← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

ပိုင်လင်းတယောက် ခန္ဓာကိုယ်ကိုထိန်းညှိပြီး ဟန်မပျက်နေလိုက်တယ်။

အခြေနေက အမွေနှစ်နဲ့ပက်သက်ပြီး ချန်ဟယ်တို့ကို အခုချိန်မှာ အသိမပေးသင့်ဘူး လို့သူယူဆနေတယ်လေ။

ယန်ရှုက

“မင်းဘယ်လိုလုပ်ပြီး အပြင်ရောက်လာတာလဲ ပန်းဝက်ပါထဲကော ဝင်မိသေးလား”

ချန်ဟယ်နဲ့မော့ပေတို့ကလည်း သိလိုဟန်နဲ့ စိုက်ကြည့်နေကြတယ်။ ပိုင်လင်းက သက်ပြင်းချလိုက်ပြီး စိတ်ပျက်နေတဲ့အမူအရာ ပြုလုပ်လိုက်တယ်။ ပြီးနောက်

“ကျတော်ပန်းဝက်ပါနားထိ ရောက်လိုက်တယ် အထဲဝင်ဖို့ပြင်တော့ ဘာဖြစ်သွားတာလဲမသိ ဖိအားတချို့ပေါ်လာပြီးတော့ အပြင်ကိုရောက် လာတာပဲ ကံကောင်းတာက အဲ့မတိုင်ခင်မှာ ဆေးပင်နဲ့ရှားပါးအရင်းအမြစ်အချို့ ရလိုက်လို့ မဟုတ်ရင် ဒီတခေါက်စွန့်စားရတာ မတန်တော့ဘူး”

ပိုင်လင်းရဲ့စကားကိုကြားတော့ ယန်ရှုတို့လည်း ခေါင်းညိတ်ပြီး ငြိမ်သက်သွားကြတယ်။ ကံကောင်းတာက ဝက်ပါထဲမှာ ချီဓာတ်အားကောင်းတာကြောင့် သူတို့ရဲ့ကျင့်ကြံဆင့် တိုးတက်လာတာပဲ။ ချန်ဟယ်က အဆင့်၄ထိ ရောက်နေပြီး ယန်ရှုကလည်း အဆင့်၁ကို ထိုးဖောက်သွားတယ်။ အနိမ့်ဆုံးဖြစ်နေတဲ့ မော့ပေက အဆင့်၅ နှောင်းပိုင်းထိ ရောက်သွားခဲ့တယ်ဆိုတော့ ဒါကကောင်းမွန်တဲ့ အကျိုးအမြတ်ပါပဲ။

ချန်ဟယ်က ပိုင်လင်းကိုကြည့်နေပြီး တခုခုထူးခြားနေတယ်လို့ သူမခံစားနေရတယ်။ ယန်ရှူလည်း ထိုအတိုင်းပဲ။ ပိုင်လင်းရဲ့ကျင့်ကြံဆင့်ကို သူတို့မမြင်နိုင်ကြ တော့ပါဘူး။

ပိုင်လင်းကတော့ တိတ်ဆိတ်သာနေပြီး သူ့ရဲ့သိုင်းသခင်အဆင့်၂ ခွန်အားကို ထိန်းညှိနေ ခဲ့တယ်။ ကျင့်ကြံဆင့်က ကြောက်ခမန်းလိလိ တိုးတက်သွားတာပါ။ ချီယောင်သာသိရင် သေချာပေါက်အံ့သြမယ်လို့ သူထင်နေတယ်။

“ငါတို့ ဒီနေရာချက်ချင်းထွက်ရအောင် တခြားလူတွေအားလုံး ကျပန်းနေရာဆိုပေမဲ့ ငါတို့ကိုတွေ့သွားနိုင်တယ်”

ယန်ရှုက သတိပေးတယ်။ ထို့နောက် ပိုင်လင်းတို့ ၄ဦးစလုံး သင်းပျံ့ကောင်းကင်မြို့ ဆီကို အမြန်ပြန်လာတော့တယ်။

သင်းပျံ့ကောင်းကင်မြို့မှာတော့ လှုပ်ရှားမှုက ကြောက်ခမန်းလိလိ အသက်ဝင်နေတယ်။ သဘာဝဖြစ်စဥ်ကို တွက်ချက်ပြီးနောက် ကျောက်တွင်းတည်နေရာကို ခန့်မှန်းလိုက်နိုင်ကြပြီး ကျောက်တွင်းက မြို့ရဲ့တောင်ဘက် မိုင်၂၀အကွာက တောအုပ်အစပ်မှာ ဖြစ်တယ်လို့ ယူဆလိုက်ကြတယ်။

ရက်အနည်းငယ်ကြာပြီးတော့ ပိုင်လင်းတို့ ပြန်ရောက်လာကြတယ်။ ပိုင်လင်းက ခန်းမဆီ သွားပြီး ချန်ထန်းတို့နဲ့ တွေ့ဆုံခဲ့တယ်။

“ဒီရက်တွေအတွင်းမှာ ငါတို့သတိထားရမယ် ကျောက်တွင်းက ရက်ပိုင်းအတွင်းပေါ်လာဖို့ရှိ နေတယ် ငါ့စိတ်ထင် ပြင်းထန်တဲ့တိုက်ပွဲတခု ရှိလာနိုင်တော့ ကြိုတင်ပြင်ဆင်ထားပါ”

ချန်ထန်းက ပိုင်လင်းတို့ကိုကြည့်ပြီး သတိပေးစကားပြောတယ်။ ချန်ဟယ်ရှင်းပြ ထားတာကြောင့် တိုးတက်မှုအချို့နဲ့ အရင်းအမြစ်တွေ ရလာတဲ့အပေါ် ဝမ်းသာမိပေမဲ့ ပိုင်လင်းလုပ်ကြံခံရတဲ့ကိစ္စနဲ့ ကျောက်တွင်းပေါ်လာမယ့် ပြဿနာကပိုအရေး ကြီးပြီး ဆက်စပ်နေတာကို သူတို့သတိပြုမိခဲ့တယ်။

“စိတ်ချပါ သမီးတို့ဒီကျောက်တွင်းကိစ္စမှာ တခုခုရင်းရခဲ့ရင်တောင် တဖက်သူတွေအသာ မရစေရဘူး”

ချန်ဟယ်က တင်းမာပြတ်သားတဲ့အသံနဲ့ ပြောလာတယ်။ ပိုင်လင်းကတော့ သူ့ရဲ့လက်ရှိ ခွန်အားအရ ဒီအင်အားစုတွေကို ကိုင်တွယ်တာက ရိုးရှင်းလွန်းပြီး သူ့အနေနဲ့ သေချာပေါက် ဖြေရှင်းဖို့လည်း တွေးထားတယ်

“လေလံပွဲကိစ္စကို ရက်နည်းနည်းထပ်ရွှေ့ကြတာပေါ့ နောက်ပြီး ဒီရက်တွေမှာ ပိုင်လင်းကသတိထားပါ”

လင်းချင်းကျူက ပိုင်လင်းကိုသတိပေးတယ်။ ဒီပြဿနာမှာ အင်အားစု၃စု ပါဝင်လောက်တယ် လို့သူမယူဆထားပြီး ကျောက်တွင်းပြဿနာမှာ တခါတည်းဖြေရှင်းရမယ်လို့လည်း သူမဆုံးဖြတ်ထားတယ်။

စကားအချို့ပြောဆိုပြီးနောက် ပိုင်လင်းအိမ်ပြန် လာခဲ့တယ်။ ခြံဝရောက်တော့ သတင်းကြိုရထားပြီဖြစ်တဲ့ ကျိလင်တို့သားမိက ခြံဝမှာ ထွက်ကြိုနေတယ်။

“ဦးဦး ပြန်လာပြီလား”

တန်တန်လေးရဲ့ ချစ်စဖွယ်အသံကို ကြားလိုက်ရပြီး ပိုင်လင်းလက်မှာစွပ်ထားတဲ့ လက်စွပ်ကလည်း အလင်းရောင်တချို့ ထွက်ပေါ်လာတယ်။ ကျိလင်က ပိုင်လင်းကိုသာ တိတ်တဆိတ် ငေးကြည့်နေခဲ့ပြီး ဒီအမျိုးသားလေး ဘေးမသီရန်မခ ပြန်ရောက်လာတာကိုပဲ သူမမှာ စိတ်အေးရတယ်။

ပိုင်လင်းက တန်တန်ကိုတဖက်က ပွေ့ချီပြီး တဖက်ကလည်း ကျိလင်ကိုသိုင်းဖက်လိုက်တယ်။ ကျိလင်က

“ယောက်ျား ဒီမှာ ယောက်ကျားပေးခဲ့တဲ့ လက်စွပ် ပြန်ယူလိုက်ပါ”

လက်စွပ်က သိုလှောင်ရတနာတခုလို့သာ သူမသိထားပေမယ့် ပိုင်လင်းအတွက် အရေးပါမှန်းသိနေတော့ ချက်ချင်းပဲ ပြန်ပေးလာတယ်။ ပိုင်လင်းလည်း ခေါင်းညိတ်ပြလိုက်ပြီး လက်စွပ်ကိုဝတ်လိုက်တယ်။

ထိုအချိန်မှာပဲ ချီယောင်ရဲ့စကားသံ ထွက်ပေါ်လာတယ်။

“အို.. သိုင်းသခင်အဆင့်၂ နင်ဘယ်လိုကံတရား နဲ့တွေ့ခဲ့တာလဲ ပြောပြပါဦး”

သူမပုံစံက ပိုင်လင်းမျှော်လင့်ထားတဲ့ အတိုင်းဖြစ်လာတာပါပဲ။ ပိုင်လင်းက ဟက်ခနဲ တချက်ရယ်လိုက်ပြီး

“ကျတော်ခနနားပါရစေဦး ပြီးရင်တော့ ခင်ဗျားကိုဇာတ်ကြောင်းအစုံ ရှင်းပြပါမယ်”

“ကောင်းပြီ နင်ငါ့ကိုသေချာရှင်းပြရမယ်”

ပိုင်လင်းလည်း သူမကိုခွန်းတုန့်မပြန်တော့ပဲ ကျိလင်တို့နဲ့အတူ အိမ်ထဲဝင်ရောက်သွားတယ်။ ရက်အနည်းငယ် မတွေ့ရပေမယ့် ကျိလင်နဲ့သူ့ ကြားဆက်ဆံရေးက ပိုပြီး​တေင်နီးကပ်သလို ဖြစ်နေပြီး ပိုင်လင်းက ခရီးတလျှောက်တွေ့ကြုံ ခဲ့သမျှကို ပြန်ပြောင်းပြောနေခဲ့တယ်။

“အန္တရာယ်များလိုက်တာ ယောက်ျားရယ်”

ကျိလင်က ပိုင်လင်းရဲ့မျက်နှာကို အသာကိုင်တွယ် လိုက်ပြီး စိတ်မကောင်းဖြစ်နေတဲ့ လေသံနဲ့ ပြောတယ်။ ပိုင်လင်းက လီလီအကြောင်းကိုလည်း ပြောပြ လိုက်ပြီး အမွေနှစ်ကိစ္စကိုတော့ ဖုံးကွယ်ထားခဲ့တယ်။

“လီလီ ထွက်လာခဲ့ပါဦး”

ပိုင်လင်းရဲ့စကားကိုကြားတော့ လီလီကလူပုံစံ ပြောင်းပြီး ထွက်ပေါ်လာတယ်။ အပြန်လမ်းတလျှောက် အနားယူခဲ့တာကြောင့် သူမကလူပုံစံကို အချိန်အနည်းငယ် ပြန်ပြောင်း နိုင်နေပါပြီ။

ဒါ.. ဘယ်လိုတောင်လဲ။ ကျိလင်တယောက် မှင်သက်နေပြီး လက်စွပ်လေးက လူအသွင်ပြောင်းနိုင်တာကို အံ့သြနေပုံရတယ်။ တဖက်မှာတော့ တန်တန်ကသူမနဲ့ရွယ်တူ ကလေးမလေးကို တောက်ပတဲ့မျက်လုံးတွေနဲ့ စူးစမ်းနေပြီး ခဏကြာတော့ လီလီက အရင်နှုတ်ဆက်လာတယ်။

“ဟိတ် သူငယ်ချင်းလေး”

“နင် နင်ငါ့ကိုခေါ်လိုက်တာလား”

တန်တန်က အထိတ်တလန့် ပြောတယ်။ လီလီက ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်တယ် ဒီနေ့ကစပြီး ငါနင်နဲ့တအိမ်ထဲမှာ နေတော့မယ် ငါတို့အတူကစားကြတာပေါ့.

“ကစားမယ်ဟုတ်လား ကောင်းတယ်ခစ်ခစ်ခစ်”

ကလေးမလေးနှစ်ဦးက အချိန်တိုအတွင်းမှာပဲ သင့်မြတ်သွားပြီး တစ်ယောက်လက်တစ်ယောက် ကိုင်ဆွဲပြီး ခြံဝန်းထဲပြေးထွက်သွားတယ်။

“ကိုးရောင်ခြယ်ကြာပန်း သက်တမ်းကတော့ နှစ်၃၀၀ လောက်ပဲရှိသေးတယ်”

ချီယောင်ကတီးတိုးရေရွတ်နေတယ်။ သူမကျင့်ကြံဆင့်အရ လီလီရဲ့ဇာစ်မြစ်ကို ကောင်းကောင်းသိပါတယ်။ ကျိလင်က ပိုင်လင်းရဲ့ ရင်ခွင်ထဲတိုးဝင်လာပြီး ဒီကာလ တလျှောက်သူမ ဘယ်လောက်စိုးရိမ်နေခဲ့တယ် ဆိုတာကို ပြောပြနေတယ်။

ပိုင်လင်းက သူမရဲ့ကျောပြင်ကို အသာပွတ်သပ် ပေးလိုက်ပြီး

“ကျတော်တောင်းပန်ပါတယ် စိတ်ပူစေမိပြီ”

ခဏကြာတော့ ကျိလင်တို့သားအမိနဲ့ လီလီတို့ အတူခေါ်ပြီး ညစာစားကြတယ်။ လီလီက လူပုံစံပြောင်းထားချိန်မှာ လူတယောက်လိုပဲ အစားစားနိုင်ပါတယ်။

ညရောက်တော့ ထူးဆန်းစွာနဲ့ တန်တန်ကိုသိပ်စရာ မလိုတော့ပဲ သူမလေးက လီလီနဲ့အတူ အခန်းထဲဝင်သွားတော့တယ်။ ပိုင်လင်းနဲ့ ကျိလင်လည်းဟက်ခနဲ ရယ်လိုက်မိပြီး အိပ်ရာဝင်ကြတော့တယ်။

……………………………………………….

All Chapters