← Chapters

ကိုယ်တွင်းအင်္ဂါသန့်စင်မှုပြီးဆုံးခြင်း

Vol. 2 Ch. 24

ကိုယ်တွင်းအင်္ဂါသန့်စင်မှုပြီးဆုံးခြင်း

Vol. 2 Ch. 24

၁၀ရက်ကြာပြီးနောက် ရွှီယန်တစ်ယောက် ကျောက်စိမ်းအဆောင်နှင့် ကျောက်စိမ်းအသုံးအဆောင် များစွာတို့ကို ယူဆောင်ကာ ပြန်လာခဲ့သည်။

"ကောင်းတယ်.. ကောင်းတယ်... ဆရာ မင်းရဲ့စေတနာကို နက်နက်ရှိုင်းရှိုင်းကို အသိအမှတ်ပြုတယ်.."

လီရွှမ်က ချက်ချင်းပင် ပျော်သွား၏။

သူ၏တပည့်ဖြစ်သူက အမှန်တကယ်ကို ကောင်းလှပါသည်။ ကျောက်စိမ်းများကို ကြည့်ပါဦး။ အမှန်တကယ်ကို ပိုက်ဆံများစွာတို့ အဖိုးတန်မှာပါ။

တကယ်လှကြ၏။

မကောင်းဆိုးဝါးတောအတွင်းရှိ ကြမ်းကြုတ်သည့် သားရဲဟာတော့ ရွှီယန် ပြန်လာခဲ့ကတည်းက ထိုပြဿနာကိုလည်း ဖြေရှင်းပြီး ဖြစ်မှာပါ။ ထို့ကြောင့် လီရွှမ်က မေးမြန်းခြင်း ပြုမနေတော့ပါ။

သို့ရာတွင် ဒီတစ်ကြိမ်ပြန်လာသည့် ရွှီယန်သည် အနည်းငယ် ပြောင်းလဲနေပုံပေါ်၏။ မည်ကဲ့သို့ ပြောင်းလဲသည့်အား လီရွှမ်အနေနှင့် အတိအကျ ပြောနိုင်ခြင်း မရှိပေ။ သို့ပေမယ့် ခဏတာ ကြောင်တောင်နေပြီးနောက် အများကြီး စဉ်းစားမနေတော့ပါ။

ရွှီယန်သည် ပြန်လာပြီးနောက် သူ၏ကျင့်ကြံမှုကို ပုံမှန်အတိုင်း ဆက်လက်ကျင့်ကြံ၏။ ခြားနားချက်မှာ သူ၏ ကိုယ်တွင်းအင်္ဂါများကို စတင်ကျင့်ကြံခြင်း ဖြစ်သည်။

'ကိုယ်တွင်းအင်္ဂါတွေက အရမ်းကို နုနယ်တယ်။ ပထမဆုံးသန့်စင်ရင် အလောတလျှင် မပြုဘဲ သေသေချာချာ ဂရုစိုက်ရမယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကို ထိခိုက်မှာ..'

ရွှီယန် သူ၏ကိုယ်တွင်းအင်္ဂါများကို သန့်စင်ရန်အတွက် ချီနှင့်သွေးတို့ကို စုစည်းကာ ပထမဆုံး နှလုံးသားကို အားဖြည့်သည်။

သန့်စင်မှု စတင်သည်နှင့် သူ၏နှလုံးသား အခုန်နှုန်းက ပိုမိုသန်မာလာခဲ့ပြီး ခုန်ချက်တိုင်းတွင် ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီတို့ တိုးပွားလာခဲ့သည်။

'၃လအတွင်းမှာ ငါ ကိုယ်တွင်းအင်္ဂါသန့်စင်မှုကို ပြီးမြောက်အောင် လုပ်ရမယ်..'

ရွှီယန်သည် ကျောက်စိမ်းအရိုးကို သန့်စင်ပြီးနောက် ယုံကြည်ချက်တို့ ကြီးစွာ မြင့်မားလာခဲ့သည်။

ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို ၃လအတွင်းတွင် ပြီးမြှောက်ရန်မှာ သူ့အတွက် ပုံမှန်ကိစ္စလောက်သာ ရှိ၏။

၃ရက်ကြာပြီးနောက် ဆက်လက်သန့်စင်မှုနှင့်အတူ သူ၏နှလုံးသားက ပိုမိုသန်မာလာပြီး သွေးချီတို့လည်း တစ်ဝက်ကျော် တိုးပွားလာခဲ့သည်။ သန့်စင်မှုအား ပိုမိုပြင်းထန်လာစေကာ နှလုံးသားကို ထိခိုက်မည်အား စိုးရိမ်မှု မရှိတော့ပေ။

သို့ရာတွင် နှလုံးသား၏ အားကောင်းလာမှုနှင့်အတူ ပြဿနာအချို့ကိုလည်း သတိထားမိလိုက်သည်။

'ငါအနည်းငယ် မညီမျှသလို ခံစားရတယ်။ နှလုံးသားကိုပဲ အဓိကထားပြီးတော့ သန့်စင်နေလို့ မဖြစ်ဘူး။ အခြားကိုယ်တွင်းအင်္ဂါတွေကိုလည်း သန့်စင်ရမယ် ထင်တယ်..'

ရွှီယန်သည် သူ၏အဆုတ်ကိုလည်း စတင်သန့်စင်၏။ စိတ်ထဲတွင် ဆရာသင်ကြားပေးထားသည့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း အကြောင်းများကို ဆက်လက်တွေးတောနေသည်။

ကိုယ်တွင်းအင်္ဂါ၅ခုတို့သည် ဒြပ်စင်၅ခုတို့ကို ကိုယ်စားပြု၏။ သွေးနှင့်ချီတို့က ကိုယ်တွင်းအင်္ဂါ ၅ခုတို့ကို လှည့်လည် ဖြတ်သန်းသွားသည်။ ဒြပ်စင်၅ခုတို့ တစ်ခုတည်းအဖြစ် စုစည်းသွားပါက ကိုယ်တွင်းအင်္ဂါသန့်စင်မှုကို ပြီးမြောက်နိုင်ပြီ ဖြစ်၏။

ကိုယ်တွင်းအင်္ဂါများအား အစောပိုင်းသန့်စင်မှုအပြီးတွင် ရွှီယန်တဈ‌ယောက် ပိုမိုအားကောင်းစွာဖြင့် ဆက်လက်သန့်စင်လာခဲ့သည်။ ကိုယ်တွင်းအင်္ဂါ ၅ခုတို့အကြား ချီနှင့်သွေး လှည့်လည်မှုက တစ်ကြိမ်ထပ်တစ်ကြိမ် ပိုမိုကာ မြင့်တက်လာခဲ့၏။ ချီနှင့်သွေး ပမာဏကလည်း ဆက်တိုက် တိုးပွားလာခဲ့သည်။

ရွှီယန်ပြန်လာပြီးနောက် လီရွှမ်၏ဘဝမှာ ပုံမှန်အတိုင်း ဖြစ်သွားပြီး အားလပ်ချိန်တို့ များစွာရှိလာခဲ့သည်။

သူသည် ရွှီယန်၏ ဇွဲလုံ့လအပေါ် နက်ရှိုင်းစွာ လေးစားနေမိ၏။ ဒီငတုံးတပည့်က အလွန် ဇွဲကောင်းလှပါသည်။

'တစ်နှစ်အချိန်ရဲ့ တစ်ဝက်က ကုန်လွန်သွားပြီ။ ငါနောက်နှစ်ဝက်လောက် ဆက်ပြီးတော့ သည်းခံလိုက်ရင် လွတ်လပ်ပြီ..'

လီရွှမ်က သက်ပြင်းချသည်။ သူသာ နောက်ထပ်နှစ်ဝက်လောက် ဆက်လက်တောင့်ခံနိုင်ပါက ဆရာတပည့်ဆက်ဆံရေးကို အဆုံးသတ်ကာ ဝူနိုင်ငံတွင် သွားရောက်ပုန်းအောင်းနိုင်တော့မှာပါ။

ရွှီယန်၏ တပည့်ဖြစ်လာရန်အတွက် ရက်ရောလှသည့် ပူဇော်ခြင်းလက်ဆောင်များနှင့် သူ့အတွက် ချမ်းသာကြွယ်ဝသည့် ဘဝတစ်ခုကို နေထိုင်ရန် ပြဿနာမရှိပါ။

သူသည် ဇနီး နှစ်ယောက်သုံးယောက်တို့ကို လက်ထပ်ပြီး လှပသည့်ဘဝဖြင့် ရှင်သန်နိုင်မှာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လက်ရှိအခြေအနေကို သုံးသပ်ချက်အရ မည်သည့် အလွန် အစွမ်းအားကြီးမားသည့် သိုင်းပညာမှ ရှိမနေပါ။ ထို့အပြင် ရှိလျှင်တောင် ရွှီယန်၏နောက်ခံနှင့်ပင် ထိတွေ့နိုင်ခြင်းမရှိရာ သူ့အနေနှင့် မည်ကဲ့သို့ ထိတွေ့နိုင်ရန် ဖြစ်နိုင်ချေ ရှိမည်နည်း။

ကိုယ်တွင်းအင်္ဂါသန့်စင်မှုသည် မည်သည့်အတားအဆီးမှမရှိဘဲ ချောမွေ့စွာ ဆက်လက်‌ ရွေ့ရှားနေခဲ့သည်။

ဖြစ်နိုင်တာက ကျောက်စိမ်းအရိုးကို သန့်စင်ခဲ့၍ လား မသိပေ။ သိပ်သည်းသည့် သိုင်းပညာအခြေခံနှင့် ကိုယ်တွင်းအင်္ဂါများကို အလွန်ချောမွေ့စွာ သန့်စင်နိုင်ပါသည်။

စနစ်တကျဖြင့် ဆက်တိုက်တိုးတက်နေ၏။

၂လကျော်ကြာ ပြင်းထန်သည့် လေ့ကျင့်မှုအပြီးတွင် ရွှီယန်သည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းကို ပြီးမြောက်တော့မှာပါ။ သူ၏ ကိုယ်တွင်းအင်္ဂါများက အလွန်သန်မာလှပြီး အသွေးနှင့်အသား အခြေအနေမှ ကျော်လွန်လုနီးပါးအထိ ရှိလာခဲ့သည်။

ဒီအချိန်၌ ရွှီယန်၏ခွန်အားသည် ကိုယ်တွင်းအင်္ဂါ စတင်သန့်စင်တုန်းကနှင့် နှိုင်းယှဉ်ပါက ၂ဆ၃ဆလောက် တိုးတက်လာခဲ့၏။

အထူးသဖြင့် ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးတို့ဟာ အလွန်စွမ်းအားကြီးလာပြီး အရည်အသွေးနှင့် အရေအတွက် နှစ်မျိုးစလုံး ကြီးစွာ မြင့်တက်လာခဲ့သည်။

မသိမသာနှင့် သူ၏သန်မာသည့် သွေးနှင့်ချီတို့သည် ခန္ဓာကိုယ်ကို ဖောက်ထွက်သွားလေ့ရှိပြီး အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းလာခဲ့သည်။

'၃ရက်ကနေ ၅ရက်အတွင်းမှာ ငါကိုယ်တွင်းအင်္ဂါသန့်စင်မှုကို ပြီးမြှောက်နိုင်တော့မယ်..'

ရွှီယန်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားကာ အလွန်စိတ်လှုပ်ရှားနေ၏။

ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းကို ပြီးမြောက်ပါက သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်းမှာ မျက်စိရှေ့သို့ ရောက်လာခဲ့ပါပြီ။

'ဆရာ့ရဲ့ပြောကြားချက်အရ ကိုယ်တွင်းအင်္ဂါသန့်စင်မှုကို ပြီးပြည့်စုံပြီးရင် အခြေခံအဆင့်တွေဖြစ်တဲ့ အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို တစ်ခုတည်းအဖြစ် ပေါင်းစည်းပြီး သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်ပြီတဲ့..'

'သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ပြီးရင် လူတစ်ယောက်ရဲ့ ကြွက်သားတွေ၊ အရိုးတွေက မိုးကြိုးလိုမျိုး တုန်ခါနေပြီး သွေးနဲ့ချီက ‌ကောင်းကင်ကို ထိုးတက်လုနီးပါး ဖြစ်လာမှာ..'

ရွှီယန်၏စိတ်သက ထိုးထွင်းသိမြင်မှုတို့ဖြင့် နစ်မျောနေပြီး သူသည် ကိုယ့်ကိုယ်ကို သေသေချာချာ ခံစားသည်။

မည်ကဲ့သို့ ပေါင်းစည်းမှုအား ရရှိရန်၊ မည်ကဲ့သို့ အကျဉ်းချုပ်နိုင်ရန်၊ မည်ကဲ့သို့ သိုင်းပညာလမ်းစဉ်သို့ ခြေလှမ်းနိုင်ရန် ဖြစ်၏။

ဤသည်မှာ ရိုးရှင်းကာ လွယ်ကူပုံပေါ်၏။ သို့ပေမယ့် တစ်ခုတည်းအဖြစ် အကျဉ်းချုပ် ပေါင်းစည်းရန်မှာ လွယ်ကူခြင်း မရှိပါ။

'အရေပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေ အားလုံးက ငါ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတွေပဲ။ အဲ့ဒါတွေကို ဘယ်လိုပေါင်းစပ်ရမှာလဲ..'

'တစ်ခုတည်းအဖြစ် ဘယ်လို အကျဉ်းချုပ်ရမှာလဲ။ ဒါက ငါ့ရဲ့ခန္ဓာကိုယ်ပဲ။ ခန္ဓာကိုယ် တစ်ခုတည်းပဲ ဖြစ်တယ်..'

ရွှီယန် နက်ရှိုင်းစွာ စဉ်းစားသည်။

'မဟုတ်ဘူး။ ငါလားရာမှားနေပြီ..'

'ဆရာပြောတာက အသွင်အပြင်ကို မကြည့်ရဘူး။ နားလည်သဘောပေါက်မှုနဲ့ အဓိပ္ပာယ်ကို ကြည့်ရမှာတဲ့..'

'ဒါက ညီညွတ်မှုနဲ့ ပေါင်းစည်းမှု အကြောင်းပဲ။ ပြီးရင် ခန္ဓာကိုယ်က တစ်ခုတည်းအဖြစ် ပေါင်းစည်းရမယ်။ အဲ့ဒါက ဆိုလိုရင်း အဓိပ္ပာယ်လား။ ဒါမှမဟုတ် ချီနဲ့သွေးများလား..'

'ငါရေးတေးတေးတော့ နားလည်လာပြီ။ ဒါပေမယ့် မလုံလောက်သေးဘူး..'

'အလျင်မလိုနဲ့.. ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို ပြီးပြည့်စုံတဲ့အထိ စောင့်တာပေါ့။ ပြီးမှ တစ်ခုတည်းအဖြစ် ဘယ်လိုပေါင်းစည်းရမယ် ဆိုတာကို သေသေချာချာလေ့လာမယ်..'

ရွှီယန်သည် ကိုယ့်ကိုယ်ကို တည်ငြိမ်စေပြီးနောက် ကိုယ်တွင်းအင်္ဂါသန့်စင်မှုကို ဆက်လက်လုပ်ဆောင်သည်။

၃ရက်ကြာပြီးနောက် သူ၏ ကိုယ်တွင်းအင်္ဂါသန့်စင်မှု ပြီးမြှောက်ခဲ့၏။ သို့ပေမယ့် တစ်ခုတည်းအဖြစ် စုစည်းကာ မည်ကဲ့သို့ ပေါင်းစည်းရမည်အား စဉ်းစားမရနိုင်အောင် ရှိနေပါသည်။

သူ၏ကြွက်သားနှင့် အရိုးများက မိုးကြိုးကဲ့သို့ ဖြစ်လာပြီး သွေးနှင့်ချီတို့ မြင့်တက်လာလျှင်တောင် လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

'ငါသိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ခံစားရတယ်။ ဒါပေမယ့် အဲ့ဒီ့ခြေတစ်လှမ်းကို မလှမ်းနိုင်သေးဘူး..'

'ကြည့်ရတာ ငါ့ကိုယ်ငါ ပြီးပြည့်စုံစွာ မထိန်းချုပ်နိုင်သေးလို့ဖြစ်မယ်။ ဒါ့ကြောင့် မအောင်မြင်တာ..'

ရွှီယန်သည် ကိုယ့်ကိုယ်ကို သေသေချာချာ လေ့လာ၏။

သူ့ကိုယ်သူ စတင်ခြင်းအဆင့်သို့ ရောက်ရှိတော့မည်ဟု ရေးတေးတေးခံစားရသည်။ နောက်ဆုံး ထိတွေ့မှုတစ်ခုသာ လိုအပ်၏။ သို့ရာတွင် ထိုနောက်ဆုံးခြေလှမ်းအား လျှောက်လှမ်းခြင်း မပြုနိုင်သည့်ပုံပါ။

သူက လက်သီးများကို ဆုတ်လိုက်ပြီးနောက် ချီနှင့်သွေးတို့ မြင့်တက်လာပြီး လက်သီးများပေါ်တွင် ချီနှင့်သွေးအလွှာတစ်ခု ပေါ်လာခဲ့သည်။ ၎င်းသည် မီးကဲ့သို့နီရဲကာ ပူလောင်သည့် ခံစားချက်ကို ပေးစွမ်း၏။ သို့ပေမယ့် လုံလောက်သည့် သိပ်သည်းမှုမရှိဘဲ ချီနှင့်သွေးကဲ့သို့ သန်မာရန် ဝေးကွာနေသေးသည်။

ထည်ဝါသည့် အားတစ်ခုအဖြစ် ခန္ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံရန်မှာ ပိုတောင် ဝေးကွာသေးသည်။

'အခုမှစပြီးတော့ ထိတွေ့မိတာ.. လောမနေနဲ့။ ပြီးရင် အောင်မြင်လာမှာ..'

'အခု ငါလုပ်ဖို့လိုတာက ကိုယ့်ကိုယ်ကို စိတ်သက်သာအောင်နေပြီး ပြင်းထန်တဲ့ ကျင့်ကြံမှုအပြီးမှာ အနားယူဖို့ပဲ။ အဲ့ဒါမှ ငါ့ရဲ့စိတ်က တည်ငြိမ်လာပြီး အနှစ်သာရကို နားလည်နိုင်မှာ..'

ရွှီယန် ကိုယ့်ကိုယ်ကို စတင်အနားယူ၏။ ကျင့်ကြံခြင်းအပေါ်တွင် အသုံးပြုသည့် အချိန်ကို လျော့ချလာခဲ့သည်။

သူသည် ကြက်များကို အစာကျွေးခြင်း၊ မြက်ပင်များနှုတ်ခြင်းနှင့် အပင်များစိုက်ပျိုးခြင်း ရံဖန်ရံခါ မြင်းပတ်စီးခြင်းတို့ကို လုပ်ဆောင်လေ့ရှိသည်။

'ဒီငတုံးတပည့် ဘာလို့ ကြိုးကြိုးစားစား မကျင့်ကြံတော့ပြန်တာလဲ.. သူ့ကိုကြည့်ရတာ ကစားနေသလိုပဲ..'

လီရွှမ် ပဟေဠိဖြစ်သွား၏။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ရွှီယန်သည် ကြိုးစားကာ ကျင့်ကြံမှု မပြုခဲ့ပေ။ အဲ့ဒီ့အစား သက်တောင့်သက်သာနှင့် အပျော်ခရီးထွက်နေဟန်ရှိသည်။

'ငါသူ့ကို လိမ်နေတာလို့ သံသယဝင်လာတာ များလား..'

လီရွှမ်က အတွေးနက်သွားသည်။

၂ရက်တာကြာအောင် ရွှီယန်ကို တိတ်တဆိတ် လေ့လာပြီးနောက် ဒီကောင်လေးသည် အရင်ကလောက် ကြိုးကြိုးစားစား မလေကျင့်တော့သည်မှ လွဲ၍ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေပြီး ပြောင်းလဲခြင်းမရှိကြောင်းကို တွေ့လိုက်ရသည်။

သူ့အပေါ် ဆက်ဆံပုံမှာလည်း အလွန်လေးစားနေဆဲရှိ၏။ ထို့ကြောင့် သံသယဝင်နေတာ မဟုတ်ပေ။

လီရွှမ်က စိတ်သက်သာရာရသွား၏။ သူသည် ရွှီယန်ကို ပြန်လည်ကျင့်ကြံရန်အတွက် အလျှင်အမြန်အားပေးခြင်းမပြုပါ။

'ငါနားလည်မှုအချို့ ရလာပြီ'

ထိုနေ့၏ ညစာစားအပြီးတွင် ရွှီယန် စတင်လေ့ကျင့်၏။ ဒီရက်များအတွင်း အနားယူကာ စိတ်အပန်းဖြေနေခဲ့သောကြောင့် သူသည် အရာအားလုံးကို တစ်ခုတည်းအဖြစ် မည်ကဲ့သို့ ပေါင်းစည်းရမည်အား ရုတ်တရက် နားလည်လာခဲ့သည်။

ချီနှင့်သွေးများက အရေပြားမှအရိုး၊ အရိုးမှကိုယ်တွင်းအင်္ဂါသို့ လှည့်လည်ပြီး ခန္ဓာကိုယ်ကို ဖြတ်သန်းကာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခဲ့သည်။

ထိုအချိန်၌ ချီနှင့်သွေးတို့မှာ ဆက်လက် ကွဲပြားမနေတော့ဘဲ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းသွားခဲ့သည်။

ရွှီယန်၏ သူ၏ ချီနှင့်သွေးအပေါ် ထိန်းချုပ်နိုင်မှုလည်း ကြီးစွာတိုးတက်လာခဲ့၏။ ချီနှင့်သွေးတို့ ဆက်လက်စုစည်းကာ တစ်ခုတည်းအဖြစ် ပေါင်းစပ်လာသည်နှင့်အမျှ အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့လည်း တစ်ခုတည်းအဖြစ် ပေါင်းစီးလာပြီး ပြီးပြည့်စုံသည့် လှည့်ပတ်မှုတစ်ခု ဖြစ်လာခဲ့သည်။

ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေးက မြင့်တက်လာပြီး ခန္ဓာကိုယ်၏ ပြင်ပသို့ စိမ့်ထွက်လာခဲ့၏။ သူ၏ခွန်အားမှာ လျှင်မြန်စွာ ဆက်တိုက် တိုးပွားလာခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခုအတွင်းသို့ ဝင်ရောက်နေသည့် ရွှီယန်သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးတို့ကို မေ့လျော့နေ၏။

အချိန်ဘယ်လောက် ကြာသွားလဲမသိပေ။ ချီနှင့်သွေးတို့ဟာ ခန္ဓာကိုယ်မှ ထွက်ခွာမှု ပိုမိုအားကောင်းလာပြီး အပြင်ဘက်၌ ဆက်လက်စုစည်းကာ အငွေ့များသဖွယ်ကျယ်ပြန့်လာခဲ့သည်။

၎င်းတို့သည် သူ၏ခန္ဓာကိုယ်မှ ၁၀ပေအကွာအထိ ရောက်ရှိသွားသည့်တိုင် ရပ်တန့်သွားမှု မရှိပါ။ ချီနှင့်သွေးတို့ စတင်မြင့်တက်လာပြီး ပြောင်းလဲမှုတို့ ဖြစ်ပေါ်ကာ ဆက်လက်သိပ်သည်းလာခဲ့၏။

All Chapters