← Chapters

အခန်း (၄၂၈)

Vol. 29 Ch. 428

အခန်း (၄၂၈)

Vol. 29 Ch. 428

မိုးကြိုးပင်လယ်ကြီးက တအုန်းအုန်း တဒိုင်းဒိုင်း မြည်ဟီးလျှက် ရှိနေပြီး စုစုပေါင်း မိုးကြိုး (၁၈) ချက် ကျရောက်ခဲ့ပြီး ဖြစ်သည်။ တစ်ချက်ချင်းဆီတိုင်း၌ ဘိုးဘေးဝိညာဉ်ကိုပင် ကြောက်လန့်သွားစေနိုင်သည့် စွမ်းအားမျိုးပါဝင်နေခဲ့သည်။

ဒါကိုတောင်မှ ရွှမ်ယီက ခံနိုင်နေဆဲပဲလား…?

၎င်းက ဘိုးဘေးဝိညာဉ်၏ နှလုံးသားများကို ပိုမိုလေးလံသွားစေခဲ့သည်။

အကယ်၍ သူသာ မိုးကြိုးပစ်ဒဏ်အား ရှောင်လွှဲရန် အစီအရင်ကြီးအား အသုံးပြုခဲ့ခြင်းမရှိပါက ထိုနေရာ၌ သေဆုံးသွားသည်မှာ ကြာပေလိမ့်မည်။

ထို့အပြင်သူက လွတ်မြောက်ရန်အတွက် ထိုအခွင့်အရေးအား အသုံးချလိုသည်မှာ ကြာခဲ့ချေပြီ။

မည်သို့ပင်ဖြစ်စေ သူက ပင်လယ်သားရဲများအား အာဟာရဖြည့်စွတ်အစာများအဖြစ် အသုံးပြုခဲ့ပြီးနောက် သူ၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်က အစစ်အမှန် ရုပ်ခန္ဓာအဖြစ်သို့ ကူးပြောင်းခြင်း အောင်မြင်ခဲ့ပြီးဖြစ်၏။

ကျင့်ကြံခြင်းအဆင့်ကမူ သူမျှော်လင့်ထားသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းမရှိသော်လည်း ဒုတိယ အတိဒုက္ခအဆင့် အင်ပါယာတစ်ယောက် ဖြစ်နေဆဲပင်။

သူ့အနေဖြင့် ကျန်တိုက်ကြီးများသို့ သွားရောက်နေထိုင်နိုင်စွမ်းရှိပေသည်။

ထို့အပြင် အဆုံးမဲ့ပင်လယ်၌ သူတို့ပင်လယ်သားရဲမျိုးနွယ်တစ်ခုတည်း ရှင်သန်နေထိုင်ခြင်းမဟုတ်ချေ။ ကျန်မျိုးနွယ်စုများစွာ ရှိနေသေး၏။

သူ၏ လက်ရှိခွန်အားဖြင့် ဆိုပါက နောက်လိုက်များ ထပ်မံမွေးမြူနိုင်ရန် ပူနေစရာ မလိုပေ။ ယခုအချိန်တွင် သူ၏ နှလုံးသားထဲ၌ အလွန်ထိတ်လန့်နေမှန်း သူကိုယ်တိုင်ပင် သတိမထားမိပေ။

ဘိုးဘေးဝိညာဉ် ရောက်တတ်ရာရာများအား စိတ်ကူး‌ယဉ်နေချိန် အစီအရင်ကြီးအတွင်း၌ မိုးကြိုးပြစ်ဒဏ်၏ အလယ်ဗဟိုတွင် ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓါးအစီအရင်အား သန့်စင်ခြင်း နောက်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်၏။

“ အခုပဲ…”

ရွှမ်ယီက သူ၏လက်နှစ်ဖက်အား လက်ဟန်များ ပြုလုပ်လိုက်လျှင် သူ၏နောက်ကျောဘက်မှ ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင် (၂၇) ခုက အလင်းများဖြင့် ထွန်းလင်းတောက်ပလာခဲ့သည်။

နီဗားနားကျမ်းစာ စတင်လည်ပတ်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်အတွင်းမှ တာအိုနှင့် ပဲ့တင်သံများ အဆက်မပြတ် ထွက်ပေါ်လာနေခဲ့၏။

ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓါးအစီအရင်ပေါ်သို့ စိတ်ဝိညာဉ်အလင်းတန်းများ တစ်ခုပြီးတစ်ခုကျရောက်သွားခဲ့ပြီး ဓါးများ၏ တာအိုအမှတ်အသားဖြစ်ပေါ်ခြင်း အရှိန်အဟုန်ကို မြှင့်ပေးလိုက်သည်။

ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓါးအစီအရင်အား မိုးကြိုးများ ပတ်ပတ်လည်ဝန်းရံထားခဲ့သည်။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ ပုံစံက အင်မော်တယ်တစ်ယောက်အလား ဖြစ်နေပြီး လောကကြီးမှ အချိန်များအားလုံး ရပ်တန့်သွားသည့်အလားပင်။

ရွှမ်ယီက မိမိ၏ နှလုံးသားထဲတွင် ကြက်သွေးရောင်ဓါးတစ်ချောင်း ပုံစံတစ်ခု ဖန်တီးလိုက်သည်။

၎င်းက သူ၏ နှလုံးသားထဲမှ ဓါးဖြစ်ပြီး ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓါးအစီအရင်နှင့် ချိတ်ဆက်ထားသည်။ ထိုနှလုံးသားထဲမှ ဓါးအား ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓါးအစီအရင်၌ ပင်မအခြေခံအုတ်မြစ်အဖြစ် အသုံးပြုမည်ဖြစ်၏။

ဤသို့ဖြင့် သူ၏ ဓါးရည်ရွယ်ချက်စွမ်းအားများကလည်း ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓါးအစီအရင်နှင့် တစ်သားတည်းကျသွားကာ မယုံနိုင်လောက်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပေလိမ့်မည်။

အလွန်ပြင်းထန်သော မိုးကြိုးစွမ်းအားများအကြားတွင် ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓါးအစီအရင်က ရုတ်တရက် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားလေသည်။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအားများဖြင့် ၎င်းတို့အား ထိန်းချုပ်ပြီး မိုးကြိုးစွမ်းအားများအောက်၌ ထပ်မံသန့်စင်လိုက်၏။

တစ်ခဏကြာပြီးနောက် ၎င်းတို့က မိုးကြိုးစွမ်းအားများ၏ သန့်စင်မှုအောက်တွင် ပြန်လည်၍ နဂိုပုံစံသို့ စုစည်းလာခဲ့ကြသည်။

ဒင်… ဒန်… ဒန်….

ရွှမ်ယီ၏ မျက်ဝန်းများထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွား၏။

သူက ခုနှစ်သွယ်သတ်ဖြတ်ခြင်းဓါးအစီအရင် ၎င်းတို့မူလပုံစံ ဓါးခုနှစ်ချောင်းသို့ ပြန်လည်ပေါင်းစည်းသွားသည့်အချိန်တွင် သူ၏ စိတ်ဝိညာဉ်ယွမ်စွမ်းအားများအား လမ်းညွှန်တစ်ခုအဖြစ်အသုံးချပြီး ၎င်းတို့အပေါ်သို့ မိုးကြိုးခုနှစ်စင်းထပ်မံ ကျရောက်စေခဲ့သည်။

သူက မိုးကြိုးကပ်ဘေးအား သံမဏိတူတစ်ချောင်းအလား သဘောထားပြီး ဓါးများသာမက သူ၏ ခန္ဓာကိုယ်ကိုလည်း သန့်စင်နေခဲ့၏။

တစ်ခဏကြာပြီးနောက် ကြက်သွေးရောင်ဓါးခုနှစ်ချောင်း ရွှမ်ယီ၏ ရှေ့၌ ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့၏ ပုံစံက အလွန်ရိုးရှင်းသော်လည်း နက်ရှိုင်းသော ခံစားချက်များ ပေးစွမ်းနေခဲ့၏။

၎င်းတို့၏ ကိုယ်ထည်အထက်တွင်လည်း အနီရောင်တာအိုအမှတ်အသားများ ရှိနေခဲ့သည်။

တာအိုရုန်းတစ်ခုချင်းစီ၌ သဘာဝဥပဒေသစွမ်းအားများ၏ အထွတ်အထိပ်စွမ်းအင်များ ပါဝင်နေပြီး တာအိုအငွေ့အသက်များဖြင့် ကျက်သရေရှိကာ တင့်တယ်နေခဲ့သည်။

ဓါးခုနှစ်ချောင်းလုံး တာအိုတစ်ဝက်အဆင့် လက်နက်များအဖြစ်သို့ ရောက်ရှိသွားခဲ့၏။

၎င်းတို့အား ရွှမ်ယီ၏ အစွမ်းထက်ဓါးရည်ရွယ်ချက်စွမ်းအားများဖြင့် ပေါင်းစပ်လိုက်ပါက ကြောက်မက်ဖွယ်တိုက်ခိုက်နိုင်စွမ်းအား ထုတ်ဖော်နိုင်ပေလိမ့်မည်။

မိုးကြိုးပင်လယ်ကြီး၏ အပြင်ဘက်တွင် ဘိုးဘေးဝိညာဉ် စိတ်မရှည်တော့ဘဲ မသိစိတ်အရ ရှေ့သို့ တိုးသွားကြည့်ချင်နေခဲ့သည်။

သို့သော် သူခြေနှစ်လှမ်းမျှ လှမ်းလိုက်ပြီးချိန်၌ ခရမ်းရောင် လျှပ်စီးပင်လယ်ကြီးက ကွဲထွက်သွားပြီး ၎င်း၏ အလယ်ဗဟိုမှ အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဘိုးဘေးဝိညာဉ်၏ မှင်သက်နေသော အကြည့်များအောက်တွင် ထိုထွက်ပေါ်လာသည့် အလင်းက သူ၏ အင်ပါယာခန္ဓာကိုယ်အား ပိုင်းဖြတ်သွားခဲ့လေသည်။

ရွှစ်…

ရွှမ်ယီ၏ ထိန်းချုပ်မှုအောက်တွင် ကြက်သွေးရောင် ဓါးခုနှစ်ချောင်းထွက်ပေါ်လာခဲ့၏။

ဘုန်း.....

ဒုတိယ အတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ပင် ထိုဓါးစွမ်းအားများအောက်၌ ပြာအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲသွားခဲ့ရသည်။

“ အင်း… စွမ်းအားကတော့ ထိပ်တန်းတာအိုအဆင့် လက်နက်နဲ့ ခြေတစ်လှမ်းလောက်ပဲဝေးတော့တယ်…”

ရွှမ်ယီက ‌မိုးကြိုးပင်လယ်ကြီးအတွင်းမှ ဖြေးညှင်းစွာ လမ်းလျောက်ထွက်လာခဲ့၏။ ထို့နောက် ထာဝရနတ်ဘုရားစင်မြင့်မှနေ၍ ထိတ်လန့်တုန်လှုပ်စွာ ပြန်လည်ထွက်ပေါ်လာသည့် ဘိုးဘေးဝိညာဉ်အား ကြည့်ပြီး နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားခဲ့သည်။

ရွှမ်ယီ၏ အပြုံးက အလွန်နူးညံ့နွေးထွေးနေသော်လည်း ဘိုးဘေးဝိညာဉ်၏ မျက်လုံးထဲတွင်မူ ထိုအပြုံးက လောကကြီး၌ ကြောက်မက်ဖွယ်အကောင်းဆုံး အပြုံးတစ်ခုအလားပင်။

လက်ရှိအချိန်တွင် ဘိုးဘေးဝိညာဉ်အနေဖြင့် အဆုံးမရှိသော စိတ်ဓာတ်ကျမှုများ ခံစားနေခဲ့ရသည်။ ရွှမ်ယီက ဒဏ်ရာ အနည်းငယ်မျှပင်မရရှိဘဲ မိုးကြိုးကပ်ဘေးအား ဖြတ်ကျော်နိုင်ခဲ့သည်။

ထို့အပြင် ၎င်း၏ စွမ်းအားများကလည်း တစ်ဆင့် မြင့်တက်သွားခဲ့သေး၏။

သူ အလွန်ဂုဏ်ယူရသော အင်ပါယာအဆင့် ခန္ဓာကိုယ်က ရွှမ်ယီ၏ ရှေ့မှောက်တွင် ဝါဂွမ်းတစ်ခုအလား အားနည်းလွန်းလှသည်။

သူက ရွှမ်ယီ၏ တစ်ခုတည်းသော တိုက်ခိုက်မှုကိုပင် တားဆီးနိုင်ခြင်းမရှိခဲ့ချေ။

ဂျက်… ဂျိမ်း…. ဒိန်း….

မိုးကြိုးများက ဒီရေလှိုင်းလုံးများအလား ပတ်ဝန်းကျင်သို့ ဖုံးလွှမ်းသွားခဲ့သည်။

အတွင်းတွင် မည်သည့်အရာများ ဖြစ်နေကြောင်းကို မည်သူမှ မမြင်နိုင်သလို ၎င်းအနားသို့ အင်ပါယာအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ချည်းကပ်နိုင်ခြင်းမရှိပေ။

ဤသည်မှာ အင်ပါယာ ဒုတိယ အတိဒုက္ခအဆင့်တစ်ယောက်၏ ကောင်းကင်ကပ်ဘေးဖြစ်ရာ ၎င်းက အတိုင်းအဆမဲ့ကျယ်ပြန့်ပြီး ပျောက်ကွယ်သွားခြင်းမရှိသေးချေ။

မည်သူမှလည်း လက်လွတ်စပယ် ပြုမူဝံ့ခြင်းမရှိချေ။

မိုးကြိုးမုန်တိုင်းအတွင်း၌ သတ်ဖြတ်ခြင်းဓား (၇)ချောင်းက အနီရောင်အလင်းများဖြင့် တောက်ပနေခဲ့ပြီး အဆက်မပြတ် ပိုင်းဖြတ်သံများ ထွက်ပေါ်နေ၏။ အသံထွက်ပေါ်လာချိန်တိုင်း သွေးမိုးများ ရွာသွန်းနေခဲ့သည်။

ရွှမ်ယီ ဘိုးဘေး ဝိညာဉ်အား ဆက်တိုက် သတ်ဖြတ်နေခဲ့၏။

“ ငါတို့ စကားပြောလို့ရပါသေးတယ်… ငါ ရှုံးနိမ့်ကြောင်း ၀န်ခံပြီး တောင်ပိုင်းတိုက်ကြီးက ထွက်သွားပါ့မယ်… ဘယ်တော့မှ ပြန်မလာတော့ပါဘူး…”

ဘိုးဘေးဝိညာဉ် အလွန် ကြောက်လန့်နေချေပြီ။ ထိုလူငယ်၏ တိုက်ခိုက်မှုများက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ကာကွယ်၍ မရချေ။

သူက ထာ၀ရ နတ်ဘုရားစင်မြင့်အား ပြန်လည် ဖန်တီးထားပြီးဖြစ်သော်လည်း ၎င်းအား အကန့်အသတ်မဲ့ အသုံးပြုနိုင်စွမ်းမရှိပေ။

ပြောရမည်ဆိုလျှင် သူအား အင်ပါယာအတုဟု ဆိုရပေလိမ့်မည်။ အင်ပါယာအဆင့်၏ စစ်မှန်သော သန့်စင်မှုကို မခံရသေးသောကြောင့်ပင်။ ထို့ကြောင့် ထာ၀ရ နတ်ဘုရားစင်မြင်က သူ့အား (၇)ကြိမ် (၈)ကြိမ်ခန့်လောက်သာ ပြန်လည်ရှင်သန်စေနိုင်စွမ်းရှိ၏။

“ ရှုံးနိမ့်ကြောင်း၀န်ခံမယ်…? ဟုတ်လား…?”

ရွှမ်ယီ လှောင်ရယ်လိုက်သည်။

“ တကယ်လို့ ခင်ဗျားနေရာမှာကျုပ် ၊ ကျုပ်နေရာမှာ ခင်ဗျားဖြစ်နေရင် ခင်ဗျား ကျုပ်ကို လွှတ်ပေးပါ့မလား…? လာနောက်နေတာပဲ…”

All Chapters