← Chapters

သူတို့တွေက အားနည်းလွန်းတယ်၊ လက်သီးတစ်ချက်နဲ့ လူတစ်ယောက်ကို သတ်နိုင်တယ်

Vol. 2 Ch. 16

သူတို့တွေက အားနည်းလွန်းတယ်၊ လက်သီးတစ်ချက်နဲ့ လူတစ်ယောက်ကို သတ်နိုင်တယ်

Vol. 2 Ch. 16

"ယောက်ျား.. ယန်အာဆီကနေ သတင်းမရတာ တစ်လတောင်ကြာပြီ။ ကျွန်မတကယ်ပဲ စိုးရိမ်မိတယ်.."

ရွှီယန်၏ မိခင်ဖြစ်သူက စိုးရိမ်နေသည့် အသွင်ဖြင့် ပြောသည်။

သုံဟယ်ကောင်တီ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် ရွှီကျွင်းဟယ်ဟာ အသက်၄၀နီးပါးသို့ ရောက်နေပါပြီ။

သို့ပေမယ့် သူ၏ရုပ်ရည်ဟာ ငယ်ရွယ်စဉ်ကကဲ့သို့ ချောမောနေဆဲရှိ၏။ ဒီအချိန်၌ သူ၏ပုံစံက ခေါင်းခဲနေဟန်ရှိသည်။

"မိန်းမ.. ယန်အာကို တင်းတင်းကြပ်ကြပ် ဆိုဆုံးမဖို့လိုပြီ.. ဒီအတိုင်းလွှတ်ထားလို့ မရတော့ဘူး။ မင်းသူ့ကို ဆက်ပြီး အလိုမလိုက်နဲ့တော့.."

"ယောက်ျားကလဲ... ရှင်ဘာတွေ ပြောနေတာလဲ။ ကျွန်မမှာ ဒီသားလေးတစ်ယောက်ပဲ ရှိတာ။ သူ့ကိုမှ အလိုမလိုက်ရင် ဘယ်သူ့ကို အလိုလိုက်ရမှာလဲ.."

ရွှီယန်၏ မိခင်ဖြစ်သူက အလိုမကျစွာပြောသည်။

"ငါ..."

ရွှီကျွင်းဟယ်က သက်ပြင်းချသည်။ ထိုအချိန်၌ အစေခံတစ်ယောက်က အပြေးရောက်ရှိလာ၏။

"သခင်ကြီး.. သခင်မကြီး သခင်လေးပြန်လာပါပြီ.."

"ယန်အာပြန်လာပြီလား.."

ရွှီယန်၏ မိခင်က အံ့သြသွားပြီး ရေရွတ်ရင်းက အလျှင်အမြန် ပြင်ပသို့ထွက်သွားသည်။

"သူပိုပြီးတော့ ပိန်လာလား။ အသားတွေ မဲလာမလား။ ဒဏ်ရာတွေများ ရလာဦးမလား.."

ရွှီကျွင်းဟယ်က သက်ပြင်းချကာ မာကျောသောမျက်နှာနှင့် နောက်မှလိုက်သည်။

"ဆေးဆရာဖန် ဘယ်မှာလဲ။ မင်းတို့တွေ ဂရုစိုက်ကြ။ အထဲကိုသွင်း... ဒီကောင်ကြီးကို ငါကိုယ်တိုင် ကိုင်ရမယ်ထင်တယ်.."

ရွှီယန်က မျက်လုံးနီကျားကို သားသတ်နေရာသို့ အစေခံများအား တစ်ခါတည်းရွှေ့ခိုင်းကာ သူကိုယ်တိုင် အရည်ခွံနွှာရန် ပြင်ဆင်သည်။ တစ်ချိန်တည်းတွင် အိမ်၌ ကိုးကွယ်သည့် မိသားစုဆရာဝန်ဖန်ကို သွားရှာခိုင်းသည်။

"ဒါကဘယ်လိုကျားမျိုးလဲ။ ဘာလို့ ဒီလောက်ကြီးရတာလဲ.."

"ဒါကြီးက သေပြီးပြီဖြစ်ပေမယ့် သူ့ရှေ့မှာ ရပ်လိုက်တာနဲ့ ငါ့ရဲ့ခြေထောက်တွေ အားနည်းသွားတယ်လို့ ခံစားရတုန်းပဲ.."

ရွှီအိမ်တော်၏ အစောင့်များနှင့် အစေခံများက မျက်လုံးနီကျား၏ အလောင်းကို တွေ့ရပြီးနောက် အားလုံးဟာ အံ့သြသွားကြသည်။

ကျားက သေဆုံးပြီးဖြစ်ပေမယ့် မျက်လုံးနီကျား၏ အရှေ့တွင် ရပ်လိုက်သည်နှင့် သူတို့ဟာ ကြောက်ရွံ့စွာ ခံစားရပြီး ခြေထောက်များက ချိနဲ့သွားကြသည်။

သိုင်းပညာကို ကျင့်ကြံထားသည့် အစောင့်အချို့ပင်လျှင် ကျွမ်းကျင်သူများဟု ယူဆနိုင်ကာ ကျားများကို အမဲလိုက်ဖူးပေမယ့် ဒီကျားကြီး၏ရှေ့တွင် ရပ်သည့်အခါ၌ နက်ရှိုင်းသည့် စိုးရိမ်မှုကို ခံစားရဆဲရှိသည်။

အစောင့်များစွာတို့က ထမ်းစင်ကိုမကာ မျက်လုံးနီကျားကို သားသတ်နေရာသို့ သယ်ဆောင်ကြသည်။

"ယန်အာ... ဒီကိုလာခဲ့ ငါကြည့်ဦးမယ်။ နင်ပိန်သွားသေးလား.."

ရွှီယန်မိခင်၏ စိုးရိမ်သည့်အသံက ထွက်ပေါ်လာ၏။

"အမေ.."

မိခင်ဖြစ်သူကို တွေ့ရပြီးနောက် ရွှီယန်က ချက်ချင်းပင် ရိုကျိုးသွားသည်။

"အဖေ.."

ရွှီကျွင်းဟယ်က မာကျောစွာ ပြောသည်။

"မင်းအိမ်ပြန်ဖို့ သတိရသေးတယ်ပေါ့.."

သူကပါးစပ်ကိုဖွင့်ကာ ကြိမ်းမောင်းရန် ပြင်ဆင်လိုက်သည်နှင့် ရွှီယန်၏မိခင်က ချက်ချင်းပင် အလိုမကျစွာ ပြောသည်။

"ယောက်ျား.. ယန်အာက အခုမှပြန်လာတာ။ ရှင် ရှင်ရဲ့ဒေါသကို ထိန်းသင့်တယ်.."

"ငါ..."

ဒေါသများကို ပြန်မျိုချကာ စကားလုံးများအား ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိတော့ပေ။ သူသည် ရွှီယန်ကို ကြမ်းကြုတ်စွာသာ ကြည့်နေပြီး အကြည့်ဖြင့် ကြိမ်းမောင်းမှုကိုပြ၏။

ရွှီမိခင်က ရွှီယန်ကိုခေါ်ကာ ဘယ်တစ်လှည့် ညာတစ်လှည့်ကြည့်သည်။ သူက ပိန်ပါးသွားခြင်း သို့မဟုတ် အသားမဲလာခြင်းတို့ မရှိပါ။ သို့ပေမယ့် များစွာ ပိုမိုသန်မာလာ၏။

သားဖြစ်သူ၏ အပြင်ပန်းဒဏ်ရာများ မရှိမှုကို တွေ့ရပြီးနောက် သူမ စိတ်သက်သာရာ ရသွားသည်။

"ယန်အာ နင်..."

ရုတ်တရက် အထမ်းစင်ပေါ်ရှိ မျက်လုံးနီကျားကို တွေ့ရပြီးနောက် အသံပြု၏။

"နင်ဒီကောင်ကြီးကို အမဲလိုက်ခဲ့တာလား.."

ရွှီမိခင်က ထိုအချိန်၌ စိုးရိမ်စွာကြည့်သည်။

"အမေ.. ကျွန်တော် ဒါကို ဝယ်ခဲ့တာပါ.."

မိခင်ဖြစ်သူအား စိုးရိမ်မှုတို့ မဖြစ်စေရန် ရွှီယန်က ရွေးချယ်စရာမရှိဘဲ လိမ်ညာစွာ ပြောသည်။ မျက်လုံးနီကျားကို သူ၏ ကိုယ်ပိုင်လက်များဖြင့် သတ်ဖြတ်ခဲ့သည်ဟု ပြောရဲခြင်းမရှိပေ။

"ဝယ်ခဲ့တာလား... ကောင်းတယ်ကောင်းတယ်.."

ရွှီမိခင်က ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။

ပိုက်ဆံနှင့် ဖြေရှင်းနိုင်သည့် ပြဿနာတစ်ခုဖြစ်ပါက အန္တရာယ်မရှိပေ။ သူ၏အဖိုးတန်သားသာ မည်သည်မှမဖြစ်လျှင် မည်မျှပမာဏရှိသည့် ပိုက်ဆံကို သုံးရပါစေ ထိုက်တန်ပါသည်။

ရွှီကျွင်းဟယ်က မျက်လုံးနီကျားကို နှလုံးသားထဲတွင် ကြောက်ရွံ့စွာဖြင့် ကြည့်သည်။ ဒီကျားကြီးက အလွန်ကြောက်ဖို့ကောင်းလှ၏။ သေဆုံးပြီးဖြစ်ပေမယ့် လူကိုမွန်းကြပ်စေသည့် ခံစားချက်တစ်ခုအား ပေးစွမ်းနိုင်ဆဲရှိသည်။

သူသည် အရင်က ကျားတစ်ကောင်ကို မမြင်ဖူးသူမဟုတ်ပေ။ အမဲလိုက်ခြင်းပင် ပြုခဲ့ဖူး၏။ သို့ပေမယ့် ဒီကျားကြီးမှာတော့ ထူကဲလှပါသည်။ သေဆုံးပြီးဖြစ်လျှင်တောင် ခြိမ်းခြောက်နိုင်သည့် သက်‌ရောက်မှုရှိ၏။

"ဒါက ဘယ်လိုကျားမျိုးလဲ ဆိုတာကို မင်းတို့သိကြလား... ငါအရင်က တစ်ခါမှမမြင်ဖူးဘူး"

ရွှီကျွင်းဟယ်က သံသယဖြင့်မေးသည်။

"သခင်ကြီး... ကျွန်တော်တို့လည်း မမြင်ဖူးပါဘူး.."

အစောင့်များစွာတို့က ခေါင်းကိုရမ်းကြသည်။

" အဖေ.. ဒါကကျားတို့ရဲ့ဘုရင် မျက်လုံးနီကျားပါ.."

ရွှီယန်က ပြော၏။

"မျက်လုံးနီကျား.."

ရွှီကျွင်းဟယ်က ကြောင်တောင်သွားသည်။ သူအရင်က ၄င်းကို ကြားဖူးခြင်းမရှိပေ။ အစောင့်များကို ကြည့်လိုက်ချိန်၌ သူတို့လည်းပဲ ခေါင်းခါကြ၏။

အစေခံတစ်ယောက်က ပြောသည်။

"သခင်ကြီး.. မျက်လုံးနီကျားက ပုံပြင်စာအုပ်တစ်ခုထဲကပါ။ ပြောကြတာက ဒဏ္ဍာရီထဲမှာ ကျားတို့ရဲ့ဘုရင်လို့ ဆိုခဲ့တယ်.."

ရွှီကျွင်းဟယ်၏ မျက်နှာက ရုတ်တရက် မည်းမှောင် သွားသည်။ သူက ရွှီယန်ကို ကြမ်းကြုတ်စွာ ကြည့်ရင်းက ပြော၏။

"စာအုပ်ထဲမှာ လျှောက်ရေးထားတာကို မင်းကဘယ်လိုလုပ်ပြီး ယုံရတာလဲ.."

ဒီကျားကြီးက ကြောက်ဖို့ကောင်းပေမယ့် သူသည် ပုံပြင်စာအုပ်ထဲတွင် မှတ်သားထားသည့် အရာတစ်ခုကို ယုံကြည်ခြင်းမရှိပါ။ ၎င်းကို ရှားပါးသည့် ကျားအမျိုးအစားတစ်ခုဖြစ်သည်ဟုသာ တွေးမိ၏။

ရွှီယန်က ငြင်းခုန်မနေပါ။ သူ့ဖခင်၏ ယုံကြည်မှုမရှိကြောင်းကို သိပါသည်။ အခြားလူများလည်း အတူတူပင်။ ပုံပြင်စာအုပ်ထဲမှ သတ္တဝါတစ်ကောင်ဖြစ်မည်ဟု ယုံကြည်မည် မဟုတ်ပါ။

အစောင့်များဟာ မျက်လုံးနီကျားကို သားသတ်နေရာဆီသို့ သယ်ဆောင်သွားကြ၏။ ရွှီယန်က မိခင်ဖြစ်သူနှင့် ခဏတာစကားပြောသည်။

ထို့နောက် သားသတ်နေရာသို့ သွားရောက်ကာ ကျားကိုကိုယ်တိုင် လှီးဖြတ်ဖို့လုပ်၏။ "မျက်လုံးနီကျား ကျားဘုရင်လို့ ခေါ်ဆိုဖို့ထိုက်တန်တယ်။ သာမန်လူတွေ ထက်မြတဲ့ဓားတစ်ချောင်းနဲ့ဆိုရင်တောင် သူ့ရဲ့အရေပြားကို မထိုးဖောက်နိုင်ဘူး.."

ရွှီယန်က နက်ရှိုင်းစွာ သက်ပြင်းချသည်။ ဆေးဆရာဖန် ရောက်လာပြီးနောက် သူလည်းပဲ ထိုမျှကြီးမားလှသည့် ကျားကြီးကိုတွေ့ရပြီးနောက် အံ့ဩသွားသည်။

ရွှီယန်၏ တောင်းဆိုမှုနှင့် သူဟာရွှီမိသားစု၏ ဆေးသိုလှောင်ခန်းမှ အဖိုးတန် အာဟာရဆေးပင်များစွာကို ထုတ်ယူခဲ့သည်။

အများစုတို့ဟာ ချီနှင့်သွေးကို ကြီးစွာအားဖြည့်ပေးနိုင်သည့်‌ ဆေးများဖြစ်ကြ၏။ ၎င်းတို့ကို မျက်လုံးနီကျား၏ အသွေးအသားနှင့် အရိုးတို့နှင့် ပေါင်းစပ်ကာ ခွန်အားဖြစ်ဆေးကို ဖန်တီးမည်ဖြစ်သည်။

ရွှီကျွင်းဟယ်က အသာလျှောက်လာခဲ့၏။ သူက လက်စသတ်ခါနီးရှိသည့် ကျားအလောင်းကို ကြည့်ကာ ပြောသည်။

"ဆေးဆရာဖန်.. ကျားငယ်ပါကို သေသေချာချာလေးစီမံဖို့သတိရပါ.."

ဆေးဆရာဖန်က အလျှင်အမြန်ပြုံးကာ ခေါင်းငြိမ့်ပြီးပြောသည်။

"သခင်ကြီး စိတ်မပူပါနဲ့။ ဒီကျားဘုရင်ရဲ့ ဂွေးတစ်ဝက်ကို ဝိုင်အိုးတစ်ခုလုပ်ပြီး အခြားတစ်ဝက်ကိုတော့ အဖိုးတန်ဆေးတွေနဲ့ ရောနှောပြီး တယန်ဆေးလုံးကို လုပ်ပါမယ်။ အသက်ကြီးရင်တောင် လူငယ်တွေလို သန်စွမ်းနိုင်တယ်.."

ရွှီကျွင်းဟယ်က ကျေနပ်စွာ ခေါင်းငြိမ့်ပြီးနောက် ပြောသည်။

"ကောင်းပြီ.. ဆေးဆရာဖန်.. လိုအပ်တဲ့ အဖိုးတန်ဆေးပင်တွေရှိရင် ကျွန်တော့်ကိုသာ ပြောလိုက်.."

ရွှီယန်က မနေနိုင်ဘဲ ပြောသည်။

"အဖေ.. ကျွန်တော် ဒီကျားဂွေးစိကို..."

သူသည် ဤသည်ကို ဆရာဖြစ်သူအား လက်ဆောင်ပေးရန် စီစဉ်ထားပါသည်။

ရွှီကျွင်းဟယ်က သူ့ကိုစူးစိုက်စွာကြည့်ကာ ဒေါသထွက်စွာပြော၏။

"ဒါကိုငါလိုချင်လို့ ပြောနေတယ်လို့ မင်းထင်တာလား။ မင်းရဲ့အဘိုးက အိုမင်းနေပြီး ဖြစ်ပေမယ့် နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်နေရတယ်။ ဒါ့ကြောင့် သူ့အတွက် အာဟာရဆေးကို လိုအပ်တယ်.."

"မင်းရဲ့အဘိုးက မင်းကိုအချစ်ဆုံးပဲ။ နည်းနည်းလောက် သိတတ်ပေးလို့ မရဘူးလား.."

ရွှီယန်က ပါးစပ်ကိုဟသည်။ သို့ပေမယ့် နောက်ဆုံးတွင် သူဟာ ကျားဂွေးစိကို ဖခင်ဖြစ်သူ ကြိုက်သလို စီမံရန်သာ လက်ခံလိုက်ရ၏။

'ဆရာ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီကျားဘုရင်ဂွေးစိကို သူအထင်ကြီးမှာ မဟုတ်ဘူး။ ပြီးတော့ ဒီပစ္စည်းက သိပ့်ပြီးတော့ တင့်တယ်တာလည်း မဟုတ်ဘူး..'

'ဆရာ ကြိုက်မှာ မဟုတ်လောက်ပါဘူး။ သူသာ သဘောမကျရင် ငါလက်ဆောင်ပေးတာက မကောင်းဘဲနေမှာပေါ့..'

ထိုကဲ့သို့ တွေးမိပြီးနောက် ရွှီယန် ဆရာဖြစ်သူကို ကျားသားရေအား ပေးပါက ပိုမိုလက်တွေ့ကြမည်ဟု ခံစားလာရသည်။

"ဟန့်.."

သားဖြစ်သူကို ပြောဆိုပြီးနောက် ရွှီကျွင်းဟယ်က အဝေးသို့ လျှောက်ထွက်သွား၏။ ဆေးဆရာဖန်က အမှီလိုက်ကာပြောသည်။

"သခင်ကြီး.. ဒီဟာကို တကယ်ပဲ မလိုဘူးလား။ ကျွန်တော်က ဒီကျားဘုရင်ဂွေးစိကို အာနိသင်နည်းနည်းလျော့တဲ့ ဆေးပုလင်းတစ်ခုလောက် ဖော်စပ်ဦးမလို့။ အဲ့ဒါက သခင်ကြီးရဲ့ အသက်အရွယ်နဲ့ ပိုပြီး သင့်တော်တယ်.."

ရွီကျွင်းဟယ်က ဆေးဆရာဖန်၏ ပုခုံးကိုပုတ်ကာ ပြောသည်။

"အဘိုးကြီးဖန်.. ငါကမလိုပေမယ့် တစ်ခြားလူကို ပေးလို့ရတယ်။ အချို့ ငါ့အသက်အရွယ်မှာရှိတဲ့ စီးပွားရေးမိတ်ဖက်တွေက လိုကြမှာ။ ဒါ့ကြောင့် ဆက်လုပ်လို့ရတယ်.."

ဆေးဆရာဖန်က သူ့ကိုသံသယဖြင့် ကြည့်သည်။ သို့ပေမယ့် ထောက်ပြပြောဆိုခြင်း မပြုပါ။ ခေါင်းကိုငြိမ့်ကာ ပြော၏။

"ကျွန်တော် နားလည်ပါပြီ။ ကောင်းကောင်းလုပ်လိုက်ပါ့မယ်.."

ထိုညတွင် ရွှီမိသားစုသည် ပျော်ရွှင်မှုဖြင့် ပြည့်နက်နေ၏။

အိမ်ထောင်ရှင်မ၏ စိတ်အခြေအနေက ကောင်းမွန်စွာ ရှိနေပြီး ဆုကြေးအချို့ကိုပေးကာ စားပွဲတစ်ခုကိုပင် စီစဉ်လေသည်။

အစေခံများက အလွန်ပျော်ရွှင်နေပြီး စားပွဲကို စားသောက်ကြ၏။ မိသားစု၏ ငတုံးသခင်လေးသည် တစ်လကြာထွက်သွားပြီးနောက် နောက်ဆုံးတွင် ပြန်လာခဲ့လေသည်။ ကျားကြီးတစ်ကောင်ကိုလည်း သယ်ဆောင်ခဲ့၏။ ကျားဘုရင်ဟု ဆိုနိုင်သည့် အကောင်ကြီး ဖြစ်သည်။

ရွှီမိသားစု၏ အတွင်းဘက်ခြံဝန်းတွင် ကျားဘုရင်အသားတစ်အိုးကို ချက်ပြုတ်ထားသည်။

ရွှီကျွင်းဟယ်နှင့် ဇနီးဖြစ်သူတို့တို့ဟာ ပန်းကန်လုံးငယ်တစ်လုံးဖြင့် စားသောက်ပြီးနောက် ဆက်လက်စားနိုင်ခြင်း မရှိတော့ပါ။

ရွှီယန်သာလျှင် ကျားဘုရင်အသား အများစုတို့ကို သူ့ဘာသာစား၏။ ကျန်ရှိသည့် အပိုင်းများကို အိမ်ရှိအစောင့်များစွာတို့အား ဆုကြေးအဖြစ် ပေးသည်။

ထိုအစောင့်များမှာ သိုင်းပညာလောကတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများဖြစ်ကြ၏။ ရွှီကျွင်းဟယ်က သိုင်းဂိုဏ်းများစွာမှ သူတို့ကို ငှားရမ်းထားခြင်း ဖြစ်သည်။

ယခုအချိန်၌ ရွှီယန် ထိုသိုင်းပညာရှင်များကို အလေးအနက်ထားခြင်း မရှိတော့ပါ။ သူတို့ကို အလွန်အားနည်းလှသည်ဟု တွေးမိ၏။ လက်သီးတစ်ချက်နှင့် လူတစ်ယောက်ကို သတ်ဖြတ်နိုင်ပါသည်။

သို့ပေမယ့် ငယ်ရွယ်စဉ်က ထိုသိုင်းသမားများနှင့် သိုင်းပညာသင်ကြားခဲ့ရာ ကောင်းမွန်သည့် ဆက်ဆံရေးရှိ၏။

ကျားသားကို စားသောက်ပြီးနောက် ရွှီယန်သည် သူ၏အိမ်ခန်းဆောင်သို့ ပြန်ခဲ့သည်။ သူ၏ခွင့်ပြုချက်မရှိဘဲ မည်သည့် အပြင်လူကိုမှ ဝင်ခွင့်မပြုပေ။

ဤသည်မှာ သူကျင့်ကြံသည့် နေရာဖြစ်၏။ နောက်ဆုံးအကြိမ် ပြန်လာတုန်းက မွမ်းမံမှုအချို့ပြုလုပ်ကာ လျှို့ဝှက်ခန်းတစ်ခုကို ထည့်ပေါင်းထားခဲ့ခြင်း ဖြစ်သည်။

All Chapters