← Chapters

အခန်း (၇၃)

Vol. 5 Ch. 73

အခန်း (၇၃)

Vol. 5 Ch. 73

တန်လုရဲ့ ဆေးပညာက ဆေးဧကရာဇ်အဆင့် ကျော်လွန်နေမှန်း သူခံစားမိလိုက်တယ်။

ဆေးပညာကို အခြေခံကတဆင့် တဆင့်ချင်း ရှင်းပြထားပြီး ဆေးလုံးတွေကို အဆင့်နိမ့် အဆင့်အလယ်လတ် အဆင့်မြင့်နဲ့ ထိပ်တန်းအဆင့်ဆိုပြီး ၄ဆင့်ခွဲထားပြီး သူ့အထက်မှာတော့ သိုင်းဘုရင်အဆင့် သိုင်းဧကရာဇ်အဆင့် သိုင်းအင်ပါယာအဆင့် သိုင်းဘိုးဘေးအဆင့်နဲ့ အင်မော်တယ်အဆင့် ဆေးလုံးတွေဆိုပြီး ၅ဆင့်ထပ်ခွဲတယ်။

အင်မော်တယ်အဆင့် ဆေးလုံးတွေကတော့ ဒဏ္ဍရီလိုဖြစ်နေပါပြီ။ ထိုအရာက သေသူကိုတောင်ပြန်ရှင်စေနိုင်တယ်လို့ တန်လုက မှတ်သားထားတယ်။ ဒါကဖြစ်နိုင်လို့လား။ သေခြင်းတရားကို နတ်ဘုရားတွေတောင် ရှောင်လွှဲမရဘူးလေ။

ပိုင်လင်းရဲ့ ဆေးမှတ်တမ်းကို လေ့လာနေရင်း တဖက်မှာလည်း စိတ်ဝိဉာဥ်ကိုစုစည်းတဲ့ ဆေးလုံးဖော်စပ်နည်းကို စိတ်ဝင်စားနေမိတယ်။ ဒါက သူချစ်ရသူအချို့ မတော်တဆဖြစ်ခဲ့ရင် ပြန်လည်ရှင်သန်စေနိုင်မယ့် တခုတည်းသော နည်းပဲမဟုတ်လား။

“ဒါပေမယ့် ငါ့အနေနဲ့ အခြေခံကစ လေ့ကျင့်ရ လိမ့်မယ်ထင်တယ်”

ထိုချိန် ချီယောင်ရဲ့စကားသံ ထွက်ပေါ်လာတယ်။

“နင့်အနေနဲ့ အဆင့်နိမ့်ဆေးလုံးကစပြီး ဖော်စပ်တာကို လေ့ကျင့်ရမယ် အခုတော့ဒီတိုင်းပဲ လေ့လာထားလိုက်ပါ အဆင့်မြင့်ဆေးလုံးအတွက် ကုန်ကြမ်းက စန်းလော်တိုက်ကြီးမှာပဲ ရနိုင်လို့ အဲ့ကိုရောက်မှ နင်လေ့ကျင့်နိုင်လိမ့်မယ်”

ပိုင်လင်းလည်း ခေါင်းညိတ်လိုက်တယ်။

“ ရွှေခေတ်နဲ့ နတ်ဆိုးတွေ ဝင်ရောက်တာက တိုက်ဆိုင်နေရင် ဘာတွေဖြစ်လာနိုင်လဲ”

ပိုင်လင်းရဲ့အမေးကို ချီယောင်က

“မှတ်တမ်းတွေအရ ရွှေခေတ်စတင်တာက ထူးခြားတဲ့ဖြစ်စဥ်တွေ အမွေနှစ်ရတနာတွေ ပေါ်လာပြီး အပြင်းထန်ဆုံးအချိန်ကတော့ ဒီလောကရဲ့စည်းမျဥ်းတွေ အားကောင်းလာတာပဲ ဒါတွေက များပြားတဲ့ ပါရမီရှင်တွေကို မွေးထုတ်ပေးပြီးတော့ တဖက်မှာ နတ်ဆိုးတွေက အဲ့ဒီပါရမီရှင်တွေကို ထိန်းချုပ်ပြီး ဒီလောကတခုလုံး ဂယက်ထအောင် ကြိုးစားမယ့်သဘောပဲ ဒါကငါ့ခန့်မှန်းချက်နော် ငါရှိနေတုန်းက နတ်ဆိုးတွေကို အချိန်တခုထိ တွန်းလှန်ထားနိုင်တယ် ဆိုပေမယ့် သူတို့ကိုသစ္စာခံထားတဲ့ လူသားကျင့်ကြံသူတွေ အဲ့ချိန်တည်းက ရှိနေလောက်ပြီ”

“ဒါဆို ခင်ဗျားကိုသစ္စာဖောက်တဲ့ အမတ်လင်းက နတ်ဆိုးနဲ့ဆက်စပ်နေလား”

“မသေချာဘူး ဖြစ်နိုင်ချေတော့ရှိတယ်”

“ဒီလိုနိမ့်ကျတဲ့ ကုန်းမြေတိုက်ကြီးကိုတော့ နဆ်ဆိုးတွေ မျက်စိမကျလောက်ပါဘူး”

“ဒါက နင်ထင်တာလေ ချန်ညီအမကိုပဲကြည့် သူတို့က အရင်းအမြစ်တွေသာ စန်းလော်တိုက်ကြီးက လူငယ်တွေလိုရကြည့် ခုချိန်မိုးပျံနေအောင် ထူးချွန်နေမှာ ဒါကရွက်ပုန်းသီး ပါရမီရှင်လို့ ခေါ်တယ် ပြီးတော့ ရွှေခေတ်စတင်တာဖြစ်လို့ သူတို့လို လူငယ်ပါရမီရှင်တွေ အများကြီးပေါ်လာဖို့ရှိသေးတယ်”

ပိုင်လင်းလည်း သက်ပြင်းချလိုက်မိတယ်။ ကံကောင်းပြီး အသက်မသေပဲ ကမ္ဘာကူးပြောင်း လာခဲ့တယ်။ ကံဆိုးပြီး ကပ်ဘေးနဲ့ကြုံတယ်။ သူသာကျင့်ကြံရေးလမ်းကြောင်းပေါ် မတတ်ထားရင် ဘယ်လိုသေသွားမှန်းတောင် သိနိုင်မှာမဟုတ်ဘူး။

“အရာအားလုံးက ကောင်းကင်ဘုံက စီမံနေတာ ကျင့်ကြံသူတွေက ကောင်းကင်ဘုံကို မလွန်ဆန်နိုင်ဘူး”

ချီယောင်ရဲ့စကားကိုကြားတော့ ပိုင်လင်းက အထွန့်တက်တယ်။

“ကျင့်ကြံတာက ကောင်းကင်ဘုံကိုဆန့်ကျင် နောတာပဲမဟုတ်လား”

“အခြေခံအားဖြင့်တော့ ဟုတ်တယ် ဒါပေမဲ့ တယောက်ချင်းစီတိုင်းမှာ လမ်းကြောင်းတွေရှိပြီး ငါတို့အားလုံးက ကောင်းကင်ဘုံရဲ့ စစ်တုရင်ရုပ်လေးတွေပဲ”

“ဟမ့် ကျုပ်ကတော့ ဘယ်သူ့ရဲ့ချုပ်ကိုင်မှုကိုမှ ခံနေမှာမဟုတ်ဘူး”

“အဲ့လိုအတွေးရှိတာကောင်းတယ် အနည်းဆုံး အစစ်မှန်အင်မော်တယ်ဖြစ်အောင် အရင်လုပ်ကြည့်ပေါ့ ပြီးမှအဲ့စကားကိုပြန်ပြော ဟုတ်ပြီလား”

ချီယောင်က ထေ့ငေါ့လိုက်တယ်။ သူမလို အင်မော်တယ်တောင် ကောင်းကင်ဘုံရဲ့စီရင်မှု ကိုမရှောင်နိုင်တာ ဒီပမွှားသိုင်းသခင်လေးက တွန်းလှန်နိုင်မှာတဲ့လား။ မဖြစ်နိုင်ချေ။

“ခင်ဗျားစောင့်ကြည့်စမ်းပါ တချိန်မှာကျုပ်က နတ်ဘုရားတွေရဲ့အထက်ကို ရောက်ပြီးထာဝရ ရှင်သန်သူဖြစ်လာစေရမယ်”

ပိုင်လင်းက လက်သီးကိုကျစ်နေအောင်ဆုပ်ပြီး ကြုံးဝါးလိုက်တယ်။ ငုပ်မိသဲတိုင် တတ်နိုင်ဖျားရောက်ပဲ။ ကျင့်ကြံသူဖြစ်လာမှတော့ လူတိုင်းရဲ့အထက် အားလုံးကိုအုပ်မိုးကြည့်နိုင်တဲ့အထိ ကြိုးစားသင့်တာပေါ့။

“နင့်ရဲ့စိတ်ဓာတ်တွေ ပြောင်းသွားပြီ”

ချီယောင်က ခပ်တိုးတိုးပြောတယ်။ ပိုင်လင်းက ဟက်ခနဲရယ်လိုက်ပြီး ခင်ဗျားကတော့ တွေ့စကအတိုင်း လှနေတုန်းပဲ လို့ ဖျတ်ခနဲတွေးလိုက်မိတယ်။

“ဟမ့်”

နှာမှုတ်သံနဲ့အတူ ချီယောင်က ကုတင်ပေါ်ပြန်လှဲ ချသွားပြီး ပိုင်လင်းကို မောင်းထုတ်တော့တယ်။ ပိုင်လင်းလည်း အပြင်ရောက်တော့ ကျိလင်က ကျင့်ကြံတာမှာ စျာန်ဝင်နေတုန်းပဲဆိုတာ တွေ့လိုက်ရပြီး အနည်းငယ်ပြုံးလိုက်မိတယ်။ ဒီဇနီးအလိမ္မာ လေးက သူ့ကိုတဖက်တလမ်းက ကူညီနိုင်ဖို့ အသည်းအသန်ကြိုးစားနေမှန်း သူသိပါတယ်။

…………………………………………………

All Chapters