← Chapters

ဝေ့ဝူယင်၏ အသက်

Vol. 104 Ch. 1444

ဝေ့ဝူယင်၏ အသက်

Vol. 104 Ch. 1444

ဖျောင်း...

ဝေ့ဝူယင်က လက်ခုပ်တီးလိုက်ရာ စင်မြင့်၏ အလယ်ဗဟိုတွင် မှော်သန့်စင် ဆေးအိုး တစ်လုံးနှင့် အဂ္ဂိရတ်စားပွဲကြီးတစ်ခု ပေါ်လာခဲ့လေ၏။

"ကျုပ်တို့ရဲ့ အရမ်းကို ထူးချွန်ပြီး ချစ်စရာ ကောင်းတဲ့ အစီအစဉ် တင်ဆက်သူ ထျန်းရှောင်ချွမ်း ပြောခဲ့တဲ့ အတိုင်းပါပဲ... ဒီအဂ္ဂိရတ် ကုန်စည်ပြပွဲမှာ ပြသမှု သုံးမျိုး၊ အာရုဏ်ဦးမျိုးနွယ်ရဲ့ ထုတ်ကုန်ငါးမျိုးနဲ့ ကောင်းချီး ခုနှစ်မျိုး ပါဝင်မယ်ဆိုတာ သတိချပ်စေချင်တယ်... "

အားလုံးထံမှ စူးစမ်းသည့် အကြည့်များကို လက်ခံရင်း‌ ဝေ့ဝူယင်က ပြုံးလိုက်၏။

"အခု တတိယမြောက် ပြသမှုနဲ့ ပဉ္စမမြောက် ထုတ်ကုန်ကို ကျုပ် တိုက်ရိုက် ဖော်စပ် သန့်စင် ပြပါတော့မယ်... ဒါဟာ ထုတ်ကုန်ငါးမျိုးထဲမှာ အထိရောက်ဆုံး မဟုတ်ရင်တောင် ဒီပြပွဲရဲ့ အဆင့်အမြင့်ဆုံး ထုတ်ကုန် ဖြစ်လာပ်လိမ့်မယ်..."

အသန့်စင်ဆုံး မြူနှင်း တစ်စပင် မရှိသေးသည့် လျှို့ဝှက် အဆင့် မှော်သန့်စင် ဆေးအိုး ရှေ့တွင် ရပ်ရင်း ဝေ့ဝူယင် ပါဝင် ပစ္စည်းများကို တစ်ခုပြီး တစ်ခု စတင် ထုတ်ယူလိုက်၏။ ၎င်းတို့ တစ်ခုချင်းစီမှာ လျှို့ဝှက် အဆင့် အရည်အသွေးကို ပိုင်ဆိုင်ထားကြပေသည်။

လူတိုင်း အံ့အားသင့်သွားကြ၏။ တိုက်ရိုက် အဂ္ဂိရတ် ဖော်စပ်ပြမည်လား။

"ကဲ... စလိုက်ကြရအောင်..."

လူတိုင်းကို ပို၍ အံ့အားသင့်စေသည့် အရာက ဝေ့ဝူယင်မှာ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်များကို အသုံးမပြုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူ့ထံမှ ကြယ်စွမ်းအား၏ အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူက ကြယ်တာရာ သခင် တစ်ဦး ဖြစ်နေကြောင်း ထင်ရှားပေသည်။

အော်ရာများ ယိုစိမ့် ထွက်ပေါ် လာသည်နှင့် အမျှ သူ့အကြောင်း အချက်အလက်များမှာလည်း ထွက်ပေါ် လာခဲ့လေတော့သည်။ လူများ ပထမဆုံး သတိထားလိုက်မိသည် ဝေ့ဝူယင်၏ အသက် ဖြစ်သည်။

အာရုဏ်ဦး လေပွေဇုန် ဆေးလုံးမှာ ပုံမှန် အချိန် စီးဆင်းမှုနှင့် နှိုင်းယှဉ်ပါက လူတစ်ဦး၏ အချိန် ကုန်ဆုံးမှုကို အရှိန်မြှင့်ပေးနိုင်သော်လည်း... တစ်ချိန်တည်းတွင် ယင်းဇုန်မှာ လူတစ်ဦး၏ ဝိညာဉ်သက်တမ်း လောင်ကြွမ်းမှုကို ပိုမို၍ အရှိန်မြှင့်စေကာ သက်တမ်းကို ဆုတ်ယုတ်စေသည်။

ဆိုလိုသည်က အရှိန်မြှင့်ထားသည့် အချိန် စီးဆင်းမှုဇုန်အတွင်း နှစ်ပေါင်း တစ်ရာ ကြာအောင် နေထိုင်ခဲ့သည့် ကျင့်ကြံသူ တစ်ဦးသည် အမှန်တကယ် နှစ်ပေါင်း တစ်ရာ အသက်ကြီးလာမည် ဖြစ်သည်။

ဝေ့ဝူယင်ထံတွင် ခန္ဓာကိုယ် အသက်နှင့် ဝိညာဉ် အသက် မတူညီသည့် ရောင်ဝါ အထောက်အထားများကို သူတို့ တွေ့ရှိရသည်။ ဝေ့ဝူယင်၏ ခန္ဓာကိုယ် အသက်မှာ ငါးလသာ ရှိသေးသည်။ ထိုအရာက… သန္ဓေစွမ်းအင် တစ်မျိုးကို သုံးကာ ထူးဆန်းသည့် ကြယ်တာရာ ကိုယ်ခန္ဓာကို တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကောက်ချက်ချလို့ ရသည်။

ထိုအရာက အရေးမကြီးပါချေ။ အရေးကြီးသည်မှာ ဝေ့ဝူယင်၏ ဝိညာဉ် အသက်ပင် ဖြစ်သည်။

ကိုးဆယ့်ငါးနှစ်…

ထိုအရာက သူ၏ မွေးနှစ် သက္ကရာဇ် ကောလာဟလများနှင့် အလွန် ကိုက်ညီနေသည်။

၎င်းက ဘာကို ဆိုလိုသနည်း။ ၎င်းက ဝေ့ဝူယင်မှာ အဂ္ဂိရတ် လမ်းစဉ်နှင့် ကျင့်ကြံခြင်း လမ်းစဉ် နှစ်ခု စလုံးတွင် အံ့မခန်း အောင်မြင်မှုများ ရရှိစေရန် အာရုဏ်ဦး လေပွေဇုန် ဆေးလုံးကို လုံးဝ မသုံးခဲ့ဟု ဆိုလိုသည်။

"ငါးလ..."

ဧဒင်ကမ္ဘာ၏ မှောင်မိုက်သော ထောင့်တစ်နေရာတွင် ပုံရိပ်တစ်ခု ရှိနေ၏။ သူက ထိုအသေးစိတ် အချက်အလက်ကို တွေ့မြင်သည်နှင့် အဝေးကြီးမှ ကြယ်ကွင်းပြင်ထံ ချက်ချင်း ပေးပို့လိုက်သည်။

အစ ပထမတုန်းက… ကျင့်ကြံသူများ၏ အမြင်တွင် ဝေ့ဝူယင် ဤမျှလောက် အောင်မြင်မှုများကို ရရှိခဲ့ရခြင်းမှာ အာရုဏ်ဦး လေပွေဇုန် ဆေးလုံးဖြင့် အချိန်ကို ဆွဲဆန့် ကျင့်ကြံခဲ့ခြင်းကြောင့်ဟု ယူဆခဲ့ကြသည်။ ထိုအတွက် သူ့ကို နောက်ကွယ်မှ ထောက်ပံ့ပေးထားသည့် ထိပ်သီး အင်အားစုများ၊ ပညာရှင်ကြီးများလည်း ရှိနိုင်သည်။

သို့သော်လည်း… ယခုမူ သူတို့ အားလုံး ဝေ့ဝူယင်၏ အစစ်အမှန် အသက်ကို မြင်တွေ့ခွင့် ရရှိခဲ့ပြီ ဖြစ်လေရာ ထိုအတွေးများကို ပြန်လည် ဆန်းစစ်ရတော့မည် ဖြစ်သည်။

ထာဝရ နတ်ဘုရား၏ မျက်နှာက စက္ကန့် တစ်ခုချင်းစီတိုင်းတွင် ပိုမို၍ မှောင်မိုက် လာခဲ့၏။ သူ၏ မျက်ဝန်းများထဲတွင် ကြမ်းကြုတ်သော အလင်းရောင်များက စုဝေးနေကာ နှလုံးသားထဲတွင်တော့ ဒေါသ၊ ကြောက်ရွံ့မှုတို့ အပါအဝင် အနုတ်လက္ခဏာ ဆောင်သော ခံစားချက်များက လှိုင်းထန်နေ၏။

အဘယ်ကြောင့်နည်း…။ ဝေ့ဝူယင်မှာ ကိုးဆယ့်ငါးနှစ်သားတွင်ပင် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖော်စပ်ရန် ဟန်ပြင်နေသောကြောင့် ဖြစ်သည်။

အဂ္ဂိရတ် ရှန့်ထိုတစ်ဦးအနေဖြင့်… ဝေ့ဝူယင် ထုတ်ယူနေသည့် ပစ္စည်းများမှ တစ်ဆင့် သူ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုဖော်စပ်ရန် ကြိုးပမ်းတော့မည် ဖြစ်ကြောင်း မည်ကဲ့သို့ မခန့်မှန်းနိုင်ပဲ နေပါမည်နည်း။

သို့သော်လည်း ထိုနားလည် သဘောပေါက်မှုက သူ ခံစားနေရသည့် အနုတ်လက္ခဏာ ဆောင်သော ခံစားချက်များကို ဆယ်ဆ ပိုမို ဆိုးရွားလာစေခဲ့သည်။ အကယ်၍ ဝေ့ဝူယင်သာ အောင်မြင်သွားခဲ့ပါက...

မဖြစ်နိုင်ချေ။ သူ အောင်မြင်လိမ့်မှာ မဟုတ်ပါချေ။

ဝေ့ဝူယင်မှာ သေမျိုး တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူ့ထံတွင် အဂ္ဂိရတ် ဝိညာဉ် မရှိချေ။ သို့ဖြစ်လေရာ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

အဘယ်ကြောင့်နည်း။ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် အတွက် ပြိုင်စံရှား ကျွမ်းကျင်မှုများ၊ နားလည်မှုများ အပြင် လုံလောက်သည့် အဂ္ဂိရတ် စွမ်းအင်များကို လိုအပ်ခြင်းကြောင့် ဖြစ်သည်။

ဆေးဖော်စပ်နေစဉ် အတောအတွင်း ပါဝင် ပစ္စည်းများ၏ တက်ကြွသော တန်ပြန်မှုကို ခုခံကာကွယ်ရသလို တစ်ချိန်တည်းမှာပင် အဂ္ဂိရတ်၏ ကဏ္ဍ ခုနစ်ခုဖြစ်သည့် ထုတ်ယူခြင်း၊ ကြီးထွားခြင်း၊ ထိန်းချုပ်ခြင်း၊ သန့်စင်ခြင်း၊ ဖန်တီးခြင်း၊ ပြောင်းလဲခြင်းနှင့် ပေါင်းစပ်ခြင်းတို့ကို တိကျစွာ ထိန်းချုပ်ရန်လည်း လိုအပ်သည်။

အကယ်၍ သင့်ထံတွင် လျှို့ဝှက် ဝိညာဉ် သို့မဟုတ် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် တစ်ခုခုကို ပိုင်ဆိုင် မထားပါက… လျှို့ဝှက် အဆင့် ရင်းမြစ်များကို ကိုင်တွယ်ကာ ထိုခက်ခဲသော အဆင့် တစ်ခုချင်းစီကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

အဂ္ဂိရတ် ရှန့်ထိုတစ်ဦးအနေဖြင့်… ၎င်းမှာ အဂ္ဂိရတ်တာအို နယ်ပယ်အတွင်း မည်သူမျှ မချိုးဖောက်နိုင်သည့် နိယာမ တစ်ရပ် ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောဆိုနိုင်သည်။

ဝေ့ဝူယင်ထံတွင် ထိုနိယာမကို ချိုးဖောက်ရန် နည်းလမ်း မရှိဟု သူ ယုံကြည်သည်။

ထာဝရ နတ်ဘုရား၏ အတွေးများက မှန်ကန် ပေသည်။ သူ့ထံတွင် ထိုနိယာမကို ချိုးဖောက်ရန် နည်းလမ်း မရှိချေ။ ချိုးဖောက်ဖို့လည်း မလိုပါချေ။ အဘယ့်ကြောင့်နည်း။ သူ့ထံတွင် အဂ္ဂိရတ် ဝိညာဉ် ရှိပြီးသား ဖြစ်သောကြောင့်ပင်။

လင်းရှန်းရှဲ့၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေ၏။ သူမ၏ နှုတ်ခမ်းများ ထက်တွင်တော့ မျှော်လင့်ချက်များ ပြည့်နှက် နေသည့် အရိုင်းဆန်ဆန် အပြုံးတစ်ခု ခိုအောင်း နေသည်။ ပထမဆုံး အဂ္ဂိရတ် ကုန်စည်ပြပွဲကို အပြီးသတ်ရန် လှုပ်ရှားနေသည့် ဝေ့ဝူယင်၏ ပုံရိပ်ကို ကြည့်ရင်း သူ၏ နှလုံးခုန်နှုန်းက မြန်လာသည်။ အဘယ်ကြောင့်မှန်းမသိ… ဝေ့ဝူယင် အောင်မြင်နိုင်လိမိ့မည်ဟု သူမ ယုံကြည်နေခဲ့သည်။

ယန်ချောင်ယွီ၏ နှလုံးသားက လင်းရှန်းရှဲ့ထက်ပင် ပိုမိုပြင်းထန်စွာ ခုန်နေသည်။ သူမသည် ဝေ့ဝူယင်၏ အစစ်အမှန် အသက်နှင့် အာရုဏ်ဦး လေပွေဇုန် ဆေးလုံး အကြောင်းကို သိရှိပြီးသား ဖြစ်သော်လည်း လူငယ် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖော်စပ်ရန် ကြိုးစားလိမ့်မည် ဖြစ်ကြောင်းကိုတော့ မသိခဲ့ပါချေ။

"မဖြစ်နိုင်ဘူး…"

ထျန်းရှန်းယန်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်၏။ သူ၏ မေးရိုးများ အောက်သို့ ပြုတ်ကျလုနီး ဖြစ်နေစဉ်မှာပင် ဝေ့ဝူယင်က ဆေးဖော်စပ်မှုအတွက် လိုအပ်သည့် ပါဝင်ပစ္စည်းများကို တည်ငြိမ်စွာ ဆက်လက် ထုတ်ယူနေခဲ့လေသည်။ ထိုအထဲ၌ လျှို့ဝှက် လောက အမတေ ကျောက်တုံး ကဲ့သို့ အလွန်ရှားပါးသော အဖိုးတန် ရတနာ တစ်ချို့ပင် ပါဝင်နေသည်။

"လော့နင်ကို ငါ နားလည်နိုင်သေးတယ်… အတိတ်မှာ ကျရှုံးလုနီးပါး ဖြစ်ခဲ့ပေမဲ့ အဲဒီ ကောင်မလေးက အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် အပြင် မဖော်ထုတ် ရသေးတဲ့ ပါရမီတွေ၊ အမွေအနှစ် အားသာချက်တွေ အကုန်လုံးကို ပိုင်ဆိုင်ထားခဲ့တာ… ဒါပေမယ့် ဝေ့ဝူယင်က..."

ထျန်းမူယန်က သံသယ အငွေ့အသက်များနှင့် ရေရွတ်လိုက်၏။

"သူ လုပ်နိုင်ပါ့မလား…"

ထျန်းလင်းယုက အာခေါင်များ ခြောက်ကပ် နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။ လော့နင်၏ တိုးတက်လာခဲ့မှုက လက်သင့်ခံနိုင်စရာ ဖြစ်သော်လည်း ဝေ့ဝူယင်မှာ ကိုးဆယ့်ငါးနှစ်သားသာ ရှိပါသေးသည်။

၉၉ နှစ်...။

သေမျိုးများ အတွက် မပြောတတ်သော်လည်း ထို ၉၉ နှစ် ဆိုသော အချိန်မှာ သူတို့လို မြေကြီး ရှန့်ထိုများ အတွက်တော့ မျက်တောင် တစ်ခပ်စာမျှသာ ဖြစ်သည်။

ထိုမျှ အချိန်ကလေးနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်း နိုင်ခဲ့ခြင်းပင်လျှင် လောကကို တုန်လှုပ်စေနိုင်သည့် ဖြစ်ရပ် တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း… ယခုတွင်မူ ဝေ့ဝူယင်မှာ လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကိုပင် ဖန်တီးတော့မည် ဖြစ်လေသည်။

"တကယ်လို့ သူသာ လုပ်နိုင်ခဲ့ရင်…"

ထျန်းတိန်းကျန့်မှာ တစ်ဦးတည်း သီးသန့် နေထိုင်ခြင်းဖြင့် မိမိကိုယ်ကို ဆက်လက် ဖုံးကွယ်ထားခြင်း မပြုတော့ပဲ အင်ပါယာ မျိုးနွယ် အဖွဲ့ထံ ရောက်ရှိလာကာ ပြောကြား လိုက်သည်။

"ကောင်းကင်ဘုံတွေတောင် ပျက်သုဉ်း သွားလိမ့်မယ်"

သူမ၏ စကားလုံးများက ရှင်းလင်းသည်။ သို့သော်လည်း အမှန်တရားကို သယ်ပိုးထားသည်။ ကောင်းကင်ဘုံနှင့် တာအိုများ ပျက်စီးသွားသည့် တစ်နေ့တွင်သာ... အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ပိုင်ဆိုင်ထားခြင်း မရှိသည့်သေမျိုး တစ်ယောက်က လျှို့ဝှက်အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။ အခြား နည်းလမ်း မရှိပါချေ။

စက္ကန့်နှင့်အမျှ ပရိသတ်များမှာ ပိုမို၍ စိတ်လှုပ်ရှား လာနေခဲ့ကြသည့်တိုင် ဝေ့ဝူယင်ထံတွင် အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ် ရှိနေသည်ကိုတော့ မည်သူမျှ မသိရှိခဲ့ကြပါချေ။

***

All Chapters