတ်ဆိုးစွမ်းအားများကို စုစည်းနိုင်စွမ်းရှိ၏။

၎င်းက ဘဝင်စိုက်နေသည့် အခြေအနေမှနေ၍ လက်ရှိ ကမ္ဘာမြေကြီး၌ ပြန်လည်နိုးထလာချေပြီ။

ဤသည်မှာ ပင်လယ်သားရဲမျိုးနွယ်၏ အစစ်အမှန်စွမ်းအားဖြစ်ပေသည်။

အစီအရင်၏ အပြင်ဘက်တွင် ပင်လယ်သားရဲ အင်ပါယာများက ဆိုးယုတ်သော အပြုံးများဖြင့်

“ မင်းတို့ လူသားတွေ… ငါတို့ရဲ့ အနာဂါတ်မျိုးဆက်သစ်တွေကို သတ်ပစ်ခဲ့ကြတယ်…”

“ အခု ငါတို့ပင်လယ်သားရဲတွေက မင်းတို့လူသားမျိုးနွယ်ရဲ့ ထိပ်တန်းကျင့်ကြံသူတွေကို ပြန်ပြီး သတ်ပစ်တော့မယ်… နောက်ကျရင် တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးကိုပါ သုတ်သင်ပစ်ဦးမယ်…”

တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများ မျှော်လင့်ချက်မဲ့သွားသည့်အလား ခံစားလိုက်ကြရ၏။ ၎င်းတို့အနေဖြင့် ဘိုးဘေးစိတ်ဝိညာဉ် အစီအရင်ကြီးအား ဖြိုခွင်းရန်မတတ်နိုင်သော်လည်း အင်ပါယာအဆင့် ကျင့်ကြံသူများနှင့်အတူတကွ ၎င်းအား အင်အားသုံးကာ ဖြတ်ကျော်နိုင်စွမ်းရှိသည်။

သို့သော် ယခုအချိန်တွင် သူတို့ရှေ့၌ ပင်လယ်သားရဲအင်ပါယာ (၃) ယောက်က ရပ်နေခဲ့၏။

သူတို့ဘက်မှ ကောင်းကင်ဓါး အင်ပါယာက ၎င်း၏အသက်ကိုပေး၍ ပင်လယ်သားရဲအင်ပါယာ (၃) ယောက်ကို တားဆီးတိုက်ခိုက်နိုင်စွမ်းရှိပေသည်။

သို့သော် အင်ပါယာ ကုယွမ်နှင့် မိုးတိမ်အင်ပါယာတို့က ထိုအစီအရင်ကြီးအား ချိုးဖျက်နိုင်ရန် အချိန်ယူရပေလိမ့်မည်။

၎င်းက (၁၅) မိနစ် သို့မဟုတ် မိနစ် (၂၀) ဝန်းကျင်မျှ ကြာနေခဲ့လျှင်ပင် ထိုအချိန်အတွင်း၌ ပင်လယ်သားရဲမျိုးနွယ်၏ ဘိုးဘေးက အတွင်းမှ ကျင့်ကြံသူများအား အကြိမ်ပေါင်းမရေမတွက်နိုင်လောက်အောင် သတ်ဖြတ်ရန် လုံလောက်သည်။

ဘုန်း…

ပင်လယ်သားရဲမျိုးနွယ်၏ ဘိုးဘေးက သူ၏ မျက်လုံးများအား ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ထိုမျက်လုံးများက အလွန်နက်ရှိုင်းလွန်းလှပြီး အေးစက်နေခဲ့သည်။ ထို့နောက် သူက ညာလက်အား တစ်ချက်လှုပ်လိုက်လျှင် အပြာရောင် အလင်းတစ်ခုက လှိုင်းလုံးကြီးတစ်ခုအလား ကောင်းကင်ထက်သို့ ပြေးတက်သွား၏။

ရွှမ်ယီတို့ ဘက်တွင်မူ ခုနှစ်သွယ်ဘုရင်အပါအဝင် ကျန်လူတိုင်း ခံနိုင်ရည်ကုန်ဆုံးလုနီးပါး ရောက်နေကြချေပြီ။ ၎င်းတို့ခန္ဓာကိုယ်မှ အရိုးကျိုးသံများ တဖျောက်ဖျောက်ထွက်ပေါ်နေပြီး နာကျင်မှုများအား အံကြိတ်ကာ သည်းခံနေကြရ၏။

အင်ပါယာကျင့်ကြံသူ‌တစ်ယောက်၏ စွမ်းအားက သူတို့တွေးထားသည်ထက် အဆများစွာ ကျော်‌လွန်နေခဲ့သည်။

ထို ပင်လယ်သားရဲမျိုးနွယ်၏ ဘိုးဘေးက ၎င်း၏စွမ်းအား အားစမ်းသပ်ရန်အတွက် လက်အား အနည်းငယ်မျှ မြှောက်ယုံသာရှိသေးသည်။ သို့သော် ထွက်ပေါ်လာသည့် စွမ်းအားက တောင်ပေါင်းများစွာအား အလွယ်တကူဖျက်ဆီးရန် လုံလောက်နေခဲ့၏။

“ ပထမအတိဒုက္ခအဆင့်ပဲရှိတာလား… အမှိုက်တွေပဲ…”

ပင်လယ်သားရဲမျိုးနွယ် ဘိုးဘေးက အေးစက်စွာ အော်ဟစ်လိုက်သည်။ ဘိုးဘေး စိတ်ဝိညာဉ် အစီအရင်ကြီးအပြင်ဘက်တွင် ပင်လယ်သားရဲမျိုးနွယ် အင်ပါယာ (၃) ယောက် ခေါင်းငုံ့ကာ ရပ်နေခဲ့ကြပြီး မည်သည့်စကားမှ ပြန်မပြောရဲကြချေ။

သူတို့ ပင်လယ်သားရဲမျိုးနွယ်ဘိုးဘေးက အလွန်ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားသည်။

၎င်း၏ အရှိန်အဝါက အကန့်အသတ်မဲ့လှသော သမုဒ္ဒရာကြီးတစ်စင်းအလား ကျယ်ပြောပြီး ကမ္ဘာကြီးတစ်ခုလုံးအား တုန်ခါသွားစေနိုင်စွမ်းရှိ၏။

သူတို့ (၃) ယောက်က ပထမအတိဒုက္ခအဆင့် အင်ပါယာများ ဖြစ်ကြပြီး တစ်ယောက်နှင့်တစ်ယောက် သူမသာ ကိုယ်မသာများသာ ဖြစ်ကြသည်။

သူတို့ ဘိုးဘေးဝိညာဉ်အတွက်မူ ၎င်းအား ဆင့်ခေါ်လိုက်သည်နှင့် ပထမအတိဒုက္ခအဆင့်ကို ပိုင်ဆိုင်ထားခဲ့သည်။

ထို့အပြင် ၎င်းကသူ၏ ကန့်သတ်ချက်မဟုတ်သေးချေ။

လက်ရှိအချိန်တွင် ပင်လယ်သားရဲမျိုးနွယ်က အလွန်အန္တရာယ်များသော အခြေအနေ၌ ရှိနေခဲ့၏။

သူတို့က လူသားများ၏ လိုက်လံဖိနှိပ်ခြင်းကို ခံနေကြရသည်။

လူသားများနှင့် နောက်ဆုံးစစ်ပွဲတွင်လည်း အထိနာပြီး ရှုံးနိမ့်ခဲ့သေး၏။

ထို ရှုံးနိမ့်မှုများက အလွန်ခံစားရခက်စေပြီး ပြင်းထန်သော နာကျည်းမှုများက ၎င်းတို့၏ အရိုးထဲ စိမ့်ဝင်နေချေပြီ။

သူတို့အနေဖြင့် လျှို့ဝှက်နယ်မြေအား ရှာဖွေတွေ့ရှိခဲ့ပြီး‌နောက် အလုံးစုံတိုက်ခိုက်နိုင်စွမ်းများ တိုးတက်လာခဲ့သည်။

သို့သော် သူတို့အနေဖြင့် အကောင်းဆုံးသော မြှင့်တင်နိုင်ခဲ့မှုမှာ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူ (၉) ယောက်မျှသာ ရှိ၏။

အကယ်၍ သူတို့ထံ၌သာ ကျောက်စိမ်းပင်လယ်ကောင်းကင်ကျင့်စဉ်အား ကျင့်ကြံထားသည့် အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူ နှစ်ယောက်ရှိပြီး ၎င်းတို့အတူတကွ အစီအရင်ထဲ၌ ပါဝင်ကာ ဘိုးဘေးစိတ်ဝိညာဉ်အား ဆင့်ခေါ်ပါက ဘိုးဘေး၏ စွမ်းအားက ပထမအတိဒုက္ခအဆင့်ထက်ကျော်လွန်သွားမည်မှာ သေချာသည်။ အနည်းဆုံးအနေဖြင့် ပထမအတိဒုက္ခအဆင့်၏ အထွတ်အထိပ်သို့ ရောက်နိုင်၏။

ထိုအချိန်တွင် တောင်ပိုင်းတိုက်ကြီးမှ လူသားများက သူတို့အား မည်ကဲ့သို့ တွန်းလှန်နိုင်တော့မည်နည်း။ ဘိုးဘေးဝိညာဉ်၏ ကာကွယ်မှုနှင့်ဆိုပါက သူတို့ ပင်လယ်သားရဲမျိုးနွယ် ပြန်လည်မြင့်တက်လာရန် မျှော်လင့်ချက်ရှိပေသည်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ ပင်လယ်သားရဲမျိုးနွယ်၏ အင်ပါယာ (၃) ယောက်က ဘိုးဘေး စိတ်ဝိညာဉ်အား မည်သို့မျှ မထီမဲ့မြင်ပြုလုပ်ဝံ့ခြင်းမရှိကြချေ။

၎င်းက စွမ်းအားကွာခြားမှုကြောင့်သာမက ဘိုးဘေးစိတ်ဝိညာဉ်အပေါ်ထားသော သူတို့၏ လေးစားမှုလည်း ဖြစ်ပေသည်။

ဘိုဘေးဝိညာဉ်က တိတ်ဆိတ်နေသော (၃) ယောက်အားတစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

လက်ရှိ ပင်လယ်သားရဲမျိုးနွယ်က အန္တရာယ်ထဲ၌ ကျရောက်နေကြောင်း သူလည်း နားလည်ထားပေသည်။ အစပိုင်းတွင် သူ့အား ဆင့်ခေါ်နိုင်သည်နှင့် အရပ်လေးမျက်နှာမှ လူသားတိုင်းအား သတ်ဖြတ်ပြီး ၎င်းတို့အား သူ၏ ခြေထောက်အောက်၌ နောက်တစ်ကြိမ် နင်းခြေနိုင်မည်ဟု ထင်မှတ်ထားခဲ့၏။

သို့သော် ယခုကြည့်ရသည်မှာ သူ့အနေဖြင့် အချိန်တစ်ခု လိုနေသေးဟန်ရ၏။ ၎င်းက သူ့အား အလွန် မကျေမနပ်ဖြစ်သွားစေခဲ့သည်။

ယခင် တောင်ပိုင်းတိုက်ကြီးအား သူတို့ အုပ်စိုးခဲ့စဉ်အချိန်တုန်းက လူသားများဆိုသည်မှာ ပင်လယသားရဲမျိုးနွယ်၏ ကျွန်များသာ ဖြစ်ပေသည်။

ပင်လယ်သားရဲမျိုးနွယ်က တောင်ပိုင်းတိုက်ကြီး၌ အမြင့်မြတ်ဆုံးဖြစ်ခဲ့၏။

ယခုအချိန်တွင် သူ့ထံ၌ လုံလောက်သော ခွန်အားရှိမနေသော်လည်း လူသားမျိုးနွယ်က ယခင်တုန်းကထက် များစွာ ဆုတ်ယုတ်သွားသည်မှာ အလွန်ကောင်းမွန်သော အချက်ဖြစ်ပေသည်။

အကယ်၍ တောင်ပိုင်းတိုက်ကြီးတွင်သာ မဟာဂိုဏ်းကြီးတစ်ဂိုဏ်း ကျန်ရှိနေသေးပါက သူ့ခွန်အား အပြည့်အဝ ပြန်လည်မရရှိသေးချိန်မဆိုထားနှင့် သူ၏စွမ်းအား အထွတ်အထိပ်၌ ရှိနေခဲ့လျှင်ပင် အဆုံးမဲ့ပင်လယ်၌သာ ပုန်းအောင်းနေရပေလိမ့်မည်။

မဟာဂိုဏ်းကြီးတစ်ခုဆိုသည်မှာ တာအိုအဆင့်ကျင့်ကြံသူ ကြီးကြပ်ကွပ်ကဲသည့် အင်အားစုကြီးဖြစ်၏။

အင်ပါယာအဆင့် စွမ်းအားမျှလောက်နှင့် ထိုမဟာဂိုဏ်းကြီးများအား မည်သို့ ယှဉ်နိုင်ပေလိမ့်မည်နည်း။

ယခြအချိန်တွင် ပင်လယ်သားရဲမျိုးနွယ်ဘက်မှ စိတ်လှုပ်ရှားမှုများနှင့် နှိုင်းယှဉ်ပါက လူသားအင်ပါယာ (၃) ယောက်စလုံး အဆုံးမဲ့သော စိတ်ဓာတ်ကျမှုများအား ခံစားနေခဲ့ကြရသည်။

ပင်လယ်သားရဲမျိုးနွယ်၌ နောက်ထပ်အင်ပါယာတစ်ယောက် ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် လက်ရှိမြင်နေရသော အခြေအနေများအရ ပင်လယ်သားရဲမျိုးနွယ်ဘက်မှ ကျင့်ကြံသူများ၏ စွမ်းအားများကို ဘိုးဘေး ဝိညာဉ်က မြှင့်တင်ပေးနိုင်စွမ်းရှိနေကြောင်း ထင်ရှားသည်။

လူသားများအတွက်မူ

အကယ်၍ ၎င်းတို့သာ ဤတစ်ကြိမ် ရှုံးနိမ့်ခဲ့ပါက ဆုံးရှုံးလိုက်ရမည့် ထိပ်တန်းကျင့်ကြံသူများမှာ နှစ်ပေါင်းရာနှင့်ချီ၍ပင် ပြန်လည်ဖြည့်တင်းနိုင်စွမ်းမရှိနိုင်သော အလွန်ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ပေသည်။

ထို့အပြင် ဘိုးဘေးဝိညာဉ် ကိုယ်တိုင်ကြီးကြပ်နေသော ပင်လယ်သားရဲမျိုးနွယ်က တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ် ပြန်လည်မြင့်တက်လာစေရန် အခွင့်အရေး မည်သို့ပေးလိမ့်မည်နည်း။

All Chapters