အကြွင်းမဲ့ဖိနှိပ်ခံရခြင်း
Vol. 017 Ch. 1636
အင်အားစုအမျိုးမျိုးမှ တန်ခိုးရှင်များသည် ထိုကိစ္စနှင့်ပတ်သတ်ပြီး အတွေးကိုယ်စီရှိကြပေသည်။ ထျန်းရှန်ကျောင်းတော်မှ ဟန်ကျစ်ယွီပင် ရုပ်တုများကို မချိုးဖျက်နိုင်ခဲ့ပေ။
ထိုသည်ကို ကြည့်ခြင်းဖြင့် သူတို့အတွက် လုပ်ဆောင်ရန်လည်း အလွန်တရာ ခက်ခဲနေပေလိမ့်မည်။ ယခု လူများစွာ ကြိုးစားခဲ့ပြီး ဖြစ်သော်လည်း အောင်မြင်ခဲ့ခြင်းမရှိပေ။
ထို့ကြောင့် ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူ၏ တောင်းဆိုမှုက ကျိုးကြောင်းဆီလျော်ပေသည်။ ဘုံအသီးသီးမှ တန်ခိုးရှင်များသည် သူတို့၏ အသန်မာဆုံး တန်ခိုးရှင်ကို ကိုယ်စားပြုသူအဖြစ် ရွေးချယ်ရမည်။ အရွေးချယ်ခံကိုးယောက်က ရုပ်တုကိုးခုကို တပြိုင်တည်း ချိုးဖျက်ရမည် ဖြစ်သည်။ ရှေးဟောင်းလမ်းမ ပွင့်လာပြီးနောက်မှ သူတို့သည် ကောင်းကင်လှေကားကို ဖြတ်ကာ ကောင်းကင်နန်းတော်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
သို့သော် ပြဿနာတစ်ခု ကျန်ရှိနေသေး၏။ ထိုသည်မှာ သူတို့ ကိုယ်စားပြုသူ ကိုးယောက် ရွေးချယ်ပြီးသည့်အခါ ကျန်သူများက မည်သို့ ဖြစ်မည်နည်းဟူသည်ပင် ဖြစ်သည်။
ယခုတွင် မည်သည့်အရာမှ သေချာခြင်း မရှိပေ။ သို့သော် အကြီးမားဆုံး ဖြစ်နိုင်ချေမှာ အရွေးချယ်ခံကိုးယောက်သည် အခွင့်အရေး အများဆုံးကို ရယူနိုင်သွားပြီး အမွေအနှစ်များ ရရှိရန် အခွင့်အရေးအမြင့်ဆုံး ဖြစ်သွားပေလိမ့်မည်။
ကျန်သူများက ထိုအကြံဉာဏ်ကို သဘောမတူချင်သော်လည်း သူတို့လုပ်နိုင်သည့်အရာ မရှိပေ။
သူတို့သည် ကိုယ်တိုင်လည်း ရုပ်တုများကို ချိုးဖျက်နိုင်စွမ်းမရှိကြပေ။ ထို့ကြောင့် လူတိုင်းက ကျန်ချင်းကျူ၏ အကြံဉာဏ်ကို မျက်စိမှိတ် ခေါင်းညိတ်လိုက်ရသည်။ အကြံဉာဏ်တချို့ရှိနေသည့် လူနည်းစုသည်လည်း သူတို့၏ ပါးစပ်ကို ပိတ်ထားရုံသာ တတ်နိုင်လေသည်။
“တခြားလူတွေမှာ ဘာအကြံဉာဏ်မှ မရှိဘူးဆိုရင် အထက်ကိုးဘုံကနေ ကိုယ်စားပြုကိုးယောက် ရွေးလိုက်ကြတာပေါ့။” ကျန်ချင်းကျူက ပြောလိုက်သည်။ အထက်ကိုးဘုံမှ ထိပ်သီးအင်အားစုများ၏ အရေအတွက်က အများဆုံး ဖြစ်သည်။ ဤနေရာ၌ ဗဟိုအင်ပါယာဘုံမှ ထိပ်သီးအင်အားစု အရေအတွက်က ပိုများလေသည်။ သူတို့သည်လည်း ဤနေရာ၌ အထူးချွန်ဆုံး ထိပ်တန်းပုဂ္ဂိုလ်များပင် ဖြစ်ကြသည်။ သူတို့က အကယ်သူတို့က ထိုရုပ်တုများအတွက် တိုက်ပွဲဖြစ်ခဲ့လျှင် ကြောက်မက်ဖွယ် ပြင်းထန်သည့် တိုက်ပွဲ ဖြစ်သွားပေလိမ့်မည်။
ကျန်ချင်းကျူက ထိုသို့ အကြံပြုချက်ကို ပြောသည်မှာ ဤအချက်ကို လိုချင်၍ ဖြစ်နိုင်သည်။ ကျန်ချင်းကျူနှင့် တိုက်ခိုက်ခြင်းထက် ဗဟိုအင်ပါယာဘုံမှ အခြားတန်ခိုးရှင်များသည် အခြားဘုံမှ ဝေစုများအတွက် တိုက်ခိုက်ယူကြပေလိမ့်မည်။
“ကျုပ် အစ်ကို ရန်ဟောင်အဆင့်ကို ရောက်နေပြီး ထျန်းရှန်ကျောင်းတော်ရဲ့ ထိပ်သီးကျောင်းသားတစ်ယောက်ပဲ။ သူက အင်ပါယာဘုံကို ကိုယ်စားပြုပြီး ရုပ်တုကို ချိုးဖျက်မှာကို သဘောမတူတဲ့သူ ရှိလား။” ထျန်းရှန်ကျောင်းတော်မှ တန်ခိုးရှင်တစ်ဦးက ကျယ်လောင်စွာ မေးလိုက်သည်။ သူသည်လည်း စာရင်းတွင် ထူးချွန်သည့် ကျောင်းတော်သားတစ်ဦး ဖြစ်ပြီး ဗဟိုအင်ပါယာဘုံ၌ ကျော်ကြားမှုတချို့ရှိသည်။
သို့သော် ထျန်းရှန်ကျောင်းတော်မှ မည်သူမဆို ကျန်ချင်းကျူကို ယှဥ်ပြိုင်ရန်မဖြစ်နိုင်ပေ။
“မျှမျှတတ ပြိုင်ကြတာပေါ့” ကျန်ချင်းကျူက ပြောလိုက်သည်။ “တကယ်လို့ ရန်ဟောင်အဆင့် တစ်ယောက်ယောက်က ကန့်ကွက်ချင်တယ်ဆိုရင် ဘယ်သူက ပိုသာလည်းဆိုတာ ပြိုင်ကြည့်လို့ရတယ်။ ရှန့်ထိုအဆင့်ဆိုရင်တော့ ကျုပ်က သူတို့အပေါ်မှာ မတရားမလုပ်ပါဘူး။ ရုပ်တုကို ဖြိုခွဲဖို့ ဘယ်သူအောင်မြင်မလဲဆိုတာ ကြိုးစားကြည့်ကြတာပေါ့။ ဒီရုပ်တုတွေမှာ အစွမ်းထက်စွမ်းအားတွေ ပါဝင်နေတယ်။ ရုပ်တုကို ဖြိုခွဲဖို့ဆိုတာ တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံဆင့်နဲ့ မသက်ဆိုင်လောက်ဘူး။ အဲဒါက ကျုပ်တို့အတွက် ကောင်းတယ်။ ရုပ်တုတွေကို ချိုးဖျက်တာက ရှေးဟောင်းလမ်းမအပေါ် သက်ရောက်မှုတစ်ခုခု ရှိမရှိလည်း စစ်ဆေးကြည့်နိုင်တယ်။”
ရုပ်တုတွေကို မဖျက်ဆီးခင် ရေတွက်ထားခြင်းမှာလည်း သူတို့အတွက် ပြဿနာအချို့ကို ရှင်းလင်းထားနိုင်သည်။ သူတို့သည် အခြားသူများ ကိုယ့်ရုပ်တုကိုယ် ချိုးဖျက်ခြင်းအား စောင့်ဆိုင်းရန်သာ လိုပေလိမ့်မည်။
ကျန်ချင်းကျူ၏ စကားလုံးများက အကျိုးအကြောင်းဆီလျော်ပေသည်။ ဗဟိုအင်ပါယာဘုံရှိ မည်သူကမှ သူ့ကို မကန့်ကွက်သလိက သူနှင့်လည်း ယှဥ်ပြိုင်ရန် မလိုအပ်ကြပေ။
သူက ထျန်းရှန်ကျောင်းတော်မှ ထိပ်သီးကျောင်းတော်သား ဖြစ်ကာ ရန်ဟောင်အဆင့်လည်း ရောက်နေပြီ ဖြစ်သည့်အတွက် သူ့ကို အနိုင်ရရန်မှာ ခက်ခဲလှပေသည်။
အခြားဘုံများမှ အခြားသော တန်ခိုးရှင်များလည်း ဆွေးနွေးနေကြသည်။ ကောင်းကင်အာဏာစက်ဘုံ၏ ဘက်အခြမ်းတွင် လူတိုင်းက အလွန် သင့်မြတ်ကြပေသည်။ ကောင်းကင်အာဏာစက်ပြည်ထောင်၊ ခရမ်းရင့်ကောင်းကင်နန်းတော်နှင့် ရီဖူရှင်းဘက်ကို ဆန့်ကျင်ခဲ့သူများက ရီဖူရှင်း၏ မဟာမိတ်အင်အားစုကို ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ကျန်သည့် အင်အားစုများမှာ ရီဖူရှင်းနှင့် ဆက်ဆံရေးကောင်းမွန်ပြီး သူ၏ စွမ်းရည်ကို သိရှိကြသည်။ မကြာသေးခင်က လေဟာနယ်ခန်းမ တိုက်ပွဲတွင် သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၌ ရီဖူရှင်းအား ယှဥ်နိုင်မည့်သူ မရှိသည်ကို သတိပြုမိခဲ့ကြသည်။
ထို့ကြောင့် လူတိုင်းက တညီတညာတည်းပင် ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြသည်။
“ရှင် သွားသင့်တယ်။” ရီဖူရှင်း ဘေးမှ ချင်းဟယ်က သူ့ကို ခပ်တိုးတိုး ပြောလိုက်သည်။ “အထက်ကိုးဘုံက ထိပ်သီးပါရမီရှင်တွေကြားမှာ ကောင်းကင်အာဏာစက်ဘုံရဲ့ နေရာကို လုချင်တဲ့ တန်ခိုးရှင်တွေ အများကြီး ရှိလိမ့်မယ်။ အဲဒီလိုဖြစ်တာထက်စာရင် ရှင့်ကို အဲဒီနေရာပေးလိုက်တာက ပိုကောင်းတယ်။”
သူမက ထိုသို့ပြောလိုက်ပြီးနောက် လူအုပ်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။ “လူတိုင်း ဘယ်လိုထင်ကြလဲ။”
“အင်း” လုံချန်က သဘောတူလျက် ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်၌ အထက်ကိုးဘုံမှ အားအကောင်းဆုံး လူများ ပြိုင်ဆိုင်ကြမည်မှာ သေချာပေသည်။
အမှန်တွင်လည်း ရီဖူရှင်းသည်သာ ဤပြိုင်ပွဲ၌ ကောင်းကင်အာဏာစက်ဘုံ၏ မျှော်လင့်ချက်ဟု ဆုံးဖြတ်နိုင်သည်။
အထက်ကောင်းကင်ဘုံဘက်တွင်လည်း ထိုနည်း၎င်းပင် ဖြစ်၏။ ရှန့်ရှောင်းနတ်နန်းတော်မှ ဟွမ်ကျုံးနှင့် မည်သူမှ မယှဥ်ပြိုင်နိုင်ကြပေ။ ထို့ကြောင့် အထက်ကောင်းကင်ဘုံ၏ ကိုယ်စားပြုသူမှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။
အထက်ကိုးဘုံကြားတွင် လူအနည်းသာလျှင် ဘုံများအတွင်းမှ ထိပ်သီးပါရမီရှင်များနှင့် ယှဥ်နိုင်ပေသည်။
တခဏအကြာတွင် ကျန်ချင်းကျူက မေးလိုက်၏။ “ဗဟိုအင်ပါယာဘုံကနေ အရင်စလိုက်ရအောင်။ ကျုပ်ကတော့ ကြိုးစားကြည့်ဖို့ ရှေ့ထွက်လာချင်တယ်။ နေရာအတွက် ကျုပ်နဲ့ ယှဥ်ပြိုင်ဖို့ ဘယ်သူဆန္ဒရှိလဲ။”
မျှော်လင့်ထားသည့်အတိုင်း မည်သူ့ဆီကမှ အသံထွက်မလာပေ။
“ဒီလိုဆိုမှတော့ ကျုပ်ပဲ အရင်သွားလိုက်မယ်။” မည်သူမှ မတုန့်ပြန်လာသည်ကို မြင်သည့်အခါ ကျန်ချင်းကျူက ပြောလိုက်သည်။ “နောက်ထပ် တောင်တန်းဘုံရဲ့ ကိုယ်စားပြုက ဘယ်သူများလဲ။”
“ကျုပ် ကြိုးစားကြည့်ချင််တယ်။” ထိုအချိန်တွင် ပုံရိပ်တစ်ခုက လျှောက်ထွက်လာသည်။ ရီဖူရှင်းက ကြည့်လိုက်သည့်အခါ ထိူသူက ဘုန်းကြီး တစ်ပါးဖြစ်ကြောင်း သိလိုက်ရသည်။ ထို ဘုန်းကြီး သည် မကြာသေးခင်က မိုးမခပင်အောက်၌ ကျင့်ကြံနေခဲ့သူ ဖြစ်သည်။ သူ၏ အမူအရာက တည်ကြည်နေသည်။ သူ့အနီးတွင် ဗုဒ္ဓ၏ ရောင်ဝါတို့ ထွန်းလင်းနေ၏။ သူ၏ အရှိန်အဝါမှာ ထူးကဲလှသည်။
“ကျုပ်က ထျန်းရှန်းနန်းတော်က ကွေကျန်း” တောင်တန်းဘုံမှ တန်ခိုးရှင်တိုင်းသည် ကွေကျန်းကို သိကြပေသည်။ နတ်ရဟန်းကွေကျန်း၏ ကျင့်စဥ်ကအလွန် ထူးဆန်းလှသည်။ သူ ငယ်စဥ်က သူ၏ ကျင့်ကြံခြင်း အရှိန်က အလွန် နှေးကွေးလှသည်။ သူသည် ခရီး လှည့်လည်သွားလာ၍ ဟောပြောပို့ချခြင်းကို လုပ်ဆောင်သည်။ သို့သော် သူ တစ်ခါ ကျင့်ကြံသည့်အခါ နှစ်အနည်းကြာသည်အထိ ဖြစ်ကာ သူ၏ ကျင့်ကြံဆင့်များကလည်း အဆက်မပြတ် ခုန်ပေါက်တက်သွားတတ်သည်။
ကောလာဟလများအရ သူ၏ ခန္ဓာသည် ရှန့်ထိုအဆင့် အတားအဆီးကို ကျော်ဖြတ်ရန် မဖြစ်နိုင်ဟု ဆိုကြသည်။ သူက ရှန့်ထိုအဆင့်ကို နည်းလမ်းမျိုးစုံသုံး၍ ကျော်ဖြတ်ခဲ့ပြီး ယခု ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးရှိ ရန်ဟောင်တစ်ပါး ဖြစ်လာခဲ့သည်။ သူသည် လူအများ၏ သိမြင်နိုင်စွမ်းထက် ကျော်လွန်နေပေသည်။ အချို့က ပြောကြသည်မှာ ၎င်းသည် သူ၏ ကျင့်ကြံခြင်းများက နှစ်ပေါင်း ကြာမြင့်စွာ ဖိနှိပ်ခံလာရခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ သူ၏ စိတ်အခြေအနေက အလွန် ထူးခြားပြီး မြင့်မြတ်သည့် ကိုယ်ကျင့်တရားလည်း ရှိသည်။ ထို့ကြောင့်ပင် သူ၏ ဗုဒ္ဓလမ်းစဥ်က နက်ရှိုင်းလာပြီး မြင့်မားသည့်အဆင့်များကို ကျော်ဖြတ်နိုင်ကာ ပြန်လည်မွေးဖွားခြင်း အဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ထိုရဟန်းက ရှန့်ထိုအဆင့် မဟုတ်တော့ဟု ဆုံးဖြတ်နိုင်သည်။ သူက ရန်ဟောင်ဖြစ်လာပြီးနောက် ဗုဒ္ဓတစ်ပါးသဖွယ် ဖြစ်လာပေသည်။
တောင်တန်းဘုံမှ တန်ခိုးရှင်များက ကွေကျန်း လျှောက်ထွက်လာသည်ကို မြင်သည့်အခါ ယှဥ်ပြိုင်မည့် ရည်ရွယ်ချက်ကို လက်လျှော့လိုက်ကြသည်။ ထိုအချိန်တွင် ရှန်ရှင်းကလန်မှ အဖွဲ့ဝင်များလည်း လူအုပ်ထဲတွင် ရှိနေခဲ့သည်။ သို့သော် ကွေကျန်းကို မြင်လိုက်ပြီးနောက် သူတို့ စိတ်ထဲကနေသာ ကျိန်ဆဲနိုင်ကြတော့သည်။ သူတို့သည် ထိုရဟန်းကို မဆန့်ကျင်နိုင်ကြပေ။ သူသည် ဤနေရာရှိ မည်သူ့ကိုမဆို ဖိနှိပ်နိုင်ပေသည်။
“အင်ပါယာရှင်းဘုံကရော” ကျန်ချင်းကျူက ဆက်မေးလိုက်သည်။ အင်ပါယာရှင်းဘုံဘက်တွင် သောကျောက်သည် ဝင်ရောက်ယှဥ်ပြိုင်ကြည့်ရန် စိတ်အားထက်သန်နေသည်။ သို့သော် ရီဖူရှင်းက သူ့ကို စိတ်ချင်းဆက်သွယ်၍ လှမ်းမေးလိုက်သည်။ “အင်ပါယာရှင်းဘုံက လူတွေကြားမှာ မင်းရဲ့ အရည်အချင်းအဆင့်က ဘယ်လောက်မှာရှိလဲ။”
“ထိပ်တန်း ဖြစ်လိမ့်မယ်။” သောကျောက်က အနည်းငယ်မှ မရှက်ရွံ့ဘဲ ပြောလိုက်၏။
“...” ရီဖူရှင်းက ဆွံ့အသွားလေသည်။ သူသည် သောကျောက်နှင့် ယှဥ်လျှင် အရှက်မရှိသည့်နေရာ၌ အားနည်းနေသေးသည်ဟု ခံစားလိုက်ရသည်။
“ငါက တိုက်ပွဲနတ်ဘုရားရဲ့ မျိုးဆက်ပဲ။ ငါ့ရဲ့ စွမ်းအားက တိုက်ခိုက်ရေးနတ်ဘုရား သတ္တမဆင့်အောက်မှာ ရှိတယ်။ မင်းဘေးက ကောင်သာ ငါ့ကို တိုက်ခိုက်ခဲ့တာ မဟုတ်ရင် ငါက ဘယ်လို ရှုံးနိမ့်နိုင်ပါ့မလဲ။” သောကျောက်က မကျေမနပ် ပြောလိုက်သည်။ သူက ယူချင်းကို တစ်ချက်လှမ်းကြည့်လိုက်၏။
ရီဖူရှင်းသည် သောကျောက်၏ အရည်အချင်းကို သိလေသည်။ အမှန်တွင် သောကျောက်က ရှုံးနိမ့်သွားသော်လည်း ယူချင်းက သူ၏ ဝှက်ဖဲများ အားလုံးကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် သောကျောက်က တိုက်ပွဲနတ်ဘုရား၏ သတ္တမဆင့် စွမ်းအားကို ထုတ်လွှတ်သည့်အခါ အလွန် အစွမ်းထက်သည်ဟု ပြောနိုင်ပေသည်။
သောကျောက်က သူ၏ စွမ်းအားမှာ အင်ပါယာရှင်းဘုံ၌ ထိပ်သီးအဆင့်ဟု ပြောသည်မှာ အရှက်မရှိ ပြောခြင်း မဟုတ်တန်ရာပေ။
“မင်းရ အင်ပါယာရှင်းဘုံမှာ ထိပ်တန်းဆိုရင်တောင် မင်း ခြေလှမ်းလိုက်တာနဲ့ ဗဟိုအင်ပါယာဘုံက လူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ သေချာတယ်။ မင်း သူတို့ကို တိုက်ခိုက်နိုင်လား။” ရီဖူရှင်းက မေးလိုက်သည်။
သောကျောက်က ရီဖူရှင်းကို ကြည့်ကာ သူ့မျက်နှာထက်၌ ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ “မင်းက ငါ နေရာအတွက် ယှဥ်မှာ ကြောက်နေတာလား။”
“ဘာမှမဖြစ်ဘူး။ မင်း ကြိုက်သလိုလုပ်လေ။” ရီဖူရှင်းက သောကျောက်အား ကြည့်လိုက်သည်။ အထက်ကိုးဘုံ ကိုယ်စားပြုသူများမှ ရုပ်တုကို ဖြိုခွဲသည့်အခါ အချင်းချင်း တိုက်ခိုက်ရင်း အဆုံးသတ်သွားနိုင်ပေသည်။
“ကိစ္စမရှိဘူး။ ငါ ဒီခရီးမှာ ကျေနပ်လောက်အောင် ရခဲ့ပြီးပြီပဲ။ မင်းအတွက် အခွင့်အရေးကို လက်လွှတ်ပေးပါ့မယ်။” သောကျောက်က သူ့ကိုယ်သူ အနစ်နာခံခဲ့ခြင်း မဟုတ်ပေ။ ယခုတွင် သတ္တမဝရိန် က ရန်ဟောင်အဆင့် ရောက်ရှိနေပြီဖြစ်ကာ အင်ပါယာရှင်းဘုံကို ကိုယ်စားပြုနိုင်သည်။ အင်ပါယာရှင်းဘုံ၌ နောက်ထပ် ရန်ဟောင်တစ်ပါးရှိသေးသော်လည်း သူ၏ ဂုဏ်သတင်းက သတ္တမဝရိန် လောက် ကောင်းမွန်ခြင်း မရှိသည့်အတွက် သူ့ကိုသူ ကိုယ်စားပြုအဖြစ် ထွက်မလာခဲ့ပေ။ ရှန့်ထိုအဆင့်မှ လူများသည် သတ္တမဝရိန် က ရန်ဟောင်အဆင့် ရောက်နေပြီကို မြင်သည့်အခါ လက်လျှော့လိုက်ကြသည်။
ထို့နောက် ဘုံတစ်ခုချင်းစီက သူတို့က ကိုယ်စားပြုသူများကို ဆုံးဖြတ်ခဲ့ကြသည်။ အဆုံးတွင် အသင်္ချေဘုံမှ တန်ခိုးရှင်များသည် သတ်ဖြတ်ခြင်းလောကမှ ရန်ဟောင်တစ်ပါးကို ရွေးချယ်ခဲ့သည်။ သူသည်လည်း နတ်ဘုရားအမွေအနှစ်နယ်မြေ၌ ရန်ဟောင်အဆင့်ကို ချိုးဖျက်နိုင်ခဲ့သူ ဖြစ်သည်။
ခန့်မှန်းသည့်အတိုင်းပင် ရှန့်ရှောင်းနတ်နန်းတော်၏ ဟွမ်ကျုံးက အထက်ကောင်းကင်ဘုံ ကိုယ်စားပြုသူ ဖြစ်လာခဲ့သည်။
ထို့နောက် တစ်ယောက်ပြီး တစ်ယောက် သူရိန်ဘုံ၊ သဏ္ဌာန်မဲ့ဘုံနှင့် လျှို့ဝှက်နယ်မြေဘုံ တို့သည်လည်း သူတို့၏ ကိုယ်စားပြုကို ရွေးချယ်ခဲ့ကြသည်။ ရွေးချယ်ခံရသူတို့သည် ထိပ်သီးပါရမီရှင်များ ဖြစ်ကြ၏။
ရီဖူရှင်းသည်လည်း ကောင်းကင်အာဏာစက်ဘုံကိုယ်စားပြု ဖြစ်လာခဲ့သည်။
အခြားသူများက ရီဖူရှင်းထွက်လာသည်ကို မြင်သည့်အခါ မည်သူမှ သူနှင့် မတိုက်ခိုက်ကြပေ။ သူ့ကို သိသူများ၏ အမူအရာက ပြောင်းလဲသွားကြသည်။ ရီဖူရှင်း၏ လက်ထဲ၌ ရှုံးနိမ့်မှုကို ခံစားခဲ့ရသူများမှာ ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ လူအများတို့၏ သံသယအကြည့်တို့က ရီဖူရှင်းပေါ်၌ ကျရောက်လာကြသည်။ ဥပမာအနေနှင့် ရှန်းကလန်မှ တန်ခိုးရှင်တို့သည် ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ ကြည့်ရသည်မှာ ထျန်းဟယ်မဟာအကြီးအကဲ၏ ဆက်ခံသူက အတော်လေး အစွမ်းထက်ပုံရလေသည်။ သူက ကောင်းကင်အာဏာစက်ဘုံမှ လူတိုင်း၏ ယုံကြည်မှုကို ရထားပြီး လူတိုင်းက သူ့ကို ထောက်ခံကြသည်။ ကောင်းကင်အာဏာစက်ဘုံမှ လာခဲ့သည့် ဤလူက ထျန်းဟယ်ဘုံ၌ ထျန်းဟယ်မဟာအကြီးအကဲ လက်အောက်တွင် သင်ယူနေခဲ့သည်လား။
ကျန်ချင်းကျူက အံ့အားသင့်ခြင်းမရှိပေ။ ရီဖူရှင်းသည် အမွေအနှစ် နယ်မြေကို ဖွင့်ကာ ဤနေရာသို့ အရင်ဆုံးရောက်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်အာဏာစက်ဘုံက သူ့ကို ရွေးမည်မှာ အသေအချာပင် ဖြစ်သည်။
ရွေးချယ်ခံထားရသည့် ကိုယ်စားပြုသူများမှာ အောက်ပါအတိုင်း ဖြစ်တော့သည်။
ဗဟိုအင်ပါယာဘုံ - ထျန်းရှန်ကျောင်းတော်မှ ကျန်ချင်းကျူ။
ကောင်းကင်အာဏာစက်ဘုံ - ရီဖူရှင်း။
အထက်ကောင်းကင်ဘုံ - ရှန့်ရှောင်းနတ်နန်းတော်မှ ဟွမ်ကျုံး။
တောင်တန်းဘုံ - ထျန်းရှန်းနန်းတော်မှ ဆရာတော်ကွေကျန်း။
အင်ပါယာရှင်းဘုံ - ဝရိန်ခုနစ်ပါး ကလန်မှ သတ္တမဝရိန်။
အသင်္ချေဘုံ - သတ်ဖြတ်ခြင်းကမ္ဘာ မှ ချင်းလင်။
လျှို့ဝှက်နယ်မြေဘုံ - နတ်တစ္ဆေကလန်မှ လျန့်ကျိုယိုး။
သူရိန်ဘုံ - နေနတ်နန်းတော်မှ တိဝူ။
သဏ္ဌာန်မဲ့ဘုံ - ယိုယွဲ့နတ်နန်းတော်မှ ချန်ရှီး။
ထိုကိုးယောက်သည် အထက်ကိုးဘုံတွင် အားအကောင်းဆုံးဟု သတ်မှတ်နိုင်ပေသည်။
သို့သော် ဤကိုးယောက်က ကနဦး ရွေးချယ်ထားခြင်းသာ ဖြစ်သည်။ နောက်ထပ် အခြားသောဘုံများမှ တန်ခိုးရှင်များက နေရာအတွက် သူတို့နှင့် ယှဥ်ပြိုင် တိုက်ခိုက်နိုင်ကြပေသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ဘုံတစ်ခုအတွက် ကိုယ်စားပြုတစ်ယောက် ရွေးချယ်ရုံသာမဟုတ်ပေ။ သူတို့သည် အထက်ကိုးဘုံ၏ အားအကောင်းဆုံး အဖွဲ့ဖြစ်ရန် လိုလေသည်။
“လူတိုင်းပဲ။ ဒီအချိန်အတွင်းမှာ ဒီကိုယ်စားပြု ကိုးယောက်နဲ့ စိန်ခေါ်ဖို့ ရည်ရွယ်ထားသူ ရှိရင် အင်အားစုတစ်ခုက အခွင့်အရေးတစ်ခု ရပါလိမ့်မယ်။ ကျန်ချင်းကျူက တစ်ဖန်ပြောလိုက်သည်။ အင်အားစုတိုင်းမှ တန်ခိုးရှင်များစွာက ဤအခွင့်အရေးအတွက် ယှဥ်ပြိုင်လိုနေကြပြီး ရရှိခြင်းမရရှိခြင်းက ထိုသည်မှာ အင်အားအပေါ်၌ မူတည်ပေသည်။
အင်အားစုတစ်ခုစီ၌ အခွင့်အရေးတစ်ခု ရှိသည်။ အနိုင်ရသူက နေရာကို ရရှိမည်ဖြစ်ပြီး ရှုံးနိမ့်သူက ဖယ်ထုတ်ခံရပေမည်။ သူတို့တွင် ဒုတိယအခွင့်အရေး မရှိပေ။
ရှန်းဟောက်က အရင်ဆုံး ရှေ့တက်လာခဲ့သည်။ တောက်ပသည့် နတ်အလင်းတို့က သူ့ကို လွှမ်းခြုံလာခဲ့သည်။ သူက
သတ္တမဝရိန် ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “မင်းက ချို့ယွင်းချက်ရှိတဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးကိုပဲ ဖွဲ့စည်းထားနိုင်တယ်ဆိုတော့ အခွင့်အရေးကို ပိုင်ဆိုင်ဖို့ မသင့်တော်ဘူး။”
သတ္တမဝရိန် က ရှန်းဟောက်ကို ကြည့်လိုက်သည်။ သတ်ဖြတ်လိုသည့် စွမ်းအားများက သူ၏ မျက်လုံးများမှ ထွက်ပေါ်လာပြီး ပြိုင်ဘက်ကို ထိုးဖောက်လိုက်သည်။
ဟူး...
နတ်ရောင်ဝါသည် ရှန်းဟောက်၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည်။ သူ၏ နတ်ဝင်ရိုးကို မပီဝိုးတဝါး မြင်လာရသည်။ သူ၏ အကြည့်များက ထက်ရှနေပြီး သတ္တမဝရိန် ၏ မျက်လုံးများထဲ တိုက်ရိုက်ထိုးဖောက်သွားသည်။ သူက သတ္တမဝရိန် ထုတ်လွှတ်လိုက်သော လွှမ်းမိုးနိုင်သည့် သတ်ဖြတ်ခြင်း ရောင်ဝါတို့ကို လျစ်လျူရှုထားလေသည်။
သူတို့နှစ်ယောက်က အကွာအဝေးတစ်ခု တိုက်ခိုက်နေကြသည်။ မဟာလမ်းစဥ် စွမ်းအားများ ထိပ်တိုက်တွေ့မှုက သူတို့၏ အကြား လေဟာနယ်တွင် ဖြစ်ပေါ်လာ၏။
ဘန်း...
လွှမ်းမိုးနိုင်စော ရန်ဟောင်စွမ်းအားက ကောင်းကင်မှ ဆင်းသက်လာကာ သတ္တမဝရိန် ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ သတ္တမဝရိန် ၏ နတ်ဝင်ရိုးရောင်ဝါက ရန်ဟောင်စွမ်းအားဖြင့် ဖိနှိပ်ခံလိုက်ရလေသည်။ သတ္တမဝရိန်၏ သတ်ဖြတ်ခြင်းစွမ်းအားက အားကောင်းကာ အဆုံးမဲ့ သတ်ဖြတ်ခြင်းရောင်ဝါတို့ ပိုင်ဆိုင်ထားသော်လည်း ထိုရန်ဟောင်၏ စွမ်းအားရောင်ဝါကို တန်ပြန်နိုင်ခြင်း မရှိပေ။
“ဒီမှာ နတ်ဝင်ရိုး အမျိုးအစားနှစ်ခုပဲ ရှိတယ်။ ပြီးပြည့်စုံတာနဲ့ ချို့ယွင်းချက်ရှိတာ။ အဲဒီနှစ်ခုက လောကရဲ့ တစ်စိတ်တစ်ဒေသပဲ။ အဆင့်တူ တန်ခိုးရှင်ကို ထားဦးတော့... မင်းအဆင့်က မြင့်နေရင်တောင် ငါ မင်းကို ဖိနှိပ်ထားနိုင်တယ်။” ရှန်းဟောက်က ရန်ဟောင်စွမ်းအားကို ထုတ်လွှတ်ထားပြီး သတ္တမဝရိန် ကို ဖိနှစ်ထားရင်းမှ အာဏာရှင်ဆန်စွာ ပြောလိုက်သည်။ သတ္တမဝရိန် သည် နာကျင်မှုကြောင့် ညည်းညူလိုက်ပြီး နောက်သို့ ဆုတ်ခွာသွားရသည်။ သူ၏ သတ်ဖြတ်ခြင်းအရှိန်အဝါက အကြွင်းမဲ့ဖိနှိပ်ခံလိုက်ရလေသည်။
ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။
သတ္တမဝရိန် ၏ နတ်ဝင်ရိုးက အကြွင်းမဲ့ဖိနှိပ်ခံထားရပေသည်။ အချို့တန်ခိုးရှင်များက နတ်ဝင်ရိုးများကို အဆင့်လေးဆင့်ပိုင်းခြားထားကြသည်။ သို့သော် ထိပ်သီးပုဂ္ဂိုလ်များ၏ မျက်လုံးထဲ၌ ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးနှင့် ချို့ယွင်းချက်ရှိ နတ်ဝင်ရိုးသာလျှင် ရှိပေသည်။
ရှန်းဟောင်က ချို့ယွင်းချက်မဲ့ နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်သည်။ သူက ဗဟိုအင်ပါယာဘုံ ရှန်းကလန်မျိုးဆက်များကြားတွင် နံပါတ်တစ်ပင် ဖြစ်၏။ သူ ရရှိထားသည့် အတွေ့အကြုံနှင့် အရင်းအမြစ်များမှာ သာမန်တန်ခိုးရှင်တို့ မှန်းဆရဲမည် မဟုတ်ပေ။ သူက ငွေဇွန်းကိုက်ကာ မွေးဖွားလာသူ ဖြစ်သည်။
ရှန်းကလန် မျိုးဆက်များတွင် ရှန်းဟောက်တစ်ယောက်သာလျှင် ချို့ယွင်းချက်မဲ့နတ်ဝင်ရိုးကို ဖွဲ့စည်းထားနိုင်ပေသည်။
ရန်ဟောင်စွမ်းအားများ ပျက်ပြယ်သွားပြီး နှစ်ဖက်လုံးမှ ရောင်ဝါတို့ ပျောက်ကွယ်သွားသည်။ သတ္တမဝရိန် က တိတ်ဆိတ်စွာ ရှိနေခဲ့၏။ သူ ရန်ဟောင်ဖြစ်လာခဲ့ပြီး ပထမဆုံးတိုက်ပွဲတွင် သူက ဖိနှိပ်ခံခဲ့ရသည်။
သူ၏ နေရာက အခြားသူများ၏ လုယူသွားခြင်းကို ခံလိုက်ရပြီ ဖြစ်လေသည်။
***