← Chapters

မင်း ငါ့ဓားတစ်ချက်ကို ခံနိုင်ရည်ရှိလား။

Vol. 017 Ch. 1638

မင်း ငါ့ဓားတစ်ချက်ကို ခံနိုင်ရည်ရှိလား။

Vol. 017 Ch. 1638

ရှန်းယွမ်၏ နှုတ်ခမ်းများက တွန့်သွားပြီး သရော်သည့်အပြုံးတို့ ထွက်ပေါ်လာသည်။ သူက ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်လား။

အတိတ်က ထျန်းဟယ်မဟာအကြီးအကဲသည် ရှန်းကလန်ကို သစ္စာဖောက်ခဲ့ပြီး သူ၏ တပည့် သုံးထောင် သေပွဲဝင်ခဲ့ရသည်။ ယခု ထျန်းဟယ်မဟာအကြီးအကဲသည် နေဝင်ချိန်သို့ ရောက်နေသော်လည်း ဆက်ခံသူ ရှာခဲ့သေး၏။ သူက ကိစ္စရပ်များကို ပြောင်းလဲနိုင်မည်ဟု ထင်နေသလား။

ရှန်းယွမ်သည် မဟာလမ်းစဥ် ရှေးဟောင်းလမ်းဆီသို့ သွားလိုက်သည်။ သိသာစွာပင် သူက ရီဖူရှင်းကို ရန်ဟောင်ဖိအားအောက်၌ တိုက်ခိုက်ချင်နေခဲ့ခြင်း ဖြစ်သည်။ ကြီးမားသည့် ဖိအာအောက်တွင် ဤတိုက်ပွဲက ရှင်းလင်းစွာ ဖြစ်ပွားလိမ့်မည်။ သူတို့က အချင်းချင်း ရှောင်တိမ်းရန် ခက်ခဲပြီး ထိပ်တိုက်ရင်ဆိုင်ရမည် ဖြစ်သည်။

ရှန်းယွမ်က အလွန် ယုံကြည်ချက်မြင့်မားသည်။ သူသည် ရီဖူရှင်းကို အပြတ်သားဆုံး နည်းလမ်းဖြင့် ချေမှုန်းမည် ဖြစ်သည်။

တူညီစွာပင် ရီဖူရှင်းသည်လည်း ရှေ့သို့ လျှောက်ကာ ရှေးဟောင်းလမ်းသို့ ဝင်သွားခဲ့သည်။ ကောင်းကင်နန်းတော်မှ ဖြာကျနေသည့် စွမ်းအားများသည် သူတို့နှစ်ယောက်ကို လွှမ်းခြုံလာသည်။ သို့သော် သူတို့နှစ်ယောက်လုံးသည် ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်သွားနေကြသည်။

အတိတ်က ဖေးရွှီကို ရှာဖွေရန် အမိန့်ကြောင့် ရှန်းကလန်သည် စစ်ပွဲကြီးတစ်ခု ဖန်တီးခဲ့သည်။ သူတို့သည် ထျန်းဟယ်ဘုံကို ဖျက်ဆီးခဲ့ပြီး ရလဒ်အနေနှင့် မရေတွက်နိုင်သည့် လူများသေဆုံးခဲ့သည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်သုံးထောင်သည်လည်း အသတ်ခံခဲ့ရ၏။ သူ၏ ဆရာသည် ထျန်းဟယ်ဘုံ၌ ငြိမ်းချမ်းစွာ ကျင့်ကြံနေခဲ့ရလျှင် တောက်ပသည့် အနာဂတ်ရှိပေလိမ့်မည်။ သို့သော် အရာအားလုံးက ထိုစစ်ပွဲကြောင့် ပြောင်းလဲသွားခဲ့သည်။

ထိုအဖြစ်ကို အခြေခံပြီး ရှန်းကလန်က မည်မျှ နိုင်လိုမင်းထက် ပြုမူသည်ကို သိနိုင်သည်။ ရှန်းကလန်ကို မနာခံသည့် မည်သူမဆို သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ရှန်း​ဟောက်သည် သူ၏ အကြည့်များကို ရှန်းယွမ်ထံ ပို့လိုက်သည်။ ရှန်းကလန်တွင် ရှန်းယွမ်၏ ပါရမီက သူ့လောက် မဟုတ်သော်လည်း ဂျူနီယာများကြားတွင် အလွန် ထူးချွန်သူ ဖြစ်သည်။ ရှန်းယွမ်သည် ရှန်းဟောက်နှင့်အတူ ကျင့်ကြံရင်း တိုးတက်လာသည်။  သူ၏ စွမ်းရည်က အလွန် အစွမ်းထက်လှသည်။ ယခု ရှန်းဟောက်က ရန်ဟောင်အဆင့်သို့ ရောက်သွားပြီဖြစ်ကာ ရှန်းယွမ်က ဤရုပ်တုများကို ဖြတ်ကျော်နိုင်လျှင် ရှန်းယွမ်၏ အနာဂတ်အတွက် အခွင့်အလမ်းများ ရှိလာပေလိမ့်မည်။

ရီဖူရှင်းအတွက် ရှန်းဟောက်က အများကြီး ဂရုမစိုက်ပေ။ ရှန်းယွမ်သည် မည်သည့် အကျိုးဆက်ကိုမှ မှုစရာမလိုဘဲ ရီဖူရှင်းကို တိုက်ခိုက်နိုင်သည်။

ရှေးဟောင်းလမ်းတွင် ပုံရိပ်နှစ်ခုက ရပ်တန့်လိုက်သည်။ မဟာလမ်းစဥ်၏ စွမ်းအင်ဖိအားအောက်တွင် ထိုပုံရိပ်နှစ်ခုဆီမှ အစွမ်းထက် လမ်းစဥ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ သူတို့က အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

အင်အားစုများမှ တန်ခိုးရှင်များသည် သူတို့၏ အကြည့်များကို ထိုပုံရိပ်နှစ်ခုထံ၌ စူးစိုက်ထားကြသည်။ လူအချို့က ရီဖူရှင်းကို ဂရုဏာသက်ကြသည်။ သူတို့၏ အမြင်အရ ရီဖူရှင်းသည် ဆွဲချခံရမည့် ကံဇာတာ ပါပြီးသား ဖြစ်သည်။ ရှန်းယွမ်က မလုပ်နိုင်လျှင်ပင် အခြားသူများက လုပ်နိုင်ပေသည်။

သို့သော် အချို့လူများကတော့ ထိုသို့မမြင်ကြပေ။

ဗဟိုအင်ပါယာဘုံ ယွမ်ယန်ကလန်မှ ယွမ်ဟုန်သည် ရီဖူရှင်းနှင့် ရှန်းကလန်ကြား၌ ရန်ငြိုးများ ရှိနေသည်ကို သိရှိပေသည်။ သို့သော် သူသည် ရှန်းကလန်၏ တပည့်က ရီဖူရှင်းကို တိုက်ရိုက်လာရှာမည်ဟု ထင်မထားခဲ့ပေ။

ရှန်းယွမ်က ရှန်းဟောက်ကဲ့သို့ မကျော်ကြားသော်လည်း သူသည်လည်း ရှန်းကလန်၏ ပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။ သူ၏ စွမ်းရည်က အလွန် အစွမ်းထက်လှသည်။

သို့သော် ယွမ်ဟုန်သည် ဤတိုက်ပွဲ၌ ရီဖူရှင်းသာ အသာစီးရမည်ဟု တွေးနေခဲ့သည်။

သိုင်းနတ်ဘုရားကလန်မှ ရန်ဟောင်တစ်ပါးဖြစ်သည့် ဝူမုန့်သည်ပင် ရီဖူရှင်းနှင့် ယူချင်းလက်ထဲမှ အသက်ရှင်လျက် ပြေးမလွတ်ခဲ့ပေ။ ထိုတိုက်ပွဲတွင် မည်သူကမှ ရီဖူရှင်း၏ လှံတစ်ချက်အား ခံနိုင်ရည် မရှိခဲ့ကြချေ။

ထိုသို့သော တိုက်ပွဲစွမ်းရည်သည် ရှန့်ထိုအဆင့်တွင် ထိပ်ဆုံးအကန့်အသတ် အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။

ယွမ်ဟုန်သည် ရုတ်တရက် ကို့ယို့ကားယားအမူအရာမျိုး ဖြစ်လာသည်။ သူသည် ဤတိုက်ပွဲ၌ ရီဖူရှင်း နိုင်လိမ့်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။ သို့သော် ဤတိုက်ပွဲ၌ ရီဖူရှင်း၏ လက်ချက်ဖြင့် ရှန်းယွမ် ရှုံးနိမ့်သွားခဲ့ပါလျှင် ရှန်းကလန်မှ လူများ မည်သို့ လုပ်ကြမည်နည်း။

ရှောင်းကလန်မှ ရှောင်းမုယွီသည် တိုက်ပွဲကို သေချာစောင့်​ကြည့်နေခဲ့သည်။ ယခင်က သူမ၏ ကြာပန်းကို ရီဖူရှင်းက လုယက်၍ ရှားရှင်းယွန်အား လက်ဆောင်ပေးခဲ့သည်။ ယခု ရှန်းယွမ်က လှုပ်ရှားလာသည့်အခါ ထိုလူကို ရိုက်နှက်နိုင်လျှင် သူမ၏ မကျေနပ်ချက်များ အတော်လျော့သွားနိုင်သည်။

လူအုပ်ကြီးသည် ကိုယ်စီအတွေးများ ရှိကြ၏။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံမှ လာသည့် ရီဖူရှင်းက နေရာကို ထိန်းသိမ်းထားနိုင်မည်ဟု မယုံကြပေ။ အကယ်၍ သူ မလုပ်နိုင်လျှင် ဗဟိုအင်ပါယာဘုံက လေးနေရာရသွားတော့မည် ဖြစ်၏။

“ဒီတိုက်ပွဲက ဝိညာဥ်လက်နက်သုံးမှာလား။ ကိုယ်ပိုင်စွမ်းအားနဲ့လား။” ရီဖူရှင်းက ရှေ့မှ ရှန်းယွမ်ကို မေးလိုက်သည်။ အစမှပင် သူ၏ အကြည့်များက အလွန် တည်ငြိမ်နေသည်။ သူ၏ အသံသည်လည်း ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။

“မင်း သဘောပဲ။” ရှန်းယွမ်က ရီဖူရှင်းကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ ထိုတိုက်ပွဲသည် မည်သို့ဖြစ်စေ နောက်ဆုံး၌ ရလဒ်အတူတူသာ ဖြစ်ပေလိမ့်မည်။

“ကောင်းပြီ။” ရီဖူရှင်းက ယဥ်ကျေးဟန်ဆောင်မနေတော့ပေ။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဒါဆို ပြင်ပစွမ်းအားကို အားမကိုးဘဲ ကိုယ်ပိုင်စွမ်းအားနဲ့ တိုက်ကြတာပေါ့။”

ရှန်းယွမ်က ရက်စက်မည့်ဟန် ရယ်လိုက်သည်။ ကြည့်ရသည်မှာ ရီဖူရှင်းသည် ရှန်းကလန်မှ ရှန်းယွမ်ကို သိရှိပြီး ရှန်းကလန်မှ ဝိညာဥ်လက်နက်တို့က ပို၍ အစွမ်းထက်မည်ကို သိနေသည့်အတွက် ထိုသို့ ပြောခြင်း ဖြစ်ရပေမည်။

အကယ်၍ ရှန်းယွမ်သာ မကြာသေးခင်က ရီဖူရှင်း ရတနာသိုက်ကြီးတစ်ခုလုံး လုယူလာသည်ကို သိခဲ့လျှင် သူ၏ ဝိညာဥ်လက်နက် စွမ်းအားကို ယုံကြည်နေတော့မည် မဟုတ်ပေ။

ရတနာသိုက်အပြင် ရီဖူရှင်း အသုံးပြုခဲ့သည့် လှံ နတ်လက်နက်သည်ပင် အလွန် အစွမ်းထက်နေပြီး ဖြစ်သည်။

တုန်ခါသံကို ကြားလိုက်ရပြီး တောက်ပသည့် ရွှေရောင်အလင်းတို့က ရှန်းယွမ်အနီးတွင် ပေါ်ပေါက်လာသည်။ မဟာလမ်းစဥ် အာဏာစက်အောက်၌ပင် သူသည် ခိုင်မာစွာ ရပ်နေနိုင်ကာ တောက်ပသည့်အလင်းများက သူ့ခန္ဓာကို လွှမ်းခြုံထားသည်။ ကြောက်မက်ဖွယ် မဟာလမ်းစဥ် စွမ်းအားများက အဆက်မပြတ် ထွက်ပေါ် မြည်ဟီးလာသည်။

သူ၏ နတ်မျက်လုံးတစ်စုံ၏ မျက်ခုံးတန်းကြားမှ နတ်အလင်းတန်းတစ်ခု ထိုးထွက်လာသည်။ ၎င်းသည် ရီဖူရှင်းထံ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။ ထိုခဏတွင် ရီဖူရှင်းသည် သူ၏ နတ်ဝိညာဥ်က ပြိုင်ဘက်၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားပြီဟု ခံစားလိုက်ရသည်။ သူက မျက်လုံးများအတွင်း ပုံရိပ်ယောင်တို့ကို မြင်လိုက်ရသည်။ သူက ရှန်းယွမ်နှင့် ရင်ဆိုင်နေရသည်မဟုတ်ဘဲ နတ်တစ်ပါးနှင့် ရင်ဆိုင်နေရသလိုပင် ဖြစ်၏။

ရီဖူရှင်းသည် ယခင်က ထိုသို့သော စွမ်းအားမျိုးကို ကြုံတွေ့ဖူးခဲ့သည်။ ထိုသည်မှာ ရှန်းကလန်မှ ပိုင်ဆိုင်သည့် ပင်ကိုစွမ်းရည်ပင် ဖြစ်သည်။ အတိတ်က ရှန်းယောင်းဦးဆောင်လာသည့် ရှန်းကလန်သားတို့ ထျန်းဟယ်ဘုံကို ကျူးကျော်လာစဥ်က ရှန်းယောင်းသည် ဤနည်းလမ်းကို ရီဖူရှင်းပေါ်၌ သုံးခဲ့ဖူးသည်။ သူသည် ရီဖူရှင်း၏ မှတ်ဉာဏ်များအတွင်းမှ တစ်စုံတစ်ခုကို သိရှိရရန် ရည်ရွယ်ခဲ့သည်။

ယခု ဤနည်းလမ်းကို ရှန်းယွမ်က အသုံးပြုနေသည်။

ရှန်းကလန်၏ နတ်မျက်လုံးများ။ ဗဟိုအင်ပါယာဘုံ၏ တန်ခိုးရှင်များသည် ရှန်းကလန်၏ နိုင်လိုမင်းထက် ပြုမူမှုကို ကောင်းစွာ သိရှိပေသည်။ နတ်မျက်လုံးတစ်စုံ၏ သက်ရောက်ခံရသော မည်သူမဆို အဆုံးမဲ့ စိတ်ပျက်အားငယ်မှုကြားထဲ ကျရောက်သွားပေလိမ့်မည်။

ဘန်း…

ရှန်းယွမ်သည် မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်ကာ ရှေ့သို့ လှမ်းလာခဲ့သည်။ အဆုံးမဲ့ရွှေရောင်အလင်းတို့က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်နေသည်။ သူ၏ အေးစက်သော အသံက ပဲ့တင်ထပ်လာ၏။ “မင်း ငါ့ရဲ့ အကြည့်တစ်ချက်ကို ခံနိုင်ရည်ရှိမှာလား။”

သူက ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ဖိအားပေးစိုက်ကြည့်နေသည်။ ရီဖူရှင်းသည် သူ့ထံသို့ မရှုံးနိမ့်နိုင်သော နတ်တစ်ပါးလျှောက်လာနေသည်ဟု ခံစားမိပေသည်။

ရီဖူရှင်း၏ မျက်လုံးများက ပြောင်းလဲသွားသည်။ သူ၏ နက်မှောင်သော မျက်လုံးများက အဆုံးမဲ့ အမှောင်ဖုံးလွှမ်းနေသည့် ချောက်နက်တစ်ခုအသွင် ဖြစ်သွားခဲ့သည်။  တဖြည်းဖြည်း ထိုမျက်လုံးများအတွင်း ကြောက်မက်ဖွယ် စိတ်ဝိညာဥ်စွမ်းအားမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပုံရသည်။ မုန်တိုင်းအတွင်းမှ အလင်းသည် မည်သည့်အရာကိုမဆို ဖြတ်သန်းမြင်နိုင်ပုံရလေသည်။ ၎င်းတို့သည် နတ်မျက်လုံးများ၏ စွမ်းအားကို ထိုးဖောက်သွားကာ ရှန်းယွမ်ကို ကြည့်လိုက်သည်။

“မင်း မျက်လုံးတွေက ထူးခြားတယ်လို့ ဘယ်သူပြောလဲ။” ရီဖူရှင်းက ရှေ့သို့ လျှောက်လာရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုအဖြစ်က ရှန်းယွမ်ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေသည်။

ရီဖူရှင်းက အမှန်ပင် သူ့မျက်လုံး၏ သက်ရောက်မှုကို လျစ်လျူရှုနိုင်သည်လား။

သူ၏ မျက်ခုံးတန်းကြားမှ အလင်းတို့က ပို၍ လင်းလက်လာသည်။ ၎င်းသည် ရီဖူရှင်း၏ စိတ်အတွင်း တစ်ဟုန်ထိုး ဆက်လက်တိုးဝင်နေကာ နတ်မျက်လုံးများနှင့် ရီဖူရှင်းကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးစားနေသည်။ သို့သော် ရှန်းယွမ်သည် အဆုံးမဲ့ မုန်တိုင်းကိုသာ မြင်ရပေသည်။

သူသည် ရီဖူရှင်း၏ စိတ်ဝိညာဥ် ကို ခြေရာခံမိခြင်း မရှိပေ။

“ဘာရှာနေတာလဲ။” အလွန်နက်ရှိုင်းသည့် အဆုံးမဲ့ ချောက်နက်မှ မုန်တိုင်းအတွင်း ပုံရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုပုံရိပ်မှာ ရီဖူရှင်းဖြစ်သည်။ သူသည် ရှန်းယွမ်၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

သူတို့နှစ်ယောက်သည် စိတ်စွမ်းအားတို့ဖြင့် အပြန်အလှန် တိုက်ခိုက်နေသည်။

ရှန်းယွမ်၏ စွမ်းအားသည် နတ်တစ်ပါး၏ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး ရီဖူရှင်းထံ ချဥ်းကပ်ကာ ရီဖူရှင်း၏ စိတ်ဝိညာဥ်ကို ဖော်ထုတ်ရန် ရည်ရွယ်နေသည်။ သို့သော် မုန်တိုင်းက ပြန်လည်တိုက်ခိုက်နေသည်။ ယင်းသည် စွမ်းအားဖြင့် ပြုလုပ်ထားသော မရေတွက်နိုင်သည့် ဓားများအဖြစ် ပြောင်းလဲသွားကာ ရှန်းယွမ်ထံ ပြေးဝင်သွားခဲ့သည်။

မုန်တိုင်းသည် ထိုနတ်ပုံရိပ်ယောင်အပါအဝင် အရာအားလုံးကို မျောလွင့်နေစေသည်။ ရီဖူရှင်း၏ မျက်လုံးများမှ ထက်ရှသည့် ဓားစွမ်းအားတို့ ထိုးထွက်လာ၏။ ၎င်းသည် ရှန်းယွမ်၏ နတ်မျက်လုံးများကို ထိုးဖောက်သွားသည်။

ရှန်းယွမ်၏ မျက်ခုံးတန်းကြားတွင် ကြောက်မက်ဖွယ် ဒဏ်ရာတစ်ခု ပေါ်ပေါက်လာသည်။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး သူ၏ မျက်ခုံးကြားမှ အလင်းတို့ ပျောက်ကွယ်သွားကာ နတ်မျက်လုံးက ပြန်လည် ပိတ်သွားခဲ့သည်။

“မင်း လုပ်နိုင်တာ ဒါအကုန်ပဲလား။” ရီဖူရှင်းက ရှန်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

ရှန်းယွမ်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထိုစကားလုံးအနည်းငယ်က သူ့ကို သရော်နေသလို ထင်ရသည်။

'သူလုပ်နိုင်တာ ဒါအကုန်ပဲလား။'

ရှန်းယွမ်၏ နောက်မှ ကြောက်မက်ဖွယ် နတ်မျက်လုံးတစ်စုံ ထွက်ပေါ်လာသည်။ ရှန်းယွမ်၏ မျက်လုံးများကလည်း ရောင်စဥ်များဖြင့် တောက်ပနေသည်။ သူ၏ မျက်လုံးအကြည့်များအောက်တွင် ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားများ အားလုံးသည် အကောင်အထည်ပေါ်လာခဲ့သည်။

ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ရှန်းယွမ်၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတို့နှင့် လောင်ကျွမ်းလာခြင်း ဖြစ်သည်။ မီးလျှံနတ်ဘုရားသည် ကြည့်နေသူတို့၏ မျက်လုံးများကို နာကျင်စေပြီး သူတို့၏ စိတ်ဝိညာဥ်များကိုပင် ဒဏ်ရာရသွားစေသည်။

ရုတ်တရက် မရေတွက်နိုင်သော အလင်းတန်းများ သူ့ခန္ဓာမှ ထွက်ပေါ်လာပြီး ရီဖူရှင်းထံ တိုးဝင်သွားသည်။ ထိုနတ်အလင်းများသည် လူအများကို အန္တရာယ်အသိ ခံစားရစေသည်။ ထိုသည်မှာ နတ်တစ်ပါးက ရောင်ဝါများ ထုတ်လွှတိနေသကဲ့သို့ ဖြစ်သည်။ အလင်းသည် တစ်စုံတစ်ယောက်၏ ခန္ဓာကို ထိုးဖောက်သွားနိုင်ပြီး စိတ်ဝိညာဥ်ကို ခြိမ်းခြောက်နိုင်သည်။

ရီဖူရှင်းထံမှ နတ်အလင်းတို့ တောက်ပလာသည်။ မှုန်ဝါးဝါး နတ်ဝိညာဥ်က သူ့နောက်မှ ပေါ်ပေါက်လာသည်။  သူ့ပြိုင်ဘက်သည် လူတစ်ယောက်၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်နိုင်သည်။ သို့သော် ရီဖူရှင်းသည်လည်း ထိုသို့ တူညီသည့် စွမ်းရည်ကို ကျွမ်းကျင်ပေသည်။ ထိုသည်မှာ ကောင်းကင်နတ်တံခါးဂိုဏ်းမှ ထူးခြားလမ်းစဥ်ဖြစ်သော နတ်ဝိညာဥ်ဆွဲဆောင်ခြင်းပင် ​ဖြစ်တော့၏။

ရုတ်ချည်းပင် မရေတွက်နိုင်သည့် ဓားစွမ်းအားများက သူ့အနီး၌ ပေါ်ပေါက်လာ၏။ နတ်ဝိညာဥ်ဆွဲဆောင်ခြင်းသည် ဓားစွမ်းအားများနှင့် ပေါင်းစပ်သွားပြီး နတ်အလင်းတို့နှင့် ထိပ်တိုက်တွေ့ဆုံသည်။

အဆုံးမဲ့တောက်ပသော နတ်အလင်းတို့က ထိုးဆင်းသွားသည်။  သူတို့သည် ရီဖူရှင်း၏ ဓားစွမ်းအားများကြောင့် အဆက်မပြတ် ဖိနှိပ်ခံနေကြရသည်။

ရှန်းယွမ် က ရီဖူရှင်းကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များက အလွန် ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ၏ ခန္ဓာကိုယ်က ထုတ်လွှတ်နေသည့် နတ်ရောင်ဝါများက လမ်းစဥ်စွမ်းအား အားလုံးကို တန်ပြန်နိုင်သည်။

အလွန် လွှမ်းမိုးနိုင်လှသည်။ တိုက်ပွဲကို ကြည့်ရှုနေသူများသည် စိတ်ထဲမှ မှတ်ချက်ချနေကြသည်။ ဤနတ်အလင်းများက အခြားလမ်းစဥ်စွမ်းအားများကို ဖိနှိပ်နိုင်ပုံရသည်။

နတ်အလင်းတို့သည် ရီဖူရှင်း၏ ခန္ဓာကိုယ်ထဲ မရပ်မနား ကျူးကျော်ဝင်ရောက်လာသည်။ ရီဖူရှင်းသည် သူ့ပြိုင်ဘက်ကို ကြည့်လိုက်သည်။ ဗဟိုအင်ပါယာဘုံ၏ အထွတ်အထိပ်၌ ရပ်တည်နိုင်သည့် ရှန်းကလန်က မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ သူတို့တွင် ထူးခြားသာလွန်သည့် အရည်အချင်းများ ရှိကြပြီး ကြပ်မတ်သည့် သင်ကြားမှုများ ရရှိခဲ့သည်။

ဤတိုက်ပွဲသည် ရီဖူရှင်းအတွက် အထူးအဓိပ္ပါယ်ရှိပေသည်။

ထို့​ကြောင့် ရှန်းယွမ်က မည်မျှ အစွမ်းထက်သည်ဖြစ်စေ နောက်ဆုံး ရလဒ်က အတူတူပင် ဖြစ်သည်။

တောက်ပသည့် အလင်းတို့က ထွန်းလင်းနေသည်။ ရှေးဟောင်းစာလုံးများက ရီဖူရှင်း၏ ခန္ဓာကိုယ်အနီး မျောလွင့်လာသည်။ ယင်းသည် ပညာရှိကျမ်း၏ စွမ်းအား ဖြစ်သည်။ ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်က မဟာလမ်းစဥ် မီးပြင်းဖိုတစ်ခုကဲ့သို့ ဖြစ်သွားခဲ့သည်။

ရှေးဟောင်းစာလုံးများဖြစ်သည့် ချန်၊ ခွင်း၊ လီ၊ ခန် တို့က လေထဲတွင် မျောလွင့်နေကာ မဟာလမ်းစဥ် ရောင်ဝါတို့ ဖြစ်တည်လာပြီး သူ့ခန္ဓာကိုယ်ထဲ ကျူးကျော်နေသည့် ရွှေရောင်စွမ်းအားများက တားဆီးခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်အတွင်းတွင် ကမ္ဘာ့သစ်ပင်၏ ဝိညာဥ်က ယိမ်းနွဲ့နေသည်။ ၎င်းသည် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းနှင့် ပေါင်းစပ်သွားပြီး ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်အတွင်းမှ မြင့်မြတ်သည့် စွမ်းအားတို့က အဆက်မပြတ်ထွက်ပေါ်လာသည်။ သူ့သွေးကြောများ၊ အရိုးအဆစ်များ၊ ကလီစာများအတွင်း ပြင်းထန်စွာ လှည့်ပတ်နေကြသည်။  သူက မာန်သွင်းလိုက်ပြီး မဟာလမ်းစဥ် မီးပြင်းဖိုအတွင်း ဝင်ရောက်သွားတော့သည်။

ထိုနေရာရှိ မဟာလမ်းစဥ် စွမ်းအားများက တုန်ခါနေသည်။ ၎င်းတို့က ရီဖူရှင်း၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မဟာလမ်းစဥ် မီးပြင်းဖို၏ အစိတ်အပိုင်း ဖြစ်လာပုံရသည်။

ရှေးဟောင်းစာလုံးများင ကောင်းကင်နှင့် မြေကြီးတွင် လှည့်ပတ်နေပြီး ရုတ်တ်တရက် ဓားများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှ အံ့အားသင့်ဖွယ် ဓားစွမ်းအားတို့ ထုတ်လွှတ်နေသည်။ မရေတွက်နိုင်သည့် ဓားချီများက ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာပြီး ရှန်းယွမ်၏ နတ်ရောင်ဝါတို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဝုန်း...

ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ပြောင်းလဲလာသည့် နတ်မီးပြင်းဖိုသည် အော်မြည်ကာ လှည့်ပတ်နေသည်။ ရှေးဟောင်းစာလုံးများ၏ အလင်းအောက်တွင် အရာအားလုံး၏ မဟာလမ်းစဥ် မီးပြင်းဖိုအဖြစ် ဖြစ်ပေါ်လာသည်။ မရေတွက်နိုင်သည့် နတ်ဓားတို့က အော်မြည်နေကာ နေရာတစ်ခုလုံးကို ဖျက်ဆီးခြင်း ဓားမုန်တိုင်း ဖြစ်ပေါ်လာစေသည်။ နတ်ဓားများက လေဟာနယ်ကို ဖျက်ဆီးပစ်လိုက်သည်။ ရှန်းယွမ်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်မှ ရောင်ဝါတို့က ပို၍ပင် တောက်ပလာကာ ရွှေရောင်နတ်အလင်းလွှာတံတိုင်းများအဖြစ် တစ်ထပ်ပြီးတစ်ထပ် ပြောင်းလဲသွားသည်။ နတ်တံတိုင်းများသည် အားလုံးသော တိုက်ခိုက်မှုတို့ကို ပိတ်ဆို့ထား၏။

ဓားတစ်လက်သည် ရီဖူရှင်း၏ ခန္ဓာကိုယ်မှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ထိုသည်မှာ မဟာလမ်းစဥ် မီးပြင်းဖို၏ လမ်းစဥ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ဓားဖြစ်လေသည်။ မရေတွက်နိုင်သည့် နတ်ဓားများက ရစ်ဝဲနေပြီး လေဟာနယ်အတွင်း တေးသွားသံစဥ်တို့ ထွက်ပေါ်လာသည်။

“မင်း ငါ့ ဓားတစ်ချက်ကို ခံနိုင်ရည်ရှိလား။”

ရီဖူရှင်းက ရှန်းယွမ်ကို ကြည့်လိုက်သည်။ သူက ထိုသို့ပြောပြီးနောက် သူ၏ ဓားက ထိုးထွက်သွားခဲ့သည်။

မဟာလမ်းစဥ်နတ်သံစဥ်က ဓားနှင့်အတူ လိုက်ပါသွားသည်။ ထိုအနီးမှ မရေတွက်နိုင်သည့် နတ်ဓားများကလည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားသည်။ ခဏချင်းအတွင်း ဓားများက ရှေ့သို့ တိုးဝင်သွားပြီး နတ်ဓားအတွင်း ပေါင်းစပ်သွား၏။ ယခု တိုက်ပွဲအတွင်း ဓားတစ်လက်သာလျှင်  ကျန်ရှိတော့သည်။

ရှန်းယွမ်၏ အမူအရာက ပျက်ယွင်းသွားသည်။အလွန် များပြားသော ရွှေရောင်နတ်တံတိုင်းများက သူ့ရှေ့တွင် ပေါ်ပေါက်လာသည်။ ဓားများက သူ့ကို ဖြတ်သန်းလာသည့်အခါ နတ်တံတိုင်းများက တစ်ခုချင်း တစ်ချင်း ပျက်စီးသွားလေတော့သည်။

ဘန်း...

ပြင်းထန်သည့် တုန်ခါသံ ထွက်ပေါ်လာသည်။ ရှန်းယွမ်သည် ဝိညာဥ်လက်နက်ကို ကပျာကယာထုတ်ယူရင်း တိုက်ခိုက်မှုကို တားဆီးလိုက်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်က အပြင်ဘက်သို့ လွင့်ထွက်သွားခဲ့သည်။ တစ်ချိန်တည်းတွင် လေဟာနယ်မဟာလမ်းစဥ် ဖိအားများက သူ့ထံသို့ ကျဆင်းရောက်ရှိလာသည်။ သူက ညည်းညူလိုက်ရပြီး ခန္ဓာကိုယ်က ပစ်စလတ်ခတ် ပြုတ်ကျကာ မြေပေါ်သို့ ဒူးထောက်ကျသွားခဲ့သည်။ သူ၏ အသွင်အပြင်က ဖြူဖျော့နေ၏။

***

All Chapters