← Chapters

အခန်း (၇၁)

Vol. 5 Ch. 71

အခန်း (၇၁)

Vol. 5 Ch. 71

ကျောက်တွင်းမပေါ်ခင် တရက်အလိုမှာတော့ ပိုင်လင်းက ကျင့်ကြံရေးကိုစောင့်ကြည့်ရင်း ချီယောင်ပေးတဲ့ ထန်းလော်ကုန်းမြေတိုက်ကြီး အကြောင်းကို လေလ့ာနေခဲ့တယ်။

ဒီလောကကို ကုန်းမြေတိုက်ကြီး၃ခုပိုင်းခြားပြီး ထိုဟာတွေက ကျားလော် ထန်းလော်နဲ့ စန်းလော်တို့ပဲ ဖြစ်တယ်။ မိုးကောင်းကင်ဂိုဏ်းက စန်းလော်တိုက်ကြီးမှာ တည်ရှိနေတာပါ။

တိုက်ကြီးတခုဆီက ကမ္ဘာတခုစာ ကျယ်ဝန်းပြီး အနည်းဆုံးသိုင်းသခင်အဆင့် မရောက်ပဲသွားလာလို့ မလွယ်ပါဘူး။ အထူးသဖြင့် အားအကောင်းဆုံးဖြစ်တဲ့ စန်းလော်တိုက်ကြီးမှာတော့ သိုင်းသခင်အဆင့် ဆိုတာက လမ်းဘေးခွေးတွေလို ပေါများပြီး ထိပ်တန်းပါရမီရှင်တွေက သိုင်းသခင်အဆင့်ကို ၁၀ နှစ်သားတည်းက ရောက်နိုင်တယ်လို့ မှတ်သားထားတာကို ဖတ်လိုက်ရတာ်။

ချီယောင်က အသက်၁၀မှာ သိုင်းသခင်ဖြစ်ခဲ့တာပါ။ ပိုင်လင်းလည်း အချက်အလက်တွေကို စိတ်ဝင်တစား ဖတ်ရှုနေခဲ့ပြီး နောင်နှစ်နှစ်အတွင်း စန်းလော်တိုက်ကြီးဆီ ခြေချရမယ့်အကြောင်း တွေးမိတော့ စိတ်လှုပ်ရှားနေမိတယ်။

ထိုမတိုင်ခင်တော့ သိုင်းသခင်အဆင့်၇ အထိ မြင့်တင်ဖို့ ကြိုးစားရမှာပါ။ မဟုတ်ရင် သူ့အနေနဲ့ စန်းလော်တိုက်ကြီးမှာ အနိုင်ကျင့်ခံရမှာ ဖြစ်တယ်။

ယားး

ဟိတ်…

ဝှစ်…ဝှစ်…

တိုက်ခိုက်လေ့ကျင့်နေတဲ့ အသံတွေကဆူညံပြီး တက်ကြွလှုပ်ရှားနေတယ်။ ထိုအချိန်မှာပဲ ခြံဝန်းထဲကို ကောင်မလေးတဦး တိတ်တဆိတ် ဝင်ရောက်လာပြီး သူမက ပိုင်လင်းရှိရာကို တိုက်ရိုက်ပဲ ဝင်ရောက်လာတာဖြစ်တယ်။

ပိုင်လင်းက သူမကိုတွေ့တော့ မှင်သက်သွားတယ်။ သူမက ချန်ညီအစ်မထဲက အငယ်မလေး ချန်ရှင်းဖြစ်နေတယ်။ ချန်ရှင်းက ချစ်စရာအပြုံးချိုလေးနဲ့ ပြုံးပြရင်း ပိုင်လင်းကို နှုတ်ဆက်လာတယ်။

“နေကောင်းလားအစ်ကိုပိုင် ခရီးကပြန်ရောက်တည်းက အိမ်တော်ကိုတောင် ရောက်မလာဘူးနော်”

ပိုင်လင်းလည်း သူမလေးရဲ့ အသွင်ပြင်ကိုတချက် ငေးကြည့်ပြီးနောက် ချက်ချင်းပဲ ထိုင်ခုံတလုံး စီစဥ်ပေးလိုက်ရတယ်။

“ဟုတ်တယ် ဒီကညီအစ်ကိုတွေကို ကူညီလေ့ကျင့်ပေးနေတာလေ မအားဘူးပေါ့ ဒါနဲ့ညီမလေးက ဘာကိစ္စရှိလို့ရောက်လာတာလဲ အစ်ကိုဘာကူညီပေးရမလဲ”

ပိုင်လင်းရဲ့စကားကိုကြားတော့ ချန်ရှင်းက လက်ကိုဝေ့ယမ်းလိုက်ပြီး

“ထူးခြားတဲ့ကိစ္စတော့ မရှိပါဘူး ဒီတိုင်းပဲ အစ်ကိုပိုင်ကို မတွေ့တာကြာလို့ လာကြည့်တာ ဒါနဲ့သူတို့လေ့ကျင့်နေတာက အစ်ကိုပိုင်ရဲ့ တိုက်ခိုက်ရေးနည်းလမ်းလား”

“ဟုတ်တယ် အဲ့ဒါ့ကိုလက်ဝေ့လို့ခေါ်တယ် ညီမလေးစိတ်ဝင်စားလို့လား”

“အင်း နည်းနည်းစိတ်ဝင်စားတယ်”

“အစ်ကိုသင်ပေးမယ်လေ ဘယ်လိုလဲ”

ချန်ရှင်းက တခဏစဥ်းစားပြီး​နောက်

“လတ်တလောကိစ္စတွေပြီးမှ သင်ပေးပါ ဒီရက်ထဲ အစ်ကိုပိုင်လည်း အလုပ်များနေတာပဲ မဟုတ်လား ညီမကအချိန်ရပါတယ်”

ပိုင်လင်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ ထိုအချိန် ချန်ရှင်းက လေ့ကျင့်နေမှုကို ကြည့်နေပြီး တချက်တချက် တခုခုပြောလိုဟန်နဲ့ ပိုင်လင်းဆီ ခိုးခိုးကြည့်နေတာကို သူသတိထားမိသွားတယ်။ ဒါနဲ့ ပိုင်လင်းက မေးလိုက်တယ်။

“တခုခုပြောစရာ ရှိနေလား”

“အင်း…အဲ..”

“ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်”

ပိုင်လင်းရဲ့စကားကိုကြားတော့ သူမက

“ဟိုလေ.. အစ်ကိုမော့က အစ်ကိုပိုင့်ကို အရင်းအမြစ်တွေ ခွဲပေးသေးလား ဟိုအမွေနှစ်တောအုပ်က မမတို့ယူလာတဲ့ဟာလိုမျိုးလေ”

“သြော်..ဒါလား အဲ့ဒါက မော့ပေရဲ့ကိုယ်ပိုင် ပစ္စည်းတွေလေ သူပေးချင်ရင်တောင် အစ်ကိုကယူဖို့မသင့်ဘူး ညီမရဲ့ ဒါနဲ့ဘာလို့မေးတာလဲ”

ပိုင်လင်းရဲ့စကားအဆုံးမှာ သူမကသက်ပြင်းချလိုက်ပြီး

“မမနဲ့ဦးလေးယန်တို့ ယူလာတာတွေက ဖေဖေနဲ့ အခြားဦးလေးတွေ သုံးလို့ကုန်ပြီ သူတို့ကအစ်ကိုပိုင့်ကို နည်းနည်းတောင် ခွဲမပေးကြဘူး ညီမကိုကြည့် အဆင့်၅ ရောက်နေပြီ အစ်ကိုပိုင်က အဆင့်၃မှာ ရပ်နေရတယ် နောင်မှာညီမသာ အစ်ကိုပိုင့်ကို ကျော်သွားရင် ရှက်စရာကြီးဖြစ်နေမှာပေါ့”

သူမပြောခါမှ ပိုင်လင်းလည်း ထိုကိစ္စကို တွေးမိသွားတယ်။ မူလကသူ့အကြောင်းကို ဖုံးကွယ်ဖို့ပဲ အာရုံများနေခဲ့တာပါ။

“အဲ့ကိစ္စအတွက်ဆိုရင်တော့ အစ်ကိုဘာမှမဖြစ်ပါဘူး အရင်ဆုံးညီမတို့ ချန်အိမ်တော်က အန္တရာယ်ဝိုင်းနေတာ အရင်းအမြစ်လိုအပ်တယ် အစ်ကိုကအပြင်လူပါ ပိုလျှံမှပေးတာ မထူးဆန်းပါဘူး”

ပိုင်လင်းက ထိုသို့ပြောလေ ချန်ရှင်းက အပြစ်ရှိသလို ခံစားနေရလေ ဖြစ်သည်။

“အစ်ကိုပိုင်က အဖေပြောတဲ့စကားကို ကြိုသိနေသလိုပဲ ထားတော့ ညီမအစ်ကိုပိုင့်ကို ပစ္စည်းတခုပေးစရာရှိတယ်”

သူတို့က တကယ်ကြီးအပြင်လူလို့ ငါ့အပေါ် သဘောထားနေတာလား။ ဒါကျ များသွားပြီ။ ထိုစဥ် ချန်ရှင်းက ဆွဲသီးလေးတခု ထုတ်ပေးလာတယ်။ ပြီးတော့

“ဒါက စိတ်စွမ်းအားကို အားကောင်းစေတယ် အစ်ကိုပိုင်သိုင်းသခင်အဆင့်ရောက်ရင် သေချာပေါက်အသုံးဝင်မှာ ဒါလေးယူထားလိုက်နော် ပြီးတော့ဖေဖေတို့ကို အပြစ်မမြင်ဖို့ ညီမတောင်းပန်ပါတယ်”

ချန်ရှင်းက ဆွဲသီးလေးကို ပိုင်လင်းဆီအတင်း ထိုးပေးနေခဲ့တယ်။ ပိုင်လင်းလည်း တွန့်ဆုတ်နေခဲ့ပြီး တခဏကြာတော့ သူမရဲ့စေတနာကို အသိမှတ်ပြုတဲ့အနေနဲ့ ယူလိုက်ပြီးနောင်မှာ ပိုကောင်းတဲ့တခုခု ပြန်ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

မထင်မှတ်ထားတာက ဆွဲသီးကို လှမ်းယူလိုက်ချိန်မှာ သူမလေးရဲ့လက်ချောင်း တွေကပိုင်လင်းရဲ့လက်နဲ့ မတော်တဆထိမိသွား ခဲ့ပြီး ချန်ရှင်းရဲ့မျက်နှာက ချက်ချင်းပဲ နီရဲသွားတော့တယ်။

“ညီ..ညီမ ပြန်တော့မယ်အစ်ကိုပိုင်”

အနည်းငယ်တုန်နေတဲ့ လေသံလေးနဲ့ပြောပြီး လျစ်ခနဲ ပြေးထွက်သွားတော့တယ်။ အတွေ့အကြုံ အနည်းငယ်ရှိနေပြီဖြစ်တဲ့ ပိုင်လင်းကတော့ ခေါင်းကိုသာခါယမ်းလိုက်ပြီး ဒီဆယ်ကျော်သက်မလေးရဲ့ ရင်ခုန်သံကို နားလည်နေမိတယ်။

ထိုချိန် ကျိလင်တယောက် အနားရောက်လာပြီး မေးတယ်။

“ခုနက ဘယ်သူလဲယောက်ျား”

ပိုင်လင်းက ကျိလင်မျက်ဝန်းထဲကို တချက်စိုက် ကြည့်လိုက်ပြီး သာမန်စပ်စုလိုဟန် မြင်တော့ ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလိုက်တယ်။ အနည်းဆုံး မအောင်မြင်သေးတဲ့ အနောက်ဆောင်ကို မီးမသင့်စေချင်ဘူးလေ။

“ပစ္စည်းတခုလာပေးတာပါ ဘာမှမဟုတ်ဘူး”

“ကောင်းပြီ မိန်းမ ညစာပြင်လိုက်ဦးမယ် ပြီးရင်ခေါ်လိုက်မယ်နော်”

ကျိလင်က ပိုင်လင်းရဲ့ပါးကို တချက်နမ်းပြီး အိမ်ထဲဝင်သွားတယ်။ ပိုင်လင်းလည်း ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆွဲသီးလေးကို လက်စွပ်ထဲထည့် သိမ်းလိုက်တော့တယ်။

……………………………………………….

All Chapters