အခန်း (၆၂)
Vol. 5 Ch. 62
စီချွမ် ချန် နဲ့ အနီးနားမြို့တွေအကုန် လှုပ်ရှား လာကြပြီး ချူမိသားစုကလည်း ချူသခင်လေး ကိုအမွေအနှစ်အတွက် လွှတ်ဖို့ စီစဥ်ကြတယ်။
ဟုန်မိသားစု လင်းမိသားစု တော်ဝင်မိသားစုက သတ္တမမြောက်မင်းသား ပြီးတော့ ချူသခင်လေးနဲ့ အခြားထိပ်တန်းမိသားစုတွေ တကိုယ်တော်ကျင့်ကြံသူတွေ အကုန်အမွေနှစ် အတွက်နှစ်တထောင် တောအုပ်ကိုထွက်လာကြ တော့တယ်။
တဖက်မှာပိုင်လင်းတို့က တောအုပ်အလယ်ထိ တဖြေးဖြေးတိုးဝင်နေပြီး သဘာဝဖြစ်စဥ်က အမွေအနှစ်တခုဆိုရင် ပထမဆုံးရယူဖို့တွေး လိုက်ကြတယ်။ အထူးသဖြင့်ပိုင်လင်းပေါ့။ ဒါက သူ့အတွက်ဖြတ်လမ်းတမျိုးလို့ ယူဆထားခဲ့တယ်။
ထိုချိန် စာပို့ခိုတကောင်က ယန်ရှုဆီရောက်လာ ခဲ့ပြီး ထိုအရာက ချန်ထန်းတို့ဆီက စာပါ။
“အင်း.. သခင်ကြီးက ချန်မြို့တော်ဆီ ဆက်မသွားခိုင်းဘူး သခင်မလေးမင်းဘယ်လို လုပ်မယ်တွေးလဲ အခုနောက်ပြန်လှည့်မလား အမွေအနှစ်ကို ကြိုးစားကြည့်ဦးမလား”
ယန်ရှုက ချန်ဟယ်ကို မေးလိုက်တယ်။ ချန်ဟယ်က တခဏကြာအောင် စဥ်းစားလိုက်ပြီး
“ကေျာက်တွင်းပြဿနာကြောင့် ကျွန်မတို့ကို အဖေပြန်ခေါ်တာဖြစ်မယ် ဒါပေမယ့်အချိန်က တလကျော်လိုသေးတယ် ဒီအမွေအနှစ်က သိပ်မကြာလောက်ဘူး ကျွန်မတို့ကြိုးစားကြည့် ကြတာပေါ့ သခင်လေးပိုင် ရှင်ကောဘယ်လိုထင်လဲ”
ချန်ဟယ်ရဲ့မေးခွန်းက ပိုင်လင်းဆီရောက်လာ တယ်။ ပိုင်လင်းက အသာပြုံးလိုက်ပြီး
“ကျွန်တော်ကတော့ ကံစမ်းကြည့်ဖို့တွေးတယ် တခုခုတော့ အကျိုးအမြတ်ရနိုင်တာပေါ့လေ အနည်းဆုံး အရင်းအမြစ်အချို့သာရမယ်ဆိုရင် ချန်မြို့တော်ဆီသွားမယ့်ခရီးကို ကာမိပြီးတော့ လေလံပွဲကိုလည်း စနိုင်လိမ့်မယ်”
ပိုင်လင်းရဲ့စကားကိုကြားတော့ အကုန်လုံးက ခေါင်းညိတ်လိုက်ကြတယ်။ အမွေအနှစ်က တခုတည်းဆိုပေမယ့် တခြားဆေးပင်တွေနဲ့ ကျင့်စဥ်တွေကိုတော့ ရနိုင်သေးတယ်မလား။ ပင်မအမွေအနှစ်ကိုတော့ ချန်ဟယ်က မမှန်းရဲ ဘူးပေါ့လေ။
ခဏအကြာမှာ ချန်ဟယ်က
“ဒီတိုင်းဆုံးဖြတ်လိုက်ကြမယ် အမွေအနှစ်ကို ကြိုးစားကြတာပေါ့”
အကုန်လုံးဆီက သဘောတူညီမှုရပြီးနောက် ပိုင်လင်းတို့အဖွဲ့ တောနက်ထဲဝင်ရောက်သွားချိန် အခြားအင်အားစုတွေကလည်း တောစပ်ကို ရောက်ရှိလာကြတယ်။
တောအုပ်က ဧရိယာကျယ်ဝန်းပြီး တောနက်ထဲ ရောက်လေပိုထူထပ်လာလေ ဆိုတာကိုသတိပြု မိလိုက်တယ်။ ပိုင်လင်းက ပတ်ဝန်းကျင်ကို လေ့လာနေရင်း အမွေအနှစ်နေရာကို ရှာဖွေနေ ကြတယ်။
“ထိပ်တန်းအင်အားစုတွေက အမွေအနှစ်နေရာ ကိုရှာဖို့ တွက်ချက်သူတွေခေါ်လာလိမ့်မယ် ငါတို့သူတို့ကိုစောင့်ကြမလား”
ယန်ရှုကမေးတယ်။ သူတို့ချည်းပဲဆို နေရာကို သိနိုင်ဖို့ခက်တယ်လေ။
“ကောင်းပြီ နေရာတခုမှပုန်းပြီး စောင့်လိုက်မယ် သူတို့နောက်က လိုက်ကြတာပေါ့”
မကြာခင်မှာပဲ ပိုင်လင်းတို့က ချီဓာတ်ကိုဖုံးကွယ် လိုက်ပြီး တောအုပ်ရဲ့အနက် ဆုံးနေရာမှာ ပုန်းရင်း နောက်က လိုက်ပါလာတဲ့ သူတွေကို စောင့်ဆိုင်းလိုက်ကြတယ်။
တရက်တာ ကုန်ဆုံးပြီးနောက်တနေ့မှာတော့ ကျင့်ကြံသူတစု တောနက်ထဲဝင်လာတယ်။ ပြီး တော့ရှေ့ဆင့်နောက်ဆင့်ပဲ လူအများပြားဝင် လာကြပြီး ထိုအထဲကလူတစုကိုမြင်တော့ ချန်ဟယ်ရဲ့ မျက်လုံးကမှေးကျဥ်းသွားတယ်။
“လင်းပင်ချန်ပဲ ပြီးတော့ သူ့သားလင်းတုန်နဲ့ ကျင့်ကြံသူတွေ သူတို့လည်း လှုပ်ရှားလာကြ တာလား”
ချန်ဟယ်ရဲ့တီးတိုးစကားသံကိုကြားတော့ ယန်ရှုက တချက်လှမ်းကြည့်တယ်။ လင်းပင်ချန်ကိုတွေ့တော့ မေးကြောကြီးတွေ ထောင်ထလာပြီး ဒေါသထွက်ဟန်ပြတယ်။
“ဦးလေး စိတ်ကိုထိန်းထား အခုချိန်သူ့ကိုဘာမှ လုပ်မရဘူး”
ချန်ဟယ်က ယန်ရှုကိုစိတ်လျှော့ဖို့ မှာတယ်။
“ငါသိတယ် သခင်မလေး ဒါပေမယ့်အဲ့ကောင် လုပ်လို့ သခင်ကြီးဒုက္ခရောက်ပြီး မင်းအမေက လင်းအိမ်တော်ကနေ အထုတ်ခံခဲ့ရတာ ငါလုံးဝ မကျေနပ်ဘူး”
ပိုင်လင်းလည်း ယန်ရှု ချန်ထန်းတို့နဲ့ လင်းပင်ချန်ကြားက ရန်စကို သတိပြုမိသွားပေမယ့် ဒါကသူနဲ့မသက်ဆိုင်တဲ့ အတွက် မသိသလိုနေလိုက်တယ်။
“လင်းတုန်က အဆင့်၃ ရောက်နေတာလား ပြီးတော့ ဟိုကောင် ချူသခင်လေးဆိုတဲ့ခွေးသားလည်း ရှိနေတယ် နောက်ပြီး ယွမ်မောင်နှမနဲ့ ဟုန်သခင်လေးတို့ ညီအစ်ကိုတွေ တကယ်လူစုံနေတာပဲ”
ချန်ဟယ်က အဆိုပါလူအုပ်ကြီးကို လိုက်ကြည့် နေရင်း ဆက်တိုက်ပြောနေခဲ့တယ်။ ပိုင်လင်းရဲ့ အကြည့်က ယွမ်မောင်နှမဆီ ရောက်သွားချိန် ယွမ်ရှီလို့ခေါ်တဲ့ ယွမ်သခင်လေး သက်လတ်အ ရွာ်ကျင့်ကြံသူတဦးကို တီးတိုးပြောနေတာကို တွေ့လိုက်ရတယ်။ သူ့ဘေးမှာတော့ ၁၅နှစ်အ ရွယ်ကောင်မလေးတဦး ရှိနေပြီး ယွမ်အိမ်တော် အစောင့်တွေက ဝိုင်းပတ်ထားတယ်။
ကောင်မလေးက ငယ်ရွယ်ပြီး သွက်လက်တဲ့ အသွင်ပြင်နဲ့အတူ သူမကိုကြည့်ရတာ ကလေးစိတ်တောင် မကုန်လောက်ဘူးလို့ ပိုင်လင်းထင်နေမိတယ်။ ဘာလို့များအန္တရာယ် များတဲ့ အမွေနှစ်ပြဿနာထဲ ခေါ်လာပါလိမ့်။
ပိုင်လင်းရဲ့အကြည့်ကို သတိထားမိတဲ့မော့ပေက ပြုံးလိုက်ပြီး
“မိသားစုကြီးတွေမှာ မွေးဖွားတဲ့ ပါရမီရှင်တွေကို တချို့သူတွေက အားကျကြပေမယ့် သူတို့ရဲ့ အနေထားမှန်ကို မသိကြဘူး သူတို့ကသာမန်ကျင့်ကြံသူတွေ ထက်ပိုပြီးတောင်ရက်စက်တဲ့ ဘဝမှာရှင်သန် နေရသေးတယ်”
ပိုင်လင်းလည်း ထိုသဘောတရားကို အနည်းငယ် သိထားတယ်။ ဥပမာချန်ညီအစ်မ အပေါ်ရှိနေတဲ့ လက်ထပ်ရေးဖိအားပဲ။
ထိုစဥ် ဟုန်မိသားစုသခင်လေးနှစ်ဦးကလဲ သူတို့ရဲ့တွက်ချက်သူလို့ ထင်ရတဲ့အဘိုးအိုနဲ့ စကားပြောနေပြီး မကြာခင်မှာပဲ လူအုပ်ကြီးက တောနက်ထဲ ဆက်ဝင်သွားကြတယ်။
“ကျွန်မတို့ လိုက်သွားကြမယ်”
ချန်ဟယ်က ပြောလိုက်တယ်။ သူမရဲ့သတ္တိကို ပိုင်လင်းတယောက် မလေးစားပဲမနေနိုင်အောင် ဖြစ်သွားရတယ်။
………………………………………………..