← Chapters

အခန်း (၇၂)

Vol. 5 Ch. 72

အခန်း (၇၂)

Vol. 5 Ch. 72

ချန်အိမ်တော်ရဲ့ အိမ်ဝင်းတခုထဲမှာတော့ ချန်ဟယ်က ကျင့်စဥ်တခုကို လေ့လာနေတယ်။ ထိုအရာက အမွေနှစ်နယ်မြေက သူမရလာတဲ့ ကျင့်စဥ်ပါ။

ကျင့်စဥ်က ထိပ်တန်းအဆင့်ဖြစ်ပြီး ရွေ့လျားကျင့်စဥ်တခု ဖြစ်နေတာကြောင့် သူမစိတ်ဝင်စားနေမိတယ်။

ထိုအချိန်မှာ ခြေသံတခုထွက်ပေါ်လာတယ်။ ချန်ဟယ်က အနောက်ကိုလှည်မ့ကြည့်ပဲ ဘယ်သူမှန်းသိနေတဲ့အတွက် ဒီတိုင်းမေးလိုက်တယ်။ ဒီအိမ်တော်က သူမတို့ညီအစ်မ နှစ်ဦးတည်းနေတဲ့ အိမ်တော်ဖြစ်ပြီး မိခင်ဖြစ်သူကလွဲရင် ချန်ထန်းတောင် ခွင့်မတောင်းပဲ ဝင်မရပါဘူး။

“နင်ဘယ်က ပြန်လာတာလဲ”

ချန်ဟယ်ရဲ့ အမေးကိုချန်ရှင်းက

“အပြင်ကပြန်လာတာလေ”

“နင်ငါ့ကိုမလိမ်နဲ့ နင့်အတွက်အိမ်တော်ကလွဲပြီး တခြားသွားစရာနေရာ မရှိဘူး ဘယ်သွားတာလဲ ငါ့ကိုအမှန်တိုင်းဖြေ”

“မမက သိတော့ကော ဘာလုပ်ဖို့လဲ”

ချန်ရှင်းရဲ့တုန့်ပြန်မှုကိုကြားတော့ ချန်ဟယ်က

“ညီမလေး အခုမြို့ထဲမှာ ရှုပ်ထွေးနေတယ် အကုန်လုံးကလည်း မမတို့ကိုစောင့်ကြည့်နေကြတာ အခုချိန်မှာ ဖေဖေ့မှာ ဖိအားတွေဘယ်လောက်များလဲ ညီမလေးသိလား”

“ဒါသမီးကိစ္စမှမဟုတ်ပဲ”

ချန်ရှင်းက ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်ရင်း ထိုင်ခုံတခုမှာ ဝင်ထိုငိလိုက်တယ်။ အိမ်တော်တခုလုံး သူမကိုကလေးတယောက်နှယ် သဘောထား နေကြတဲ့အတွက် သူမက မကျေနပ်ခဲ့ပါဘူး။

“သခင်လေးပိုင်ဆီသွားတာလား”

“ဟုတ်တယ်”

“နင်…”

ချန်ဟယ် ဆွံ့အသွားတယ်။ အိမ်တော်မှာ ပိုင်လင်းရှိနေသမျှ ကာလပတ်လုံး ညီမဖြစ်သူရဲ့ အမူအရာကို သူမသတိထားမိပေမယ့် ခုလောက်ဖြစ်နေမယ်လို့တော့ မတွေးထားမိဘူး အခုတော့ ညီမဖြစ်သူက စွဲလမ်းတဲ့အဆင့်ကို ရောက်နေပါပြီ။

“သူ့မှာမိန်းမရှိတာ နင်သိတယ်မလား”

“ဘာထူးဆန်းလဲ ယောက်ကျားတွေက မိန်းမအများကြီး ယူကြတာပဲလေ ဖေဖေတောင် မေမေ့ကိုကြောက်လို့ ငြိမ်နေတာ မဟုတ်ရင်”

“တော်စမ်း ချန်ရှင်း သူအခုယူထားတာက ရွာသူတယောက်ပဲ ဘာမှမဟုတ်ဘူး အဲ့ဒါကို နင်က အဆင့်တူသွားလုပ်နေတာလား”

ချန်ဟယ်ရဲ့လေသံက သိသိသာသာပဲ ကျယ်လောင်သွားတယ်။ ထိုစကားကိုကြားတော့ ချန်ရှင်းက

“အဆင့်တူ ဟုတ်လား ဘာကိုပြောနေတာလဲ မမက အစ်ကိုပိုင်သာ ပြိုင်ပွဲမှာဝင်မပါခဲ့ရင် ခုချိန် သခင်လေး၃ယောက်တည်းက တယောက်ယောက်နဲ့ စေ့စပ်နေရပြီမဟုတ်လား ပြီးတော့ ဘာမှမသက်ဆိုင်တဲ့ ညီမလေးကောပဲ နောက်ပြီး အစ်ကိုပိုင်က အရည်ချင်းရှိတယ် ဖြောင့်မတ်တယ် မမတို့သာ အကျိုးအမြတ်ကို ကြည့်ပြီးသူ့ကို ဆွဲခေါ်ထားကြတာ အခုကြည့်စမ်း အရင်းအမြစ်ရလာတော့ မမသူ့ကိုဘာပေးလဲ ညီမလေးတို့ကြောင့် သူလုပ်ကြံခံရတာ မဟုတ်လား ဒါကအဆင့်ရှိပါတယ်ဆိုတဲ့ မမတို့ရဲ့လုပ်ရက်လား ရယ်စရာကောင်းတယ်”

ချန်ရှင်းက သူမမကျေနပ်ချက်တွေကို တန်းစီ ထုတ်ပြောလာတော့တယ်။ လေထုက တင်းမာနေပြီး ချန်ဟယ်လည်း ညီမဖြစ်သူရဲ့ စကားတွေ မှန်နေတာကြောင့် ငြိမ်သက်သွားတယ်။

“နင်ပြောတာ မှန်ပါတယ် ဒါပေမယ့်”

“ဒါပေမယ့် ဆိုတာမရှိဘူး မမကသူနဲ့ခရီးတောင် သွားခဲ့တာပါ သူ့စိတ်ကိုမသိဘူးလား အခုကျောက်တွင်းပြဿနာမှာ သူကညီမလေးလိုပဲ ကြားကပါလာတော့မှာ သူ့ကိုဘယ်သူကာကွယ်ပေးမှာလဲ မမလား”

ချန်ရှင်းရဲ့မေးခွန်းကို သူမပြန်မဖြေနိုင်ခဲ့ဘူး။ အင်အားစုတွေကြား ပြဿနာကရှုပ်ထွေးပြီး သိုင်းသခင်အဆင့်တွေ ပက်သက်နေတာကြောင့် သူမအနေနဲ့ ပိုင်လင်းကို စိတ်ရှိရင်တောင် ကာကွယ်မပေးနိုင်တာ သေချာပါတယ်။

“ ကျောက်တွင်းကိစ္စပြီးရင် သူ့ကိုအကျိုးအမြတ် အချို့ပေးမှာပါ”

“အကျိုးအမြတ်လား ထားတော့ မမသိထားဖို့က အစ်ကိုပိုင်ရဲ့ခွန်အားက မရိုးရှင်းဘူး မမတို့လို အခွင့်အရေးမရဘူးဆိုတာ သေချာလား မဖြစ်နိုင်ဘူး ပိုကောင်းတာတောင် ရလာနိုင်သေးတယ် မမ နင်ဆုံးဖြတ်ချက်မမှားစေနဲ့”

ထိုသို့ပြောပြီးနောက် ချန်ရှင်းလည်း အိမ်ထဲဝင်သွားတော့တယ်။ ချန်ဟယ်ကတော့ ပိုင်လင်းကို တောအုပ်အပြင်ဘက် ပြန်တွေ့တဲ့ အချိန်မှာ ထူးဆန်းတဲ့အမူအရာဖြစ်နေပြီး ပိုင်လင်းရဲ့ ကျင့်ကြံဆင့်ကို မမြင်နိုင်ခဲ့တဲ့အပေါ် ပြန်တွေးနေမိတယ်။

“ရှင်းအာ ပြောတာဖြစ်နိုင်လား”

ချန်ဟယ်တစ်ယောက် စိတ်ရှုပ်ထွေးသွားခဲ့ပြီး ကျင့်စဥ်ကို ဆက်လေ့လာဖို့ စိတ်မပါတော့ပါဘူး။ သူမက အိမ်တော်ကိုတဖက်တလမ်းက အထောက်ပံ့ပေးနေရတာဖြစ်ပြီး သူမမှာခံစားချက်တွေ ရှိနေရင်တောင် ချန်မိသားစုအရေးက သူမခံစားချက်ထက်ပို အရေးပါနေခဲ့ပါတယ်။

ထားလိုက်ပါတော့ အချိန်တန်ရင် အဖြေတခုခု ပေါ်လာမှာပါ။ တဆက်တည်းမှာပဲ ပိုင်လင်းရဲ့ ယောက်ျားပီသတဲ့ မျက်နှာကိုမြင်ယောင်မိပြီး စိတ်ထဲအနည်းငယ် လှုတ်ခပ်သွားရတယ်။ ငါဒါတွေကို ခုချိန်မတွေးသင့်ဘူး။

အချိန်က ညဘက်ကိုရောက်လာတယ်။ ကျိလင်က ပိုင်လင်းရဲ့ဘေးမှာ ထိုင်နေပြီး အသက်ရှုလေ့ကျင့်ခန်းကို ပြုလုပ်နေတယ်။ သူမက ရက်အနည်းငယ်အတွင်းမှာပဲ အဆင့်၅ ကိုရောက်နေခဲ့ပြီး သူမအတွက် လက်ဝေ့နည်းစနစ် အခြေခံနဲ့ ချီယောင်ဆီက ယူပေးထားတဲ့ ဓားကျင့်စဥ်တခု ပေးအပ်ထားတာဖြစ်လို့ သူမမှာ တိုက်ခိုက်ရေးနည်းလမ်းအချို့ ရှိနေပြီးသားပါ။

ဟူး….

ပိုင်လင်းတယောက် လေပူတွေကို မှုတ်ထုတ်လိုက်ပြီး ကျင့်ကြံတာကိုရုတ်သိမ်းလိုက်တယ်။ တဆက်တည်း ချန်မိသားစုရဲ့ သူ့အပေါ်သဘောထားကို တွေးမိတော့ ပြုံးလိုက်မိပြီး နှစ်ဖက်စလုံးက အကျိုးမြတ်အတွက် ပေါင်းစည်းထားတာကို သူခံစားမိတယ်။ ဒါပေမယ့်ပိုင်လင်းက ချန်အိမ်တော်အတွက် အလေးအနက်ထားခဲ့ပါ တယ်။ အမွေနှစ်ကိစ္စကို ထုတ်မပြောတာက ချီယောင်နဲ့ဆက်စပ်နေလို့ ဖြစ်ပြီး လုံလောက်တဲ့ ခွန်အားမရှိပဲ ထုတ်ပြတာက အန္တရာယ်များတယ်လေ။

တန်လု ပေးသွားတဲ့မှတ်ဉာဏ်ထဲမှာ သဘောတရား အနှစ်သာရနဲ့ ထိပ်တန်းဆေးဖော်စပ်တဲ့ ပညာရပ်တွေပါဝင်နေတာဖြစ်လို့ သူ့အတွက် တန်ဖိုးကြီးမားတယ်။ ဒါတွေက နောက်မှာအသုံးဝင်လာမှာပါ။ အခုဆေးပညာနဲ့ ပက်သက်တာကို လေ့လာကြည့်မယ်။

……………………………………………….

All Chapters