← Chapters

ငါက ဒီအတိုင်းလျှောက်ပြောတာကို မင်းကကျင့်ကြံတာ အောင်မြင်သွားတာလား

Vol. 2 Ch. 25

ငါက ဒီအတိုင်းလျှောက်ပြောတာကို မင်းကကျင့်ကြံတာ အောင်မြင်သွားတာလား

Vol. 2 Ch. 25

ရွှီယန်၏ ခန္ဓာကိုယ်အတွင်းရှိ ချီနှင့်သွေး လှည့်ပတ်မှုသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး သိုင်းပညာ လမ်းကြောင်းပေါ်သို့ တံခါးက ဖွင့်လှစ်သွားခဲ့သည်။

ဒီအချိန်၌ သူက တံခါးအတွင်းသို့ ခြေလှမ်းတော့မှာပါ။ တစ်ညတာ ကျင့်ကြံမှုနှင်ြ နားလည်သဘောပေါက်မှုအပြီးတွင် သူသည် နောက်ဆုံး၌ အရာအားလုံးကို တစ်ခုတည်းအဖြစ် မည်ကဲ့သို့ စုစည်းကာ ပေါင်းစပ်ရမည်အား နားလည်လာခဲ့သည်။

အခြေခံအဆင့်များ ဖြစ်ကြသည့် အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းတို့ကို ပြုလုပ်ပြီးဖြစ်ပေမယ့် ဤသည်မှာ သိုင်းပညာ၏ တံခါးပေါက်သို့ ခြေလှမ်းဝင်ပြီးဖြစ်သည်ဟု မဆိုလိုနိုင်ပေ။

ထိုသုံးခုတို့ကို တစ်ခုတည်းအဖြစ် စုစည်းကာ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစည်းနိုင်မှသာလျှင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဟာ ပြောင်းလဲမှုကို ပြီးမြှောက်နိုင်မည်ဖြစ်၏။

ချီနှင့်သွေးတို့ ချောမွေ့စွာဖြင့် တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ခန္ဓာကိုယ်၏ပြင်ပသို့ ထွက်ခွာကာ အမိုးအကာတစ်ခုကဲ့သို့ မာကျောမှသာလျှင် သိုင်းပညာ၏ စတင်ခြင်းသို့ ဝင်ရောက်မည် ဖြစ်သည်။

ထိုအခါမှသာ သိုင်းပညာလမ်းကြောင်းပေါ်သို့ စစ်မှန်စွာ ခြေချနိုင်မည်ဖြစ်၏။

'ဒါက အရာအားလုံးရဲ့ ပေါင်းစပ်ခြင်းပဲ.. အရာအားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားတယ်။ ငါ့ကိုငါ အဆင့်မြင့်လာတယ်လို့ ခံစားရပြီး ပိုပြီးသန်မာလာတယ်..'

ရွှီယန်က သူ့ကိုယ်သူ၏ ပြောင်းလဲမှုများကို တိတ်ဆိတ်စွာ ခံစားသည်။ သွေးနှင့်ချီတို့ ပိုမိုပိုမိုကာ အားကောင်းလာပြီး ပိုမိုသန်မာကာ သိပ်သည်းလာခဲ့သည်။

၎င်းတို့သည် ခန္ဓာကိုယ်အတွင်းမှ ပေပေါင်းများစွာသို့ ထိုးဖောက်ထွက်ခွာကာ အလွှာတစ်ခုအဖြစ် စုစည်းလာခဲ့သည်။

"ဘုန်း.."

အခိုက်အတန့်တစ်ခုတွင် သူ၏ ခန္ဓာကိုယ်အတွင်း၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

ပြီးနောက် ပထမအသံအပြီးတွင် နောက်ထပ်အသံများလည်း ဆက်လက် ထွက်ပေါ်လာခဲ့သည်။ ကြွက်သားများနှင့် အရိုးများက တုန်ခါနေပြီး မိုးကြိုးကဲ့သို့ အသံတစ်ခု မြည်တမ်းလာခဲ့၏။

တုန်ခါမှုတိုင်းနှင့်အတူ ချီနှင့်သွေးက ပြင်းထန်စွာ မြင့်တက်လာပြီး ကြွက်သားနှင့် အရိုးများကို ပိုမိုကျယ်လောင်သည့် အသံများပင် ထွက်လာစေခဲ့သည်။

'အရိုးနဲ့ကြွက်သားတွေ မိုးကြိုးလို မြည်ဟီးလာတယ်။ ဒါက ဆရာပြောထားတဲ့အတိုင်းပဲ..'

'ငါနောက်ဆုံးတော့ သိုင်းပညာရဲ့ တံခါးပေါက်အတွင်းကို ခြေနိုင်ချတော့မယ်..'

'ငါ့ရဲ့ အရိုးတွေ၊ ကြွက်သားတွေက မိုးကြိုးလို အသံမြည်လာပြီး ချီနဲ့သွေးက အရမ်းကို သိပ်သည်းလာခဲ့တယ်။ ငါအောင်မြင်ပြီ..'

ရွှီယန်တ‌စ်ယောက် စိတ်လှုပ်ရှားသည်ထပ်ပင် ကျော်လွန်နေပါသည်။ ယခုကဲ့သို့ ရှည်လျားလာသည့် ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှုအပြီးတွင် နောက်ဆုံး၌ သူသည်သိုင်းပညာ တံခါးပေါက်သို့ ခြေလှမ်းနိုင်သည့် နေ့သို့ ရောက်ရှိခဲ့ပါပြီ။

ကြွက်သားနှင့် အရိုးများ မိုးခြိမ်းသကဲ့သို့ အသံမြည်တိုင်းတွင် ချီနှင့်သွေးတို့ ပေါက်ကွဲထွက်လာပြီး ခန္ဓာကိုယ်က ပိုမိုသန်မာလာခဲ့သည်။

သူ၏စွမ်းအားက မြင့်တက်လာပြီး ခန္ဓာကိုယ်အပေါ် ထိန်းချုပ်နိုင်ဖို့လည်း ဆက်တိုက်တိုးတက်လာခဲ့၏။

ချီနှင့်သွေး အကာအကွယ်အလွှာဟာလည်း ပိုမိုပိုမိုကာ သိပ့်သည်းလာခဲ့သည်။

"ဘုန်း.."

ညအချိန်ကို ကျော်လွန်ကာ အာရုံဦးသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ကောင်းကင်တွင် တိမ်မဲအစုအစုက နေကို ဖုံးလွှမ်းထား၏။ ရွာငယ်လေးတွင် မိုးခြိမ်းသံများက လေထဲ၌ ရုတ်တရက် ပြင်းထန်နေပါသည်။

တစ်ကြိမ်ပြီးတစ်ကြိမ်သည် ပိုမိုမြန်ဆန်လာပြီး ပိုမိုကျယ်လောင်လာခဲ့သည်။ လီရွှမ်က အိပ်ရာထကာ ကိုယ်လက်သန့်စင်ပြီးနောက် ရုတ်တရက် မိုးခြိမ်းသံကို ကြားလိုက်ရသည်။ သူက ကြောင်တောင်စွာဖြင့် ခေါင်းမော့ကြည့်၏။

"မိုးခြိမ်းနေတာလား...မိုးရွာတော့မှာလား.."

အိမ်အတွင်းမှ လျှောက်ထွက်လာပြီးနောက် သူ၏မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွား၏။

ပါးစပ်က ပွင့်ဟနေပြီး လုံးဝကိုမှင်သက်သွားခဲ့သည်။ သူက လက်ကိုမြောက်ကာ မျက်လုံးများကို ပွတ်သည်။ ထို့နောက် ပြူးကျယ်သော မျက်လုံးများဖြင့် အဝေးသို့ကြည့်၏။

ရွှီယန်သည် သူကျင့်ကြံသည့် နေရာ၌ ရပ်နေပါသည်။ ဒီအချိန်၌ သူ၏ကြွက်သားနှင့် အရိုးများက မိုးခြိမ်းနေပြီး သွေးနှင့်ချီတို့က သန်မာသည့် အားတစ်ခုဖြစ်လာကာ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည့် အကာအကွယ်အလွှာတစ်ခု ဖြစ်လာခဲ့သည်။

အဝေးမှ ကြည့်လျှင်တောင် ထိုအထဲတွင် ပါဝင်သည့် စွမ်းအားကြီးမားသည့် ခွန်အားကို ခံစားနိုင်ပါသည်။ ထို့အပြင် မိုးကြိုးသံများဟာ ရွှီယန်၏ခန္ဓာကိုယ်မှ လာနေခြင်းဖြစ်၏။

လီရွှမ်က ကြောင်တောင်သွားပြီး ချက်ချင်းပင် မှင်သက်နေမိသည်။

"ငါကဒီအတိုင်းပဲ လျှောက်ပြောလိုက်တာလေ။ သူကဘယ်လိုလုပ်ပြီး ကျင့်ကြံတာ အောင်မြင်ရတာလဲ။ မင်းက ဘယ်လိုကောင်မျိုးတုန်းဟ.."

အစပိုင်းတွင် ရွှီယန်သည် သူ၏တပည့် ဖြစ်လာရန် အတင်းတောင်းဆိုခဲ့၏။ တပည့်ဖြစ်လာရန်အတွက်။ သူသည် ကျင့်စဉ်တစ်ခုကို ကျပန်းလျှောက်ထွင်ပြီး အချိန်တစ်နှစ်ကိုပင် သတ်မှတ်ခဲ့သေး၏။

ပြင်းထန်စွာ ကျင့်ကြံနေသည့် ရွှီယန်ကို သိုင်းပညာကို စွဲလမ်းနေသည့် ဦးနှောက်မကောင်းသည့် အရူးတစ်ယောက်ဟုသာ သူထင်ထားခဲ့သည်။

ရလဒ်အနေနှင့် တကယ့်လူပျက်က သူကိုယ်တိုင်ဖြစ်နေသည်လား။ လီရွှမ်၏ မျက်လုံးများဟာ အံ့သြလွန်းသဖြင့် ဦးခေါင်းမှ ကျွတ်ထွက်လုနီးပါးရှိနေ၏။

သူက သိုင်းပညာတစ်ခုကို ကျပန်းပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့ပေမယ့် ရွှီယန်ကတော့ အောင်မြင်စွာ ကျင့်ကြံခဲ့သည်လား။

ဤသည်မှာ မည်ကဲ့သို့သော မကောင်းဆိုးဝါးမျိုး ဖြစ်သနည်း။ ဖြစ်နိုင်တာက စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းခံရသည့် လူများဟာ ကံကြမ္မာ၏ ကောင်းချီးကို ရရှိရန် ကံပါလာခဲ့သည်လား။

အရိုးနှင့်ကြွက်သားများဟာ မိုးခြိမ်းနေပြီး ချီနှင့်သွေးကခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ သူလျှောက်ပြောခဲ့သည့် အရာမဟုတ်ပါလား။

ထိုအချိန်၌ ရွှီယန်၏ ကြွက်သားများနှင့် အရိုးများသည် မိုးကြိုးကဲ့သို့ မြည်တမ်းနေပြီး ရွာငယ်တစ်ခုလုံးတွင် မိုးကြိုးသံများဖြင့် ပြည့်နက်နေပါသည်။

ပြင်းထန်သည့် သွေးနှင့်ချီစွမ်းအားက ခန္ဓာကိုယ်ကို လွှမ်းခြုံနေပြီး ကြောက်စရာကောင်းသည့် စွမ်းအားတို့ဝင်နေ၏။

'ငါကဒီတိုင်း လူလိမ်တစ်ယောက်ပဲ။ ဒါတွေကို လျှောက်ပြောလိုက်တာ သူကအောင်မြင်သွားတာလား။ အဲတော့ ငါက ဘယ်လိုလုပ်ရတော့မလဲ..'

'ဆက်ပြီးတော့ ပုံပြင်တွေ လျှောက်ပြောရမှာလား..' 'တကယ်လို့ပေါ်သွားရင် လက်သီးတစ်ချက်နဲ့ အသတ်မခံရနိုင်ဘူးလား..'

လီရွှမ်သည် လူတစ်ကိုယ်လုံး ထုံထိုင်းစွာ ခံစားလိုက်ရသည်။ သူ၏တပည့်ဖြစ်သူဟာ အလွန် မကောင်းဆိုးဝါးဆန်လှ၏။

မကောင်းဆိုးဝါး ဆန်လွန်းလှသဖြင့် သူကိုယ်တိုင်ပင်လျှင် ကြောက်ရွံ့လာခဲ့သည်။ ထိုအချိန်၌ သူ၏စိတ်ထဲတွင် ရွှေရောင်အလင်းတုံးတစ်ခု ပေါ်လာခဲ့၏။ အသံတစ်ခုကိုလည်း ကြားလိုက်ရသည်။

"သင်၏တပည့်သည် သင်ကျပန်းတီထွင်လိုက်သည့် သိုင်းပညာဖြင့် စတင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့၏။ သင်သည် ကျင့်စဉ်အား တစ်ခါတည်းတတ်မြောက်သွားပြီး သင်၏ခွန်အားသည် အဆင့်တူသည့်လူများထက် အဆ၁၀၀ရှိလိမ့်မည်.."

"အုန်း.."

ထိုအချိန်၌ လီရွှမ်၏ခန္ဓာကိုမှ သွေးနှင့်ချီတို့ မြင့်တက်လာပြီး ကောင်းကင်သို့တိုင်အောင် ထိုးတက်သွားသည်။

သွေးနှင့်ချီ မီးတောက်တစ်ခုကဲ့သို့ ပေ၁၀၀အမြင့်လောက်ကို ရောက်ရှိသွား၏။ လီရွှမ်၏စိတ်ထဲတွင် အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း ကျင့်ကြံမှုနည်းလမ်းများဟာ တောက်လျှောက်ပေါ်လာခဲ့သည်။

သူ၏ အရိုးများက သန့်စင်ကာ အပြစ်အနာအဆာ ကင်းမဲ့၏။ အသက်ဓာတ်ဟာ စည်းချက်ညီစွာ ဖြတ်သန်းစီးဆင်းနေပြီး သူနှင့် သူ၏ချီနှင့်သွေးတို့ဟာ အတိုင်းအစမဲ့သည့် ပင်လယ်တစ်ခုကဲ့သို့ ရှိနေပါသည်။

ဤသည်မှာ ကျင့်စဉ်ကို ကျပန်းတီထွင်ရာ၌ လီရွှမ်ပြောခဲ့သည်နှင့် အတိအကျဖြစ်၏။ လူတစ်ယောက်သည် ပြီးပြည့်စုံခြင်းကို အောင်မြင်မှုရရှိပါက သူ၏ချီနှင့်သွေးက ကောင်းကင်ပေ၁၀၀အထိ မြင့်တက်သွားမည်ဖြစ်သည်။

မီးတောက်များကဲ့သို့ လောင်ကျွမ်းမည်ဖြစ်၏။

"ရွှေလက်ချောင်း ပေါ်လာခဲ့ပြီ.."

ထိုအချိန်၌ လီရွှမ်းက အလွန်အံ့ဩသွား၏။

သူ့ကို ပိုမိုအံ့သြစေသည်မှာ သူ့တွင် အပြည့်အနာအဆာကင်းမဲ့သည့် ခန္ဓာကိုယ်ရှိပြီး စိတ်ဝိဉာဥ်ဆိုင်ရာ ဆွဲဆောင်မှုတစ်ခု စီးဆင်းနေခြင်းဖြစ်သည်။

ဤသည်မှာ အတိအကျပင် သူဖန်တီးလိုက်သည့် အပြစ်အနာအဆာ ကင်းမဲ့သည့် ကျောက်စိမ်းအရိုး၏ ထာဝရတည်မြဲနေမည့် အခြေအနေဖြစ်၏။

'ဒီကောင်လေး ရွှီယန်က တကယ့်ကို မကောင်းဆိုးဝါးပဲ။ သူကျင့်ကြံမှုမှာ အောင်မြင်ခဲ့ရုံတင် မကဘူး။ သူ့ရဲ့အရိုးတွေကို ကျောက်စိမ်းအဖြစ်တောင် သန့်စင်နိုင်ခဲ့တယ်..'

'ကောင်းတယ်။ ကောင်းတယ်...ဒီမကောင်းဆိုးဝါးတပည့်ကို ကောင်းကောင်းအသုံးပြုရမယ်။ မင်းရဲ့ဆရာက ပြိုင်ဖက်ကင်းဖို့ဆိုတာ မင်းအပေါ်မှာပဲမူတည်နေပြီ..'

'သွားပါပြီကွာ...သူ့ကို ဒီလိုမကောင်းဆိုးဝါးတစ်ကောင်မှန်းသာသိရင် အင်‌မော်တယ်ကျင့်စဉ်တစ်ခုခုကို ကျပန်းလျှောက်ပြောလိုက်တယ်..'

လီရွှမ် ရုတ်တရက် စိတ်အနှောက်ယှက်ဖြစ်စွာ ခံစားလိုက်ရသည်။ သူ၏တပည့်သည် ယခုကဲ့သို့ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ကြောင်းကိုသာ သိရှိပါက သူဟာ သိုင်းပညာများကျင့်စဉ်တစ်ခုကို ဖန်တီးမည်မဟုတ်ပေ။ အဲ့ဒီအစား အင်မော်တယ် ကျင့်စဉ်တစ်ခုကိုသယယဖန်တီးလိုက်မည် ဖြစ်၏။

'အဆင်ပြေပါတယ်။ ငါလည်းလမ်းကြောင်းတော့ ချန်ထားသေးတာပဲ။ ဒီဟာကို သိုင်းပညာရဲ့ စတင်ခြင်းအဆင့်လို့ပဲ ပြောထားခဲ့တာ ပိုပြီးတော့ ကြီးအောင် ဆက်လုပ်ရမယ်..'

'ပိုသန်မာလေ ပိုကောင်းလေပဲ။ ငါနောက်ထပ် ကျင့်ကြံခြင်းအဆင့်တစ်ခုကို သေသေချာချာ စဉ်းစားရမယ်။ လျှောက်ပြောတာမျိုး လုပ်လို့မရတော့ဘူး..'

'ဒါက ဘယ်လို ရွှေလက်ချောင်းမျိုးလဲ။ ငါ့ရဲ့တပည့် ကျင့်ကြံမှုမှာ အောင်မြင်တာက ငါ့ရဲ့ရွှေလက်ချောင်းနဲ့ သက်ဆိုင်နေတာများလား..'

သူ၏စိတ်ထဲရှိ ရွှေရောင်အလင်းဟာ ပျောက်ကွယ်သွားတာ ကြာပြီဖြစ်သည်။ ဘယ်တုန်းကမှ မရှိခဲ့သလို ရှိနေ၏။

လီရွှမ်က မည်မျှပင်ခေါ်ဆိုကာမူ သို့မဟုတ် ရှာဖွေစေကာမူ မည်သည့်သဲလွန်စကိုမှ တွေ့ရခြင်းမရှိပေ။ သူ၏တပည့်ဖြစ်သူ ရွှီယန်သည် မကောင်းဆိုးဝါးတစ်ကောင်ဘဟူသည်မှာ သေချာပါသည်။

မဟုတ်ပါက ဘယ်လိုလုပ်ပြီး ကျင့်ကြံမှုတွင် အောင်မြင်ကာ ကျောက်စိမ်းအရိုးကိုပင် သန့်စင်နိုင်ခဲ့မည်နည်း။

တစ်ဖက်လူ၏ ကျင့်ကြံမှုအောင်မြင်ခြင်းဟာ သူ၏ ရွှေလက်ချောင်းနှင့် သက်ဆိုင်နေလား ဟူသည်မှာတော့ လီရွှမ်ဟာ သေချာခြင်းမရှိပေ။

သို့ပေမယ့် မည်သို့ပင်ဆိုစေကာမူ သူ၏ဆက်လက်သန်မာလာမှုဟာ တပည့်ဖြစ်သူ ရွှီယန်အပေါ်တွင် မူတည်နေပါသည်။

ရွှီယန်က သိုင်းပညာကို စတင်ရုံသာ ရှိသေး၏။ သို့ပေမယ့် လီရွှမ်ကတော့ ကျင့်စဉ်ကို တစ်ခါတည်း တတ်မြောက်ကာ အဆင့်တူများထက် အဆ၁၀၀သန်မာလာခဲ့သည်။

ဤသည်မှာ အဆ၁၀၀ဖြစ်၏။ ဆိုလိုသည်ကား သူ၏ကျင့်စဉ်ကို ပြီးပြည့်စုံစွာ တတ်မြောက်ထားသည့်လူထက် အဆ၁၀၀ ပိုမိုသန်မာခြင်း ဖြစ်သည်။

လီရွှမ်သည် သူကျပန်းဖန်တီးလိုက်သည့် ကျင့်စဉ်၏ အဆင့် အရမ်းကြီး နိမ့်ပါးမနေမှုအတွက် အနည်းငယ်ဝမ်းသာသွား၏။

ဤသည်မှာ စတင်ခြင်းအဆင့်ဟုသာ ပြောထားခဲ့သည်။ ယခုအဆင့်ကို စတင်ခြင်းအဆင့်၏ အကြီးစားအောင်မြင်မှုဟုသာ ယူဆနိုင်၏။

ဘာပဲဖြစ်ဖြစ် သူကျပန်းဖန်တီးလိုက်သည့် ကျင့်စဉ်အတွင်းတွင် အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်း၊ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းနှင့် သိုင်းပညာမိတ်ဆက်ခြင်းတို့သာ ပါဝင်ပါသည်။

'စိတ်ကို တည်တည်ငြိမ်ငြိမ်ထား အရမ်းကြီးစိတ်မလှုပ်ရှားနဲ့ တည်တည်ငြိမ်ငြိမ်ရှိရမယ်..'

'ငါကလျှို့ဝှက်နေတဲ့ ဆရာသခင်တစ်ပါးပဲ။ အလန့်တကြား ဖြစ်နေလို့မရဘူး..'

'ငါ့ရဲ့ အရူးတပည့်လာပြီ။ ငါသူ့ကိုဆက်ပြီး အရူးလုပ်ပြီး သူ့ဆရာ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာကို သိသွားအောင်လုပ်ရမယ်..'

'သိုင်းပညာမှာ အဆုံးသတ်မရှိဘူးဆိုတာကို နားလည်အောင် ပြောပြပြီး ကြိုးကြိုးစားစား ဆက်ကျင့်ကြံခိုင်းရမယ်...'

'မိန်းမတွေအကြောင်း စဉ်းစားတာကို ရပ်တန့်ပြီး သိုင်းပညာအပေါ်မှာပဲ အာရုံစိုက်ရမယ်။ ငါသူ့ကို အကောင်းဆုံးကြိုးစားပြီးတော့ အရူးလုပ်ရမယ်...'

ရွှီယန်၏ ကြွက်သားနှင့် အရိုးများက မိုးကြိုးကဲ့သို့ မြည်တမ်းနေပြီး သွေးနှင့်ချီဟာ မြင့်တက်လာခဲ့သည်။

သူနောက်ဆုံးတွင် သိုင်းပညာ၏ တံခါးဝသို့ ခြေချနိုင်ခဲ့ပြီဖြစ်၏။ သူ၏မျက်နှာဟာ စိတ်လှုပ်ရှားမှုဖြင့် ပြည့်နက်နေပြီး ကိုယ်တိုင်၏ ခွန်အားကို ခံစားကာ သွေးနှင့်ချီ၏ အားကောင်းမှုကို အာရုံခံသည်။

၎င်းဟာ မီးတောက်သကဲ့သို့ရှိနေပြီး မြက်နှင့်သစ်ပင်များကို လောင်ကျွမ်းစေနိုင်သည်ဟု ထင်ရသည်။ 'ဒါကသိုင်းပညာရဲ့ စစ်မှန်တဲ့လမ်းစဉ်ပဲ..'

'ငါရွှီယန် နောက်ဆုံးတော့ သိုင်းပညာရဲ့စတင်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့ပြီ။ ဆရာ့ရဲ့တပည့် ဖြစ်လာနိုင်ခဲ့ပြီ..'

'အစတုန်းက မင်းတို့တွေအားလုံး ငါ့ကိုတုံးအတယ်လို့ ရယ်ခဲ့ကြတယ်မလား... ဟန့် ... သိုင်းပညာဆရာသခင်တစ်ယောက်ဆိုတာ ဘယ်လိုလဲဆိုတာကို မင်းတို့ကို ငါပြမယ်..'

ရွှီယန်က စိတ်လှုပ်ရှားနေပြီး ပီတိဖြာနေကာ သိုင်းပညာအတွက် အဆုံးမသတ်နိုင်သည့် မျှော်လင့်မှုများဖြင့် ပြည့်နက်နေပါသည်။

ရုတ်တရက် သူသည် ကြောက်စရာကောင်းသည့် အငွေ့အသက်တစ်ခု မြင့်တက်လာမှုကို ခံစားလိုက်ရသည်။ လောကကို ဖျက်ဆီးနိုင်ပုံ ပေါ်၏။ အလွန်စွမ်းအားကြီးမားသည့် အားတစ်ခုက ကောင်းကင်သို့ တိုင်အောင် မြင့်တက်သွားသည်။

သူက မော့ကြည့်လိုက်ပြီးနောက် လုံးဝမှင်သက်နေ၏။ "ဆရာ.."

ထိုကြောက်စရာကောင်းသည့် ချီနှင့်သွေးစွမ်းအားက ပေ၁၀၀အထိ ကောင်းကင်သို့ မြင့်တက်နေပြီး မီးတောက်များကဲ့သို့ ပြင်းထန်လှသည်။

မြစ်ပြင်ကို လောင်ကျွမ်းစေကာ ပင်လယ်ကို ဆူပွတ်စေနိုင်၏။ ဆရာဖြစ်သူ၏ ချီနှင့်သွေးနှင့် နှိုင်းယှဉ်ပါက သူ၏ချီနှင့်သွေးဟာ စမ်းချောင်းတစ်ခုနှင့်ပင်လယ်တစ်ခုသဖွယ် ခြားနားနေပါ‌တော့သည်။

All Chapters