← Chapters

ဒီတပည့်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ

Vol. 2 Ch. 26

ဒီတပည့်က ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ

Vol. 2 Ch. 26

"ဂလူ့.."

ဆရာဖြစ်သူဆီမှ ကြောက်စရာကောင်းလှသည့် ချီနှင့်သွေးကို ခံစားရပြီးနောက် ရွှီယန်၏ နှလုံးသားက တုန်ခါသွားသည်။

သိုင်းပညာ၏ တံခါးဝသို့ ခြေချနိုင်ခဲ့သည့် စိတ်လှုပ်ရှားမှုမှာ ချက်ချင်းပင် တည်ငြိမ်သွားခဲ့၏။

'ငါက အားနည်းလွန်းတယ်..'

'ဆရာ့ရဲ့ရှေ့မှာ ပုရွှဲဆိတ်တစ်ကောင်လိုပဲ။ ငါ့မှာ ရှေ့ဆက်ဖို့ ခရီးအရှည်ကြီး ကျန်သေးတယ်..'

ထိုအချိန်၌ ရွှီယန် သူ့ကိုယ်သူ အလွန် နုံချာသိမ်ဖျင်းလှသည်ဟု ခံစားရ၏။

သူသည် အခုမှ စတင်ရုံသာ ရှိပါသေးသည်။ အဘယ်ကြောင့် အလွန် စိတ်လှုပ်ရှား နေရမည်နည်း။ သူ့တွင် ဂုဏ်ယူရန်အတွက် မည်သည့် အရည်အချင်းတို့ ရှိနေလို့နည်း။

'ငါအရမ်းဂုဏ်ယူနေတာကို ဆရာတွေ့သွားလို့ သူ့ရဲ့ချီနဲ့သွေးစွမ်းအင်ကိုပြပြီး စစ်မှန်တဲ့ခွန်အားဆိုတာ ဘာလဲသိသွားအောင် လုပ်တာဖြစ်မယ်..'

'ငါမောက်မာမှုနဲ့ အလောတကြီးနိုင်မှုကို အမြဲတမ်း သတိမပြတ်ထားရမယ်။ နှိမ့်နှိမ့်ချချနဲ့ ကြိုးကြိုးစားစား ကျင့်ကြံသင့်တယ်..'

ရွှီယန် သူ၏ချီနှင့်သွေးကို ပြန်လည်ရုပ်သိမ်းကာ ဆရာဖြစ်သူ၏ရှေ့သို့ လေးစားစွာသွား၏။

"ဆရာ... ကျွန်တော်သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်ခဲ့ပါပြီ.."

လီရွှမ်က လက်တစ်ဖက်ကို နောက်သို့ပစ်ကာ စိတ်လှုပ်ရှားမှုဖြင့် တုန်ရီနေပါသည်။ သို့ပေမယ့် သူ၏ပုံစံက တည်ငြိမ်ကာ စည်းကမ်းတင်းကြပ်သည့် ဆရာတစ်ယောက်သဖွယ် ရှိနေ၏။

"အမ်း.."

သူကခေါင်းငြိမ့်ကာ ငတုံးတပည့်ကို အနည်းငယ် ဝမ်းသာသည့် အကြည့်ဖြင့် ကြည့်သည်။

"တွေ့လိုက်လား... ဒါက စတင်ခြင်းအဆင့်ရဲ့ ချီနဲ့သွေး အထွတ်အထိပ် အခြေအနေပဲ။ အဲ့ဒါကို ငါမင်းကို ပြလိုက်တာ.."

လီရွှမ်က အသာပြောသည်။

"ဆရာ.. ကျွန်တော် မောက်မာမှုနဲ့ စိတ်မရှည်မှုကို ရှောင်ရှားပြီး ကြိုးကြိုးစားစား လေ့ကျင့်ပါမယ်.."

ရွှီယန်၏မျက်နှာပေါ်၌ ရှက်ရွံ့မှုတစ်ခု ပေါ်လာပြီး ပြော၏။

လီရွှမ်က ချီနှင့်သွေးတို့ကို ပြန်လည်ရုပ်သိမ်းကာ သူ၏တပည့်ကိုကြည့်သည်။ ကျေနပ်စွာ ပြော၏။

"ငါမင်းကို အချိန်တစ်နှစ် ပေးခဲ့တယ်။ ဒါပေမယ့် ကြိုပြီးတော့ အောင်မြင်နိုင်ခဲ့တဲ့အတွက် ငါအရမ်းကျေနပ်တယ်.."

သူက သစ်ပင်ကြီးအောက်ရှိ ကုလားထိုင်ပေါ်သို့ လျှောက်သွားကာ ထိုင်လိုက်သည်။ ရွှီယန်က ဆရာဖြစ်သူအတွက် လက်ဖက်ရည်ကို အမြန်လုပ်ပေးပြီး လေးစားစွာဖြင့် ခစား၏။

"သိုင်းပညာမှာ အဆုံးမရှိဘူး။ မင်းက အခုမှ စတင်ရုံပဲ ရှိသေးတယ်။ ဆက်သွားဖို့ လမ်းအရှည်ကြီး ကျန်သေးတယ်။ ငါမင်းကိုမေးမယ်။ သိုင်းပညာ ကျင့်ကြံဖို့အတွက် မင်းတကယ်ပဲ ဆုံးဖြတ်ချက်ခိုင်မာပြီလား.."

လီရွှမ်က အပြုံးရဲ့ရဲ့ဖြင့် မေး၏။

"ဆရာ.. တပည့်ရဲ့ သိုင်းပညာကျင့်ကြံဖို့ ဆုံးဖြတ်ချက်က အရမ်းကို ခိုင်မာပါတယ်.."

ရွှီယန်က ဒူးထောက်ကာ ကျယ်လောင်စွာပြောသည်။

စိတ်လှုပ်ရှားစွာဖြင့် ဆက်လက် ပြော၏။

"ဆရာ.. ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပြီး အထွတ်အထိပ်သိုင်းပညာကို သင်ကြားပေးပါ.."

"ကောင်းပြီ။ အရမ်းကောင်းတယ်။ ဒီနေ့ကစပြီး မင်းကငါ့ရဲ့ အစစ်အမှန် တပည့်တစ်ယောက်ပဲ.."

လီရွှမ်က ကျေနပ်အားရစွာ ကြည့်၏။

ထို့နောက် တည်ငြိမ်ဟန်ပေါ်သည့် လေသံတစ်ခုဖြင့် ပြောသည်။

"ငါ့တပည့်.. မင်းရဲ့ကျင့်ကြံမှုက တစ်လျှောက်လုံး ခက်ခဲခဲ့တယ်။ မင်းရဲ့ အရေပြားသန့်စင်မှု၊ အရိုးသန့်စင်မှုနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်မှု အကြောင်းကို သေသေချာချာ ပြန်စဉ်းစားကြည့်.."

လီရွှမ်သည် သူ၏ မကောင်းဆိုးဝါးတပည့်အား သူကျပန်းတီထွင်လိုက်သည့် သိုင်းပညာအပေါ် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့မှုအား အမှန်တကယ်ကို သိလိုနေပါသည်။

ရွှီယန် သိုင်းပညာ၏ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ချိန်၌ ရွှေလက်ချောင်းက ပေါ်လာပြီး သူလည်းပဲ သိုင်းပညာများကို ချက်ချင်း တတ်မြောက်သွားခဲ့သည်။

ထို့ကြောင့် အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါတို့ သန့်စင်မှု နည်းလမ်းများနှင့် ကျင့်ကြံပုံများတို့မှာ သူ၏စိတ်ထဲတွင် ရှိနေပြီး ဖြစ်သည်။

၎င်းတို့ကို ရွှီယန်က သူ့ဘာသာ တွေးဆခဲ့တာ ဖြစ်ပေလိမ့်မည်။ ဤသည်ကို သူ၏ ကျပန်းတီထွင်ပေးမှုနှင့် သက်ဆိုင်ခြင်းမရှိဟုတော့ မပြောနိုင်ပါ။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူသည် သူတီထွင်လိုက်သည့် ကျင့်စဉ်ကို သင်ယူခဲ့ခြင်းဖြစ်၏။

သို့ပေမယ့် အဆုံးသတ်တွင် ဤသည်မှာ ကျပန်းတီထွင်လိုက်ခြင်းသာ ဖြစ်သည်။ ကျင့်စဉ်၏ တကယ့်နည်းလမ်းမှာ သက်သက်ဖြစ်သည်။ ထိုနှစ်ခုအကြားတွင် ခြားနားချက်တို့ ရှိနေ၏။

ကျပန်းတီထွင်လိုက်သည့် သိုင်းပညာကို စိတ်ကူးယဉ်သီအိုရီတစ်စုဟု သတ်မှတ်နိုင်၏။ သို့ပေမယ့် ထိုစိတ်ကူးယဉ် သီအိုရီများကို ရွှီယန်က အကောင်အထည်ဖော်ကာ စစ်မှန်သည့် သိုင်းပညာအဖြစ် ပြောင်းလဲခဲ့လေသည်။

ရွှီယန်၏ ကျပန်းတီထွင်ထားသည့် သိုင်းပညာအား စစ်မှန်သည့် ကျင့်စဉ်တစ်ခုအဖြစ် မည်ကဲ့သို့ ပြောင်းလဲခဲ့ပုံကို နားလည်နိုင်မှသာလျှင် သူသည် နောက်ဆက်တွဲကျင့်စဉ်နှင့် သိုင်းပညာအဆင့်များကို ဆက်လက်ပုံဖော်နိုင်မည် ဖြစ်သည်။

လီရွှမ်တစ်ယောက် သိုင်းပညာများ၏ ကျပန်းဖန်တီးမှု နောက်တွင် သက်ဆိုင်ရာ သဘောတရားတစ်ခု ရှိနေမည်ဟု ခံစားချက်တစ်ခု ရှိနေ၏။

ဤသည်မှာ စိတ်ကူးယဉ် သီအိုရီဖြစ်လျှင်တောင် အဆင့်များအကြားရှိ ဆက်နွယ်မှုနှင့် အဆင့်များ၏ သတ်မှတ်ပုံဟာ ရှင်းလင်းနေရန် လိုအပ်ပါသည်။

သူ၏ လက်ရှိအဆင့်မှာ သိုင်းကျင့်စဉ်ဖြစ်ပြီး နောက်တစ်ဆင့်မှာ အင်မော်တယ်ကျင့်စဉ် ဖြစ်လာလျှင်တော့ အဆင်ပြေမည် မဟုတ်ပါ ဤသည်က ကျင့်ကြံရန် သေချာပေါက် မဖြစ်နိုင်လောက်ပါ။

သူ၏ ထိုခံစားချက်များကို ရွှေလက်ချောင်းက ဖြစ်ပေါ်စေခြင်း ဖြစ်မည်ဟု လီရွှမ်ခံစားရ၏။

"ဟုတ်ကဲ့ပါ ဆရာ.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က စိတ်လှုပ်ရှားသွား၏။ ဤသည်မှာ ဆရာက သူ့ကိုညွှန်ကြားရန် ပြုမူခြင်း ဖြစ်ပေလိမ့်မည်။ ကျင့်ကြံခြင်းဖြစ်စဉ်ကို သေသေချာချာနားလည်ပြီး သိုင်းပညာ၏ ဆန်းကြယ်မှုကို ခံစားစေလိုခြင်းဖြစ်၏။

ထို့နောက် သူ၏ မည်ကဲ့သို့ ကျင့်ကြံခဲ့ပုံ အကြောင်းကို စတင်ပြောပြသည်။ ဆရာ့စကားများ၏ နောက်ရှိ နက်နဲသည့် အဓိပ္ပါယ်များကို မည်ကဲ့သို့ နားလည်နိုင်ပုံအားရှင်းပြ၏။

လီရွှမ်က တိတ်ဆိတ်စွာ နားထောင်နေပါသည်။ အကြိမ်ကြိမ် ခေါင်းငြိမ့်နေ၏။ သိုပေမယ့် စိတ်ထဲတွင်တော့ တစ်ကြိမ်ပြီးတစ်ကြိမ် အသံပြုမိသည်။

"ဖာ့ချ.."

ဒီတပည့်က တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ပါသည်။ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းက တကယ့်ကို အံ့သြဖို့ကောင်းလှပြီး စကားလုံးများအပေါ် စိတ်ကူးယဉ်မှုမှာလည်း အလွန်ကောင်းလှ၏။

"ဆရာသင်ပေးတဲ့ နည်းစနစ်တွေက တကယ့်ကို ဆန်းကြယ်တယ်။ ကျွန်တော်က ဦးနှောက်မကောင်းတော့ အဲ့ဒါတွေကို နားလည်ဖို့ အချိန်အကြာကြီး ယူရတယ်.."

"ဆရာ့ရဲ့ ညွှန်ကြားပေးမှုကြောင့်သာ မဟုတ်ရင် ကျွန်တော် ရွှေအရိုးတွေကို သန့်စင်နိုင်ဖို့တောင် လုပ်နိုင်မှာမဟုတ်ဘူး.."

ရွှီယန်က သက်ပြင်းချ၏။

လီရွှမ်က ကြောင်တောင်သွားသည်။

'ငါက ကျင့်ကြံပုံအချို့ကို ဒီတိုင်းဖန်တီးပေးလိုက်တာ.. မင်းက ဒီလိုတောင် နားလည်နိုင်တာလား..'

'ဒါကြီးက မကောင်းဆိုးဝါး ဆန်လွန်းသွားပြီ။ နောင်မှာ နည်းလမ်းတွေ ပိုပြီးတော့ ထွင်ပေးလိုက်ရင် ငါ့ရဲ့ငတုံးတပည့် အဲ့ဒါတွေကိုလည်း နားလည်နိုင်မှာလား..'

"ကျွန်တော်က ရွှေအရိုးကို သန့်စင်ပြီးလို့ ကျေနပ်နေခဲ့ပြီးပြီ။ ဆရာ့ရဲ့ညွှန်ကြားမှုကိုပဲ ကျေးဇူးတင်ရမယ်။ အဲ့ဒါကြောင့်သာ ဆက်လက်ကြိုးစားအားထုတ်ပြီး ကျောက်စိမ်းအရိုးကို နောက်ဆုံးမှာ ကျင့်ကြံနိုင်ခဲ့တာ.."

ရွှီယန်က ရွှေအရိုးကို မည်ကဲ့သို့ သန့်စင်နိုင်ခဲ့ပုံအား တွေးမိပြီးနောက် အားရကျေနပ်စွာ ခံစားခဲ့ရသည်။ သူက ထိုသတင်းကောင်းကို ဆရာဖြစ်သူဆီသို့ သွားရောက်တင်ပြတော့မှာပါ။ သူ့ကိုယ်သူ ရှေးခေတ်၏ ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်လာပြီဟု ပြောလို၏။

ဆရာဖြစ်သူ၏ ဥပမာပေးကာ ပြောဆိုမှုကြောင့်သာ မဟုတ်ပါက ကျောက်စိမ်းအရိုးကို သန့်စင်နိုင်မည်မဟုတ်ပေ။ ယနေ့ကဲ့သို့ စွမ်းအားကြီးလာရန် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

ထိုကဲ့သို့တွေးမိပြီးနောက် ရွှီယန် ရှက်ရွံ့စွာ ခံစားလိုက်ရသည်။

လီရွှမ်မှာ ဆက်လက် ကြောင်တောင်သွား၏။

'ငါဘယ်တုန်းက ဒီငတုံးတပည့်ကို ကျောက်စိမ်းအရိုးသန့်စင်ဖို့ ညွှန်ကြားလိုက်တာလဲ..'

တည်ငြိမ်သည့် မျက်နှာဖြင့် သူကပြော၏။

"တပည့်.. ဆရာမင်းကို ညွှန်ကြားနေတယ်ဆိုတာကို မင်းဘယ်လိုလုပ်ပြီး သိတာလဲ.."

ရွှီယန်က အရှက်ရစွာ ပြောသည်။

"ကျွန်တော်ရွှေအရိုးကို သန့်စင်ပြီး သတင်းကောင်းကို ဆရာ့ကိုလာပြောတော့မယ့် အချိန်မှာ ဆရာက ကျွန်တော့်ကို တွေ့သွားပြီးတော့ ရွှေဓားကို ဘေးကိုပစ်ချပြီး ကျောက်စိမ်းအဆောင်နဲ့ ကစားနေခဲ့တယ်.."

"အဲ့ဒါက ဥပမာတစ်ခုပေးပြီး ကျွန်တော်ကို ကျောက်စိမ်းအရိုးကို ဆက်လက်သန့်စင်ဖို့ ယုံကြည်ချက်တွေထားနိုင်အောင် အားပေးတာဖြစ်လိမ့်မယ်.."

"ဆရာ့ရဲ့ဒီဥပမာကို ကျွန်တော် နားမလည်လုနီးပါး ဖြစ်တော့မလိုပဲ။ တကယ်ကို ရှက်မိပါတယ်.."

သူ၏တပည့်ကို ကြည့်လိုက်သည့် အချိန်၌ လီရွှမ်၏ မျက်လုံးများထဲတွင် ပြောင်းလဲမှုတစ်ခု ပေါ်လာခဲ့၏။

ပထမတွင် သူသည် ကျောက်စိမ်းအဆောင်ကို ပိုမိုကာ သဘောကျမိခြင်းသာရှိ၏။ ဤသည်ကို ရွှေဓားထက် ပိုမို အဖိုးတန်သည်ဟု တွေးမိသောကြောင့် ဖြစ်သည်။

မထင်မှတ်စွာပင် ယခုကဲ့သို့ တိုက်ဆိုင်မှုတစ်ခုက တပည့်ဖြစ်သူကို နားလည်မှုလွဲသွားစေမည်ဟု ထင်မထားခဲ့ပေ။

ထို့အပြင် တစ်ဖက်လူသည် စိတ်ကူးယဉ်မှုဖြင့် ကျောက်စိမ်းအရိုးကို အောင်မြင်စွာ သန့်စင်ခဲ့၏။

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်၏ ဦးရေပြား၌ တစ်ဆစ်ဆစ်ဖြစ်သွားခဲ့သည်။ ဤသည်မှာ တပည့်ဖြစ်သူ၏ ဦးနှောက်သည် ကောင်းကောင်း အလုပ်မလုပ်ခြင်း မဟုတ်ပေ။ အလွန်ကောင်းမွန်နေခြင်းသာ ဖြစ်၏။

"ကောင်းပြီ။ ငါ့ရဲ့ဥပမာကို မင်းနားလည်နိုင်တယ်ဆိုတည်းက မင်းမှာကောင်းမွန်တဲ့ နားလည်သဘောပေါက်နိုင်စွမ်း ရှိတယ်လို့ ဆိုလိုတာပဲ.."

"ပြီးတော့ ဇွဲကိုမလျော့ဘဲ ကျောက်စိမ်းအရိုးကို သန့်စင်နိုင်ခဲ့တယ်။ မင်းအများကြီး ပင်ပန်းခဲ့တာ ဖြစ်လိမ့်မယ်.."

လီရွှမ်က ကျေနပ်မှုရှိသည့် မျက်နှာဖြင့် ပြောသည်။

"ကျွန်တော်ရဲ့ ကျောက်စိမ်းအရိုးကို သန့်စင်နိုင်ခဲ့တာ ဆရာ့ရဲ့ ညွှန်ကြားမှုကိုပဲ ကျေးဇူးတင်ရမယ်.."

"ဆရာသာ မကောင်းဆိုးဝါးတောကို သွားပြီးတော့ မီးလည်ဆံမွှေးဝံပုလွေကို အမဲလိုက်ဖို့ မပြောခဲ့ဘူးဆိုရင် ကျွန်တော်ကျောက်စိမ်းအရိုးကို သန့်စင်နိုင်မှာမဟုတ်ဘူး.."

ရွှီယန်က သူ၏ဆရာကို လေးစားစွာနှင့် ရိုသေစွာကြည့်၏။

လီရွှမ်၏ ဦးခေါင်းက အနည်းငယ်ထုံထိုင်းသွားသည်။

ယခုအချိန်၌ ကျားနှင့် မီးလည်ဆံမွှေးဝံပုလွေတို့ နှစ်ကောင်လုံးကို ရွှီယန်က ကိုယ်တိုင် သတ်ဖြတ်ခဲ့ကြောင်းအား နားလည်လာခဲ့၏။

အစောင့်များနှင့် မုဆိုးများကို စုစည်းမည့်အစား တစ်ယောက်တည်း သွားရောက် သတ်ဖြတ်ခဲ့လေသည်။

ကျားမှာ အလွန်စွမ်းအားကြီးပုံ ပေါ်၏။ ရွှီယန်က ၎င်းကိုအမဲလိုက်နိုင်ခဲ့သည်။ ထိုသို့ဆိုပါက မီးလည်စံမွှေးဝံပုလွေကရော။

"မီးလည်စံမွှေးဝံပုလွေကို အမဲလိုက်ခဲ့တဲ့ မင်းရဲ့အတွေ့အကြုံကို ငါ့ကိုပြောပြပါဦး.."

လီရွှမ်၏ပုံစံက တည်ငြိမ်စွာဖြင့် သူ၏လေသံမှာလည်း ပုံမှန်အတိုင်းသာ ရှိနေပါသည်။

သူသည် တပည့်ဖြစ်သူကို မီးလည်စံမွှေးဝံပုလွေအား အမဲလိုက်ရာတွင် ဖြစ်ပေါ်နိုင်သည့် အားနည်းချက်များအား ထောက်ပြချင်သည့်နှယ် ရှိနေ၏။

"ဟုတ်ကဲ့ပါ ဆရာ.."

ရွှီယန်က လေးစားစွာ တုန့်ပြန်ပြီးနောက် မီးလည်စံမွှေးဝံပုလွေနှင့် မည်ကဲ့သို့ တိုက်ခိုက်ခဲ့ပုံကို အသေးစိတ်ရှင်းပြသည်။

၎င်းကို မည်ကဲ့သို့ အမဲလိုက်ကာ သွေးကို ဝါးမျိုခဲ့ပုံ။ ထို့နောက် အသားကို အာဟာရအဖြစ် သန့်စင်ခဲ့ပုံတို့အား ရှင်းပြ၏။

ထိုအခါမှသာ ကျင့်ကြံမှုတွင် အထောက်အပံ့ဖြစ်ကာ ကိုယ်တွင်းအင်္ဂါသန့်စင်မှုကို လျှင်မြန်စွာ ပြီးမြောက်ခဲ့ပြီး သိုင်းပညာ၏ စတင်ခြင်းတံခါးဝဆီသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

လီရွှမ်၏ မျက်နှာက တည်ငြိမ်၏။ သို့ပေမယ့် နှလုံးသား၌ ထိတ်လန့်နေပါသည်။ မီးလည်စံမွှေးဝံပုလွေက အလွန် ကြမ်းကြုတ်လှသည်လား။

ဤသည်မှာ သာမန်သားရဲတစ်ကောင် မဟုတ်တော့ပေ။ ပိုမိုကြောက်ဖို့ကောင်းသည်မှာ ရွှီယန်သည် မီးလည်စံမွှေးဝံပုလွေကို လက်ဗလာဖြင့် သတ်ဖြတ်ခဲ့ပြီး ၎င်းကို အသုံးပြုကာ ကျောက်စိမ်းအရိုးအား သန့်စင်ခဲ့ခြင်းဖြစ်သည်။

ရွှီယန်၏ ရှင်းပြချက်အရ တိုက်ပွဲ၏ မည်မျှအန္တရာယ်များကြောင်းကို သူခံစားနိုင်ပါသည်။ ဂရုမစိုက်ပါက ရွှီယန်ကိုယ်တိုင်ပင် မီးလည်စံမွှေးဝံပုလွေ၏ သားကောင်ဖြစ်လာနိုင်၏။

'ဒီငတုံးတပည့်က အံ့သြဖို့ကောင်းတယ်။ ကျောက်စိမ်းအရိုးသန့်စင်တဲ့ နည်းလမ်းကို ကောင်းကောင်း နားလည်သဘောပေါက်ပြီး မီးလည်စံမွှေးဝံပုလွေကို သတ်ဖြတ်နိုင်ခဲ့တယ်..'

လီရွှမ် နှလုံးသားထဲတွင် သက်ပြင်းချမိ၏။ ဒီငတုံးတပည့်မှာ အလွန် မကောင်းဆိုးဝါး ဆန်လွန်းလှပါသည်။

All Chapters