#အမျက်ဒေါသကို သန့်စင်ခြင်း၊ စိတ်ဓမ္မခန္ဓာ#
Vol. 74 Ch. 1037
ဖန်ချန်းပုံရိပ်ယောင်ထဲက အမှောင်ထုအပျက်အစီးထဲသို့ ခြေချခဲ့သည်။
မိုးများကရွာချလာသည်။ လျှပ်စီးလက်တိုင်း ဒီလေးလံမှောင်မိုက်သည့်ကောလတွင် အရောင်တစ်ချို့ထပ်ဖြည့်ပေးနေသည်။
မိုးမျှော်တိုက်ကြီးများ၏ အပျက်အစီးများ၊ ကျိုးကြေနေသည့်ပြတင်းပေါက်များနှင့် ပြိုကျနေသည့် နံရံအစွန်းများက အချိန်၏ ခြေရာများဖြစ်ပြီး ထိုအချိန်က မိသားစုတစ်စု ဖျက်ဆီးခြင်းခံရသည့် ၀မ်းနည်းဖွယ်ရာမြင်ကွင်းကို ရက်စက်စွာ ပြသနေသည်။
အပျက်အစီးထဲလျှောက်သွားစဉ် မြေကြီးကို ဖုံးနေသည့် ဖုန်နှင့်အတူ ဆွေ့မြေနေသော ပရိဘောဂအပျက်အစီးများကို ဖန်ချန်းမြင်ရသည်။
မီးငြိမ်းသွားပြီဖြစ်သည့် ဖယောင်းတိုင်များနှင့် ကျိုးပဲ့နေသည့်ပန်းချီကားချပ်အပြင် ခြောက်သွေ့နေသည့်သွေးစက်များနှင့် ထောင့်တိုင်းက လောင်ကျွမ်းထားသည့် အမှတ်အသားများက ဖန်ချန်းကို အာဏာနှင့် လက်စားချေမှုကို လိုက်စားရာ၌ နာကျင်ဖွယ်ရာ အဖိုးအခကိုပြောပြနေသည်။
စင်္ကြလမ်းထဲခြေချလိုက်သောအခါ မသေမျိုးတစ်ဦး၏ ခေါ်သံနှင့် ဟစ်ကြွေးသံအလား အေးစက်သည့်လေပြင်းက အရိုးခိုက်လုမတတ် တိုက်ခိုက်လာသည်။
ဖန်ချန်း၏အမူအရာက ပို၍ပင်လေးလံလာပြီး အရင်က ရင်းနှီးနေသည့်ခန်းမထဲသို့ သူလျှောက်လာခဲ့သည်။ မှိန်နေသည့်အလင်းက ခပ်ဖျော့ဖျော့ပုံရိပ်တစ်ခုကို ဖြစ်စေပြီး ဗလာကျင်းနေသည့်ခန်းမက လေအေးများ၊ တီးတိုးမြည်ဟီးသံများနှင့်အတူ ပဲ့တင်ထက်နေသည်။ ဒါက ပြန်ပေးဆပ်ရန်အတွက် ရုန်းကန်တောင်းဆိုနေကြသည့် သေသူများ၏ ဟစ်ကြွေးသံများပင်။
အရာတိုင်းကအတော်လေး ရင်းနှီးနေသော်လည်း ရင်းနှီးမနေဟု ထင်ရသည်။
သူ့မိသားစုအသတ်ခံရပြီး သူ့ညီအစ်ကိုများ သေဆုံးနေသည့်မြင်ကွင်းက သူ့စိတ်ထဲတွင် အရှင်းကြီးရှိနေဆဲပင်။
ကျိုးကြေနေသည့်နံရံ၊ သွေး၊ မီးငြိမ်းသွားသည့် ဖယောင်းတိုင်များနှင့် ဗလာခန်းမက အကြွင်းအကျန်ဝိဉာဉ်များနှင့် ပြည့်နှက်နေသည်။
ဒါကို ဖန်ချန်းစိတ်ထဲတွင် ထွင်းထုထားပြီဖြစ်လေရာ အချိန်အတော်ကြာ မရပ်တန့်နိုင်ခဲ့ပေ။
တဖြည်းဖြည်း ဖန်ချန်းနဖူးထက်တွင် ချွေးအေးများ ထွက်လာကြသည်။ သူ့နှလုံးက အဆက်မပြတ်တုန်ခါနေသလို တစ်ကိုယ်လုံးရှိ ကြွက်သားအားလုံးကလည်း အနည်းငယ်တုန်ယင်နေသည်။ သူ့အော်ရာအတက်အကျက အတော်လေးကြီးမားသည်။
ဒါကပုံရိပ်ယောင်တစ်ခုဖြစ်ပါသည်။
ဖန်ချန်းဒါကိုသိသည်။
သို့စေကာမူ အဆင့်မြင့်ပုံရိပ်ယောင်များကို မကြာခဏမဖန်တီးနိုင်သလို နောက်ပိုင်းဖြစ်ပျက်ခဲ့သည့်အရာများက အဖြစ်ဆိုးကြီးတစ်ခုဖြစ်လာနိုင်သည်။
ဒီပုံရိပ်ယောင်က အတိတ်၌ တကယ်ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းရှင်းလင်းလင်းပင် ပြသခဲ့သည်။
ဒါ့အပြင် ပုံရိပ်ယောင်အစီအရင်၏ အထူးအော်ရာအောက်တွင် ၎င်းက အစီအရင်ထဲ ၀င်လာသောသူအပေါ် လွှမ်းမိုးမှုကို အားဖြည့်ပေးသည်။
ဒါကအသေအပျောက်အများဆုံးပုံရိပ်ယောင်တစ်ခုပင်။
လူတစ်ယောက်ကို သတ်ပစ်ခြင်းအား တိတ်တဆိတ်လုပ်ပစ်နိုင်သည်။
ဖန်ချန်းခေါင်းကိုကိုင်ပြီး ပတ်၀န်းကျင်က မြင်ကွင်းကို ကြည့်နေရင်း သူ့မျက်လုံးက တဖြည်းဖြည်းသွေးနီရောင်သမ်းလာသည်။
သူသာ ပုံရိပ်ယောင်ထဲကို ၀င်လာပါက ဒီလိုဖြစ်လိမ့်မည်ဟု အစောကြီးကတည်းက ခန့်မှန်းထားသည်။
သူစိတ်ပိုင်းအရ ပြင်ဆင်ထားပြီဖြစ်သော်လည်း သူ့ခွန်အားကို တိုးမြှင့်ပြီး မိသားစုအတွက် လက်စားချေရန် ဖန်ချန်း ဆုံးဖြတ်ထားပြီးဖြစ်သည်။
ယခုဒီမြင်ကွင်းကို သူအမှန်တကယ် ထပ်မံရင်ဆိုင်ရသောအခါ ဖန်ချန်း အတော်လေးနုနယ်နေသေးသည်။
သူ့စိတ်ထဲတွင် မိသားစုအသတ်ခံရသည့် မြင်ကွင်းကို တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်လည့်ပြသနေပြီး ဒါက ဖန်ချန်း၏ စိတ်အခြေအနေကို ချိုးဖျက်သည့် ခြေလှမ်းတစ်ခုဟုလည်း ဆို၍ရသည်။
ဒီအခိုက်အတန့်၌ ဖန်ချန်း၏စိတ်အခြေအနေက မုန်တိုင်းထဲတွင် လွှဲယမ်းနေသည့် လှေငယ်လေးတစ်စင်းပမာ။ လှေငယ်လေးက အချိန်မရွေးမုန်တိုင်းတစ်စင်းကြောင့် ဝါးမြိုခံရပြီး အပိုင်းပိုင်းအစစ ပျက်စီးသွားနိုင်သည်။
ဖန်ချန်း ခန်းမထဲက ဓားကျိုးကို ကြည့်လိုက်သောအခါ ကျယ်လောင်သည့်အော်ဟစ်သံများ ရုတ်တရက်ထွက်လာသည်။
"မင်းဝိဉာဉ်ဖိနှိပ်ပုလဲကို ရပြီဆိုမှတော့ ငါတို့ဖန်မိသားစုကို လွှတ်ပေးလေ၊ မင်းဘာလို့ ငါတို့ကို သတ်ရတာလဲ"
သက်လတ်ပိုင်းအရွယ်လူတစ်ယောက် လက်နှစ်ဖက်နှင့် ဓားရှည်တစ်လက်ကိုကိုင်ပြီး ကြမ်းပြင်ပေါ်၌ ဒူးထောက်ကျနေသည်။ သူဓားရှည်နှင့် သူ့ခန္ဓာကို ထောက်ပံ့ထားရင်း သူ့ရှေ့က မိစ္ဆာဆန်သောလူကို လေးလံသည့်အမူအရာဖြင့် ကြည့်နေသည်။
သို့စေကာမူ မ်ိစ္ဆာဆန်သောလူက မျက်နှာကိုဖုံးရင်း ခေါင်းမော့ကာ ရယ်မောလေသည်။
"ဟားဟားဟား၊ မင်းတို့ကို အလွတ်ပေးရမယ်၊ ဟုတ်လား၊ မင်းတို့ဖန်မိသားစုမှာ ထူးခြားတဲ့ပါရမီရှင်မရှိဘူးဆိုပေမယ့် အမြစ်တွေကိုပါ ရှင်းပစ်ရမယ်ဆိုတဲ့အချက်ကို မင်းနားမလည်ဘူးလား"
"ဒီလိုဆိုရင်တော့ ငါ့ရဲ့ဖန်မိသားစုက နောက်ဆုံးသွေးစက်လေးကို စတေးရမယ်ဆိုရင်တောင် မင်းတို့မြို့တော်၀န်စံအိမ်က အသားတစ်စတော့ ကိုက်ပစ်ရမှာပေါ့"
ထိုလူအော်ဟစ်ရင်း လက်ကျန်ခွန်အားလေးကိုသုံးပြီး မိစ္ဆာဆန်သောလူကို ဓားနှင့် ပိုင်းဖြတ်သည်။
ဖန်ချန်း သူ့အဖေကို သွေးစွန်းနေသည့် မျက်လုံးများနှင့် ကြည့်နေစဉ် သူ့အဖေက မိစ္ဆာလူ၏လက်ထဲကို ကျရောက်သွား၏။ သူပါးစပ်ဟလိုက်သော်လည်း သူ့အသံက ပျောက်ဆုံးနေပြီဖြစ်ကာ အက်ရှသည့် အော်သံတစ်ခုကိုသာ ထုတ်လွှတ်နိုင်တော့သည်။
ထို့နောက် သူ အတော်လေးပြိုကျပျက်စီးနေသဖြင့် ဘာလဲဆိုတာတောင် မပြောနိုင်တော့သည့် ဖန်မိသားစုတံခါးပေါက်ကို ကြည့်လိုက်၏။
ကြော့ရှင်းသည့်အမျိုးသမီးတစ်ဦးက မျက်နှာပေါ်၌ သွေးအပြည့်ဖြင့် သူမရှေ့က ကျွမ်းကျင်သူများအား ကြည့်ပြီးနောက် ၀မ်းနည်းစွာပြုံးပြီး လူငယ်လေးတစ်ယောက်ကို လှည့်ကြည့်သည်။
"ပြေးတော့၊ အဝေးကိုပြေး....ဘယ်တော့မှ ပြန်မလာခဲ့နဲ့၊ ဒီအမုန်းတရားကို မေ့ပစ်နိုင်မှ သားရှင်သန်နိုင်မယ်၊ ဖန်ချန်း....."
ထို့နောက် ကျွမ်းကျင်သူများစွာ၏ ဝိုင်းရံမှုအောက်တွင် အမျိုးသမီးကလည်း သေဆုံးသွားခဲ့ရသည်။
"အမေ....." ဒီမြင်ကွင်းကိုမြင်သော် ဖန်ချန်း ကျယ်လောင်စွာအော်ဟစ်သည်။
သူခေါင်းကိုပိုက်ကာ ရုတ်တရက် ကြမ်းပြင်ပေါ် ဒူးထောက်ကျသွားပြီး အင်မတန်အံ့ဩသင့်စရာကောင်းသည့်အော်သံများကို ထုတ်လွှတ်သည်။
သွေးများက သူ့မျက်လုံးထောင့်စွန်းကနေ ဖြည်းညင်းစွာ စီးဆင်းလာပြီး သူ့မျက်သူငယ်အိမ်များက စတင်ဖြည်းဖြည်းချင်း ကွဲကွာလာကာ စိတ်အခြေအနေက တဖြည်းဖြည်းပြိုကွဲလာသည်။
စုဆောင်းထားရသည့် အမုန်းတရားများက ဒီအချိန်တွင် လုံး၀ပေါက်ကွဲသွားခဲ့သည်။
သက်ရောက်မှုက ဖန်ချန်းကို တစ်ခဏမျှ စိတ်တည်ငြိမ်မှုကို ပျောက်ဆုံးစေသည်။
ပုံရိပ်ယောင်ထဲတွင် စိတ်အခြေအနေကိုသာ ဆုံးရှုံးလိုက်ရပါက ပျက်စီးခြင်း၏ အစွန်းတွင် ရပ်နေပြီးသားဖြစ်သွားပေလိမ့်မည်။
ပုံရိပ်ယောင်အစီအရင်၏ အစစ်အမှန်မြင်ကွင်းနှင့် အားကောင်းလှသည့် အားဖြည့်မှုကက ဖန်ချန်းအတွက်ပင် ခုခံရန် ခက်ခဲစေသည်။
ဒီတဒင်္ဂမှာပင် ဖန်ချန်းစိတ်ထဲတွင် ရုတ်တရက်ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အမုန်းတရားကို မင်းကိုဖျက်ဆီးခွင့်မပေးနဲ့"
ရွှေရောင်အလင်းအောက်တွင် ပြိုကွဲနေသည့် စိတ်အခြေအနေက အမှန်တကယ်ပင် တဖြည်းဖြည်းပြန်ကောင်းလာသည်။
ဖန်ချန်း၏မျက်သူငယ်အိမ်များက ဖြည်းဖြည်းချင်းကျုံ့လာသည်။
"အမျက်ဒေါသက အမြင့်ဆုံးအဆင့်ကို ရောက်ဖို့ မင်းလမ်းကြောင်းမှာ မင်းကို ပိုအားကောင်းလာအောင် တိုက်တွန်းနေတဲ့ ဓားသွေးကျောက်တစ်ခုပဲ ဖြစ်လာရမယ်၊ မင်းလုံလောက်အောင် အားကောင်းလာတဲ့ အခါကျရင် ဒီအမုန်းတရားကို ကိုယ်တိုင်ဖြေရှင်းပြီး ပုံရိပ်ယောင်ထဲ မကျသွားစေနဲ့"
ဖန်ချန်းရှေ့တွင် ၀တ်စုံဖြူနှင့်ပုံရိပ်တစ်ရိပ် ရုတ်တရက်ပေါ်လာသည်။
"ဆရာ...." ဖန်ချန်းနူးညံ့စွာရေရွတ်သည်။
လုချန်ရှန်း၏မိုးကြိုးကဲ့သို့ စကားလုံးများက ဖန်ချန်း၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
"သတိရပါ၊ အမုန်းတရားက မင်းအလုပ်ပဲ၊ ငါ၀င်စွက်ဖက်မှာမဟုတ်ဘူး၊ ဒီတော့ မင်းအတားအဆီးမဲ့မဲ့နဲ့ ပိုပိုပြီးအားကောင်းလာရမယ်"
ဖန်ချန်း၏နှလုံးသားကို ရွှေရောင်အလင်းက ပြုပြင်ပေးနေပုံရပြီး သူ့မျက်သူငယ်အိမ်များက လုံး၀ကျူံ့သွားခဲ့သည်။
ဖန်ချန်းပတ်လည်၌ အစီအရင်အော်ရာကလည်း လွင့်မြောလာခဲ့သည်။
ဒါက အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာဖြစ်သည်။
ဟုတ်တယ်!
ဖန်ချန်း သူ့ကိုယ်သူအပြစ်တင်နေသည့်ပမာ ပြုံးရင်း ဖြည်းညင်းစွာထရပ်သည်။
"ငါလက်စားမချေနိုင်သေးသလို ဆရာ့ရဲ့ ကြင်နာမှုကိုလည်း ပြန်မပေးဆပ်ရသေးဘူး၊ ငါ့မှာပုံရိပ်ယောင်ထဲနစ်မြှုပ်ဖို့အတွက် ဘာအခွင့်အရေးရှိလို့လဲ"
"အသေးစားပုံရိပ်ယောင်တစ်ခုကတောင် ငါ့ကိုအနိုင်ယူနိုင်ရင် ငါဘယ်လိုလက်စားချေနိုင်မလဲ"
သူဖြောင့်တန်းစွာရပ်ပြီး ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။
ပျက်စီးနေသည့်နံရံများ၊ မီးငြိမ်းနေသည့် ဖယောင်းတိုင်အလင်း၊ ဗလာခန်းမနှင့် တခြားအရာအားလုံးက ဒီတဒင်္ဂမှာပင် အစီအရင်ဝိဉာဉ်ချီအမျှင်စများအဖြစ် ပြောင်းလဲသွားပြီး ဖန်ချန်းကိုယ်ထဲသို့ လှိမ့်၀င်လာကြသည်။
ပတ်ပတ်လည်ကမြင်ကွင်းကလည်း တဖြည်းဖြည်းဘာမှမရှိတော့သည့်အလား ပြောင်းလဲသွားခဲ့သည်။
အစီအရင်ဝိဉာဉ်စွမ်းအင်က အပြည့်အ၀ စုပ်ယူပြီးနောက်တွင် ဖန်ချန်းကလည်း နတ်ဘုရင်နယ်ပယ် အလယ်အလတ်အဆင့်ကို ချိုးဖျက်သွားခဲ့သည်။
ပန်းနုရောင်ပုလဲတစ်လုံးက တဖြည်းဖြည်း ဖန်ချန်းရှေ့တွင် ပေါ်လာသည်။
ဒါက ပုံရိပ်ယောင်ဗဟိုချက်၏ အစစ်အမှန်ကိုယ်ထည်ဖြစ်လောက်သည်။
ဖန်ချန်းရှေ့တိုးပြီး အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာကို အသက်သွင်းကာ ပုံရိပ်ယောင်ဗဟိုချက်ကို ထိန်းသိမ်းထားချင်သည်။
.....
တခြားတစ်ဘက်တွင် ထာ၀ရသက်တမ်းကမ္ဘာ၌ လုချန်ရှန်းအကူအညီမဲ့နေပုံပင်။
"ဖန်ချန်း ငါချန်ထားခဲ့တဲ့ ဓမ္မခန္ဓာ စိတ်အခြေအနေကို အရင်ဆုံး အသက်သွင်းနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး"
ပထမတွင် ဖန်ချန်း သူ့စိတ်အခြေအနေကနေ ချိုးဖျက်ထိုးဖောက်ရန်အတွက် သေချာပေါက် အချိန်တစ်ခုတော့ လိုမည်ဟု လုချန်ရှန်းခန့်မှန်းခဲ့သည်။
သူ့တပည့်တိုင်း၏ကိုယ်ထဲတွင် သူတို့ကို ကာကွယ်ရန်နှင့် နိုးထစေနိုင်ရန်အတွက် လုချန်ရှန်းစိတ်အခြေအနေကိုယ်ပွားတစ်ခုစီ ချထားခဲ့သည်။
သို့စေကာမူ ပုံရိပ်ယောင်အစီအရင်များ၌ တော်သည့်ဖန်ချန်းက ဒါကို ပထမဆုံး သုံးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
.....
အပိုင်း(1038) coming။