← Chapters

အခန်း (၄၃၄)

Vol. 29 Ch. 434

အခန်း (၄၃၄)

Vol. 29 Ch. 434

“ ငါ အရှေ့ပိုင်းတိုက်ကြီးကို ရောက်လာတာပဲ… အဲ့တာကြောင့် ပင်းယုကို ဆက်သွယ်လို့မရတာဖြစ်မယ်…”

ရွှမ်ယီ ခေါင်းယမ်းလိုက်၏။ အရှေ့ပိုင်းတိုက်ကြီးနှင့် တောင်ပိုင်းတိုက်ကြီး၏ အကွာဝေးမှာ ကီလိုမီတာသန်းပေါင်း ဘီလီယံနှင့်ချီ ဝေးကွာပေသည်။

စနစ်က အလွန်အားကောင်းသည်မှန်သော်လည်း တိုက်ကြီး (၅) ခုအကြား သဘာဝအတားအဆီးများ ရှိနေခဲ့ပြီး သူက တောင်ပိုင်းတိုက်ကြီး၏ နယ်နမိတ်ကျော်လွန်ရာသို့ ရောက်ရှိနေခဲ့၏။

အလွန်ဝေးကွာလွန်းသောကြောင့် သူ၏ကျင့်ကြံဆင့်မြင့်လာချိန်မှ တောင်ပိုင်းတိုက်ကြီးမှ ပင်းယုအား ဆက်သွယ်နိုင်လိမ့်မည်။

အရှေ့ပိုင်းတိုက်ကြီးက မရေမတွက်နိုင်လောက်အောင် များပြားသည့် ဒေသများရှိသည့် တောင်ပိုင်းတိုက်ကြီးနှင့် ကွဲပြားခြားနားသည်။

အရှေ့ပိုင်းတိုက်ကြီးက တောင်ပိုင်းတိုက်ကြီးနှင့်စာလျှင် အလွန်ကြီးမားသော်လည်း ၎င်းအား နယ်မြေကြီး (၄) ခုပိုင်းခြားထားသည်။

အရှေ့ပိုင်းနယ်မြေ ၊ တောင်ပိုင်းနယ်မြေ ၊ မြောက်ပိုင်းလွင်ပြင် နှင့် အနောက်ပိုင်း ကန္တာရဟူ၍ ဖြစ်၏။

အားလုံးထဲတွင် အရှေ့ပိုင်းနယ်မြေက အတိုးတက်ဆုံးနှင့် အစည်ကားဆုံးဖြစ်ကာ အထွတ်အမြတ်ဂိုဏ်းကြီးနှစ်ခုကလည်း အရှေ့ပိုင်းနယ်မြေတွင် ရှိသည်။

ရွှမ်ယီ လက်ရှိရောက်ရှိနေသော နေရာက ရှေ့ပိုင်းတိုက်ကြီး၌ အခေါင်ဆုံးဖြစ်သည့် တောင်ပိုင်းနယ်စပ်တွင် ဖြစ်ပေသည်။

သို့သော် ဤနေရာက အရှေ့ပိုင်းတိုက်ကြီးတွင် အခေါင်ဆုံးဖြစ်နေသည့်တိုင်အောင် နတ်ဆိုးများ သိမ်းပိုက်ထားသည့် အနောက်ပိုင်းကန္တာရနှင့်ယှဉ်ပါက ပိုကောင်းသေး၏။

ဤ‌ တောင်ပိုင်းနယ်စပ်တွင် သဘာဝဘေးအန္တရာယ်အများအပြားရှိသော်လည်း ကီလိုမီတာ သန်းပေါင်းများစွာ ကျယ်ဝန်းသော ဤ လွင်ပြင်ကြီး၌ မိမိတို့နေရာအား အခိုင်အမာကာကွယ်ထားနိုင်သည့် လူသားမျိုးနွယ်များ ရှိနေဆဲပင်။

“ ဒါပေမယ့် အရှေ့ပိုင်းတိုက်ကြီးရဲ့ ထိပ်တန်းအင်အားစုကြီးတွေက အရမ်းအားကောင်းတာပဲ…”

လင်းတိုင်နှင့် ကျန်လူများ၏ ပြောစကားအရ အရှေ့ပိုင်းတိုက်ကြီးတွင် လူရိုင်းမျိုးနွယ်စု (Barbarian Tribes ) (၉) ခုနှင့် နတ်ဆိုးမျိုးနွယ်စု (၄) ခုတည်ရှိသည်။

‌၎င်းတို့က နတ်ဆိုးအရှင်သခင်အဆင့်နှင့် နီးစပ်နေကြချေပြီ။

နတ်ဆိုးများ၏ အလွန်အစွမ်းထက်သော ခန္ဓာကိုယ်ဖြင့်ဆိုပါက တာအိုအရှင်သခင်အဆင့်မှလွဲ၍ ၎င်းတို့အား မည်သူမှ သတ်ဖြတ်နိုင်မည်မဟုတ်ပေ။

နတ်ဆိုးအရှင်သခင်ဆိုသည်မှာ တာအိုအရှင်သခင်အဆင့်နှင့် တန်းတူ‌ဖြစ်ပေသည်။

အရှေ့ပိုင်းတိုက်ကြီးတွင် အထွတ်အထိပ်ဂိုဏ်းကြီးနှစ်ခု ၊ ရှေးဟောင်းမျိုးနွယ်စုများ နှင့် ရှေးဟောင်းမင်းဆက်ကြီးများသာ မရှိပါက ရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးအား နတ်ဆိုးများ သိမ်းပိုက်သွားပြီးဖြစ်ပေလိမ့်မည်။

ဤအတောအတွင်း စုဆောင်းရရှိထားခဲ့သည့် သတင်းအချက်အလက်များအား ချေဖျက်ရင်း အနားယူရန်အတွက် ရွှမ်ယီ မိမိနေထိုင်ရာ ရထားလုံးပေါ်သို့ ပြန်ရန်ပြင်လိုက်သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီး မြင်သွားပြီး

“ ငါတို့ ကုန်သည်အဖွဲ့ထဲမှာ အသုံးမဝင်တဲ့လူ တစ်ယောက်မှ မရှိဘူး… ဒီနှစ်ရက်အတွင်း အဖွဲ့ထဲမှာ မင်း လတ်ယားလတ်ယားနဲ့ လျောက်သွားနေတာမြင်တယ်… ကြည့်ရတာ ပြန်ကောင်းနေပြီနဲ့တူတယ်… ဒါဆိုရင်လည်း တတ်နိုင်တဲ့ဘက်ကနေ အလုပ်ဝင်လုပ်… ရထားပေါ်မှာပဲ အိပ်မနေနဲ့…”

သူမက အေးစက်စွာပြောလိုက်၏။

စကားဆုံးသည်နှင့် ရှုယွမ်ဟုခေါ်သော အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အင်္ကျီလက်အား ခါပြီး လှည့်ထွက်သွားတော့သည်။

[ Note- အနက်ရောင်၀တ် အမျိုးသမီးအမည်ရင်းက ရှုယွမ်ပါ ။ ရှုချီဆိုတာ ငွေရောင်၀တ်စုံ မိန်းကလေး ခေါ်တဲ့အမည်ဖြစ်ပါတယ် ]

ရှုယွမ် အဝေးရောက်သွားသည်နှင့် အနီးအနားတွင် စခန်းချနေသည့် လင်းတိုင်က ရွှမ်ယီအနား တိုးလာခဲ့ပြီး

“ ညီလေးရွှမ်.. စီနီယာ ရှုယွမ်ကို သိပ်ပြီးစိုးရိမ်မနေနဲ့… သူမက ဒေါသကြီးတယ်ဆိုပေမယ့် ဒါက ပုံမှန်ပါပဲ… သခင်မလေးတောင် သူ့ဆီမှာ ခနခနဆူခံရတာ… တကယ်တော့ သူမက စိတ်ရင်းမဆိုးပါဘူး…”

လင်းတိုင်စကားမဆုံးမီ မလှမ်းမကမ်းမှ စိုက်ကြည့်နေသော ရှုယွမ်အား မြင်လိုက်ရ၏။

ထို့နောက် ဇက်ပုကာ နောက်ဆုတ်ရင်း ရွှမ်ယီအား မချိပြုံးပြုံးပြလိုက်သည်။

ရွှမ်ယီက အသာအယာခေါင်းမော့လိုက်ပြီး

“ မိန်းကလေး ရှုယွမ်.. ခင်ဗျား ညွှန်ကြားချင်တာရှိသေးလို့လား…”

ရှုယွမ်က ရွှမ်ယီထံသို့ အသားခြောက်တစ်တုံး ပစ်ပေးလိုက်ပြီး

“ မရှိဘူး… မင်း အလုပ်စလုပ်တော့မယ်ဆိုရင် အစောင့်တွေဆီကို အစားအသောက်ပို့ပေးပါ… ဒါက ဒီညအတွက် မင်းရဲ့ ရိက္ခာပဲ… ကွကို သိမ်းထားလိုက်…”

“ ပြီးတော့… မကြာခင် ငါတို့အဖွဲ့ ငရဲမိုးကြိုးချောက်ကိုရောက်တော့မယ်… လာမယ့်ရက်တွေမှာ အရှိန်မြှင့်ဖိုလိုအပ်တယ်… ငါတို့ကို မနှောင့်နှေးစေနဲ့…”

ထို့နောက် ရွှမ်ယီထံမှ အဖြေကိုပင် မစောင့်တော့ဘဲ ထွက်သွားတော့၏။

ရွှမ်ယီ လက်တွင်းမှ အသားခြောက်တုံးအားကြည့်ပြီး ရယ်ရမလို ငိုရမလို ဖြစ်သွားခဲ့သည်။

နောက်ဆုံး အိတ်ထံသို့သာ ထည့်ထားလိုက်တော့၏။

သို့သော် သူ့စိတ်ထဲတွင် အနည်းငယ်စိတ်၀င်စားသွားပြီး လင်းတိုင်ကိုကြည့်လိုက်ကာ

“ အစ်ကိုလင်း… အဲ့ဒီ ငရဲမိုးကြိုးချောက်ဆိုတာ ဘယ်လိုနေရာများလဲ…”

ရွှမ်ယီ၏ အမေးကိုကြားလျှင် လင်းတိုင်ပြုံးလိုက်ပြီး

“ ငရဲမိုးကြိုးချောက်ဆိုတာ ငါတို့ မြောက်ပိုင်းဒေသကို ပြန်တဲ့အချိန်မှာ မဖြစ်မနေဖြတ်သွားရမယ့် အန္တရာယ်နေရာပဲ… အရင်တုံးက လူသားတွေနဲ့ နတ်ဆိုးတွေ အဲ့ဒီနေရာမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ကြတယ်… တိုက်ပွဲမှာ သေခဲ့တဲ့အရေအတွက်က ရေတွက်လို့တောင်မရဘူး… ကြာလာတော့ ငရဲချီတွေ စုပြုံလာခဲ့ပြီး ငရဲနတ်ဆိုးတွေ အများကြီးမွေးဖွားလာခဲ့တယ်…”

“ အဲ့ဒီ ငရဲနတ်ဆိုးတွေအထဲမှာ အားအနည်းဆုံးက အခြေတည်ဝိညာဉ်အဆင့်ပဲ… အစွမ်းထက်ဆုံးကတော့ လူသားဘုရင်အဆင့်ပေါ့… ပြီးတော့ သူတို့ပေါ်လာတဲ့အချိန်တိုင်း ရာနဲ့ချီပြီး ထွက်ပေါ်လာလေ့ရှိတယ်… အဲ့ခါကျရင် ငါတို့လို ကုန်သည်အုပ်စု အကြီးကြီးတွေတောင်မှု ကြီးကြီးမားမားဆုံးရှုံးနိုင်ချေရှိတယ်…”

စကားဆုံးသည်နှင့် လင်းတိုင်က သေမျိုးဖြစ်သော ရွှမ်ယီ ကြောက်လန့်သွားမည်ကို စိုးရိမ်သဖြင့်

“ ညီလေး ရွှမ်ယီ.. မင်း စိတ်ပူနေစရာမလိုပါဘူး… ငါတို့တွေ အရင်ကလည်း ငရဲမိုးကြိုးချောက်ကို အကြိမ်များစွာ ဖြတ်သန်းဖူးတယ်… ပြီးတော့ ငါတို့ ဒီရက်ပိုင်း အရှိန်မြှင့်ပြီးသွားမှာ.. ပြီးရင် ငရဲမိုးကြိုးချောက်ရဲ့ တောင်ဘက် ကီလိုမီတာ ရာဂဏန်းလောက်မှာ စခန်းချဖို့စီစဉ်ထားတယ်… ပြီးတော့ အာရုံတက်အချိန်မှာ ငရဲမိုးကြိုးချောက်ကို ဖြတ်သွားမှာ… ဒါဆိုရင် ငရဲနတ်ဆိုးတွေကို ဆွဲဆောင်မိမှာမဟုတ်ဘူး… အန္တရာယ်ကင်းပါတယ်ကွ…”

ထိုစကားကိုကြားလျှင် ရွှမ်ယီအံ့အားသင့်သွားခဲ့၏။ ထို့နောက် အဘယ်ကြောင့် ဤရက်ပိုင်းအတွင်း အဖွဲ့အတွင်းလေထုက လေးလံနေကြောင်း နားလည်သွားတော့သည်။

လင်းတိုင်က စိတ်ပူစရာမရှိသယောင် ပြောနေခဲ့သော်လည်း သူ့မျက်၀န်းအတွင်းမှ ပူပန်နေမှုများက ရွှမ်ယီ၏ မျက်လုံးအောက်မှ မလွတ်မြောက်နိုင်ပေ။

‘ ဘုရင်အဆင့်… ငရဲ နတ်ဆိုးတဲ့လား…? အရှေ့ပိုင်းတိုက်ကြီးက တော်တော်လေးထူးခြားတာပဲ…’

အနားယူရာနေရာသို့ ပြန်လာခဲ့ပြီး ရွှမ်ယီ မအိပ်စက်ခဲ့ပေ။ ထိုအစား နီဗားနားကျမ်းစာအား လှည့်ပတ်လိုက်၏။

ထို့အပြင် သူ့ထံမှ အတက်အကျများအား ဖုံးကွယ်ရန် နတ်အသိဖြင့် ဆီးလ်ခတ်ထားခဲ့သည်။ ဤသို့ဖြင့် ကျင့်ကြံမှုမှ မည်မျှ အသံကျယ်ကျယ်ထွက်ပေါ်စေကာမူ မည်သူမှ သတိထားမိလိမ့်မည်မဟုတ်ချေ။

ဤသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး ရက်အနည်းငယ်ကုန်ဆုံးသွားခဲ့သည်။

ရွှမ်ယီ ကျင့်ကြံနေရာမှ ရပ်လိုက်ပြီး မိုးကုပ်စက်ဝိုင်းအစွန်းမှ စတင်ထွက်ပေါ်လာသည့် နေလုံးကြီးအား လှမ်းကြည့်လိုက်၏။

တတိယမြောက် စိတ်ဝိညာဉ်ဒြပ်စင်က တောက်ပလာခဲ့ပြီး ခန္ဓာကိုယ်အတွင်း၌ အချိန်အတော်ကြာအောင် ငြိမ်သက်နေခဲ့သည့် စိတ်ဝိညာဉ်စွမ်းအင်က ပြန်လည် လှုပ်ရှားလာခဲ့သည်။

သို့သော် ၎င်းက အနည်းငယ်လေးမျှသာဖြစ်ပြီး ပျက်စီးနေသော မရီဒန်များအတွင်း စီး၀င်သွားခဲ့၏။ ၎င်းတို့အား တခဏမျှ ကုသပြီးနောက် ချက်ချင်းကုန်ဆုံးသွားလေသည်။

စိတ်ဝိညာဉ်ဒြပ်စင်(၃)ခုက စိတ်ဝိညာဉ်စွမ်းအင် စက်၀န်းငယ်လေး တစ်ခုမျှသာတည်ဆောက်နိုင်ပြီး ၎င်း၏ စိတ်ဝိညာဉ်စွမ်းအင် စုပ်ယူနှုန်းက ကုသရမည့်ဒဏ်ရာများ သုံးစွဲမှုနှုန်းနှင့် ယှဉ်ပါက အလွန်နည်းပါးလွန်းလှသည်။

သို့သော် ထိုမျှလောက်နှင့်ပင် ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက ပြန်လည်နိုးထလာစဉ်ကထက် များစွာအားကောင်းနေချေပြီ။

All Chapters