← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

ပိုင်လင်းတို့က ချန်မြို့တော်ဆီသွားရာလမ်းပေါ် ရောက်နေခဲ့တယ်။ လမ်းတလျှောက် စကားပြောဆွေးနွေးခဲ့ကြပြီး ယန်ရှုက သဘာဝဖြစ်စဥ်နဲ့ပက်သက်ပြီး ဒါကရွှေခတ်ကို အစပြုခြင်းလို့ဆိုတယ်။

“ ရွှေခေတ်ဟုတ်လား”

“ဟုတ်တယ်ကောင်လေး နှစ်၅၀၀၀မှာ တကြိမ် ပေါ်လာတတ်တဲ့ ခေတ်တခုပေါ့ ရွှေခေတ်က ပါရမီရှင်တွေကို မွေးထုတ်ပြီး ဒီလောကကိုဆေးကြောတဲ့ ကပ်ဘေးတခုလို့ ပြောရင်မမှားဘူး”

ယန်ရှုက ရှင်းပြတယ်။ ချန်ဟယ်ကလည်း

“မှတ်တမ်းတွေအရဆို ရွှေခေတ်အစပြုတာက နှစ်တရာကြာမြင့်ပြီး သဘာဝဖြစ်စဥ်တွေ ပြီးတော့ အမွေအနှစ်နေရာတွေလည်း ဆက်တိုက်ပေါ်လာတတ်သေးတယ်”

သူမစကားကို ယန်ရှုကထောက်ခံဟန်နဲ့ ခေါင်းညိတ်တယ်။ ဘေးမှာရှိနေတဲ့ မော့ပေက

“ဒါဆို ကျောက်တွင်းကိစ္စက ရွှေခေတ်အစပြု တာလို့ဆိုနိုင်လား”

မော့ပေရဲ့အမေးကို ယန်ရှုက

“မှတ်တမ်းအရဆို ဖြစ်နိုင်ချေများတယ် နောက်ထပ်အမွေအနှစ်နေရာတွေ ပေါ်လာရင်တော့ သေချာသလောက် ရှိသွားတာ ပဲပေါ့”

ပိုင်လင်းက တိတ်ဆိတ်နေပြီး သူ့အနေနဲ့မထင် မှတ်ထားစွာ ကူးပြောင်းလာတာက ရွှေခေတ်နဲ့ တိုက်ဆိုင်သွားပြီး ကပ်ဘေးတခုနဲ့ ကြုံမယ်လို့ မထင်ထားမိခဲ့ဘူး။

“ဒါကြောင့် မင်းတို့တွေ လုံလောက်အောင်သန် မာမှုရှိမှ ဒီကပ်ဘေးကနေ ရှင်သန်နိုင်လိမ့်မယ် မဟုတ်ရင်တော့”

ယန်ရှုက စိတ်မသက်သာစွာနဲ့ ဦးခေါင်းကိုယမ်း လိုက်ရင်း ဆိုတယ်။ သူတို့ခေတ်တုန်းက ပါရမီရှင်ရှားပါးပြီး ကျင့်ကြံရတာလည်း ခက်ခဲ ခဲ့တယ်မဟုတ်လား။ နောက်လူငယ်တွေက ရှေ့လူတွေကို ကျော်ဖြတ်သွားတာကို မြင်ရတာက ကျေနပ်စရာကောင်းပေမယ့် ဒါကကပ်ဘေးတခု ဖြစ်နေခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။

စီချွမ်ကနေ ချန်မြို့တော်ဆီ အသွားခရီးက တပတ်တိတိ ကြာမြင့်မှာပါ။ လမ်းမှာလည်း တောအုပ်အနည်းငယ်ကို ဖြတ်သန်းရဖို့ရှိပြီး အစောင့်တွေနဲ့ ကုန်စည်လှည်းအချို့ကို စီချွမ်ကနေ ပြန်လွှတ်လိုက်တဲ့အတွက် သူတို့ပဲ ကျန်နေတော့တယ်။

“ရေှ့တောအုပ်က နှစ်တထောင်တောအုပ်ပဲ အရင်က နှစ်တထောင်ဘိုးဘေးက ကျင့်ကြံတဲ့ နေရာလို့ ဆိုကြတယ် နောက်ပိုင်း ချန်ဘုရင်တန် ခိုးထွားလာတော့ နှစ်တထောင်ဘိုးဘေးလည်း တောအုပ်ကနေ ထွက်သွားပြီး ဘာ်ဒေသကို ရောက်သွားလဲမသိတော့ဘူး”

ချန်ဟယ်က ပြောတယ်။

“ချန်ဘုရင် တန်ခိုးထွားတာနဲ့ နှစ်တထောင်ဘိုးဘေး ထွက်သွားတာက ဘယ်လိုဆက်စပ်နေတာလဲ”

ပိုင်လင်းက ထိုအခြေနေကို တွက်ဆဖို့ခက်ခဲတဲ့ အတွက်သိလိုဟန်နဲ့ မေးလိုက်တယ်။

“ဘုရင်တပါးရဲ့စိတ်ကို ငါတို့မသိနိုင်ဘူး ဘုရင်ဆိုတာက သူတို့အာဏာတည်မြဲဖို့ အရာအားလုံးကို ထိန်းချုပ်ချင်ကြတာလေ နှစ်တထောင်ဘိုးဘေးက တကိုယ်တော်ထိပ်တန်း ကျင့်ကြံသူတဦးပဲ သူ့ခေတ်ကဆို သိုင်းဘုရင်ထိရောက်ခဲ့တဲ့ ထူးချွန်တဲ့ကျင့်ကြံသူတွေထဲက ထိပ်တန်းထူးချွန်သူလို့ ဆိုရမှာပေါ့”

ယန်ရှုက နှစ်တထောင်ဘိုးဘေးအကြောင်း ရှင်းပြတယ်။ နှစ်တထောင်အတွင်း သိုင်းဘုရင် အဆင့်ရောက်ခဲ့တာက ပါရမီရှင်တဲ့လား။ ပိုင်လင်းတယောက် တုန်လှုပ်သွားတယ်။ ဒါက ရှေးခေတ်တုန်းက ကျင့်ကြံဖို့ဘယ်လောက်ထိ ခက်ခဲမှန်း သူသိလိုက်ရတာပဲ။

ရက်အနည်းငယ်ကြာတော့ တောအုပ်တခုထဲ ရောက်လာကြတယ်။ ဒါက ယန်ရှုပြောတဲ့ နှစ်တထောင်တောအုပ် ဖြစ်တယ်။ ယန်ရှုက

“တောအုပ်ထဲမှာတော့ တောကောင်အန္တရာယ် အချို့ရှိနိုင်တယ် ဂရုစိုက်ကြ”

အကုန်လုံးက တောအုပ်ကိုအလေးအနက်ထား ဖြတ်သန်းနေစဥ်မှာပဲ ကျယ်လောင်တဲ့မြည်သံ ကြီးတခုထွက်ပေါ်လာတယ်။ ပြီးနောက် ထိုမြည်သံက မိနစ်အနည်းငယ်ကြာတဲ့ထိ တုန်လှုပ်စရာကောင်းအောင် မြည်ဟည်းနေခဲ့ တယ်။

“ဘာဖြစ်တာလဲ သဘာဝဖြစ်စဥ်ပဲလား”

ယန်ရှုက ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်း စိတ်ထဲမှာလည်း လေးလံနေတယ်။ ဒီကိစ္စသာ သဘာဝဖြစ်စဥ်ဆိုရင် သူထင်ထားတာထက်ပို ရှုပ်ထွေးတော့မှာပါ။

မကြာခင်မှာ ​အခြားကျင့်ကြံသူတွေ ရောက်လာ နိုင်ပြီး သဘာဝဖြစ်စဥ်ကြောင့် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လေ။

“ငါတို့ ရှေ့နားဆက်သွားပြီး ဖြစ်စဥ်ဘယ်နားမှာ ဖြစ်သွားလဲ ကြည့်ရအောင် သတိတော့ထားကြ မကြာခင်ဒီတောအုပ်ထဲ လူတွေများလာတော့မယ်”

ယန်ရှူထင်တဲ့အတိုင်းပါပဲ။ နှစ်တထောင်တောအုပ်အတွင်း မြည်သီးသံက အနီးနားမှာရှိတဲ့ ချန်မြို့တော်ကြီးကို လှုပ်ခါသွာ စေခဲ့တယ်။

လင်းအိမ်တော်အတွင်းမှာတော့ လင်းမိသားစု ခေါင်းဆောင်က အားလုံးကိုဆင့်ခေါ်လိုက်တယ်

“အဖေ ဒါသဘာဝဖြစ်စဥ်လား”

လင်းပင်ချန်က ဖခင်ဖြစ်သူ လင်းမိသားစုခေါင်းဆောင်ကို မေးလိုက်တယ်။ လင်းမိသားစုခေါင်းဆောင်က ခေါင်းညိတ်ပြ လိုက်ပြီး

“ဟုတ်တယ် ငါ့ရဲ့တွက်ချက်မှုအရ ဒါက အမွေအနှစ် တခုထွက်ပေါ်လာတဲ့ သဘောပဲ မင်းတို့အခုချက်ချင်း နှစ်တထောင်တောအုပ်ကို သွားဖို့ပြင်ဆင်ကြတော့”

လင်းပင်ချန်က ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြ လိုက်ပြီး ချက်ချင်းပဲ ခန်းမထဲက ထွက်ခွာသွား တော့တယ်။ လင်းအိမ်တော်တခုလုံးလည်း သက်ဝင်လှုပ်ရှားနေပြီး ဒီအမွေအနှစ်အတွက် ပထမဆုံးလှုပ်ရှားတဲ့ အင်အားစုတခု ဖြစ်လာခဲ့တယ်။

တခြားတဖက်မှာတော့ ဟုန်မိသားစု ယွမ်မိသားစုနဲ့ ချန်မြို့တော်တော်ဝင်မိသားစု အသီးသီးက သတင်းရလိုက်ပြီး ဆက်တိုက် လှုပ်ရှားလာကြတယ်။ သူတို့က သိုင်းသခင်အ ဆင့်ပညာရှင်တွေကို စေလွှတ်ပြီး ချက်ချင်းပဲ လှုပ်ရှားစေတယ်။

“ငါ့သား ဒီတခေါက်အမွေအနှစ်ကိစ္စက မရိုးရှင်းနိုင်ဘူး မင်းအနေနဲ့ သတိထားရမယ်”

ယွမ်လင်းက သူ့သား ယွမ်ရှီကို သတိပေးတယ်။ ယွမ်မိသားစုကလည်း ဒီအမွေနှစ်ကိုရယူလိုပြီး တွက်ချက်မှုအရ အမွေအနှစ်က သိုင်းဘုရင်အ ဆင့်ထိ အထောက်ကူပြုနိုင်တာကို တွေ့တဲ့အ တွက် သူတို့အတွက် အလွန်အကျိုးရှိနေတယ်။

“စိတ်ချပါ ဒီတကြိမ်ကျတော့်ရဲ့ပထမဆုံး လှုပ်ရှားမှုပဲ အလေးအနက်ထားလိုက်ပါ့မယ်”

ယွမ်ရှိရဲ့စကားကိုကြားတော့ ယွမ်လင်းက ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်ပြီး

“မင့်ညီမ ယွမ်ချင်းကိုလည်း ခေါ်သွား ဒါကသူ့အတွက် အတွေ့အကြုံကောင်းတခုပဲ”

ယွမ်လင်းရဲ့စကားကိုကြားတော့ ယွမ်ရှီက မျက်မှောင်ကြုတ်လိုက်ပြီး ပြန်တုန့်ပြန်တယ်။

“အဖေ ညီမလေးကအခုမှ အဆင့်၃ပဲ ရှိသေးတယ် သူ့အတွက်အန္တရာယ် မများဘူးလား”

ယွမ်ရှီရဲ့ စကားကိုကြားတော့ ယွမ်လင်းက

“အန္တရာယ်ဟုတ်လား ကျင့်ကြံရေးလမ်းစဥ်က ဘယ်တုန်းကများ အန္တရာယ်ကင်းဖူးလို့လဲ အန္တရာယ်ကိုကြောက်နေရင် တိုးတက်မှာမဟုတ် ဘူးဆိုတာ မင်းအသိပဲလေ”

“ကျတော်သိပါတယ် ဒါပေမဲ့ညီမလေးက.”

ယွမ်လင်းတယောက် သက်ပြင့းချလိုက်ပြီး

“မင်းစိတ်မပူနဲ့ မင်းညီမအတွက်ကော မင်းအတွက်ပါ ငါ့မှာအစီစဥ်ရှိတယ် စိတ်ဖြောင့် ဖြောင့်နဲ့သွားကြ”

ယွမ်လင်းဆီက စကားကြားတော့ ငြင်းပယ်လို့ မရမှန်းသိတဲ့အတွက် ခေါင်းငုံ့အရိုသေပေးပြီး ထွက်သွားတော့တယ်။ တဖက်မှာ လင်းနဲ့ဟုန် မိသားစုတွေ လှုပ်ရှားတော့မှာဖြစ်လို့ သူ့အနေနဲ့ နောက်ကျလို့မဖြစ်ဘူးလေ။

“တကယ်လား ညီမလေးပါ လိုက်ရမှာလား”

အခန်းတခုထဲမှာတော့ ယွမ်ချင်းကသူမအစ်ကို ဖြစ်သူရဲ့လက်မောင်းကို ဆွဲဖက်ထားပြီး မေးနေတယ်။ ယွမ်ရှီရဲ့မျက်နှာ ရှုံ့မဲ့သွားပြီး

“အဖေကိုယ်တိုင်ပြောလိုက်တာ ဒါပေမယ့် တခု တော့မှာထားမယ် ညီမလေးအနေနဲ့ ကိုကြီးရဲ့ စကားကိုသေချာပေါက် နားထောင်ရလိမ့်မယ် မဟုတ်ရင်တော့ ဟင်းဟင်း”

“ညီမလေးသိပါတယ် ကိုကြီးရဲ့ နေ့တိုင်းအိမ်တော်ထဲမှာ လေ့ကျင့်နေရတာ ဘယ်လောက်တောင်ပျင်းဖို့ကောင်းလဲ အခုညီမအတွက် ပထမဆုံးအခွင့်အရေးပဲလေ ကိုကြီးစကားကို နားထောင်ပါ့မယ်လို့ ကတိပေး ပါတယ်ရှင့်”

ယွမ်ရှီက ညီမဖြစ်သူကိုကြည့်ပြီး သက်ပြင်းချ လိုက်မိတယ်။ ဒီ၁၅နှစ်အရွယ် ကလေးမလေးကို ယွမ်အိမ်တော်တခုလုံး သည်းသည်းလှုပ်နေခဲ့ကြပြီး သူကိုယ်တိုင်လဲ မျက်စိအောက်က အပျောက်မခံနိုင် ဖြစ်နေခဲ့ရ တာပဲလေ။

ထိုအတွက် အမွေအနှစ်လို အန္တရာယ်များတဲ့ ကိစ္စတွေမှာ မပါဝင်စေချင်ပေမယ့် တဖက်မှာလဲ သူမကိုခုလိုဆက်ထားတာက ပိုမြင့်တဲ့အဆင့်တွေမှာ တိုးတက်ဖို့ခက်ခဲမှာဖြစ် လို့ တချို့အရာတွေကို ခွင့်ပြုပေးရမှာပါ။

……………………………………………….

All Chapters