အခန်း (၆၇)
Vol. 5 Ch. 67
အဖိုးအိုက အသာပြုံးလိုက်ပြီး ပိုင်လင်းရဲ့နှာဖူး ကိုတို့ထိလိုက်တယ်။
“ခရမ်းရောင်ဆေးလုံးကို သောက်လိုက်ဒါက မင်းကိုအဆင့်၁ နှောင်းပိုင်းထိ ဆွဲတင်ပေးလိမ့်မယ် ဒါပေမယ့် ဖြစ်စဥ်ကကြမ်းတမ်းတော့ ငါကူညီပေးပါ့မယ်”
ပိုင်လင်းလည်း တခဏတုန့်ဆိုင်းပြီးနောက် ဆေးလုံးကိုချက်ချင်းပဲ သောက်ချလိုက်တယ်။ နာကျင်မှုလား ဒါကသူချစ်ရတဲ့သူတွေကို ကာကွယ်ဖို့နဲ့ ချီယောင်ရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့ သူရင်းရတဲ့ တန်ကြေးတခုပဲလို့ တွေးလိုက်တယ်။
ဆေးလုံးက ချက်ချင်းအရည် ပျော်ကျသွားပြီး ပိုင်လင်းရဲ့ ခန္ဓာကိုယ်တခုလုံး ဖြတ်သန်းသွား တယ်။
“မင်းကရွှေခန္ဓာကိုယ်ကို ဒုတိယအဆင့်ထိ ရောက်အောင်ကျင့်ကြံထားတာပဲ သိပ်ကောင်းတယ် ဒီဆေးလုံးက ရုပ်ပိုင်းဆိုင်ရာ အတွက်လည်း အရမ်းအကျိုးရှိတယ်”
ပိုင်လင်းကတော့ အဖိုးအိုရဲ့စကားကို အနည်းငယ်သာ ကြားပြီးနောက်မှာတော့ နာကျင်မှုက စက္ကန့်တိုင်း အရိုးတွင်းထိတိုက်စား နေတာကို သိလိုက်ရတယ်။
နာကျင်မှု.. ဒါကစကားလုံးထက် အများကြီးပိုတဲ့ ခံစားမှုတခုပဲ ဖြစ်တယ်။ ပိုင်လင်းရဲ့ ခန္ဓာကိုယ်က မျက်စိတမှိတ်အတွင်း ဖောင်းပွလာပြီး ချွေးပေါက်တွေကတဆင့် သွေးတွေဒရဟော စီးထွက်လာတယ်။ ဆေးလုံးရဲ့စွမ်းအားကို ပိုင်လင်းရဲ့ရုပ်ခန္ဓာကိုက တောင့်မခံနိုင်ဘူး။
အဖိုးအိုလည်း လက်ဟန်အချို့ပြုလုပ်လိုက်ပြီး စွမ်းအားစီးဆင်းမှုကို ထိန်းညှိလိုက်တယ်။ ဒါတောင်ပိုင်လင်းရဲ့ နာကျင်မှုက လျော့ကျမသွားပဲ သတိလစ်လုနီးပါးဖြစ်နေတာ ကိုခံစားနေရတယ်။
“ဦးဦးကို သမီးကူညီမယ်”
လီလီက သန့်စင်တဲ့အလင်းရောင်အချို့ ပိုင်လင်းရဲ့ကိုယ်ထဲ ထည့်သွင်းတော့ ဖောင်းကြွလာတဲ့ ခန္ဓာကိုယ်ကတည်ငြိမ်သွားပြီး နာကျင်မှုလည်း အနည်းငယ်လျော့ကျသွားတယ်။
ဒီလိုနဲ့ ဆေးလုံးရဲ့စွမ်းအင်ကို စုပ်ယူတာက ၃ရက်နီးပါးကြာပြီးချိန်မှာတော့ အဝတ်အစား ဗလာဖြစ်နေတဲ့ ပိုင်လင်းတယောက်မျက်လုံး အစုံကိုဖွင့်ကြည့်လိုက်တယ်။ ပြင်းထန်တဲ့ခွန်အားတွေ သူ့ကိုယ်ထဲစီးဆင်းနေတာကို ခံစားမိလိုက်ပြီး သူ့ကျင့်ကြံဆင့်က အဆင့်၁ကို ပြီးပြည့်စုံတဲ့ထိ ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒါကလီလီ ကူညီတယကြောင့်လည်း ပါတယ်။ ဆေးလုံးအ တိုင်းဆို အဆင့်၁ နှောင်းပိုင်းတောင် မသေချာပါဘူး။ ပိုင်လင်းရဲ့ရုပ်ခန္ဓာကိုယ်ကလဲ စွမ်းအင်အချို့ကိုစုတ်ယူပြီး တတိယအဆင့် အစောပိုင်းထိ ရောက်သွားတယ်။
“ကောင်းပြီ မင်းအသင့်ဖြစ်ရင် နောက်ထပ်ဆေး လုံးတလုံးကို ထပ်သောက်လိုက်ပါ အဲ့ဒါကငါ တဘဝလုံး လိုက်စားခဲ့တဲ့လမ်းစဥ်တွေကို အနှစ်ချုပ်ထားတာပဲ မင်းပုံစံက လက်သီးနဲ့ ဓားလမ်းစဥ်ကို လိုက်စားပုံရတယ် ကံကောင်းတာပဲ ငါလည်းတိုက်ခိုက်ရေးမှာ လက်သီးနဲ့ဓားပဲ သုံးတယ် ဒီဆေးလုံးကမင်းကို သေချာပေါက် အကူညီဖြစ်စေလိမ့်မယ်”
အဖိုးအိုက ရှည်လျားစွာရှင်းပြလာပြီး သူ့ပုံရိပ် ကလည်းဖျော့တော့နေတာကို သတိထားမိသွား တယ်။
“ငါ့ကိုမကြည့်နေနဲ့ တခြားသူတွေကို တခြားရတနာတွေရှိတဲ့နေရာကို ပို့လိုက်ပြီး ဝက်ပါကိုထိန်းချုပ်ထားရတာ ငါ့အတွက်ပင်ပန်းစေတယ် မင်းမှာအချိန်သိပ် မကျန်တော့သလို ငါ့မှာလည်းအချိန်မရှိတော့ဘူး”
အဖိုးအိုက တိုက်တွန်းလာတာကြောင့် နောက်ထပ်ဆေးလုံးကို အရဲစွန့်ထပ်သောက်ဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်။
“လီလီဘယ်ရောက်သွားတာလဲ”
ထိုသို့တွေးမိရင်း လက်ကိုငုံ့ကြည့်တော့ လက်စွပ်လေးက ဖျော့တော့တဲ့အလင်းရောင်နဲ့ ရှိနေတယ်။ ကြည့်ရတာ ပိုင်လင်းကိုကူညီတာ သူမကိုအင်အားလျော့သွားစေပုံပါပဲ။
ပိုင်လင်းလည်း ရွှေရောင်ဆေးလုံးကို သောက်လိုက်တယ်။ ဒါက မှတ်ညဏ်နဲ့လမ်းစဥ် သဘောတရားတွေပါတာမို့ သိုင်းသခင်အဆင့် ထိရောက်စေပေမယ့် ကျင့်ကြံဆင့်ကိုသိသိသာ သာမတိုးတက်စေပါဘူး။
များပြားတဲ့မှတ်ဉာဏ်တွေက မြစ်ရေလိုစီးဝင် လာခဲ့ပြီး တဖက်မှာပိုင်လင်းရဲ့အာရုံထဲ လှုပ်ရှားမှုပုံရိပ်တွေ ဓားကွက်တွေနဲ့ သဘောတရား အနှစ်သာရတွေကို မြင်ယောင်လာတယ်။
“ကောင်လေး မင်းကတိတည်မယ်လို့ ငါမျှော်လင့်ပါတယ် ချီယောင့်ကို သေချာပေါက် ကူညီပါ အဆုံးထိသူမဘေးနားမှာ ရှိနေပေးပါ နောင်တချိန်သိုင်းဘုရင်အဆင့်ရောက်ရင် ကျားလော်တိုက်ကြီးကနေထွက်ပြီး မိုးကောင်းကင်ဂိုဏ်းကိုသွားပြီး လေ့ကျင့်ပါ ဒါက မင်းကိုနောက်ဆင့်ပို့ပေးလိမ့်မယ် မှတ်ထားပါ ချီယောင်ကိုသစ္စာမဖောက်ပါနဲ့”
အဖိုးအိုရဲ့အသံက တဖြေးဖြေးတိုးညင်းသွားပြီး ပိုင်လင်းလည်း ဦးခေါင်းထဲစူးရှမှုကြောင့် သတိလစ်သွားတော့တယ်။ ဒါပေမယ့်စိတ်ဝိဉာဏ်ကတော့ သဘောတရားနဲ့ လမ်းစဥ်အနှစ်သာရတွေကို လေ့လာနေပြီး အဖိုးအိုရဲ့အသံတွေ ပဲ့တင်ထပ်နေခဲ့တယ်။
ဝုန်း…
ပန်းခင်းတခုလုံး ပျောက်ကွယ်သွားတယ်။ ကျင့်ကြံသူတွေက နီးစပ်ရာအရင်းအမြစ်ကို အားရဝမ်းသာ ရှာနေစဥ်မှာပဲ ဝက်ပါနဲ့အတူ အရာအားလုံးပျောက်ကွယ်သွားတာကို တွေ့လိုက်ရတော့ ထိတ်လန့်သွားကြတယ်။
ထိုအချိန်မှာပဲ အလင်းရောင်တခုက ချန်ဟယ် တို့ကိုဆွဲခေါ်ပြီး တောအုပ်ရဲ့အပြင်ဘက်ကို ပို့ဆောင်ပေးလိုက်တော့တယ်။ တခြားသူတွေ ကိုလည်း မတူညီတဲ့နေရာတွေကို အစုလိုက် ထုတ်ပယ်လိုက်ပုံပါပဲ။
ချန်ဟယ်တို့ သတိဝင်လာတော့ နှစ်တထောင် တောအုပ်အစပ်ကို ရောက်နေခဲ့ပြီး ပတ်ဝန်းကျင်တခုလုံးမှာလည်း သူတို့၃ဦးပဲ ရှိနေတာကို သတိပြုမိလိုက်တယ်။
“ဘာဖြစ်တာလဲ အမွေနှစ်က ပျောက်သွားတာလား ဒါမှမဟုတ် တယောက်ယောက် ရသွားတာလား”
မော့ပေက တုန်လှုပ်နေပြီး ယန်ရှုလည်း မျက်မှောက်ကြုတ်ထားတယ်။
“ဖြစ်နိုင်တယ် ဘာပဲဖြစ်ဖြစ် ထိပ်တန်းဆေးပင် နဲ့ သစ်သီးအချို့ရလိုက်တာ အမြတ်ပဲ ဒါနဲ့ သခင်လေးပိုင်ကော သူဘယ်မှာလဲ သူမထွက်လာဘူးလား”
ချန်ဟယ်တို့လည်း ထိုအခါမှပိုင်လင်းကို သတိရသွားခဲ့ပြီး အသည်းအသန်ရှာတော့ သူတို့နဲ့ ခပ်လှမ်းလှမ်း မီတာ ၃၀၀ အကွာမှာ လူတယောက်လဲလျောင်းနေပြီး ထိုသူကအဝတ် စားမဲ့နေတယ်။
“ဟိုမှာလူတယောက် သွားကြည့်ရအောင်”
သုံးယောက်စလုံးအနားရောက်သွားတော့ မြေပြင်ပေါ်လဲကျပြီး သတိလစ်နေတာက ပိုင်လင်းဖြစ်နေတယ်။ ပိုင်လင်းရဲ့မျက်နှာက ရှုံ့မဲနေပြီး တစုံတရာက နာကျင်မှုကိုတောင့်ခံ နေပုံရတယ်။ ချွေးသီးချွေးပေါက်တွေကလည်း အဆတ်မပြတ်ကျဆင်းနေတယ်။
ပိုင်လင်းရဲ့အဝတ်မဲ့ ခန္ဓာကိုယ်ကိုတွေ့တော့ ချန်ဟယ်လည်း မျက်နှာရဲသွားပြီး ချက်ချင်းမျက်နှာ လွှဲလိုက်တယ်။ ယန်ရှုက အဝတ်အစားတစုံထုတ်ပေးပြီး တုန်ခါနေတဲ့ ပိုင်လင်းကို ခက်ခက်ခဲခဲပဲ အဝတ်စားဝတ်ပေး လိုက်တော့တယ်။
……………………………………………….