လောက နိုးထခြင်း
Vol. 104 Ch. 1448
ဝေ့ဝူယင်၏ လက်များနှင့် လက်မောင်းများပေါ်တွင် သွေးကြောများ စတင်ကာ ထောင်ထလာနေခဲ့၏။ ထိုအခိုက်၌ သူ သွန်းလောင်းထည့်နေသည့် အဂ္ဂိရတ် စွမ်းအားမှာ ကြယ်တာရာ နယ်မြေပေါင်း များစွာကိုပင် အသာကလေး လွှမ်းခြုံပစ်ဖို့ လုံလောက်ပေသည်။
အဝေး တစ်နေရာတွင်တော့ မိန်းကလေး တစ်ဦးမှာ အတောင်ပံပါ သားရဲ တစ်ကောင်ထက်တွင် ထိုင်ရင်း ဝေ့ဝူယင်ကို အေးဆေးတည်ငြိမ်စွာ စောင့်ကြည့်နေခဲ့၏။ သူမ၏ မဟူရာ ဆံပင်နှင့် မျက်ဝန်းနက်များမှာ အနည်းငယ်မျှ စွန်းထင်းမှု မရှိပဲ အလွန်ပင် သန့်စင်နေသည်။
ထိုအမျိုးသမီး၏ ညာဘက်တွင်တော့ ခြေဗလာနှင့် အလွန် ချောမောလှသည့် ဆံပင်ရှည်ရှည် ရှို့ရန်တစ်ဦး ထိုင်နေခဲ့၏။
သူ၏ နောက်ထပ် ဘယ်ဘက်တွင်တော့ အလင်းကို စုပ်ယူနိုင်လောက်အောင် အမိုက်မှောင် အတိပြီးသည့် ပုံရိပ်တစ်ခု ရှိနေခဲ့၏။
သူတို့၏ အောက်တည့်တည့်တွင်မူ တောက်ပသည့် ရွှေရောင် မျက်ဝန်းများနှင့် မိန်းမငယ်လေး တစ်ဦး ထိုင်နေခ့်သည်။ သူမနှင့် မလှမ်းမကမ်းတွင် မြှားကျည်တောင့် အလွတ်တစ်ခုကို လွယ်ထားသည့် ယောက်ျား တစ်ဦး ရှိ၏။ သူက မျက်လုံးများကို မှေးမှိတ်ထားသော်လည်း တစ်ချိန်တည်း၌ အရာအားလုံးကို မြင်နိုင်စွမ်း ရှိနေသည့်ပုံ ရသည်။
သူတို့ ခြောက်ယောက်မှာ အတူတကွ ရှိနေခဲ့ကြခြင်း ဖြစ်လေသည်။
"လာတော့မယ်..."
မဟူရာ ဆံပင်နှင့် မိန်းကလေးက ပြောလိုက်၏။ ချက်ချင်းပင် သူတို့ ခြောက်ဦး စလုံး၏ အော်ရာများက မြင့်တက်လာကာ ကိုယ့်ကိုယ်ကို အဆင်သင့် ပြင်ဆင်လိုက်ကြသည်။
"ဂီး..."
အတောင်ပံပါ သားရဲက ဟစ်ကြွေးလိုက်လေ၏။
...
ဧဒင်ကမ္ဘာ၊ ထာဝရ အစည်းအရုံး၏ အဖွဲ့ အတွင်း၌...
"ဒါက လျှို့ဝှက် မြေကြီး အဆင့် ဆေးလုံး မဟုတ်ဘူး"
ထာဝရ နတ်ဘုရား၏ မျက်လုံးများ ပြူးကျယ်လာကာ ထိတ်လန့် တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်လေ၏။
"ဘာလဲ..."
ချက်ချင်းပင် ထိပ်သီး ပညာရှင်တိုင်း၏ မျက်နှာ အမူအရာများမှာ ပြောင်းလဲ သွားကြသည်။ သူတို့ နောက်ထပ် ဆွေးနွေးနိုင်ခြင်း မရှိမီမှာပင် ကမ္ဘာလောကမှာ စတင်ကာ တုန်လှုပ်လာခဲ့သည်။ ဧဒင်လောက တစ်ခုတည်းသာ မဟုတ်... အပြင်လောကရှိ အစစ်အမှန် ကမ္ဘာကြီး တစ်ခုပါ တုန်လှုပ်လာခြင်း ဖြစ်သည်။
"မဖြစ်နိုင်ဘူး... ဒါ... ဒါက..."
ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ ပိုမို၍ ပြူးကျယ်လာခဲ့သည်။
ရုတ်တရက်...
ဘုန်း...
ဧရာမ လှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်သွားသလို လှုပ်ခတ်မှုတစ်ခု ဖြစ်သွားခဲ့၏။ လူတိုင်းမှာ စိတ်၊ ရုပ်နှင့် ဝိညာဉ် သုံးခုလုံးအပေါ် ကြောက်မက်ဖွယ် ဖိအားတစ်ခု ကျဆင်းလာသလို ခံစားလိုက်ရသည်။ သူတို့မှာ အသက်ရှူရန်ပင် စတင်ကာ ခက်ခဲလာခဲ့၏။
ဝိညာဉ်ငလျင်...
အင်ပါယာ အကြံပေး၏ တည်ငြိမ်မှုမှာ နှစ်ပေါင်းများစွာအတွင်းတွင် ပထမဆုံးအကြိမ် အဖြစ် ပျက်စီးသွားခဲ့၏။ အမြဲတမ်း မှေးနေလေ့ရှိသော သူမ၏ မျက်လုံးများက ရုတ်တရက် ပွင့်လာကာ လင်းထိန်သော အလင်းရောင်များ ဖြာထွက် ထွက်ပေါ်လာခဲ့သည်။
"စစ်မှန်သော ရှန့်ထိုတစ်ပါးရဲ့ လောက နိုးထမှုလား...”
ချိပ်ပိတ်နယ်မြေ၏ နှစ်ပေါင်း ရှစ်သောင်း သမိုင်းကြောင်းတွင် အကြီးကျယ်ဆုံး ဖြစ်ရပ်မတိုင်မီ အစပျိုးမှု တစ်ခုမှာ ယနေ့ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့တွင် တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့လေသည်။
တတိယမြောက် ပြသမှု...
ပဉ္စမမြောက် ဆေးလုံး...
သတ္တမမြောက် ကံကြမ္မာ...
ဝေ့ဝူယင်မှာ ခမ်းနား ထည်ဝါလွန်းလှသည့် နောက်ဆုံးအပိုင်းကို ကိုယ်တိုင်သည် လည်းကောင်း၊ လှပ ကျက်သရေရှိသည့် ထျန်းရှောင်ချွမ်းထံမှ လည်းကောင်း ကတိပေးခဲ့သည်။ ထို့နောက် သူက ကဏ္ဍပေါင်းစုံမှ ကတိတည်ခဲ့ပေသည်။
ဝိညာဉ်ငလျင်၏ အဟုန် တိုးမြင့်လာမှုနှင့် အတူ လူတိုင်း၏ နှလုံးသားများမှာ ဖော်ပြရန် ခက်ခဲလှသည့် တုန်လှုပ် ချောက်ချားမှုမျိုးကို ခံစားနေရ၏။ ကျင့်ကြံခြင်း ဝိညာဉ်များ (အနိမ့်ဆုံး ချီနှလုံးသားမှသည် အမြင့်ဆုံး လျှို့ဝှက် ဝိညာဉ်အထိ ) အားလုံးမှာ တုန်ယင်မှုများ၊ အသံတိတ် အော်ဟစ်သံများ စသည်တို့ဖြင့် စတင်ကာ တုံ့ပြန်လာခဲ့ကြသည်။
ထိုအခိုက်၌... ဖြစ်ရပ်၏ အံ့ဩဘနန်း ဆန်းကြယ်မှုတွင် အံ့အားသင့်ခြင်းမရှိသောသူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပါချေ။
…
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်း၌ ထူးကဲ မြင့်မြတ်လှသည့် ပုံရိပ်တစ်ခုမှာ ပျင်းရိလေးဖင့်စွာဖြင့် ပလ္လင်တစ်ခုထက်၌ ရှိနေခဲ့လေသည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၌ ဝိညာဉ်ငလျင် ဖြစ်ပေါ်လာသည့် အခိုက်အတန့်တွင် သူက ခေါင်းကို မော့ရင်း မျက်လုံးများကို ဖွင့်လိုက်၏။ ထိုအခါ သူ့ မျက်ဝန်းများထဲမှ အဆုံးမဲ့စွာ လှပလှသော ကြယ်တာရာများနှင့် ထူးပြား ဆန်းကြယ်လှသော အလင်းရောင်များ ရောနှော ထွက်ပေါ်လာခဲ့သည်။ ထိုမျက်ဝန်းများ အတွင်းတွင်ပင် အပြောကျယ်လှသော စကြဝဠာကြီး တစ်ခုလုံး ရှိနေသယောင် ထင်ရသည်။
"ဆိုတော့ မင်းက ကိုးလောက ကောင်းချီးခံ ဆိုတာ တကယ်ပေါ့… ဘာပဲဖြစ်ဖြစ် တစ်ကြိမ်တော့ မင်း ပူးပေါင်းဆောင်ရွက်ရမယ်"
သူက ညာဘက်လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ရာ သာမန် မြေကြီးရှန့်ထို တစ်ယောက်ထက် အဆပေါင်း များစွာ သာလွန်သည့် လျှို့ဝှက်စွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရှေ့သို့ တိုးဝင်သွားခဲ့သည်။ လှိုင်းလုံးက အမှောင် ဟင်းလင်းပြင် အတွင်း စီးဝင်သွားကာ စွမ်းအင် အမျှင်တစ်ခုတည်းသာ ကျန်ရှိတော့သည်အထိ ပြင်းထန်စွာ တွန့်လိမ်သွားခဲ့သည်။ သို့သော်လည်း ထိုစွမ်းအင် အမျှင်မှာ နေကြယ်ပေါင်း တစ်ထောင်၏ တောက်ပမှုမျိုးကို ထုတ်လွှတ်နေခဲ့လေ၏။
ဝှစ်…
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင်… အမျှင်မှာ မည်သည့် အတားအဆီးမျှ မရှိပဲ အဆုံးမဲ့ ကောင်းကင် နေကြယ် အတွင်းသို့ ဝင်ရောက်သွားခဲ့၏။
"အချိန်ကျတော့မယ်…"
သူက တီးတိုး ရေရွတ်လိုက်၏။ ထို့နောက်တွင်တော့ ညာဘက်လက်မောင်းကို ပြန်ချကာ မျက်လုံးများကို ပြန်လည်၍ မှေးမှိတ်လိုက်လေသည်။
အခြားလူများ မသိလိုက်ခင်မှာပင် အဆုံးမဲ့ ကောင်းကင် နေကြယ်၏ အရည်ပျော်နေသော အမြုတေ အတွင်းတွင် နယ်ပယ်တစ်ခု တည်ရှိနေခဲ့လေသည်။ ထိုထူးခြားသော နယ်ပယ်အတွင်းတွင်တော့ အရာဝတ္ထုတစ်ခုမှာ ငုပ်လျှိုးနေခဲ့လေ၏။
…
ဒေါသဥဿုံ ကြယ်တာရာ နယ်မြေ…
ချိပ်ပိတ် နယ်မြေ၏ အကြီးမားဆုံး အရိပ်ဥ အတွင်း၌ ခရမ်းရောင် ဝတ်စုံဝတ် ပုံရိပ်မှာ အရိပ်မှန်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်နေခဲ့၏။
"မင်းက ဘယ်လို မိစ္ဆာမျိုးလဲ"
သူက လှိုင်းထနေသည့် လေသံဖြင့် ရေရွတ်လိုက်ကာ နှလုံးသားထဲမှ အံ့အားသင့်မှု၊ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်မှုတို့ကို ဖော်ထုတ်လိုက်သည်။
သာမန် သေမျိုးတစ်ဦးမှာ ကျင့်ကြံခြင်း လောက၏ ထုံးတမ်းစဉ်လာ တစ်ခုလုံးအား ပြောင်းလဲစေနိုင်သည့် အဂ္ဂိရတ် ထုတ်ကုန် လေးမျိုးကို ဖော်စပ်ခဲ့ရုံမျှသာ မက အစစ်အမှန် ရှန့်ထို တစ်ပါး၏ လောက နိုးထမှုကိုပါ အသက်သွင်းနိုင်ခဲ့သည်။
ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် ရွေးချယ်ခဲ့ခြင်း အတွက် သူ ကိုယ့်ကိုယ်ကို ကျေးဇူးတင်လိုက်မိသည်။ ဝေ့ဝူယင်ထံတွင် ဖော်ပြထားသည်ထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသည့် အရာများ ရှိနေနိုင်သေးကြောင်း သူ ချက်ချင်း ကောက်ချက် ချလိုက်နိုင်သည်။
ခရမ်းရောင် ဝတ်စုံဝတ်က ဘေးနားရှိ ဆက်သွယ်ရေး သလင်းကျောက်ကို ကောက်ယူလိုက်ကာ တတိယမြောက် ချိပ်ဆက်၏ တည်နေရာကို တူးဖော်မည့် အစီအစဉ်များအား ပြန်လည်ရုပ်သိမ်းဖို့ အလျှင်အမြန် အမိန့်ပေးလိုက်သည်။
ယခင် သူတော်စင် ခုနစ်ပါး ကျောက်တိုင် ကြယ်ကွင်းပြင်မှာ တတိယမြောက် ချိပ်ဆက်၏ တည်နေရာ ဖြစ်ကြောင်း သေချာနေချေပြီ ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ၎င်းကို ကာကွယ်ရန် ဆုံးဖြတ်ထားလေရာ တိုက်ခိုက်ခြင်းဖြင့် ထိုမိစ္ဆာကို ရန်စရန် သူ့ထံတွင် အကြောင်းပြချက် မရှိတော့ပေ။ တဒင်္ဂ အတွင်းမှာပင် သူ၏ နှစ်ပေါင်း သောင်းချီ အစီအစဉ်များမှာ ဟာရီကိန်းမုန်တိုင်းအတွင်းမှ ပါးလွှာသော မီးခိုးငွေ့များ ကဲ့သို့ လွင့်စဉ် ပျောက်ကွယ်သွားခဲ့လေတော့၏။
…
ကြယ်တာရာမိုး အသိုက် အတွင်း၌…
ဂျစ်… ဂျစ်…
ဖန်သားအလား မျက်နှာပြင်အောက်မှ တိုးညှင်းသော အသံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်လည်း… သတိပင် မထားမိနိုင်လောက်အောင် သေးငယ်လှသော အက်ကြောင်းလေး အနည်းငယ် ပိုမို ထူထဲလာခြင်းမှလွဲ၍ အခြား မည်သည့် တုံ့ပြန်မှုမှ မရှိခဲ့ပေ။
"နောက်တစ်ယောက်လား…"
…
ထာဝရ ကြယ်တာရာ နယ်မြေ၏ ဖျက်ဆီးခံ အကြွင်းအကျန်များ အကြား၌…
ထန်ဂူ သတ္တဝါမှာ မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် ဆက်လက် အိပ်စက်နေခဲ့သည်။ ဝိညာဉ်ငလျင်၏ အဟုန်က ၎င်း၏ နှာခေါင်းကို အနည်းငယ် လှုပ်ယိမ်းစေသည်ထက် မပိုခဲ့ပေ။
သို့သော်လည်း ပျက်စီးမှု မရှိခဲ့သည့် လျှို့ဝှက် နယ်မြေတစ်ခုထဲတွင်တော့ အပြာရောင် ပုဂ္ဂိုလ် တစ်ယောက်မှာ အပြင်လောကကို စိုက်ကြည့် နေခဲ့ကာ ချိပ်ပိတ်နယ်မြေ၏ နက်ရှိုင်းသော အပြောင်းအလဲများကို လေ့လာနေခဲ့သည်။
"ဟား ဟား ဟား… သူက အံ့မခန်း ထူးချွန်တဲ့ လူတစ်ယောက် ဖြစ်လာမှာ ငါ သိသားပဲ…”
လောက ရှန့်ထို တစ်ဦးမှ ဝိညာဉ် အသွင်အဖြစ် ပြောင်းလဲသွားခဲ့သူက ရယ်မောလိုက်၏။ ဝေ့ဝူယင် တည်ဆောက်ထားသည့် ဝိညာဉ်ကွန်ယက် အတွင်းပိုင်းကို လေ့လာရင်း သူ၏ မျက်ဝန်းများက ပိုမို၍ လေးနက် သွားခဲ့သည်။
"ခွေးအိုကြီးတွေလည်း နောက်ဆုံးတော့ နိုးထလာကြပြီ… မကြာခင် လွတ်မြောက်ဖို့ နီးနေပြီ ထင်တယ်… ငါ ဘာလုပ်ရမလဲ… ဟင်း…”
ထိုအပြာရောင် ပုံရိပ်မှာ ဝမ်ယုထျန်းမှ လွဲ၍ အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။
…
စန်းယွန်းလီ၏ အသိစိတ် ပင်လယ် အတွင်း၌…
စိတ်ကို လေ့ကျင့် ပျိုးထောင်ပေးနိုင်သော ရတနာမှာ မှိန်ပြပြ အလင်းရောင်ကို ထုတ်လွှတ် နေခဲ့လေသည်။ ရှေးဟောင်း ဝိညာဉ်မှာ ဝေ့ဝူယင်၏ လုပ်ဆောင်ချက်များကို ကြည့်ရင်း တိတ်ဆိတ် ငြိမ်သက် နေခဲ့၏။ သူမက စန်းယွန်းလီ၏ အစစ်အမှန် ခန္ဓာကိုယ်မှ တစ်ဆင့် ဝိညာဉ် အာရုံကို ထုတ်လွှတ်လိုက်ရာ အပေါ် အမှောင် ဟင်းလင်းပြင် အတွင်းတွင် ရင်းနှီးသော စွမ်းအင် အော်ရာ တစ်ခုကို ရှာဖွေ တွေ့ရှိလိုက်သည်။
"သူ အသက်ရှင်နေတာလား… ဒါဆို သူ တကယ် ထွက်ပြေးခဲ့တာပေါ့"
အမျိုးသမီး၏ အသံထဲတွင် ဒေါသနှင့် မချင့်မရဲဖြစ်မှု အနည်းငယ် ပါဝင်နေခဲ့၏။ သို့သော်လည်း နောက်ဆုံးတွင်တော့ သူမက တိုးညှင်းစွာ သက်ပြင်းတစ်ချက်သာ ချလိုက်သည်။
"ဒီအတွက် အပြစ်တင်လို့ မရပါဘူးလေ... ငါလည်းလည်း အသက်ရှင်ချင်ခဲ့တာပဲ...”
ဤသို့ ပြောပြီးနောက် ရှေးဟောင်းဝိညာဉ်မှာ ဝမ်းနည်းဖွယ် တိတ်ဆိတ်မှု တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့ လေတော့၏။
***