ဆုံးဖြတ်ချက်
Vol. 017 Ch. 1635
“အခြေအနေ ဘယ်လိုလဲ။” ကျန်ချင်းကျူက ထျန်းရှန်ကျောင်းတော်မှ လူများ ရှိနေရာသို့ လှည့်ကာ မေးလိုက်သည်။
သူ့ဘေးမှ လူက ခေါင်းကို ယမ်းရင်း ပြန်ဖြေလိုက်၏။ “ဘယ်သူမှ အဲဒါကို မဖြတ်နိုင်ဘူး။ သာမန်လူတွေ ဖြတ်လို့မရနိုင်မှာတောင် စိုးမိတယ်။”
ဤနေရာ၌ စုရုံးရောက်ရှိနေသူများမှာ မဟာလမ်းစဥ် ဘုံသုံးထောင်၌ ပါရမီရှင်ဟုခေါ်ဆိုရန် ထိုက်တန်သူများ ဖြစ်ကြသည်။ ဤနေရာ၌ 'သာမန်' ဟူသည့် စကားသည် သုံးနှုန်းသည့်အပေါ်တွင် မူတည်နေသည်။ သူတို့ရှေ့တွင် စုရုံးရောက်ရှိနေသည့် ထိုအစွမ်းထက် တန်ခိုးရှင်များက ထိပ်သီးအင်အားစုများ၏ ပါရမီရှင်များဟု ဆုံးဖြတ်နိုင်ပြီး ထိုသူများအထဲမှ ယှဥ်နိုင်ခြင်း မရှိသူတို့ကို 'သာမန်'ဟု ခေါိပေသည်။
ကျန်ချင်းကျူက သူဆိုလိုသည်ကို နားလည်ပြီး သူသည်လည်း ဖြေရှင်းရန် ခက်ခဲနိုင်သည်ကို သိရှိပေသည်။ ထိပ်သီးပါရမီရှင်များက ၎င်းအား ဖြေရှင်းရာတွင် ကူညီရန် စိတ်ကူးမရှိပါက အောင်မြင်ဖို့ရာ မလွယ်လှပေ။
“လူတိုင်း ရောက်နေကြပြီ။ ဘယ်သူမှ မကြိုးစားကြဘူးလား။” ကျန်ချင်းကျူက သူ့အနီးမှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ အများစုမှာ သူနှင့် ယခင်က တွေ့ဖူးခဲ့ပြီး ဖြစ်သည်။ သူတို့ထဲမှ အများစုက သူ့ကဲ့သို့ပင် ဗဟိုအင်ပါယာဘုံမှ လာသော ထူးခြားသာလွန်သည့် တန်ခိုးရှင်များဖြစ်သည်။
သူသည် ရှန်းကလန်မှ ရှန်ဟောက်လည်း ရောက်ရှိနေသည်ကို သတိပြုမိပြီး ထိုမင်းသမီးနှင့် အခြား ထူးခြားသည့် သူများလည်း များစွာ ရှိသည်။
ဤတစ်ကြိမ်၌ ဗဟိုအင်ပါယာဘုံသာ မဟုတ်ပေ။ အထက်ကိုးဘုံအတွင်း အခြားသော ဘုံများကလည်း သူတို့၏ ထိပ်သီးပါရမီရှင်များကို ကိုယ်စားပြုသည်။ ဘုံတစ်ခုချင်းစီမှ အားအကောင်းဆုံးများ စုစည်းထားခြင်း ဖြစ်သည့်အတွက် အလွန်ပင် ထူးခြားသာလွန်လှသည်။ ဥပမာ သူ့အဖွဲ့ကို ဦးဆောင်၍ အရှေ့ဘက်မှ လာခဲ့သည့် ရီဖူရှင်းသည် သာမန် ရိုးရှင်းသောသူ မဖြစ်နိုင်ပေ။ သူ့ကဲ့သို့ပင် နတ်ဘုရားအမွေအနှစ် နယ်မြေ၌ သမိုင်းဖန်တီးသူ ဖြစ်လာလိမ့်မည်။
“ဒါကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ သဲလွန်စလေးများ ဘယ်သူသိကြမလဲ။” ကျန်ချင်းကျူက လူအုပ်ကြီးကို မေးလိုက်သည်။ ထျန်းရှန်ကျောင်းတော်၏ မျိုးဆက်များအကြား နံပါတ်တစ်ပုဂ္ဂိုလ်အနေနှင့် သူသည် ရန်ဟောင်အဆင့်မှ တစ်ယောက်လည်း ဖြစ်ကာ သူသည် နက်နဲသိမ်မွေ့သည့် အရှိန်အဝါတို့ကို ထုတ်လွှတ်ပေးနေသည်။ သူက စကားပြောလိုက်လျှင် လူတိုင်း၏ အာရုံကို သူက ဖမ်းစားသွားခဲ့သည်။
“ဒီလမ်းက ကောင်းကင်နန်းတော်ကို ဝင်ဖို့ တစ်ခုတည်းသော လမ်းပဲ။ ဆိုလိုတာက ဒီရုပ်တုတွေကနေ ကျုပ်တို့ passage ရနိုင်တယ်။ ဒါပေမယ့် အခုထိ ဘယ်သူကမှ အဲဒီရုပ်တုတွေရဲ့ ဆိုလိုရင်းကို မဖြေရှင်းနိုင်ကြဘူး။” ရှန်းကလန်မှ ရှန်းဟောက်က အလွန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် တောက်ပနေသော နတ်အလင်းအောက် ရပ်နေခဲ့၏။
“ကောင်းပြီ” ကျန်ချင်းကျူက ခေါင်းညိတ်လိုက်သည်။ “ကြည့်ရတာ ဒီရုပ်တုတွေရဲ့ အဓိပ္ပါယ်ကို ဖော်ဖို့ခက်မယ့်ပုံပဲ။ ဒါပေမယ့် ကျုပ်တို့ အထက်ကိုးဘုံက ပါရမီရှင်တွေ စုစည်းနေပြီဆိုတော့ အရင်ဆုံး ဖြေရှင်းကြည့်ချင်တဲ့ တစ်ယောက်ယောက်များ မရှိဘူးလား။”
“ထျန်းရှန်ကျောင်းတော်က ကျောင်းတော်တွေ အားလုံးရဲ့ ဦးဆောင်သူပဲ။ သူတို့ရဲ့ တပည့်တွေက ကိုယ့်အပိုင်းမှာကိုယ် ပညာစုံကြတယ်။ ညီနောင်ကျန်က အမွေအနှစ်နယ်မြေကို အရင်ဆုံး ရောက်လာမှတော့ အရင်ဆုံး ဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ထျန်းရှန်ကျောင်းတော်က ဒီလျှို့ဝှက်ဆန်းကြယ်မှုကို ဘာလို့ ဦးဆောင်မဖြေရှင်းပေးရမှာလဲ။” အင်ပါယာဘုံ ထိပ်သီးအင်အားစုမှ တန်ခိုးရှင်အချို့က အကြံပေးလိုက်သည်။ သူတို့က ထျန်းရှန်ကျောင်းတော်ကို ဦးဆောင်လမ်းပြပေးရန် မျှော်လင့်နေသည်။
“ကျုပ်က ဒီနေရာကို ပထမဆုံးရောက်တဲ့လူမဟုတ်ဘူး။” ကျန်ချင်းကျူက ပြောလိုက်သည်။ အခြားသူများက ထိုစကားကို စိတ်ထဲမထားပေ။ ထိုသည်က အရေးကြီးခြင်း မရှိချေ။ ကျန်ချင်းကျူသည်လည်း မည်သည်ကိုမှ ရှင်းပြခဲ့ခြင်း မရှိပေ။ သူသည် လူငယ်တစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ “ကျစ်ယွီ မင်း ကြိုးစားကြည့်ရင် ဘယ်လိုလဲ။”
သူ့စကားကို ကြားပြီးနောက် လူအများက မျှော်လင့်ချက် ရှိလာသည်။ အထက်ကိုးဘုံ ထိပ်သီးအင်အားစုများမှ လူများအတွက် လူတိုင်းသည် ထျန်းရှန်ကျောင်းတော်၏ ဗဟိုအင်ပါယာဘုံအတွင်းပိုင်း၌ ရပ်တည်နေသည်။ သူတို့၏ ဂုဏ်သတင်းကိုလည်း လူတိုင်းက သိကြသည်။ ၎င်းသည် မဟာလမ်းစဥ် ဘုံသုံးထောင်အတွင်း ကျောင်းတော်များ၏ စံပြဟု ကျော်ကြားပေသည်။
ထျန်းရှန်ကျောင်းတော်မှ တပည့်များသာလျှင် ဤသို့သော အခြေအနေတွင် ဖြေရှင်းနိုင်ပေလိမ့်မည်။
“ကောင်းပြီ” ကျန်ချင်းကျူဘေးမှ လူငယ်က ခေါင်းညိတ်လိုက်ပြီး မရေတွက်နိုင်သည့် မျက်လုံးများက ကြည့်နေသည့်ကြားမှပင် ရှေးဟောင်းလမ်းဆီသို့ လျှောက်သွားခဲ့သည်။
ထိုလူငယ်၏ အမည်မှာ ဟန်ကျစ်ယွီဖြစ်ကာ သူက ထျန်းရှန်ကျောင်းတော်တွင် ကျော်ကြားသူ တစ်ဦး ဖြစ်သည်။ ကျောင်းတော်တွင် ကျန်ချင်းကျူ၏ တည်ရှိမှုကြောင့် သူ၏ တောက်ပမှုက မှေးမှိန်နေရသည်။ သို့သော် ကျောင်းတော်မှ စာရင်းတွင် သူ၏ အဆင့်က အတော်လေး မြင့်မားပေသည်။
ကောင်းကင်နန်းတော်ထက်တွင် နတ်စွမ်းအားများက ကျဆင်းနေပြီး ဟန်ကျစ်ယွီက ရှေ့သို့ လှမ်းလိုက်သည်။ သူ၏ ဝတ်ရုံရှည်က လေမတိုက်ပါဘဲ လွင့်ဝဲနေသည်။
ကောင်းကင်နန်းတော်မှ လူအုပ်က မော့ကြည့်လိုက်ပြီး တိတ်ဆိတ်နေသော အဝေးတစ်နေရာကို အသေအချာ စောင့်ကြည့်နေခဲ့သည်။ ရှေ့မှ ရှေးဟောင်းလမ်းသည် ဆယ်ကီလိုမီတာခန့် ရှည်လျားသော်လည်း ဤဘုံမှ တန်ခိုးရှင်များအတွက် ထိုသည်က မည်သို့မှ အခက်အခဲ မဖြစ်နိုင်ပေ။
ဟန်ကျစ်ယွီက ရှေ့သို့ ရွေ့လျားလိုက်ပြီး သူ့ အရှိန်အဝါက လွှမ်းမိုးလာကာ သူ့ခန္ဓာကိုယ်မှ လမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူသည် ရုပ်တုများရှေ့သို့ လျင်မြန်စွာ လျှောက်သွားခဲ့ပြီး ရုတ်တရက် ၎င်းထံမှ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ဟန်ကျစ်ယွီပေါ်သို့ ရှေးဟောင်းတောင်များ ဖိနှိပ်လာသလိုပင် ဖြစ်သော်လည်း မိုးကြိုးတိုက်ခိုက်မှုနှင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုတို့လည်း ရှိသေးသည်။
ဘန်း...
ဟန်ကျစ်ယွီ၏ ခြေထောက်က မြေပြင်တွင် မားမတ်စွာ ရပ်တည်လိုက်နိုင်သည်။ သူ၏ မျက်လုံးများက အလွန် ထက်ရှနေကာ သူက ရုပ်တုကို စိုက်ကြည့်လိုက်ပြီး သူ့ထံမှ ခမ်းနားထည်ဝါသည့် ဝိညာဥ်စွမ်းအားတို့ ထွက်ပေါ်လာသည်။
“ထျန်းရှန်ကျောင်းတော် တပည့် ဖြစ်ထိုက်ပါပေတယ်။” လူအများက သူ့ကို ချီးမွမ်းလိုက်ကြသည်။ သူသည် ဂုဏ်သတင်းနှင့် ကိုက်လှပေသည်။
နတ်ဘုရားနန်းတော်၏ တန်ခိုးရှင်များသည်လည်း စိတ်ဝင်စားနေကြသည်။ အကြောင်းမှာ နတ်ဘုရားနန်းတော်သည် အထက်ကောင်းကင်ဘုံ၌ ကျင့်ကြံရန် ကျော်ကြားသည့်အတွက်ကြောင့် အထွတ်အထိပ်တွ ရပ်တည်နိုင်သည်။ သို့သော် အထက်ကိုးဘုံတွင် ၎င်း၏ ဂုဏ်သတင်းက ထျန်းရှန်ကျောင်းတော်လောက် ကျော်ကြားခြင်း မရှိပေ။
ရှန်ဟောက်၏ မျက်လုံးများထဲမှ တောက်ပသည့် အလင်းတို့ ဖြစ်ပေါ်လာသည်။
ရီဖူရှင်း၏ မျက်လုံးများသည်လည်း ပြောင်းလဲသွား၏။ သူသည် နောက်ကွယ်မှ အကြောင်းတို့ကို မြင်နိုင်စွမ်းရှိနေသည်ဟု ထင်မှတ်ရသည်။
သူသည် ထိုရုပ်တုများက ဟန်ကျစ်ယွီ ချဥ်းကပ်လာသည်ကို ခံစားမိသည်နှင့် အလွန်ပြင်းထန်သည့် စွမ်းအားများ ထွက်ပေါ်လာကြောင်း သိရှိလိုက်ရသည်။ နောက်တခဏတွင် ကြောက်မက်ဖွယ် လမ်းစဥ်စွမ်းအားများက ပျံ့နှံ့သွားပြီး ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသည
“ပုံရိပ်ယောင်များ မွေးဖွားခြင်း” လူအများက အသေးစိတ် စူးစိုက်ကြည့်ရင်း ရေရွတ်လိုက်ကြသည်။
ရှေးဟောင်းလမ်းမထက်တွင် အချို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး နေရာတစ်ခုလုံးကို မွန်းကြပ်ဖွယ် မဟာလမ်းစဥ် စွမ်းအားများက လွှမ်းခြုံသွားသည်။ လူအများသည် ခရမ်းရောင်စဥ်လှိုင်းများ၊ ပျက်စီးခြင်း မိုးကြိုးနှင့် တောင်ထိပ်ဖျားတို့ကို မြင်နိုင်ပေသည်။
ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြား ချိုးဖျက်ရန် ခက်ခဲပေလိမ့်မည်။
ရီဖူရှင်းသည် မဟာလမ်းစဥ် စက်ကွင်းပေါ်ပေါက်လာသည့်အခါ အနည်းငယ် ပို၍ ရှင်းလင်းစွာ မြင်နိုင်ကြောင်း ခံစားမိသည်။
ဟန်ကျစ်ယွီသည် မဟာလမ်းစဥ် စက်ကွင်း၏ လွှမ်းခြုံထားမှုကို ခံရပေသည်။ ထိုနေရာကို ရှေးဟောင်း တောင်ထိပ်ဖျားတို့ဖြင့် ပိတ်ဆို့ထားကာ အဖက်ဖက်မှ စောင့်ကြပ်နေကြ၍ အထက် ငွေရောင်ကောင်းကင်မှလွဲ၍ အားလုံးသော နေရာများကို ပိတ်ဆို့တားဆီးထားသည်။ တောက်ပသည့် ရွှေရောင် အလင်းတို့ ကျဆင်းလာပြီး ကြောက်မက်ဖွယ် ခရမ်းရောင်ဖျက်ဆီးခြင်းအလင်းတို့က ဆက်လက် တောက်ပလာနေသည်။
ဟန်ကျစ်ယွီသည် ထိုအခိုက်အတန့်တွင် အလွန်ပြင်းထန်သည့် ဖိအားအောက် ရောက်နေလိမ့်မည်ဟု ရီဖူရှင်း တွေးလိုက်သည်။ ဟန်ကျစ်ယွီက မရေတွက်နိုင်သည့် ခရမ်းရောင်နတ်ဓားများသည် ငွေရောင်ကောင်းကင်ကို ထိုးခွင်းကာ ရုတ်တရက်ထွက်ပေါ်လာပြီး သူ့ထံသို့ ပြင်းထန်စွာ ကျဆင်းလာသည်။
မဟာလမ်းစဥ် ဖိအားအောက်၌ သူက လှုပ်ရှားရန်ပင် ခက်ခဲနေသည်။
သို့သော် သူသည် ထျန်းရှန်ကျောင်းတော်မှ ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူ၏ မျက်လုံးအတွင်းမှ အလွန် ထက်ရှသော နတ်အလင်းတို့ ပေါ်ပေါက်လာပြီး လွှမ်းမိုးနိုင်သည့် စွမ်းအားတို့ ပေါက်ကွဲထွက်လာသည်။ ရုတ်တရက် တောက်ပနေသည့် ရွှေရောင်ဓား အများအပြားက ငွေရောင်ကောင်းကင်ဆီ ပျံသန်းသွားခဲ့သည်။
ဝှီး...
ပြင်းထန်သည့် အသံတစ်ခု ထွက်ပေါ်လာပြီး လူအများသည် ဖျက်ဆီးခြင်းစွမ်းအားတို့ကို အမှန်တကယ် မကြုံတွေ့ရသော်လည်း မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် အသံကို ကြားရပေသည်။ ဟန်ကျစ်ယွီ၏ ရှည်လျားသော ဆံပင်တို့က ပြေလျော့သွားပြီး ပြင်းထန်စွာ တိုက်ခတ်နေသည့် လေပြင်းတို့အောက်တွင် ကခုန်နေသည်။
ဘန်း...
နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ကြားလိုက်ရပြီး သူသည် ဆက်လက်၍ ဆုတ်ခွာနေရသည်။ ထိုပုံရိပ်ယောင်အတွင်း သူသည် အလွန် သေးငယ်နေသည်ဟု ခံစားရပေသည်။ သူသည် ကောင်းကင်နှင့် ယှဥ်ကာ အံတုနေရသကဲ့သို့ပင် ဖြစ်၏။ သူက မည်မျှ ခက်ခဲစွာ ကြိုးစားရသည်ဖြစ်စေ ရလဒ် ထွက်မလာသေးဘဲ ရှိနေဆဲ ဖြစ်၏။
အလွန်အားကောင်းသည့် လမ်းစဥ်စွမ်းအားများက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။ သူ၏ မျက်လုံးများက အလွန်ပင် ခိုင်မာပြတ်သားနေကာ စိတ်ပိုင်းဖြတ်ထားသည့် အသွင် ဖြစ်လာသည်။ လူအုပ်သည် ဟန်ကျစ်ယွီ ဖန်တီးလိုက်သည့် လေဟာနယ်ပုံရိပ်ယောင်ဓားများက သူ့ထံမှ ပြေးထွက်သွားသည်ကို မြင်လိုက်ရသည်။
“ထျန်းရှန်ကျောင်းတော်က ဒီပါရမီရှင်ရဲ့ အရည်အချင်းက အထင်ကြီးလောက်စရာပဲ။ ပြီးတော့ သူ့ရဲ့ စိတ်က ဇွဲနပဲကြီးပြီး ခံနိာင်ရည် ရှိတယ်။ သူ ဆက်ကြိုးစားနေတုန်းပဲ။” သောကျောက်က ပြောလိုက်သည်။ သူ၏ မျက်လုံးများက ရွှေရောင်ပြောင်းလဲနေပြီး သူက အများထက်ပို၍ မြင်နိုင်စွမ်းရှိပေသည်။
ပုံရိပ်ယောင်ကဲ့သို့ ဖျက်ဆီးခြင်းနတ်အလင်းတို့က ကျဆင်းလာသော်လည်း အစစ်အမှန်ဟု ထင်မှတ်ရသည်။
ကျယ်လောင်သည့် အသံနှင့်အတူ ဟန်ကျစ်ယွီသည် ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က လျင်မြန်စွာပင် အားနည်းသွားခဲ့သည်။ သူက ခေါင်းငိုက်စိုက်ကျသွားပြီး သူ့ရှေ့မှ ရုပ်တုကို မကြည့်ရဲတော့ပေ။
ဘန်း...
သူ့ကိုယ်ပေါ်မှ နတ်စွမ်းအားတို့က လှိုင်းထနေပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေသည်။ ကျန်ချင်းကျူက လက်ကို ဆန့်ထုတ်လိုက်ပြီး မမြင်ရသည့် အလင်းက ဟန်ကျစ်ယွီ နောက်သို့ လွင့်စင်လာသည့် အရှိန်ကို ထိန်းပေးလိုက်ကာ ပြုတ်ကျမည့်ဘေးမှ တားဆီးပေးလိုက်သည်။
ဟန်ကျစ်ယွီ ပြန်ဆုတ်ခွာလာရပြီးနောက်၌ သူက တီးတိုးပြောလိုက်သည်။ “ကျရှုံးသွားပြီ”
“ရုပ်တုတွေရဲ့ စွမ်းအားက အရမ်းပြင်းထန်လွန်းတယ်။ ရှုံးသွားတာက အံ့သြစရာမဟုတ်ဘူး။” ကျန်ချင်းကျူက သူ့ကို နှစ်သိမ့်ပေးလိုပ်သော်လည်း ဟန်ကျစ်ယွီက မည်သည့်စကားမှ မဆိုတော့ဘဲ ထျန်းရှန်ကျောင်းတော်သားများ ရှိရာသို့ ပြန်သွားခဲ့သည်။
လူအများသည် ရုပ်တု၏ စွမ်းအားကို ကိုယ်တိုင် မြင်တွေ့ရသည့်အခါ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ထျန်းရှန်ကျောင်းတော်မှ ဟန်ကျစ်ယွီက ကျရှုံးခဲ့သည်။ ထိုသည်မှာ သူတို့သည်လည်း ဖြတ်ကျော်နိုင်ရန် ခက်ခဲကြောင်း ပြသနေသည်။
“ထျန်းရှန်ကျောင်းတော်က လှုပ်ရှားပြီးပြီ။ ခင်ဗျားတို့တွေထဲက ဘယ်သူများ တခြားရုပ်တုတွေရဲ့ စွမ်းအားကို စမ်းသပ်ချင်ကြလဲ။” ကျန်ချင်းကျူ လူအုပ်ကြီးကို ကြည့်ကာ မေးလိုက်သည်။
ဟန်ကျစ်ယွီ၏ ကျရှုံးမှုက အနည်းဆုံးတော့ ရုပ်တုများထဲမှ တစ်ခုအပေါ် နားလည်စေခဲ့သည်။
အထက်ကိုးဘုံမှ အားလုံးသော တန်ခိုးရှင်များက တော်ဝင်နန်းတော်အတွင်း ဝင်ရောက်ချင်နေကြပေမယ့် ထျန်းရှန်ကျောင်းတော်အပေါ်သာ တာဝန်အကုန် ပုံချထားသည်မှာ ကျိုးကြောင်း မဆီလျော်လှပေ။
“ရှန်းကလန်က ကြိုးစားကြည့်ပါ့မယ်။” ရှန်းဟောက်က ပြောလိုက်သော်လည်း သူက ကိုယ်တိုင်မလှုပ်ရှားပေ။ ထို့အစား သူ့ဘေးရှိ ရှန်းကလန်မှ တန်ခိုးရှင်တစ်ဦးကို ကြည့်လိုက်လျှင် ထိုသူက ဂရုတစိုက်နှင့် နောက်ထပ်ရုပ်တုတစ်ခုဆီ လျှောက်သွားခဲ့သည်။ သူက အနီးသို့ မရောက်ခင်မှာပင် မွန်းကြပ်မှုကို ခံစားရပြီး သူ့နှလုံးသားက ခုန်လှုပ်နေမှုက ရပ်တန့်သွားတော့မလို ဖြစ်လာသည်။ တူညီစွာပင် သူသည် အရာအားလုံးက အစစ်အမှန်မဟုတ်သော ပုံရိပ်ယောင် လောကအတွင်း ကျရောက်သွားပေသည်။
အနည်းငယ်ကြာပြီးနောက် သူက ဟန်ကျစ်ယွီနှင့် တူညီသော ကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။ အချိန်အနည်းငယ်အတွင်းမှာပင် သူသည် ဒဏ်ရာရကာ နောက်သို့ ဆုတ်ခွာလိုက်ရသည်။
ထို့နောက်တွင် အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များက တစ်ယောက်ပြီးတစ်ယောက် အကောင်းဆုံး ကြိုးစားကြည့်ကြသည်။ အများစုမှာ သူတို့၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ကို အန္တရာယ်မဖြစ်စေလိုဘဲ စမ်းသပ်ကြည့်ရုံသာ လိုချင်သောကြောင့် အဆုံး၌ အားလုံး ကျရှုံးခဲ့ကြလေသည်။
“ရုပ်တုကိုးခုမှာ မတူညီတဲ့ စွမ်းအားတွေ ပါဝင်တယ်။ အစဥ်လိုက်သာ ဖြတ်ကျော်နိုင်ခဲ့ရင် ရုပ်တုအားလုံးရဲ့ စွမ်းအားတွေက တစ်ချိန်တည်းမှာ ပျက်စီးသွားလိမ့်မယ်။” ကျန်ချင်းကျူက ဆက်လက်ပြောလိုက်သည်။ “ဒါက ကျုပ် အမြင်ပါ။ ပြီးတော့ တစ်စုံတစ်ယောက် ရုပ်တုကိုးခုရဲ့ စွမ်းအားတွေကို တစ်ပြိုင်တည်း ချိုးဖျက်နိုင်ဖို့ဆိုတာ လက်ခံလိမ့်မယ်။ အဲဒါကြောင့် ကျုပ် အကြံနည်းနည်းပေးချင်တယ်။”
အားလုံးသော တန်ခိုးရှင်များက သူ့ကို ကြည့်ကာ မေးလိုက်သည်။
“အထက်ကိုးဘုံ တန်ခိုးရှင်တွေထဲက လူကိုးယောက် ရွေးထုတ်ပြီး တစ်ချိန်တည်းမှာ လှုပ်ရှားခိုင်းရင် ရုပ်တုတွေရဲ့ စွမ်းအားကို ဖြိုခွဲဖို့ ရနိုင်လောက်တယ်။” ကျန်ချင်းကျူက ပြောလိုက်သည်။ ယခင်က အားလုံးသော ကြိုးစားအားထုတ်မှုတို့က ရှုံးနိမ့်ခဲ့သော်လည်း ကျန်ချင်းကျူသည် လူကိုးယောက် တစ်ပြိုင်တည်း လှုပ်ရှားနိုင်ပါက ရုပ်တု၏ စွမ်းအားများကို ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုနေသည်။
သို့သော် ဤသို့သော အကြံအစည်မျိုးကို သာမန်လူတို့က စဥ်းစားဆုံးဖြတ်ရဲမည် မဟုတ်ပေ။
အထက်ကိုးဘုံတွင် ထိပ်သီးအင်အားစု ကိုးခုမှ လူကိုးယောက် ရွေးထုတ်ရန်မှာ သိပ်ခက်ခဲလိမ့်မည် မဟုတ်ပေ။
“ဘယ်လိုလဲ” တစ်ယောက်က မေးလိုက်သည်။
“တကယ်လို့ ရုပ်တုက ကိုးခု အတိအကျ ရှိတယ်ဆိုရင် အထက်ကိုးဘုံကို ကိုယ်စားပြုပြီး သက်ဆိုင်ရာ တစ်ယောက်စီရွေးမယ်။ တစ်စုံတစ်ယောက်က တခြားဘုံက ရွေးချယ်ခံရသူထက် သူက ပိုသင့်တော်တယ်လို့ ထင်ရင် ရလာမယ့် အခွင့်အရေးအတွက် တိုက်ခိုက်ခွင့်ရှိတယ်။” ကျန်ချင်းကျူက လူတိုင်းကို ပြောလိုက်သည်။ “ဘယ်လိုလဲ။”
ဗဟိုအင်ပါယာဘုံသည် အထက်ကိုးဘုံတွင် အားအကောင်းဆုံးဖြစ်ပြီး ထိပ်သီးပါရမီရှင်များလည်း အများဆုံးဖြစ်သည်။ တစ်နေရာက မလုံလောက်သည့်အတွက် သူတို့က ကျိန်းသေ အခြားဘုံမှ အခြားရွေးချယ်ခံများနှင့် ယှဥ်ပြိုင်ရပေမည်။ သူတို့က သူတို့သည် ရွေးချယ်ခံအဖြစ် ပို၍သင့်တော်သည်ဟု ယူဆပါက အခြားဘုံမှ ခွဲတမ်းကို ရယူနိုင်ပေလိမ့်မည်။
သိသာစွာပင် စမ်းသပ်ကြည့်မှုပြီးနောက် ကျန်ချင်းကျူက တဖြည်းဖြည်း ဆက်လက်စမ်းသပ်ရန် အစီအစဥ်မရှိတော့ဘဲ ကောင်းကင်လှေကားကို ဝင်ခွင့်ရရန် တိုက်ရိုက်အကျဆုံး နည်းလမ်းဖြင့် ဖြေရှင်းချင်နေပေသည်။
“ကောင်းတယ်။” ရှန်းကလန်မှ လူများက သဘောမတူခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည်လည်း ဤနေရာတွင် အချိန်ဖြုန်းမနေတော့ဘဲ အတွင်းသို့ ဝင်ချင်နေပြီ ဖြစ်၏။
ဗဟိုအင်ပါယာဘုံက ထိပ်သီးပုဂ္ဂိုလ်တွေက တကယ့်ကို တိကျပြတ်သားတာပဲ ဟု ရီဖူရှင်းက တွေးလိုက်သည်။ အကယ်၍ ကောင်းကင်အာဏာစက်ဘုံမှ ရွေးချယ်ရန် တစ်ခုခုရှိနေလျှင် သူတို့ဘက်မှ မေးခွန်းထုတ်ရန် မရှိပေ။
***