ကျောက်စိမ်းအရိုး၏ အတားအဆီး၊ ဒိုင်ယာရီနှင့်သားရဲရိုင်း
Vol. 2 Ch. 21
ရွှီယန်အတွက် လီရွှမ်၏စကားက မည်ကဲ့သို့ ဉာဏ်အလင်းရရန်နှင့် အတားအဆီးအား ဖြတ်ကျော်ရန် ညွှန်ကြားမှု ပေးသကဲ့သို့ ရှိနေပါသည်။
'အနီးအနားမှာရှိတဲ့ ပုန်းအောင်းနေတဲ့ အမြင်တွေကို ဖမ်းဆုပ်ရမှာလား။ သစ်ပင်ပန်းမန်တွေ အားလုံးကို ခံစားရမှာလား။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ သဘာဝကို ခံစားရမှာလား...'
မှင်သက်နေရင်းမှ ရွှီယန်တစ်ယောက် တစ်ခုခုကို နားလည်သဘောပေါက်မှု ရလာသည့်ပုံပါ။
"ညွှန်ကြားပေးမှုအတွက် ကျေးဇူးတင်ပါတယ်ဆရာ.. ကျွန်တော်နားလည်ပါပြီ.."
သူက လေးစားစွာ ပြောသည်။
လီရွမ်က သူ၏ငတုံးတပည့်အား ထပ်မံအရူးလုပ်နိုင်ခဲ့ပုံကို တွေ့ရပြီးနောက် ကျေနပ်စွာ ခေါင်းငြိမ့်သည်။
နောက်ထပ် နှစ်ရက်အတွင်းတွင် ရွှီယန် ကျင့်ကြံခြင်း မပြုပါ။ ရွာငယ်တစ်ဝိုက်တွင် လှည့်လည်ခြင်း၊ ကြက်များကို အစာကျွေးခြင်း၊ အပင်များကို စိုက်ပျိုးခြင်းနှင့် ညအချိန်၌ ကျောက်တုံးပေါ်၌ ထိုင်ကာ ကောင်းကင်ရှိကြယ်များကို မော့ကြည့်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။
သူ၏စိတ်သည် အံ့သြစရာကောင်းလောက်အောင် ငြိမ်းချမ်းနေ၏။ ရွှေအရိုး၏ အတားအဆီးကို ချိုးဖျက်ရန်အတွက် စွဲလမ်းစိတ်မရှိရာ၊ ကျင့်ကြံမှုအတွက် စွဲလမ်းစိတ်မရှိရာ စိတ်အစဉ်ဟာ အလေးပင်ကြီးတစ်ခုကို လွတ်ချလိုက်သည့်ဟန် တူ၏။
လူတစ်ကိုယ်လုံးက လန်းဆန်းတက်ကြွလာခဲ့သည်။ အခိုက်အတန့်တစ်ခုတွင် သူသည် လောကကြီးကို အံ့သြဖို့ကောင်းလှသည်ဟုပင် ခံစားရ၏။
ဤနည်းအားဖြင့် ၃ရက်တာ ကုန်ဆုံးသွားခဲ့သည်။ ရွှီယန်တစ်ယောက် ပေါင်းပင်များကိုနှုတ်ကာ ထွက်ခွာတော့မည်အပြုတွင် မြေကြီးထဲမှ ထွက်လာသည့် တီကောင်တစ်ကောင်ကို ရုတ်တရက် တွေ့လိုက်ရသည်။
ယခုအချိန်၌ ထိုတီကောင်က မြေကြီးထဲသို့ ပြန်လည်ဝင်ရောက်နေ၏။ နောက်ထပ် ပိုးကောင်လေးတစ်ကောင်၏ မြေကြီးအား တူးဆွနေပုံကိုလည်း တွေ့လိုက်ရသည်။
သူ၏စိတ်ထဲတွင် ဉာဏ်အလင်းပွင့်မှုတစ်ခု လက်သွားပြီး စိတ်ကူးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။
'စစ်မှန်တဲ့ အဓိပ္ပါယ်ကို ကျင့်ကြံရမယ်။ ချီနဲ့သွေးကို နဂါးတစ်ကောင်လို စီးဆင်းစေမယ်...ငါနားလည်ပြီ..'
ထိုအချိန်၌ ရွှီယန် ဉာဏ်အလင်းပွင့်စွာ ခံစားလိုက်ရသည်။ သူ၏စိတ်ထဲတွင် ထိုးထွင်းဉာဏ်တို့ လက်သွားပြီး ချက်ချင်းပင် စကားလုံး၏ နက်နဲသည့်အဓိပ္ပါယ်ကို နားလည်လာခဲ့သည်။
'ကျောက်စိမ်းအရိုး.. ငါသေချာပေါက် အဲ့ဒါကို သန့်စင်နိုင်မှာ..'
'ဆရာ့ရဲ့ညွှန်ကြားမှုကို ကျေးဇူးတင်ရမယ်..'
'ငါနားလည်သဘောပေါက်မှု ရလာပြီး အနီးအနားမှာ ပုန်းအောင်းနေတဲ့ အမြင်တွေကို ဖမ်းဆုပ်နိုင်ခဲ့ပြီ..'
'အဲ့လို နားလည်သဘောပေါက်မှု ရလာလို့ အတားအဆီးကို ချိုးဖျက်နိုင်ဖို့လည်း သေချာသလောက် ရှိနေပြီ..'
ရွှီယန်သည် အလွန်စိတ်လှုပ်ရှားနေ၏။
နောက်တစ်နေ့တွင် အာရုံမတက်ခင်၌ သူစတင်ကျင့်ကြံ၏။ ထိုပုံကိုတွေ့ရပြီးနောက် လီရွှမ်က အံ့ဩသွားသည်။
ငတုံးတပည့်သည် အလွန်လျှင်မြန်စွာ လန်းဆန်းလာပြီး ဆက်လက်ကြိုးစားအားထုတ်မှုကို မည်ကဲ့သို့ လုပ်ဆောင်လာရသနည်း။
သို့ပေမယ့် ရွှီယန်သာ သူ၏လိမ်လည်လှည့်ဖြားမှုကို ရှာမတွေ့ပါက အဆင်ပြေပါသည်။ တစ်နှစ်ပြီးဆုံးပါက ဆရာတပည့်ဆက်ဆံရေးမှာ ပြတ်တောက်သွားမှာ ဖြစ်ပြီး သူ၏ လိမ်လည်မှုလည်း အဆုံးသတ်သွားမှာ ဖြစ်၏။
ထို့နောက် ဝူနိုင်ငံသို့ သွားရောက်ကာ ကောင်းမွန်သည့်ဘဝနှင့် နေထိုင်မည် ဖြစ်သည်။ ထိုအချိန်၌ သူ၏ဘဝတွင် ရွှီယန်ကို နောက်ထပ်တစ်ကြိမ် မတွေ့ရလောက်တော့ပါ။
ထိုအချိန်၌ ရွှီယန်က သူ၏သွေးနှင့်ချီကို အရိုးများနှင့် ရိုးတွင်းခြင်ဆီများ အတွင်းသို့ အားဖြည့်သည်။ ဖြေညှင်းစွာဖြင့် ချီနှင့်သွေးကို အသုံးပြုကာ အရိုးနှင့်ရိုးတွင်းခြင်ဆီတို့ကို ဆက်လက်သန့်စင်၏။
၃ရက်ကြာပြီးနောက် ရွှီယန် သူ၏အရိုးများတွင် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုအခါ၌ သူဟာ ဆက်လက်သန့်စင်နိုင်ပါပြီ။
ရွှီယန်သည် ကျင့်ကြံမှုအတွင်းတွင် အရာအားလုံးတို့ကို မေ့ပျောက်သွားသည့်ပုံပါ။ ကောင်းကင်နှင့်ကမ္ဘာမြေအကြားရှိ လျှို့ဝှက်ဆန်းကြယ်သည့် အမြင်များက သူ၏စိတ်ထဲသို့ တိုးဝင်လာနေ၏။
"ဘုန်း.."
ရိုးတွင်းခြင်ဆီအတွင်းရှိ သွေးနှင့်ချီတို့ ရုတ်တရက် နဂါးတစ်ကောင်ကဲ့သို့ အော်လာပြီး သူ၏ရိုးတွင်းခြင်ဆီဟာ အသက်ဝင်လာသကဲ့သို့ လှုပ်ရှားလာခဲ့သည်။
ထိုအချိန်၌ ရွှီယန် ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများမှ ရှင်းမပြနိုင်သည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ယားယံခြင်း၊ စူးခြင်းနှင့် ရောင်ရမ်းခြင်း အစရှိသဖြင့် ဖြစ်၏။
သူ၏အရိုးများက ပေါက်ကွဲထွက်တော့မည့်အလား ကြီးမားလာခဲ့သည်။ ထို့နောက် ပိုမို သေးငယ်သွားတော့မည့်အလား ကျုံ့သွားပြန်၏။ ရိုးတွင်းခြင်ဆီများပင်လျှင် ညှစ်ထုတ်ခံရသကဲ့သို့ ရှိနေတော့သည်။
ကြီးထွားမှုနှင့် ကျုံ့ဝင်မှုအကြားတွင် ပိုမိုသန့်စင်သည့် ချီနှင့်သွေးက မွေးဖွားလာခဲ့သည်။ ရွှီယန်လည်း ရှင်းမပြနိုင်သည့် အဓိပ္ပါယ်တစ်ခု သူ၏အရိုးများထဲမှ ပေါက်ဖွားလာမှုကို ပုံ ရှိ၏။
ဒီအချိန်၌ ထိုခံစားချက်က ပိုမိုနာကျင်ကာ ပထမဆုံးအကြိမ် အရိုးသန့်စင်ခြင်းထက်ပင် မခံမရပ်နိုင်အောင် ရှိနေပါသည်။ ချွေးသီးချွေးပေါက်များ ဆက်တိုက်ကျဆင်းနေ၏။
ရွှီယန်သက အံကိုကြိတ်ကာ ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့သည်အထိ အားတင်းထားပြီးမှ ရပ်တန့်လိုက်သည်။
'ရွှေအရိုးက နည်းနည်းလျော့ရဲလာတယ်...'
အကန့်အသတ်သို့ ရောက်ရှိကာ ဆက်လက်သန့်စင်နိုင်ခြင်း မရှိတော့သည့် ရွှေအရိုးသည် ယခုအချိန်၌ အနည်းငယ်လျော့ရဲလာပြီး ပိုမိုသန်မာလာကြောင်းကို တွေ့လိုက်ရသည်။
'ငါ့ရဲ့ နားလည်သဘောပေါက်မှုက မှန်ကန်တယ်။ ကျောက်စိမ်းအရိုးက မဝေးတော့ဘူး..'
ပျော်ရွှင်စွာဖြင့် ရွှီယန်တစ်ယောက် နောက်ထပ် ရက်အနည်းငယ်အတွင်းတွင် ပိုမိုကာပင် ပြင်းထန်စွာ လေ့ကျင့်လာခဲ့သည်။ ခံစားရသည့် နာကျင်မှုက ပိုမိုကာ ဆိုးရွားလာခဲ့၏။
၇ရက်ကြာအပြီးတွင် ပြီးခဲ့တုန်းက ရွှေအရိုးဟာ ပျောက်ကွယ်လာသည့်ပုံပါ။ အရိုးပေါ်ရှိ ရွှေရောင်မှာ ပျောက်ကွယ်သွားပေမယ့် အရိုးများ၏ခွန်အားက ၃၀%ကျော်တိုးတက်လာခဲ့သည်။
လဝက်အတွင်းတွင် သူ၏ခန္ဓာကိုယ်ရှိ အရိုးအားလုံးတို့အဖြူရောင်သို့ ပြောင်းလဲလာခဲ့၏။ သို့ပေမယ့် ရွှေအရိုးထက် ၂ဆကျော် ပိုမိုမာကျောလာခဲ့သည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီတို့မှာလည်း ပိုမိုသန့်စင်ကာ စွမ်းအားကြီးမားလာ၏။
'ကျောက်စိမ်းအရိုး အဆင့်ကို မဝင်ရောက်သေးပေမယ့် ငါက အရမ်းကို သန်မာပြီးနေပြီ..'
'ကျောက်စိမ်းအရိုးကိုသာ ရရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။ ငါ့ရဲ့သိုင်းပညာအခြေခံက ရှေးခေတ် ပါရမီရှင်တွေကိုတောင်မှ ကျော်ဖြတ်နိုင်နေပြီ..'
ရွှီယန်တစ်ယောက် အလွန်ပီတိဖြစ်နေ၏။ သူသည် ကျောက်စိမ်းအရိုးအဆင့်အား နီးကပ်နေပါပြီ။
၁၀ရက်ကြာအပြီးတွင် ရွှီယန်၏အရိုးများ ကျောက်သလင်းကဲ့သို့ စတင်ကြည်လင်လာပြီး အပြစ်အနာအဆာကင်းမဲ့သည့် ကျောက်စိမ်းအရိုးအား အောင်မြင်စွာရရှိရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။
သို့ရာတွင် ထိုခြေတစ်လှမ်းတွင် အတားအဆီးကို ခံစားလာရပြန်၏။ တစ်ဆို့မှုတစ်ခုကို ကြုံတွေ့ရသည့်အလား ဆက်လက်ပြောင်းလဲနိုင်မှု မရှိဘဲ ဖြစ်နေပါသည်။
ရွှီယန်သည် ကျောက်စိမ်းအရိုးသို့ ပြောင်းလဲမှုအား ပြီးမြောက်ရန်အတွက် ခြေတစ်လှမ်းသာ လိုပါတော့သည်။ မည်ကဲ့သို့ လက်လျှော့ရန် စိတ်ကူးနိုင်မည်နည်း။ ထို့ကြောင့် နောက်နှစ်ရက်အတွင်းတွင် ကိုယ့်ကိုယ်ကို ဆက်လက်ကျင့်ကြံနေ၏။
သို့ပေမယ့် မည်သည့် တိုးတက်မှုမှ မရှိပေ။ ကြည့်ရတာ အတားအဆီးကို ချိုးဖျက်ပြီးမှသာလျှင် ထိုနောက်ဆုံး ပြောင်းလဲမှုခြေလှမ်းကို ပြီးမြှောက်နိုင်မည့်ပုံပါ။
လီရွှမ်ကတော့ ငတုံးတပည့်၏ ကျောက်စိမ်းအရိုးအား သန့်စင်နိုင်လု ရှိနေပြီ ဖြစ်ကြောင်းကို သိရှိခြင်းမရှိပေ။
ထိုနေ့တွင် မည်သည်မှ လုပ်စရာမရှိရာ သူသည် ရွာအတွင်းရှိ သက်ကြီးရွယ်အိုများ၏ ပိုင်ဆိုင်မှုအချို့ကို စတင်ရှာဖွေ၏။ စာအုပ်အချို့လည်း အပါအဝင် ဖြစ်သည်။
ရွာထဲရှိ လူများဟာ ဒီနေရာသို့ လာရောက်ခိုလှုံခြင်းဖြစ်၏။ ထို့ကြောင့် စာအုပ်များကို ချန်ရစ်ခဲ့သည့် စာပေသမားများလည်း ပါဝင်ပါသည်။
စာအုပ်အများကြီး မရှိပေမယ့် ဤသည်မှာ ရွာထဲတွင် အဖိုးအတန်ဆုံး အရာများဖြစ်၏။
"တုတ်.."
စာလိပ်တစ်ခုက မြေပြင်ပေါ်သို့ ကျဆင်းသွား၏။
လီရွှမ်က ခါးကိုညွှတ်ကာ ၎င်းကို ကောက်လိုက်ပြီးနောက် အပေါ်တွင် စာအချို့ကို တွေ့လိုက်ရသည်။
"ဒါက ဘယ်သူ့ပစ္စည်းတုန်းဟ.. ငါအရင်က မမြင်ဖူးပါလား.."
သိလိုစွာဖြင့် သူက စာလိပ်ကို ဖွင့်ကြည့်၏။ စာလိပ်က အလွန်ရှည်လျားပါသည်။ ဖြန့်ကြည့်ပြီးနောက် စကားလုံးများဖြင့် ပြည့်နက်နေကြောင်းအား တွေ့လိုက်ရ၏။ ဒိုင်ယာရီတစ်ခုကဲ့သို့ ရှိနေသည်။
"ဒါက သနျုံ(နွားကြီး)ရဲ့ ဒိုင်ယာရီလား.."
လီရွှမ်က အံ့ဩသွားသည်။ သနျုံကဲ့သို့ လူကြမ်းကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒိုင်ယာရီကို ရေးရသနည်း။
'သနျုံက မကောင်းဆိုးဝါးတောထဲမှာ သေသွားခဲ့တယ်။ ဒါပေမယ့် အခုကျားကို သတ်လိုက်ပြီဆိုတော့ သူ့အတွက် လက်စားချေနိုင်ခဲ့ပြီလို့ သတ်မှတ်လို့ရတယ်..'
လီရွှမ်သည် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နက်နေ၏။ သူတို့လူစု ရွာမှထွက်ခွာခင်တွင် သနျုံလည်း ပါဝင်ခဲ့၏။ သို့ပေမယ့် သူတစ်ဦးတည်းသာလျှင် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့သည်။
စာလိပ်ကိုဖြန့်ကာ သနျုံ၏ ဒိုင်ယာရီကို ဖတ်ကြည့်၏။ လီရွှမ်သည် ပျင်းရိသောကြောင့် အကြောင်းအရာအချို့ကို ဖတ်လိုခြင်းသာ ရှိသည်။
'သနျုံက မိန်းမရှစ်ယောက်တောင် လိုချင်တာလား။ သူကသိပ့်ကို ရည်ရွယ်ချက်ကြီးတာပဲ။ ဆိုးလိုက်တာ..'
စာလိပ်၏ အဆုံးသို့အရောက်တွင် လီရွှမ်၏ပုံက ရုတ်တရက် အံ့ဩသွားပြီး သူ၏ပုံစံက လေးနက်လာခဲ့သည်။
ထိုအထဲတွင် သနျုံရွာမှ တစ်ယောက်တည်းထွက်ကာ မြို့သို့သွားခဲ့ချိန်က အဖြစ်အပျက်ကို မှတ်တမ်းတင်ထား၏။
သူသည် မကောင်းဆိုးဝါးတော၏ အပြင်ဘက်တွင် ကြမ်းကြုတ်သည့် သားရဲတစ်ကောင်ကို တွေ့ခဲ့လေသည်။
'သနျုံ တွေ့ခဲ့တာက ကျားမဟုတ်ဘူးပဲ..'
ရွာသားများသည် မကောင်းဆိုးဝါးတော အတွင်းတွင် ကြောက်စရာကောင်းသည့် ကျားကြီးတစ်ကောင်ရှိသည်ဟုသာ အမြဲတမ်း ပြောလေ့ရှိခဲ့၏။
ထို့ကြောင့် လီရွှမ်လည်း ကျားတစ်ကောင်တည်း ရှိသည်ဟုသာ ထင်ထားခဲ့သည်။ တကယ့် ပြင်ပတွင် ကျားအပြင် အခြားသားရဲလည်း ရှိနေသည်လား။
'သားရဲက ကျားထက်တောင် ပိုကြီးတယ်။ မီးတောက်လိုမျိုး အမွှေးတွေနဲ့ တစ်ပေလောက်ရှည်တဲ့ အစွယ်ရှိတယ်...'
လီရွှမ်သည် သနျုံ၏ ဒိုင်ယာရီမှ သားရဲရိုင်းအပေါ် ဖော်ကျူးထားမှုအား တွေ့ရပြီးနောက် အံ့ဩသွားသည်။
ထိုသားရဲရိုင်းမှာ ကျားထက်ပင် ပိုမိုကြောက်ဖို့ကောင်းလှပါသည်။
မကောင်းဆိုးဝါတော အတွင်းတွင် ကျားအပြင် ဘယ်လိုလုပ်ပြီး နောက်ထပ်သားရဲရိုင်း ရှိနေရသနည်း။
ကျားက တော၏ဘုရင် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူ၏ပိုင်နက်တွင် အခြားသားရဲရိုင်းတစ်ကောင်ကို တည်ရှိရန် ခွင့်ပြုထားရသနည်း။
ထိုကဲ့သို့သော စွမ်းအားကြီးမားသည့် သားရဲကလည်း ကျားတစ်ကောင်ကို သူ၏ပိုင်နက်အား သိမ်းပိုက်ထားရန် မည်ကဲ့သို့ ခွင့်ပြုထားရသနည်း။
'မကောင်းဆိုးဝါးတောထဲမှာ သားရဲရှိတယ်လို့ ပထမဦးဆုံးအကြိမ် ကြားခဲ့တာက သနျုံဆီကပဲ။ သူတစ်ကြိမ်မကတောင် ပြောခဲ့ဖူးတယ်..'
'အရင်တုန်းက ငါတို့တွေ ရွာကနေ ထွက်ခွာဖို့ ပြင်ဆင်တုန်းကလည်း သားရဲရှိပြီး အရမ်းကိုအန္တရာယ်များတယ်လို့ သနျုံပဲ သတိပေးခဲ့တယ်..'
'ဟိုလူပြန်လာပြီး ကျားကိုသတ်တဲ့အတတ်တွေ သင်ယူထားတယ်လို့ ပြောမှပဲ ရွာကနေထွက်ခွာဖို့ ယုံကြည်ချက်ရလာခဲ့တယ်...'
လီရွှမ်က ဖြစ်နိုင်ချေကို စဉ်းစားသည်။ မကောင်းဆိုးဝါးတောအတွင်းမှ ကျားမှာ သားရဲရိုင်း၏ ညီငယ်တစ်ယောက် ဖြစ်သည်လား။
'ငါ့ရဲ့ငတုံးတပည့်.. သူကျားကို အမဲလိုက်ဖို့ လူတွေကိုခေါ်လာတုန်းက သားရဲရိုင်းကို မကြုံတွေ့ခဲ့ရဘူးလား။ ကြည့်ရတာ မကြုံတွေ့ခဲ့တဲ့ ပုံပဲ။ ဖြစ်နိုင်တာက လူအရမ်းများလွန်းလို့ သားရဲရိုင်းက ပုန်းနေပြီး ထွက်မလာတာလား..'
'မဟုတ်ဘူး။ ငါ ငါ့ရဲ့ငတုံးတပည့်ကို လူတွေများများခေါ်ပြီး မကောင်းဆိုးဝါးတောထဲကို ရှာပြီးတော့.. သားရဲရိုင်းကို သတ်ခိုင်းရမယ်..'
လီရွှမ်သည် ပစ္စည်းများကို သိမ်းကာ ရွှီယန်ဆီသို့ သွားရောက်ရှာဖွေ၏။