← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

အိမ်အိုကြီးထဲရောက်တော့ သူတို့ထင်ထားတာ ထက်ပိုကျယ်နေတာကို သတိပြုမိလိုက်တယ်။

ဒါက နေရာလွတ်တခုလား။

ပိုင်လင်းရဲ့စကားကို ယန်ရှုက

“ဖြစ်နိုင်တယ် သိုင်းဘုရင်အဆင့်နဲ့အထက် ကျင့်ကြံသူတွေက လေဟာနယ်လမ်းစဥ်ကို အသုံးပြုနိင်တယ်လို့ ငါဖတ်ဖူးတယ်”

ယန်ရှုရဲ့စကားကို မော့ပေကလည်း

“ဒါဆို နှစ်တထောင်ဘိုးဘေးက အနည်းဆုံး သိုင်းဘုရင်အဆင့်မှာ ရှိနေခဲ့တာပေါ့”

“ဖြစ်နိုင်တယ် ဒီထက်ပိုမြင့်တာတောင် ဖြစ်နိုင်သေးတယ်”

ပိုင်လင်းတို့က အခန်းကျယ်ကြီးကို ဂရုတစိုက် လေ့လာနေကြပြီး ရှေ့ကဝင်ရောက်သူတွေ ပျောက်ကွယ်သွားတာကို စစ်ဆေးနေခဲ့တယ်။ ထိုအချိန်မှာပဲ အိုမင်းတဲ့အသံတခု ထွက်ပေါ်လာတော့တယ်။

“ငါ့ရဲ့အမွေအနှစ်ကို ရှာဖို့ရောက်လာတာဖြစ်မယ် မင်းတို့ရှေ့က အခန်းတခုကို ဝင်လိုက်ပါ ကံကောင်းပါစေ”

အသံကတိုတောင်းပြီး လိုရင်းကိုပဲ ပြောထားတယ်။ ပိုင်လင်းလည်း အခန်းတခုကို တွေ့တာနဲ့ ချက်ချင်းဝင်ရောက်လိုက်တော့ တောနက်ကြီးတခုဆီ ရောက်သွားတော့တယ်။

“ဒါက တောအုပ်ကြီးပဲလား”

တီးတိုးရေရွတ်ပြီး ဘေးဘယ်ညာကိုကြည့်ချိန် မော့ပေတို့ကိုမတွေ့ရတော့ပဲ သူတယောက်တည်း ဖြစ်နေတာကို တွေ့လိုက်ရ တယ်။ ဒါကဘယ်လိုနည်းစနစ်ကြီးလဲ။

တောအုပ်က ထူထပ်ပုံရှိပြီး ရံဖန်ရံခါမှာ တောကောင်ငယ်အချို့ရဲ့ အော်မြည်သံကိုတောင် ကြားနေရတယ်။

ပိုင်လင်းလည်း သက်ပြင်းချလိုက်ပြီး ရှေ့ကိုဆက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ရှေ့မှာ အန္တရာယ်ရှိနေရင်တောင် သူ့အနေနဲ့နောက်ဆုတ် ဖို့မတွေးတော့ပါဘူး။ နောက်ဆုတ်လို့လည်း မရတော့ဘူးလေ။

နေ့တဝက်ခန့် တောအုပ်ထဲလျှောက်သွားပြီးချိန် မှာတော့ တိုက်ခိုက်သံအချို့ ကြားလိုက်ရတယ်

ပိုင်လင်းလည်း သတိအပြည့်နဲ့ တိုက်ပွဲနေရာကို ချဥ်းကပ်သွားပြီး စူးစမ်းလိုက်တော့ အဖွဲ့၂ဖွဲ့ အတိကျဆို လေလွင့်ကျင့်ကြံသူတအုပ်ကို ချူမိသားစုရဲ့ အစောင့်ဖွဲ့က ဝိုင်းပြီးတိုက်ခိုက် နေကြတာပါ။

သူတို့က ဘယ်လိုလုပ်ပြီး စုမိသွားတာလဲ။ ရတနာတခုခုအကူညီနဲ့လား။ တောအုပ်ထဲမှာ ကိုယ့်လူတွေပြန်စုမိဖို့က မလွယ်ပါဘူး။ ဒါပေမဲ့ ထိပ်တန်းအင်အားစုတွေကတော့ ရတနာအချို့ အကူညီနဲ့ ထိုအရာကိုလုပ်နိုင်ပါတယ်။

“မင်းတို့ချူမိသားစုက ယုတ်မာလှချည်လား”

“ဟုတ်တယ် ဒီဆေးပင်ကို ငါတို့အရင်တွေ့ထား တာကွ မင်းတို့ကိုမပေးနိုင်ဘူး”

ကျင့်ကြံသူတွေက တင်းမာတဲ့မျက်နှာထားနဲ့ ချူမိသားစုက ကျင့်ကြံသူတွေကို တုန့်ပြန်နေ ကြတယ်။

“ဟမ့် မင်းတို့လိုကောင်တွေက ချူမိသားစုက လိုချင်တာကို တားနိုင်မယ်ထင်နေတာလား”

ထိုသို့ပြောလိုက်တဲ့သူက ချူအစောင့်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ကျင့်ကြံဆင့်က အဆင့်၃ အစောပိုင်းမှာရှိနေတာပါ။ သူ့ဘေးမှာလည်း အဆင့်၄ ၅ ကျင့်ကြံသူတွေရှိနေပြီး တဖက်မှာ အမြင့်ဆုံးကျင့်ကြံဆင့်ကတော့ အဆင့်၄ပဲ ရှိလို့ ချူမိသားစုကျင့်ကြံသူအဖွဲ့ကို ရင်ဆိုင်မရနိုင်ဘူးဖြစ်နေတယ်။

ဆေးပင်လား။ ဘာဆေးပင်မို့ တိုက်ခိုက်နေရတာလဲ။ ပိုင်လင်းရဲ့အကြည့်က တိုက်ပွဲခပ်လှမ်းလှမ်းက နေရာတခုဆီရောက် သွားတယ်။ ကြာပန်းလား မဟုတ်သေးဘူး။ ဒီကြာပန်းက အရောင်ကိုးရောင်တောင် ရှိနေ တာပဲ။ ရှားပါးရတနာဖြစ်မယ်။

“တော်လိုက်တော့ ဒီလူတွေအကုန်သတ်ပစ်လိုက်တော့ သိပ်မကြာခင်မှာ နောက်လူတွေရောက်လာရင် ငါတို့ဒီကြာပန်းကို မရနိုင်တော့ဘူး”

အဆင့်၃ ကျင့်ကြံသူက သူ့အဖွဲ့ကိုဆော်သြော် လိုက်ပြီး လေလွင့်ကျင့်ကြံသူတွေကို စတင်တို က်ခိုက်တော့တယ်။

အားးး

ကယ်ကြပါဦး

အော်ဟစ်သံများ ထွက်ပေါ်လာချိန်မှာတော့ ပိုင်လင်းက ကြာပန်းရှိရာကို တိုးကပ်သွားတယ် စိတ်ထဲ ကြာပန်းကအသက်ရှိနေပြီး သူ့ကိုခေါ်နေတယ်လို့ ခံစားမိနေတယ်။ တိုက်ခိုက်သူတွေကတော့ ပိုင်လင်းကိုသတိမထားမိပဲ အပြင်းအထန်ပဲ တိုင်ခိုက်နေကြတယ်။

မီတာ နှစ်ဆယ်…

ကြာပန်းနဲ့နီးကပ်သွားချိန်မှာ ကြာပန်းဆီက အငွေ့သက်အချို့ ပိုင်လင်းဆီပျံ့လွင့်လာပြီး ပိုင်လင်းရဲ့ချီဓာတ်တောင် တိုးလာတယ်လို့ ခံစားသွားရတယ်။

ဘုရားရေ… ဒါက ကျင့်ကြံဖို့အတွက် သေချာ ပေါက်အထောက်ကူ ပြုနိုင်တာပဲ ငါအရယူရမယ်။ ပိုင်လင်းတယောက် ဆုံးဖြတ် ချက်ချလိုက်ပြီး ကြာပန်းအနားအလျင်အမြန်ပဲ တိုးကပ်သွားတယ်။

ကြာပန်းက တောက်ပတဲ့အလင်းရောင်ကို ဖြန့်ကျက်နေပြီး ပုံစံက လှပတဲ့မိန်းမငယ်လေး ယိမ်းနွဲ့နေသလို ထင်ရတယ်။

“မင်းငါ့ကိုခေါ်တာနော် ဒါကြောင့်ငါလည်းမင်းကို ဒီနေရာကနေ ခေါ်သွားပေးမယ် ဟုတ်ပြီလား”

ပိုင်လင်းက တီးတိုးရေရွတ်လိုက်ပြီး ကြာပန်းရှိ ရာကိုလက်လှမ်းလိုက်တယ်။ ထိုအချိန်မှာပဲ တိုက်ပွဲထဲက ချူမိသားစုကျင့်ကြံသူတဦးက သတိပြုမိသွားပြီး အော်ဟစ်တော့တယ်။

“ဟိုမှာတယောက် ကြာပန်းကိုယူတော့မယ် တားကြ”

ချီးပဲ.. တွေ့သွားပြီ။ ပိုင်လင်းလည်း ကြာပန်းကို ဆတ်ခနဲ ဆွဲယူပြီးထွက်ပြေးတော့တယ်။ တိုက်ခိုက်နေသူတွေက ချက်ချင်းပဲ ပိုင်လင်းအနောက်ကို အသည်းအသန်လိုက်လာ ကြတော့တယ်။

“အဲ့ကောင်ဘယ်သူလဲ ဘယ်အဖွဲ့ကလဲ မိတာနဲ့ အရေခွံစုတ်ပစ်မယ်ကွ”

အဆင့်၃ ကျင့်ကြံသူရဲ့ ကြုံးဝါးသံကြီး ထွက်ပေါ်လာချိန် ပိုင်လင်းကတော့ ကြာပန်းကို ရင်ဘတ်ကြားထဲ ထည့်ပြီး ပြေးနေရတော့တယ်။ လျှပ်စီးခြေလှမ်းကို အခြေခံအဆင့်ထိ ရောက်နေတာကြောင့် သူ့အတွက် လူအုပ်ကိုမျက်ချေဖြတ်ဖို့က မခက်ခဲပါဘူး။ နာရီအနည်းငယ် ပြေးလွှားပြီး ချိန်မှာတော့ နောက်ကလိုက်ပါလာသူတွေနဲ့ အဆက်ပြတ်သွားတယ်။

ပိုင်လင်းလည်း ချီဓာတ်ကုန်ခမ်းမှုကြောင့် မောပန်းသလိုခံစားလိုက်ရပြီး သစ်ပင်ကြီးတခုရဲ့ အောက်မှာထိုင်ချလိုက်တယ်။

ဟူးးး ကြာပန်းလေးတခုရဖို့တောင် မလွယ်ပါလား အမွေနှစ်ဆိုရင်တော့ ပိုဆိုးမလားပဲ။

ပိုင်လင်းတယောက် သက်ပြင်းရှည်ကို ချလိုက်ပြီး ခဏကြာမှာတော့ ကြာပန်းကိုရင်ဘတ်ကြားထဲက ထုတ်ယူလိုက်တယ်။

ကြာပန်းပုံစံက တကယ်လှတယ်။ ဒါပေမယ့် သက်တမ်းနုနေပုံပဲ။ ဘယ်လောက်ထိအသုံးဝင် မလဲဆိုတာ သိရအောင်စမ်းကြည့်မယ်။

ချက်ချင်းပဲ ကြာပန်းကိုစားဖို့ပြင်တော့ ကြာပန်းဆီက ထူးခြားတဲ့ကလေးမလေးတဦးရဲ့ ချစ်စဖွယ်အသံလေး ထွက်လာတယ်။

“သမီးကို မစားပါနဲ့”

ဟမ်.. ကြာပန်းက စကားပြောတာလား။

ပိုင်လင်းလည်း မျက်မှောက်ကြုတ်လိုက်ပြီး ကြာပန်းကိုလေထဲ မြှောက်ပြီး စစ်ဆေးကြည့် တယ်။ ထိုစဥ် ကြာပန်းက ဖျတ်ခနဲပျောက်ကွယ် သွားပြီးတော့ ပိုင်လင်းအရှေ့မှာ အသက်၃နှစ် အရွယ်ကလေးမလေးတဦး ပေါ်လာတယ်။

ကလေးမလေးက ဆံပင်ကိုနှစ်ခွစည်းထားပြီး ဖောင်းအစ်နေတဲ့ ပါးလေးတွေအပြင် တန်တန် လိုပဲ ဝိုင်းစက်ရွှန်းလဲ့တဲ့ မျက်လုံးအစုံကို ပိုင်ဆိုင်ထားသေးတယ်။ နောက်ပြီး သူမလေး အသားရေက ထိရက်စရာမရှိအောင် နူးညံ့နေပုံပါ။

…………………………………………………

All Chapters