နောက်ထပ်ကျင့်စဉ်အား မည်သို့ရေးရမည်လဲ
Vol. 2 Ch. 28
ရွှီယန်၏ ကျင့်ကြံမှု မအောင်မြင်ခင်တွင် လီရွှမ်မှာ အရူးလုပ်ချင်ခြင်းသာ ရှိရာ မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားမှ မရှိဘဲ ကျင့်စဉ်များကို ကျပန်း လျှောက်ပြောနိုင်၏။
မည်မျှဆန်းကြယ်နေပါစေ ကိစ္စမရှိပေ။ ကျင့်ကြံနိုင်မည်လား ဟူသည်ကို စဉ်းစားစရာ လိုအပ်ခြင်း မရှိပါ။
အားလုံးမှာ လျှောက်ပြောထားခြင်း ဖြစ်ပြီး ကျင့်ကြံရာတွင် မည်ကဲ့သို့ အောင်မြင်ရန် ဖြစ်နိုင်မည်နည်းဟု အတွေးသာရှိ၏။
ရလဒ်အနေနှင့် မကောင်းဆိုးဝါး ရွှီယန်က သူကျပန်းတီထွင်လိုက်သည့် ကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံခဲ့ပြီး ရွှေလက်ချောင်းအား ပေါ်လာသေခဲ့၏။
လီရွှမ်၏ သိုင်းပညာက တစ်ခါတည်း ပြီးပြည့်စုံသွားပြီး သူ၏ခွန်အားသည် အဆင့်တူများထက် အဆ၁၀၀ ရှိလာခဲ့သည်။
ထိုအချိန်မှ စတင်ပြီး သူသည် လာမည့်ကျင့်စဉ်ကို ဆက်လက်ဖန်တီးရာ၌ ဂရုမစိုက်နေလို့ မရတော့ပေ။
ဘာပဲဖြစ်ဖြစ် ဤသည်မှာ သူ၏ကျင့်စဉ်အား အောင်မြင်မှုရှိပြီးမှ သူ့အနေနှင့် ရွှေလက်ချောင်းမှ တန်ပြန်အကျိုးပြုမှုများအား ဆက်လက်ရရှိကာ ကိုယ့်ကိုယ်ကို ခွန်အားမြှင့်တင်နိုင်ခြင်းနှင့် သက်ဆိုင်နေပါသည်။
ထို့ကြောင့် စိတ်ပိုင်းဆိုင်ရာဖိအား ရှိလာသည့်အခါတွင် အတွေးများက ပိုမိုများလာခဲ့သည်။ ကျပန်းဖန်တီးပြီးနောက် သူ၏သီအိုရီများမှာ အသုံးဝင်နိုင်လား ဟူသည်ကို ပြန်လည်စဉ်းစားဖို့ လိုအပ်သည်။ မည်သည့် အားနည်းချက်များ ရှိနေသေးလဲ။
ကျင့်စဉ်က လုံလောက်စွာ လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိပါက လုံလောက်စွာ သန်မာမှု မရှိမည်ကိုလည်း စိုးရိမ်ရသည်။ အလွန် မယုံကြည်နိုင်စရာ ကောင်းနေလျှင်လည်း ရွှီယန်အနေနှင့် နားလည်သဘောပေါက်နိုင်မှု မရှိပဲ ဆက်လက်ကျင့်ကြံရန် မဖြစ်နိုင်မည်ကို စိုးရိမ်ရသည်။
ရေတိုအတွင်း လီရွှမ်သည် နောက်ဆက်တွဲ အဆင့်အတွက် ကျင့်စဉ်များကို ရေးသားရန် စတင်ချိန်က သူ၏အတွေးများမှာ အလွန်ရိုးရှင်းခဲ့ကြောင်းအား နားလည်လိုက်သည်။
ဖိအားကို ခံစားရချိန်၌ မည်သည်တို့ ဖြစ်ပျက်မည်နည်းနှင့် ရလဒ်တို့ကို စိုးရိမ်စပြုလာခဲ့၏။
"ဖာ့ချ..."
'ငါ့ဘာသာငါ လျှောက်ရေးပြီး ငါ့တပည့်ကိုပဲ သူ့ဘာသာ နားလည်သဘောပေါက်အောင် စဉ်းစားပါလေ့စေ..'
'မဟုတ်ဘူး.. သူနားမလည်ခဲ့ရင် ထိခိုက်မှာက ငါပဲမလား..'
'ဒီရွှေလက်ချောင်း အစုတ်အပျက်က ဘာလုပ်တာလဲ..'
လီရွှမ်က စိတ်ဓာတ်ကျစွာ ခံစားရသည်။ ရွှေလက်ချောင်းမှာ ပေါ်လာခဲ့၏။ သို့ပေမယ့် ၎င်းသည် သူ့ဆီသို့ ကျင့်ကြံမှုအဆင့် ပေါင်းထည့်ပြီးနောက် ဘယ်တုန်းကမှ မရှိခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။
'ငါကျပန်းဖန်တီးလိုက်တဲ့ ကျင့်စဉ်ကို ရွှီယန်က အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့လို့ ရွှေလက်ချောင်းက ပေါ်လာခဲ့တယ်..'
'ဒါကြောင့်မို့လို့ တန်ပြန်အကျိုးပြုမှုကို ရရှိချင်ရင် ရွှီယန်အပေါ်ကို မှီခိုဖို့ လိုအပ်နေတယ်။ ဒီကောင်လေးက အရမ်းကို မကောင်းဆိုးဝါးဆန်ပြီး နားလည်သဘောပေါက်မှုက မယုံနိုင်စရာကောင်းလှတယ်..'
'ငါအဆင့်တွေကို ကောင်းကောင်း ဆက်စပ်မိဖို့အတွက် ကျင့်စဉ်တစ်ခုကို ဖန်တီးရမယ်။ သက်ဆိုင်ရာ ကျင့်ကြံမှုဖြစ်စဉ်ကိုတော့ ရွှီယန်ကိုပဲ သူ့ဘာသာလေ့လာဖို့ ထားပေးလိုက်မယ်..'
'ငါက သီအိုရီတစ်စုံကိုပဲ ဖန်တီးဖို့လိုမှာ။ ပြီးတော့ အချို့နားထောင်ရတာ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းပညာ နည်းနည်းနဲ့ပေါ့..'
လီရွှမ်က အသက်ကို နက်ရှိုင်းစွာရှူပြီး ကျင့်စဉ်ကို ဖန်တီးရန်အတွက် လားရာကို စတင်ရေးချသည်။ နောက်တစ်ဆင့်မှာ သူ၏စိတ်ကူးယဉ် သီအိုရီများအား မည်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်ရန် ဖြစ်၏။
နားထောင်ရတာ လျှို့ဝှက်ဆန်းကြယ်မည့် အချို့ကျင့်စဉ် စကားစုများကို ဖန်တီးသည်။
အရာအားလုံးကို ရွှီယန်အား သူ့ဘာသာ လေ့လာခိုင်းရပေမည်။ တစ်ဖက်လူသည် အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းတို့တွင် ဉာဏ်အလင်းပွင့်မှုများ ရရှိလာနိုင်ခဲ့ရာ နောက်ဆက်တွဲ ကျင့်စဉ်တွင်လည်း အဘယ်ကြောင့် တူညီစွာ ဉာဏ်အလင်းမပွင့်ဘဲ နေမည်လဲ။
'အရိုးသန့်စင်ခြင်း အတတ်အတွက် ငါပြောခဲ့တာက စိတ်ကို တည်နေအောင်လုပ်ပြီး စစ်မှန်တဲ့အဓိပ္ပါယ်ကို ကျင့်ကြံပါ..'
'ချီနဲ့သွေးကို နဂါးတစ်ကောင်လိုဖြစ်စေပြီး ရွှေအရိုးကို ဖွဲ့စည်းပါလို့ ဖြစ်တယ်။ ဒါကြောင့် သွေးနဲ့ချီအဆင့်အတွက်လည်း စကားစုနှစ်ခုတို့ကို ဖန်တီးရမယ်..'
'ပြီးရင် ရွှီယန်ကို သူ့ဘာသာ နားလည်စေမယ်။ ဒါက သူ့ရဲ့ကျင့်ကြံမှုကို မြှင့်တင်နိုင်မှာပါ..'
လီရွှမ်က စဉ်းစားပြီးနောက် သူ၏စကားစုနှစ်ခုကို ဖန်တီးမှုပြီးမှသာလျှင် ရွှီယန်သည် ၎င်းတို့ကို နားလည်မှုပြုကာ ရွှေအရိုးကို သန့်စင်လာနိုင်ခဲ့ပြီး ကျောက်စိမ်းအရိုးကိုပင် ကျင့်ကြံလာနိုင်ခဲ့ကြောင်းကို သိရှိလာခဲ့သည်။
ထို့ကြောင့် စကားစုမှာ အလွန်အရေးကြီး၏။ ဤသည်မှာ လျို့ဝှက်ဆန်းကြယ် နေရပေမည်။ သို့ပေမယ့် အလွန်အကြူးလည်း ဖြစ်မနေရပေ။ ထိုအခါမှသာ ရွှီယန်အား နားလည်သဘောပေါက် နိုင်စေလိမ့်မည်။
'အခုအတွက်တော့.. ချီနဲ့သွေးအဆင့်ရဲ့နောက်တစ်ဆင့်ကို မူလအဆင့်လို့ ခေါ်ဆိုတယ်။ အခု အဲ့ဒီ့ရဲ့ အကြောင်းကို ဖန်တီးဖို့ စိုးရိမ်စရာတော့ မရှိသေးဘူး..'
'အရင်ဆုံး ချီနဲ့သွေးအဆင့်အတွက် ကျင့်စဉ်စာသားကို ဖန်တီးရမယ်..'
ကျင့်စဉ်စာသား မပါရင်တောင် ကျင့်ကြံခြင်းရဲ့ လားရာက အတည်ပြုပြီးနေပြီ။
'ရွှီယန်အနေနဲ့ ချီနဲ့သွေးအဆင့်ကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်ဦးမှာပဲ။ ဒါပေမယ့် ကျင့်စဉ်စာသားရှိရင် အဲ့ဒီ့ထဲကနေ နားလည်သဘောပေါက်မှုတွေ ရလာနိုင်ပြီး သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက သိသိသာသာ တိုးလာမှာ။ ခွန်အားလည်း တိုးလာနိုင်မှာ..'
ရွှီယန်၏ခွန်အား တိုးတက်လာသည်နှင့်အမျှ သူ၏ဆရာဖြစ်သူ လီရွှမ်၏ ခွန်အားဟာလည်း တူညီစွာ တိုးမြင့်လာမှာ ဖြစ်သည်။
လက်ရှိအချိန်၌ လီရွှမ် ချီနှင့်သွေးအဆင့်ကို တတ်မြောက်ထားပြီး အဆင့်တူများထက် အဆ၁၀၀ ခွန်အားရှိပါသည်။
၎င်း၏ စံချိန်သည် သူ၏တပည့် ရွှီယန်၏ ခွန်အားအပေါ်တွင် အခြေခံ၏။ လက်ရှိအချိန်၌ လီရွှမ်၏ ခွန်အားမှာ ရွှီယန်၏ သွေးနှင့်ချီပြီး ပြည့်စုံခြင်းအဆင့်၏ အဆ၁၀၀ရှိပါသည်။
ထို့ကြောင့် ရွှီယန်သာ ကျင့်စဉ်၏စကားစုကို နားလည်သဘောပေါက်လာပြီး ၎င်းကို ကျင့်ကြံကာ ပိုမိုသိသာသည့် ခွန်အားတို့ကို ရရှိနိုင်ပါက ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိပါက ရွှီယန်၏ခွန်အား ပိုမိုသန်မာလေလေ လီရွှမ်လည်း တူညီစွာ ပိုမိုသန်မာလာလေ ဖြစ်မှာဖြစ်သည်။
ထို့ကြောင့် စကားစုကို ဖန်တီးရပေမည်။ လီရွှမ်ဟာ အရေပြား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်းအတွက် ကျင့်ကြံမှုနည်းလမ်းကို တတ်မြှောက်ထားပြီးဖြစ်၏။
သိုင်းပညာ၏ စတင်ခြင်းအဆင့်လည်း ပါဝင်၏။ ရွှေလက်ချောင်းက တန်ပြန်ကာ အကျိုးပြုပေးခဲ့ခြင်း ဖြစ်သည်။
ဤသည်က သိုင်းပညာ၏ စတင်ခြင်းအဆင့်အတွက် အခြေခံနည်းစနစ်ကို ပြီးမြောက်စေခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ကို ရွှီယန်၏ကျင့်ကြံမှုနှင့် နားလည်သဘောပေါက်မှုမှ ရရှိခဲ့၏။
ထိုလက်တွေ့ဆန်ကာ အခြေခံကျသည့် ကျင့်ကြံမှုတို့ဖြင့် လီရွှမ်ဟာ ချီနှင့်သွေးအဆင့်၏ ကျင့်စဉ်ကို ဖန်တီးပြီး ရွှီယန်အားပေးကာ ယေဘုယျလားရာတစ်ခုကို ညွှန်ကြားရပေမည်။
ချီနှင့်သွေးအဆင့်၏ စကားစုအား ဖန်တီးရခြင်းအကြောင်းမှာ ရွှီယန်ကို ချီနှင့်သွေးအဆင့်၏ ကျင့်ကြံမှုအား ပိုမိုစွမ်းအားကြီးကာ မြန်ဆန်မှုရရှိနိုင်စေရန် ဖြစ်သည်။
ချီနှင့်သွေးအဆင့်၏ ခွန်အားကို မြှင့်တင်ပေးမည်ဖြစ်၏။
'ချီနဲ့သွေးအဆင့်က ငါတို့ရဲ့ချီးနဲ့သွေးကို အဆင့်မြှင့်တင်တာကို အထူးပြုတယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရောပဲ..'
'ဒီကျင့်စဉ်ရဲ့ အနှစ်သာရက ငါတို့ရဲ့ချီနဲ့သွေးပမာဏနဲ့ အရည်အသွေး မြှင့်တင်မှုအပေါ်မှာ မူတည်နေတယ်။ ပြီးတော့ ငါတို့ခန္ဓာကိုယ်တွေရဲ့ အလားအလာကိုလည်း မြှင့်တင်ပေးမှာ...'
'အဲ့ဒါက ချီနဲ့သွေးကို ကျင့်ကြံရာမှာ အထူးပြုကတည်းက အဲ့ဒါကို သင့်တော်တဲ့ စကားစုအဖြစ် အသုံးပြုလိုက်လို့ ရတယ်မှတ်လား..'
တွေးတောမှုအချို့ ပြုလုပ်ပြီးနောက် လီရွှမ်သည် ကျင့်စဉ်စကားစုလေးကြောင်းတို့အား ရရှိလာခဲ့သည်။
'လေးကြောင်းက လုံလောက်ပါတယ်။ အဲ့ဒါကို ငါ့ရဲ့အရူးတပည့်ကို သူ့ဘာသာစဉ်းစားဖို့ လက်ဆင့်ကမ်းပေးလိုက်မယ်။ သူဘာမှ နားမလည်ရင်တောင် နောက်ဆက်တွဲကျင့်စဉ်အတွက် အများကြီး အနှောင့်အယှက် မဖြစ်လောက်ပါဘူး...'
'ချီနဲ့သွေးအဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုကို ရရှိဖို့က အချိန်တစ်ခုပဲလိုတာ။ အရေးအကြီးဆုံးက ငါ့ရဲ့အရူးတပည့် သူ့ရဲ့ဆန်းကြယ်တဲ့ လမ်းစဉ်တွေကို ဆက်လက်ကျင့်ကြံပြီး ငါဖန်တီးလိုက်တဲ့ မူလအဆင့်ကို ရောက်ရှိနိုင်ဖို့ပဲ..'
လီရွှမ်က လေပူများကို မှုတ်ထုတ်ကာ သူ၏လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်သည်။ စည်းကမ်းကြီးသည့် ဆရာတစ်ယောက်သဖွယ် ပြောင်းလဲသွားခဲ့ပြီး အိမ်ထဲမှ အေးအေးလူလူ လျှောက်ထွက်လာခဲ့၏။
ရွှီယန်က သူ၏ကျင့်ကြံမှုအဆင့်ကို တည်ငြိမ်အောင် လေ့ကျင့်နေပါသည်။
"ငါတပည့်.. ဒီကိုလာခဲ့။ ငါမင်းကို ချီးနဲ့သွေးအဆင့်ရဲ့ လျှို့ဝှက်မန္တန်ကို သင်ပေးမယ်.."
လီရွှမ်က လက်ကိုဝှေ့ရမ်းကာ ခေါ်လိုက်သည်။
"ဟုတ်ကဲ့ပါ ဆရာ.."
ထိုစကားကို ကြားရပြီးနောက် ရွှီယန်က စိတ်လှုပ်ရှားစွာ အပြေးသွား၏။
ချီနှင့်သွေးအဆင့်၏ မန္တန်စကားစု...
"သေသေချာချာနားထောင် ချီနဲ့သွေးအဆင့်မှာ စကားစုလေးခုရှိတယ်။ အဲ့ဒါတွေရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်နိုင်ရင် မင်းရဲ့ကျင့်ကြံမှုက လျှင်လျှင်မြန်မြန် တိုးတက်လာလိမ့်မယ်။ ချီနဲ့သွေးအဆင့်ကို ပြီးပြည့်စုံဖို့အတွက် ကြာမှာမဟုတ်ဘူး.."
လီရွှမ်၏လေသံက ပိုမိုကာ လေးနက်လာခဲ့သည်။
"ဟုတ်ကဲ့ပါဆရာ.. ကျွန်တော် ကျင့်စဉ်မန္တန်ရဲ့ လျှို့ဝှက်ချက်တွေကို သေချာပေါက် နားလည်အောင်လုပ်ပြီး ဆရာကို စိတ်မပျက်စေရပါဘူး.."
ရွှီယန်က ရင်ဘတ်ကိုပုတ်ကာ အာမခံ၏။
"မင်းမှာ ဒီလို ယုံကြည်ချက်မျိုး ရှိတာကို ငါအရမ်းကျေနပ်တယ်။ အကောင်းဆုံးသာလုပ်.. ဒီစကေးရဲ့စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားမလည်နိုင်ရင်တောင် မင်းရဲ့ကျင့်ကြံမှုကို အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူး.."
လီရွှမ်၏လေသံက နူးညံ့သွား၏။
သူသည် တပည့်ဖြစ်သူကို အရမ်းကြီး ဖိအားပေးလိုခြင်းမရှိပါ။ စိတ်ပိုင်းဆိုင်ရာ ဖိအားတို့ အလွန်ကြီးမားပါက လျှောက်တွေးသည့် အရာများမှာလည်း ဆိုးရွားကုန်ပြီး ကျင့်စဉ်၏ လျှို့ဝှက်ချက်ကို နားလည်ရန် ကျရှုံးမှာပါ။
"တပည့်နားလည်ပါတယ်.."
ရွှီယန်က ခေါင်းကိုငြိမ့်သည်။
"အမ်း.."
လီရွှမ်က ခေါင်းငြိမ့်ကာ ပြော၏။
"သေသေချာချာနားထောင်.. ချီနဲ့သွေးအဆင့်ရဲ့ စကားစုလေးခုက 'မြစ်ချောင်းထောင်ချီက ကြီးမားတဲ့ မြစ်ကြီးတစ်ခုကို ဖြစ်စေတယ်။ မိုင်ပေါင်းထောင်ချီရဲ့ ရေအလျှင်က သမုဒ္ဒရာတွေကို စီးဆင်းကြတယ်။ အားကောင်းတဲ့ လှိုင်းက လိပ်တက်လာပြီး အလွှာပေါင်းတစ်ထောင် ဖြစ်လာခဲ့တယ်။ ချီနဲ့သွေးက တောင်ပေါင်းထောင်ချီကို လှုပ်ခါစေနိုင်တယ်..' "
နောက်ဆုံးစာသားကို ကြားရချိန်၌ ရွှီယန်က မနေနိုင်ဘဲ ကိုယ့်ကိုယ်ကို ရေရွတ်သည်။
"ချီးနဲ့သွေးက အဆုံးမသတ်တဲ့တောင်တွေကို လှုပ်ခါစေနိုင်တာလား.."
သူဟ
သည် ထိုစကားစု၏ ကြီးစိုးမှုနှင့် စွမ်းအားကြီးမှုကို စိတ်ကူးကြည့်ရုံနှင့် ခံစားနိုင်၏။
အနည်းငယ် ချောင်းဟန့်ပြီးနောက် လီရွှမ်က ပြော၏။
"ငါတပည့်.. မှတ်ထား.. ဆရာသင်ပေးတဲ့ စကားစုတွေက နားလည်သဘောပေါက်မှုနဲ့ အဓိပ္ပါယ်ကို ရှာဖွေဖို့ပဲ။ အသွင်သဏ္ဍာန်ကို မကြည့်ရဘူး။ အပေါ်ယံကိုပဲလည်း မကြည့်ရဘူး.."
ရင်းနှီးသည့် စကားအချို့ကို ပြောပြီးနောက် သူက ရွှီယန်ကို ဆက်လက်သတိပေးသည်။
"ဟုတ်ကဲ့ပါဆရာ ကျွန်တော်နားလည်ပါတယ်.."
ရွှီယန်က လေးစားစွာ ခေါင်းငြိမ့်၏။ ထိုအချိန်၌ သူ၏စိတ်ထဲတွင် စကားစုလေးခု၏ စာသားများဟာ ပြည့်နက်နေပါသည်။
"ကောင်းပြီ.. သွားပြီးတော့ မင်းရဲ့ကျင့်ကြံမှုကို ခိုင်မာအောင်ဆက်လုပ်.."
လီရွှမ်က ခေါင်းငြိမ့်၏။ သူက စိတ်သက်သာရာရသွားသည်။ စိတ်ထဲတွင်တော့ ရေရွတ်နေ၏။
'နောက်ဆုံးတော့ ရွှီယန်ကို စကားစုကို လက်ဆင့်ကမ်းပြီးပြီ..'
'အောင်မြင်နိုင်မလား ဆိုတာကတော့ သူ့အပေါ်ပဲ မူတည်တော့တယ်။ သူနားမလည်နိုင်ရင်လည်း ဆရာဖြစ်တဲ့ ငါ့ရဲ့ အမှားမဟုတ်ဘူး..'
ပြီးပါက သူသည် အချိန်အချို့ကို အသုံးပြုပြီး မူလအဆင့်ကို ဖန်တီးရန် အာရုံစိုက်ရမှာ ဖြစ်သည်။ အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ပြီး တစ်ချိန်တည်းတွင် ချီနှင့်သွေးအဆင့်နှင့် ဆက်စပ်မှုရှိရန်အတွက် လုပ်ဆောင်ရပေမည်။
လက်တွေ့ကျသည့် သီအိုရီများနှင့် ပိတ်ဆို့သွားမှုမရှိစေရန် မည်သည့်နေရာမှ စတင်ရမည်လည်း မသိဖြစ်နေ၏။
"ဟုတ်ကဲ့ပါဆရာ.."
ရွှီယန်က လေးစားစွာ ဦးညွှတ်ပြီးနောက် သူ၏နေရာသို့ပြန်ကာ ဆက်လက်ကျင့်ကြံ၏။ စကားစုလေးစု၏ အဓိပ္ပါယ်ကို စတင်စဉ်းစားသည်။
နှလုံးသားထဲတွင် သက်ပြင်းချမိ၏။
'..ငါ့ဆရာက လက်ဆင့်ကမ်းပေးတဲ့ ကျင့်စဉ်မန္တန်လို့ မပြောရဘူး။ နားထောင်ရတာ ကဗျာဆန်တယ်။ လျှို့ဝှက်ဆန်းကြယ်တယ်..'
'ပြီးတော့ ထူးကဲတယ်။ အဆုံးမသတ်နိုင်တဲ့ သိုင်းပညာ နိယာမတွေလည်း ပါဝင်တယ်။ ငါဒါကို နားလည်သဘောပေါက်အောင်လုပ်ပြီး ဆရာ့ကို စိတ်မပျက်စေရဘူး..'