← Chapters

အခန်း (၄၂၉)

Vol. 29 Ch. 429

အခန်း (၄၂၉)

Vol. 29 Ch. 429

ရွှမ်ယီ၏ မျက်၀န်းများက အေးစက်နေခဲ့ပြီး ခုနှစ်သွယ် သတ်ဖြတ်ခြင်းအစီအရင်က သူ၏ ထိန်းချုပ်မှုအောက်၌ ဦးချိုနဂါးကြီးတစ်ကောင် အသွင်ပြောင်းလဲသွား၏။ ပြင်းထန်သော ဓားစွမ်းအင်များ ၎င်းမှ ဖြာထွက်နေပေသည်။

“ သေစမ်း…”

ဘန်း…

ဦးချိုနဂါးကြီးက ကောင်းကင်အထက်သို့ ထိုးတက်သွားပြီးနောက် ဘုံကိုးဘုံမှ ဆင်းသက်လာဟန်ဖြင့် ဘိုးဘေးဝိညာဉ်ထံဦးတည် ၀င်ရောက်သွားခဲ့၏။

“ မင်း အရမ်း အလွန်အကျွံလုပ်နေတာပဲ…”

ဘိုးဘေးဝိညာဉ် အံကြိတ်ပြီး အော်ဟစ်လိုက်သည်။

သူ တစ်ဖန်သေဆုံးသွားပြီးနောက် ထာ၀ရနတ်ဘုရားစင်မြင့်မှ ပြန်‌လည်ပြေးထွက်လာကာ လက်သည်းများဖြင့် ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင်အား တိုက်ခိုက်လိုက်၏။

ရှိသမျှခွန်အား အလုံးစုံအသုံးပြုလျက် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

သို့သော် အချည်းအနည်းသာ။

ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင်အား ကပ်ဘေးမိုးကြိုးများနှင့် ဒုတိယအကြိမ် သန့်စင်ခဲ့ပြီးနောက် ရွှမ်ယီ၏ ဓားရည်ရွယ်ချက် စွမ်းအားများနှင့် ပေါင်းစပ်လိုက်ပါက တတိယ အတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်ကိုပင် တိုက်ခိုက်နိုင်နေပြီဖြစ်၏။

သူ၏ ရုပ်ခန္ဓာကလည်း အင်ပါယာအဆင့်သို့ ရောက်ရှိသွားချေပြီ။

ဘိုးဘေးဝိညာဉ် မည်မျှပင် အားစိုက်ထုတ်နေစေကာမူ ခုနှစ်သွယ် သတ်ဖြတ်ခြင်းဓားအစီအရင်အား ချိုးဖျက်နိုင်ခြင်းမရှိတော့ချေ။

ခလွပ်.. ဂရက်…

ကြားရသူတိုင်းအား ကြက်သီးထသွားစေမည့် အသံများ ထွက်ပေါ်လာခဲ့သည်။ ဘိုးဘေးဝိညာဉ်၏ လက်သည်းများ တဖြည်းဖြည်းဖြင်း ကျိုးပျက်ကာ ပဲ့ကျလာခဲ့ပြီး သူ၏ ထိတ်လန့်နေသော အကြည့်များအောက်၌ ပေါက်ကွဲသွားခဲ့လေသည်။

ထိုအချိန်တွင် ကောင်းကင်အတိဒုက္ခက အဆုံးသတ်သွားပြီးဖြစ်ပြီး ကောင်းကင်ထက်မှ မိုးကြိုးပင်လယ်ကြီးက တဖြည်းဖြည်း မှေးမှိန်လာ၏။

နောက်ဆုံးတွင် တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများ တိုက်ပွဲမြေပြင်မှ အခြေအနေအား မြင်တွေ့ခွင့်ရသွားခဲ့သည်။

ထိုအခါ လူတိုင်း အံ့ဩမှင်သက်သွားကြ၏။

အကယ်၍ ရွှမ်ယီသာ သူတို့ လူသားမျိုးနွယ်ဘက်မှမဟုတ်လျှင် သူတို့အားလုံး ချက်ချင်း ‌ဤနေရာမှ ထွက်ပြေးမိကြပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သတ်ဖြတ်ခြင်း ဓားအစီအရင်အတွင်းရှိ ဓားတစ်ချောင်းစီက ထွက်ပေါ်နေသည့် စွမ်းအားများက သူတို့အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေသောကြောင့်ပင်။

ခုနှစ်ချောင်း စုပေါင်းစွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။

၎င်းတို့အား အဓိက ထိတ်လန့်စေသည့်အရာမှာ ဘိုးဘေးဝိညာဉ်၏ သနားစရာ အခြေအနေဖြစ်သည်။

၎င်းက ပင်လယ်သားရဲမျိုးနွယ်၏ ဘိုးဘေးဖြစ်ပြီး ပင်လယ်သားရဲမျိုးနွယ်အား တည်ထောင်ခဲ့ကာ တစ်ချိန်က တောင်ပိုင်းတိုက်ကြီးအား အုပ်စိုးခဲ့သူလည်းဖြစ်၏။

အဓိပတိဂိုဏ်းကြီးများ မပေါ်ထွန်းမီအချိန်တွင် ထိုဘိုးဘေး ဆိုသည့်လူက တောင်ပိုင်းတိုက်ကြီးအား အုပ်စိုးခဲ့ပြီး လူသားများကို ကျွန်ပြုခဲ့သည်။

သူ၏ အာဏာက နှစ်တစ်သန်းလောက် တည်တံ့ခဲ့သည်။

နောက်ဆုံးတွင် လူသားများက ပင်လယ်သားရဲများအား အဆုံးမဲ့ပင်လယ်သို့ ပြန်လည် မောင်းထုတ်နိုင်ခဲ့၏။

သို့မဟုတ်ပါက တောင်ပိုင်းတိုက်ကြီး၏ ရွှေခေတ် အစည်ပင်ဆုံးအချိန်ဖြစ်သည့် အဓိပတိဂိုဏ်းကြီးများ ပေါ်ထွန်းလာသည့် ခေတ်ကိုလည်း ရောက်လိုက်မည်မဟုတ်ပေ။

ယခုတွင် ပင်လယ်သားရဲ ဘိုးဘေးက ဒုတိယအတိဒုက္ခအဆင့်၌သာ ရှိနေသေးသော်လည်း သူ၏ အမည်က တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူတိုင်း၏ ရင်ဘတ်ထဲတွင် ပဲ့တင်ထပ်နေဆဲပင်။

လူတိုင်း၏ နှလုံးသားထဲ၌ ကြောက်လန့်မှုများ ရှိနေဆဲဖြစ်သည်။

လက်ရှိအချိန်တွင် တောင်ပိုင်းတိုက်ကြီး၌ အဓိပတိဂိုဏ်းကြီးများ၏ အမွေအနှစ်များလည်း ပျောက်ကွယ်သွားချေပြီ။ ထို့ကြောင့် သူပြန်ထွက်ပေါ်လာချိန်တွင် အစွမ်းထက်ဆုံးလူဖြစ်နေသေး၏။

တောင်းပိုင်းတိုက်ကြီးမှ လူသားအင်ပါယာများပင် အတွေ့အကြုံ၌ဖြစ်စေ ၊ ကျင့်ကြံမှု၌ဖြစ်စေ ဘိုးဘေးဝိညာဉ်အား မမှီကြပေ။

သို့သော် ယခုအခြေအနေက မည်သို့နည်း…?

ထို့သို့ ကြောက်မက်ဖွယ် နတ်ဆိုးကြီးအား ကောင်းကင်ဘုရင်အဆင့်သာရှိသေးသော ရွှမ်ယီက ရိုက်နှက်နေသည့်တဲ့လား…?

ထို့အပြင် ဘိုးဘေး ဝိညာဉ်လည်း တော်တော်လေး အခြေအနေဆိုးနေဟန်ရ၏။

ဘုရင်ရွှမ်က ဒုတိယအတိဒုက္ခအဆင့် အင်ပါယာတစ်ယောက်၏ မိုးကြိုးပြစ်ဒဏ်ကိုပင် အလွယ်တကူ ခံယူနိုင်နေပြီလော...?

“ မင်းတို့အားလုံး တွေးနေကြသလောက်တော့လည်း မဟုတ်သေးပါဘူး… အဲ့ဒီ ဘိုးဘေးဝိညာဉ်က မိုးကြိုးပြစ်ဒဏ်ကို မခံယူခဲ့ဘူးလေ… အဲ့တာကြောင့် သူရဲ့ ရုပ်ခန္ဓာက ပထမအတိဒုက္ခအဆင့်မှာပဲ ရှိသေးတယ်… အဲ့လိုမဟုတ်ဘူးဆိုရင် ဘုရင်ရွှမ်ဆီမှာ အရိုက်ခံရတောင်မှ ဒီလောက်အထိတော့ အခြေအနေဆိုးမှာမဟုတ်ဘူး…”

မိုးတိမ်အင်ပါယာက ညင်သာစွာပြောလိုက်၏။

အင်ပါယာအဆင့် မိုးကြိုးပြစ်ဒဏ်က အင်ပါယာတစ်ယောက်အတွက် ကပ်ဘေးတစ်ခု ဖြစ်သလို အခွင့်အလမ်းတစ်ခုအဖြစ်လည်း ယူဆ၍ရသည်။

အဆင့်ချိုးဖျက်ချိန်တွင် ကပ်ဘေးမိုးကြိုးများ ခံယူခြင်းမှ ခန္ဓာကိုယ်အတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိမည်ဖြစ်သည့်အပြင် ထာ၀ရ နတ်ဘုရားစင်မြင့်ကိုလည်း နောက်တစ်ကြိမ် သန့်စင်နိုင်မည်ဖြစ်၏။ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးတိုင်း အပြောင်းအလဲကြီးများ ဖြစ်ပေါ်စေသည်။

မိုးကြိုးကပ်ဘေးအား ဖြတ်ကျော်ခြင်းက ဒဏ္ဍာရီလာ ဖီးနစ်ငှက်များ နီဗားနား ပြန်လည်မွေးဖွားသကဲ့သို့ဖြစ်ပြီး ယခင်နှင့် (၁၀)ဆမက ခြားနားသွားပေလိမ့်မည်။

ဘိုးဘေးဝိညာဉ်က အစစ်အမှန် မိုးကြိုးကပ်ဘေးအား ရင်မဆိုင်ရသေးသည့် အတွက် စွမ်းအားက ဟန်ပြသာရှိပြီး ပြည့်စုံခြင်းမရှိချေ။

သို့သော် ထိုမျှကပင် ရွှမ်ယီ၏ စွမ်းအား မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ဖော်ပြရန် လုံလောက်နေပြီဖြစ်၏။

ကမ္ဘာတုန်စေနိုင်သော ပါရမီရှင်ဟုပြောလျှင် လွန်မည်မဟုတ်ပေ။

ကောင်းကင်ဘုရင်အဆင့်မျှနှင့် အင်ပါယာအဆင့်ကို တိုက်ခိုက် အနိုင်ယူနိုင်စွမ်းရှိနေသည်။

အင်ပါယာတစ်၀က်အဆင့်သို့ပင် ရောက်စရာမလိုချေ။ ကောင်းကင်ဘုရင်အဆင့်မျှနှင့် တောင်ပိုင်းတိုက်ကြီး၌ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်စွမ်းရှိနေချေပြီ။

ထို့ကြောင့် မိုးတိမ်အင်ပါယာက လေးစားမှုပြုသည့်အနေဖြင့် ရွှမ်ယီဟု ခေါ်မည့်အစား လေးစားမှုပြုသည့်အနေဖြင့် ဘုရင်ရွှမ်ဟု ခေါ်ဆိုခဲ့ခြင်းဖြစ်ပေသည်။

လူအုပ်ကြီး၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဘိုးဘေးဝိညာဉ်က ထာ၀ရ နတ်ဘုရားစင်မြင့်မှ ပြေးထွက်လာပြီး နောက်တစ်ကြိမ် ကြုံးဝါးလိုက်၏။

“ ရွှမ်ယီ… ငါသေရမယ်ဆိုရင် မင်းလည်း အသက်မရှင်စေရဘူးကွ…”

ဘိုးဘေးဝိညာဉ်၏ အစစ်အမှန် ခန္ဓာကိုယ်က မီတာ(၃)သိန်းကျော် မြင့်မားပြီး သန်းပေါင်းများစွာသော အကြေးခွံများ ဖုံးအုပ်ထားခဲ့သည်။ ယခုအချိန်တွင် အကြေးခွံ့တစ်ခုချင်းစီတိုင်းက ထောင်မတ်နေပြီး နက်မှောင်သောအလင်းများ မှိတ်တုပ်မှိတ်တုပ် လက်နေပေသည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှနေ၍ သေခြင်းအငွေ့အသက်များ ပျံ့နှံ့လာခဲ့၏။

ထိုအခါ လူသားဘုရင်(၃)ယောက်လုံး မျက်နှာပျက်သွားခဲ့ကြသည်။

“ မကောင်းတော့ဘူး… ဘုရင်ရွှမ်… အမြန်ဆုတ်ခဲ့တော့…”

မိုးတိမ်အင်ပါယာ စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီး နတ်ဘုရားတိမ်တိုက်မှ မီတာ(၁၀၀၀၀)ကျော် ရှည်လျားသည့် တိမ်များဆန့်ထုတ်လိုက်ပြီး ရွှမ်ယီအား ဆွဲခေါ်ရန် ကြိုးစားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဘိုးဘေးဝိညာဉ်က ထာ၀ရ နတ်ဘုရားစင်မြင့်နှင့် မိမိကိုယ်ကိုယ်ဖောက်ခွဲပြီး ရွှမ်ယီကို အပါခေါ်သွားရန် ကြိုးစားနေသောကြောင့်ပင်။

“ နောက်ကျသွားပြီကွ…”

ဘိုးဘေးဝိညာဉ်က ထူးဆန်းစွာ ပြုံးလိုက်သည်။

ထို့နောက် ကောင်းကင်ထက်သို့ လက်ညှိုး ညွှန်ပြလိုက်၏။

ထိုနေရာတွင် ကွယ်ပျောက်မသွားသေးသော လျှပ်စီးရေကန် ရှိနေခဲ့သည်။

“ တာအိုအရှင်သခင် ဖြစ်လာမယ့် လူတစ်ယောက်ကို ငါနဲ့အတူတူ ခေါ်သွားနိုင်တော့မယ်… ဟားဟားဟား.. ငါရဲ့သေဆုံးခြင်းက ဘာမှ ဆုံးရှုံးစရာမရှိတော့ဘူး…”

ဘိုးဘေးဝိညာဉ် အရူးအမူးအော်ဟစ်လိုက်ပြီးနောက် လျှပ်စီးရေကန်အား ဖောက်ခွဲကာ ကောင်းကင်၏ အမျက်ဒေါသကို နှိုးဆွလိုက်လေသည်။

ဘုန်း…

လျှပ်စီးရေကန် တုန်ခါသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးလည်း တုန်ခါသွား၏။

ယခင် ရွှမ်ယီ လျှပ်စီးရေကန်အား ဖောက်ခွဲခဲ့စဉ် အချိန်ကထက် အဆပေါင်း(၁၀၀)လောက် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

ဂျိန်း… ဘန်း…

All Chapters