အခန်း (၇၅)
Vol. 5 Ch. 75
ချန်ထန်းက ထိုအရာကိုကြည့်ပြီး
“အားလုံးသွားကြတော့”
ချက်ချင်းပဲ လူအုပ်ကြီးက ပွဲစျေးထဲတိုးသလို တိုးတက်ပြီး သလင်းကျောက်ပုံတွေဆီ ပြေးသွားကြတယ်။ ချန်ရှင်းလည်း သွားမယ်ပြင်တော့ ပိုင်လင်းက ချက်ချင်းဖမ်းဆွဲထားလိုက်ပြီး
“ခဏစောင့် ပတ်ဝန်းကျင်ကထူးဆန်းနေတယ်”
ချန်ရှင်းလည်း တွန့်ဆုတ်စွာနဲ့ ရပ်တန့်ပြီး အခြေနေကို စောင့်ကြည့်နေတယ်။ ပိုင်လင်းတို့ အဖွဲ့ကလွဲပြီး အကုန်လုံးက သလင်းကျောက် တွေကိုကောက်ယူနေကြပါပြီ။
“ဟားးး ချမ်းသာပြီကွ”
“ဒါတွေနဲ့ဆို သိုင်းသခင်အဆင့်ထိ တက်နိုင်ပြီ”
အကုန်လုံးက ဝမ်းသာအားရအော်ဟစ်နေပြီး နီးစပ်ရာကျောက်ပုံဆီက သလင်ကျောက်တွေ ကိုအဆတ်မပြတ်ကောက်ယူနေချိန်မှာပဲ လေထုက သွေးနံ့တချို့ ပေါ်ထွက်လာတယ်။ ထိုအရာကို ပိုင်လင်းတို့ကလွဲပြီး သတိမထားမိကြဘူး။ ပိုင်လင်းလည်း မျက်မှောက်ကြုတ်လိုက်ပြီး ချီယောင့်ကိုမေးတယ်။
“တခုခုထူးဆန်းတာ ခံစားမိလား”
“အင်း.. မကောင်းတဲ့အငွေ့အသက်ပဲ”
ပိုင်လင်းနည်းတူ ချန်ရှင်းတို့လည်း ခံစားမိတာ ကြောင့် အနည်းငယ်ထိတ်လန့်သွားတယ်။
“အစ်ကိုပိုင် ဘာလို့သွေးနံ့တွေ ထွက်နေတာလဲ”
ပိုင်လင်းတယောက် ပြန်ဖြေဖို့ပြင်နေစဥ်မှာပဲ သွေးနံ့ကပိုပြင်းထန်လာပြီး လူအုပ်ကြီးကို ဖျော့တော့တဲ့ သွေးမြူတွေက ဖုံးလွှမ်းသွားတယ်။ ခန်းမကျယ်တခုလုံး အနီရောင်မြူတွေ ဖုံးလွှမ်းသွားပြီး ခဏအကြာ
အား…
“ဟေ့ကောင်မင်းနဲ့ငါ တဖွဲ့တည်းလေ ဘာလို့ငါ့ကို တိုက်ခိုက်တာလဲ”
“သေစမ်း အယုတ်တမာကောင်”
“ဟားးး ငါမင်းကိုသတ်မယ်ကွ”
အဆင့်နိမ့်ကျင့်ကြံသူတွေအပေါ် သွေးမြူက အလုပ်ဖြစ်တဲ့ပုံရှိပြီး ချက်ချင်းပဲ အော်ဟစ်တိုက်ခိုက်နေသံကို ကြားလိုက်ရတယ် ထိုအချိန် ချန်ထန်တယောက် မျက်စိမျက်နှာ ပျက်သွားရပြီး
“မကောင်းတော့ဘူး နောက်ပြန်ဆုတ်ကြ”
ချက်ချင်းပဲ လင်းချင်ကျူနဲ့ ချန်ဟယ်ကိုခေါ်ပြီ ပိုင်လင်းရှိရာကို ပြန်ဆုတ်လာတယ်။ ဒါပေမဲ့ နောက်ကျသွားပြီ မြူတွေကပိုထူထပ်လာခဲ့ပြီး တဖြေးဖြေး အဆင့်နိမ့်ကျင့်ကြံသူတွေသာမက အဆင့်၃ တွေတောင် တောင့်မခံနိုင်တော့ပါဘူး
ပိုင်လင်းက အသက်ရှုလေ့ကျင့်ခန်းကို ထိန်းညှိ ထားလိုက်ပြီး မြူအတွင်းကအခြေနေကို လှမ်းကြည့်လိုက်တော့ ကြောက်စရာကောင်းတဲ့ သွေးသံရဲရဲ သတ်ဖြတ်နေတဲ့ မြင်ကွင်းကိုမြင်လိုက်ရတယ်။.
“မကောင်းတော့ဘူး ပြန်ထွက်တော့”
ပိုင်လင်းလည်း ကျယ်လောင်စွာအော်ဟစ်ပြီး သတိပေးချိန်မှာပဲ ချန်ထန်းဆွဲခေါ်လာတဲ့ ချန်ဟယ်နဲ့ လင်းချင်းကျူကို တဖွဲ့တည်းသား ကျင့်ကြံသူတွေက စတင်တိုက်ခိုက်လာတယ်။
“ဟဲဟဲ အလှလေးနှစ်ယောက် ဘယ်သွားဖို့လဲ”
“လာပါဦး အစ်ကိုကြီးတွေဆီလာပါ”
မြူတွေက စိတ်ဆန္ဒတွေကို ဖွင့်ထုတ်ပေးပြီး မတူညီတဲ့နည်းလမ်းနဲ့ ထိန်းချုပ်လိုက်ပုံရတယ်။ ချန်ထန်းလည်း တိုက်ခိုက်လာသူတွေကို ခုခံပြီး ပိုင်လင်းတို့ရှိရာ နေရာကိုတဖြေးဖြေး ဆုတ်ခွာ လာတယ်။ တဖက်မှာတော့ ခေါင်းဆောင်တွေက သူတို့ရဲ့ပါရမီရှင်လူငယ် သခင်လေးတွေကို ခေါ်ပြီး လမ်းကြောင်းတိုင်း နောက်ပြန်ဆုတ်နေကြတယ်။
ထိုအချိန်မှာပဲ ကျယ်လောင်တဲ့အသံကြီးတခု ထွက်ပေါ်လာပြီး လမ်းကြောင်းတလျှောက် နံရံတွေက ပြိုကျလာတော့တယ်။
ချီးပဲ ဒါမှတကယ်ချောင်မိတာပဲ။ ပိုင်လင်းတို့ အနေနဲ့ ခန်းမထဲဝင်ဖို့ကလွဲပြီး အခြားမရှိပါဘူး။
………………………………………………..
စာစဥ်၅ ပြီး၏။