#ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များ၊ ကျန်းချင်းလန် ထိတ်လန့်သွားသည်#
Vol. 74 Ch. 1049
နှင်းခဲဂိုဏ်းက ရေခဲတောင်တစ်ခုပေါ်တွင် တည်ရှိသည်။
ဒီရေခဲတောင်ကြီးကို တစ်နှစ်ပတ်လုံး နှင်းမုန်တိုင်းများဖုံးလွှမ်းနေသည်။ မြောက်၀င်ရိုးစွန်းကြယ်ဒေသက မည်သည့်နေရာနှင့်မဆို ယှဉ်ပါက ဒီနေရာက နှင်းမုန်တိုင်းများက ပို၍ပြင်းထန်ကာ အေးစက်သည်။
တစ်ချိန်တည်းမှာပင် ဒီနှင်းမုန်တိုင်းများက ဘယ်တော့မှ ပျောက်ကွယ်မသွားဘဲ ရေခဲစိုင်ကြီးတစ်ခုလုံးကို တစ်ချိန်လုံးလွှမ်းခြုံထားသည်ဟုဆို၍ရသည်။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် ရေခဲတောင်ခြေရင်းကို ရောက်လာသောအခါ သူတို့ရှေ့တွင် ရေခဲတောင်ပေါ် ဦးတည်နေသည့် လမ်းကြောင်းတစ်ခုတည်းသာ ရှိတော့သည်။
ဒါက ရေခဲတောင်ပေါ်ဦးတည်နေသည့် ဘုရားဖူးလမ်းကြောင်းကဲ့သို့ လွင့်မြောနေသည့် လှေကားတစ်စင်းဖြစ်သည်။
သို့စေကာမူ ယဲ့ချိုးပိုင်တို့ကို ပို၍ဂရုစိုက်စေတာက ဒီရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များက နှင်းမဖုံးထားသည့် တစ်ခုတည်းသော နေရာဖြစ်နေခြင်းပင်။
ဒါက အင်မတန်ထူးခြားသည့် သံလိုက်စက်ကွင်းတစ်ခုအလား ထင်ရသည်။ နှင်းမုန်တိုင်း ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များပေါ် တွဲလွဲခိုလာသည်နှင့် လွင့်မြောနေသည့် လှေကားထစ်များကို ဖြတ်သွားတတ်သည်။
တစ်ချိန်တည်းမှာပင် တောင်ခြေရင်း၌ ဘာအစောင့်မှမရှိသည့်အချက်က နှင်းခဲဂိုဏ်းက အတော်လေးယုံကြည်မှုရှိတာကို ပြသနေခြင်းပင်။
ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီးကိုထုတ်ယူသည်။
"သူငါတို့ကို မလိမ်ဖို့ပဲမျှော်လင့်ပါတယ်"
ထိုသို့ဆိုပြီးနောက် သူအထဲသို့ အင်မော်တယ်စွမ်းအင်အား သွန်ထည့်လိုက်၏။ ကျောက်စိမ်းဆွဲသီးက စတင်လင်း၀င်းလာပြီး အထဲကနေ အမျိုးသမီးအသံတစ်သံ အလျင်အမြန်ထွက်လာသည်။
"ငါချက်ချင်းထွက်လာခဲ့မယ်"
များမကြာမီ ၀တ်စုံထောင့်စွန်း၌ ရေခဲပုံဆောင်ခဲများကို ချိတ်ထားသော နှင်းဖြူရောင်၀တ်စုံကို ၀တ်ဆင်ထားသည့် လှပသောအမျိုးသမီးတစ်ဦး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများရှေ့တွင် ပေါ်လာခဲ့သည်။
အမျိုးသမီး၏မျက်နှာပေါ်၌ ဘာအမူအရာမှမရှိဘဲ သူမ၏ မျက်လုံးများကလည်း ထူးမခြားနားစွာရှိနေသည်။
"သူတော်စင်မိန်းမပျိုနဲ့ ရှင့်ကဘာသက်ဆိုင်တာလဲ"
ယဲ့ချိုးပိုင်မေးသည်။
"ဇီရှင်းဘာဖြစ်ခဲ့တာလဲ"
ဒါကိုကြားသော် အမျိုးသမီးး၏ ရေခဲပမာအေးစက်သည့် မျက်လုံးများက အနည်းငယ် ကြုတ်သွားသည်။
"ရှင့်က သူတော်စင်မိန်းမပျိုပြောခဲ့တဲ့ တာအိုလက်တွဲဖော်ဆိုတဲ့သူပေါ့"
အမျိုးသမီး၏အဖြေကို ကြားရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ပျော်သွားကြသည်။
ယခုတွင်မူ မုဇီရှင်းက နှင်းခဲတောင်၏ လက်ရှိသူတော်စင်မိန်းမပျိုဆိုတာကို အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။
"ဒီလိုဆိုရင်တော့ ကျွန်မရှင့်ကို လက်လျှော့ဖို့ အကြံပေးချင်ပါတယ်" ကျန်းချင်းလန် အနည်းငယ်ခေါင်းခါယမ်းသည်။
"ရှင့်က နတ်ဘုရင်နယ်ပယ်အစောပိုင်းအဆင့်မှာရှိသေးတယ်၊ ရေခဲနတ်ဘုရားဗိမာန်က တစ်ယောက်နဲ့ယှဉ်ရရင် ရှင့်ရဲ့ပါရမီ၊ ခွန်အားနဲ့နောက်ခံက အဆင့်တူမှာမရှိဘူး"
"သူတော်စင်မိန်းမပျိုရဲ့ပါရမီနဲ့ ရေခဲနတ်ဘုရားဗိမာန်က အဲဒီလူတောင် မထိုက်တန်ဘူးဆိုရင် ရှင်က ပိုပြီးတော့တောင် မထိုက်တန်ဘူး"
ယဲ့ချိုးပိုင်အနည်းငယ်မျက်မှောင်ကြုတ်သည်။
"ဒီကိစ္စကို ခင်ဗျားစိုးရိမ်နေစရာမလိုပါဘူး၊ ကျုပ်ဇီရှင်းကိုပဲမြင်ချင်တယ်"
"နှင်းခဲတောင်မှာ အပြင်လူတွေကို စိတ်ကြိုက်၀င်ထွက်ပေးတဲ့ စည်းမျဉ်းမျိုး တစ်ခါမှ မရှိခဲ့ဘူး" ကျန်းချင်လန် မျက်ခုံးပင့်လိုက်သည်။
"ရှင့်၀င်ချင်တယ်ဆိုရင် ဒီရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်၉၉၉ထစ်ကို တက်ဖို့အတွက် ကိုယ့်ခွန်အားကို ကိုယ်မှီခိုလို့ပဲရမယ်၊ အဲဒီနောက်မှ ရှင့်မှာ နှင်းခဲဂိုဏ်းက အသိအမှတ်ပြုတဲ့ ခွန်အားရှိလာလိမ့်မယ်"
သို့စေကာမူ ကျန်းချင်းလန်၏ ထူးမခြားနားသည့်အကြည့်အရ သူမ ယဲ့ချိုးကို ဒီအပေါ်ကို တက်နိုင်တာကို မယုံကြည်သည်မှာ ရှင်းနေသည်။
ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များက လူတစ်ယောက်၏ နယ်ပယ်ကို ကန့်သတ်မထားသော်လည်း ပါရမီ၊ အခြေခံနှင့် စိတ်စွမ်းအားအပေါ် အလွန်အမင်းမြင့်မားသည့် လိုအပ်ချက်တစ်ခုရှိသည်။
ကျန်းချင်းလန်ပင်လျှင် နှင်းခဲဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်ကို မကျင့်ကြံဘဲ အဆင့်၄၀၀ထိသာ ရောက်ခဲ့သည်။
နှင်းခဲဂိုဏ်း၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးဂိုဏ်းချုပ်နှင့် ဒီမျိုးဆက်၏ သူတော်စင်မိန်းမပျိုတို့သာလျှင် ထိပ်ဆုံးကိုရောက်ခဲ့သည်။
ယဲ့ချိုးပိုင် ကျန်းချင်းလန်၏ ထူးမခြားနားသည့်အကြည့်ကို ဂရုစိုက်ပုံမရဘဲ ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များဆီသို့ တည့်တည့်လျှောက်သွားသည်။
ဒါကိုမြင်သော် ကျန်းချင်းလန်မျက်မှောင်ကြုတ်သည်။
"ဒီရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်တွေမှာ ဘယ်သူမှရှင့်ကို မကယ်တင်နိုင်ဘူး၊ တကယ်လို့ ရှင့်ထိပ်ဆုံးကို တက်ဖို့အတွက် အတင်းကြိုးစားရင် ဘာမဟုတ်တဲ့အရာအတွက် အသက်ကိုပဲ ဆုံးရှုံးရလိမ့်မယ်၊ ရှင့်ဒါကို သေချာစဉ်းစားပြီးပြီလား"
ယဲ့ချိုးပိုင်လွတ်လပ်စွာပြုံးသည်။
"ကျုပ်ကျင့်ကြံခြင်းလမ်းကြောင်းကို တက်လိုက်တဲ့အချိန်ကစပြီး ကျုပ်အသက်ကိုသာ ဂရုစိုက်နေမယ်ဆိုရင် ဘယ်လိုလုပ် ကျင့်ကြံနိုင်မလဲ"
"ဒါ့အပြင် ကျုပ်မှာတက်ဖို့အကြောင်းရင်းရှိတယ်...."
ဒီနေရာတွင် ယဲ့ချိုးပိုင်ခေါင်းမော့ရင်း ရေခဲတောင်ထိပ်ကို ကြည့်လိုက်၏။
နှင်းမုန်တိုင်း၏ လွှမ်းမိုးခြင်းကို ခံထားရသည့် တောင်ထိပ်တွင် ရေခဲပုံဆောင်ခဲနန်တော်တစ်ခုက ဝေဝါးဝါးပေါ်နေသည်။
ဇီရှင်း... ငါ့ကိုစောင့်နေပါ!
ဒါကိုတွေးပြီးနောက်တွင် ယဲ့ချိုးပိုင်၏ အကြည့်က ပိုပို၍ပင်ပြတ်သားလာသည်။ ကျန်းချင်းလန်၏ ကြက်သေသေနေသည့် အကြည့်အောက်တွင် သူရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များပေါ်သို့ မြဲမြံစွာ တက်လိုက်၏။
သူရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များပေါ်သို့ တက်လိုက်သည့်အခိုက်အတန့်၌ ပြင်းထန်သည့်အအေးဓာတ်ကို ခုခံရန်အတွက် သုံးထားသည့် ယဲ့ချိုးပိုင်ပတ်လည်က အင်မော်တယ်အော်ရာအတားအဆီးက တိတ်တဆိတ်ဖျက်ဆီးခံလိုက်ရပြီး အလွန်အမင်းအရိုးခိုက်လုနီးပါးအအေးဓာတ်က ၀င်ရောက်လာသည်။
ယဲ့ချိုးပိုင်၏ခြေအောက်တွင် ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များက တောက်ပသည့် အပြာရောင်အလင်းတစ်ခုကို ထုတ်လွှတ်နေသည်။
အပြာရောင်အလင်းက ရေခဲနိယာမအဖြစ် အမှန်တကယ်ပြောင်းလဲသွားပြီး ယဲ့ချိုးပိုင်ကို လွှမ်းခြုံပစ်သည်။ အဖြူရောင်ဆီးနှင်းခဲများက သူ့ကိုယ်ပေါ်၌ စတင်တွဲလွဲခိုနေသည်။
ယဲ့ချိုးပိုင်၏ခန္ဓာက အနည်းငယ် တုန်ယင်သွားပြီးနောက် ရယ်မောသည်။
"ဒါပဲလား"
ထို့နောက်သူဆက်ပြီး အပေါ်သို့တက်သွားသည်။
ယဲ့ချိုးပိုင်လုံး၀မရပ်တန့်ခဲ့ပေ။
ကျန်းချင်းလန်၏ အမူအရာက အနည်းငယ်စတင်လေးနက်လာသည်။ ယဲ့ချိုးပိုင်၏ ခြေလှမ်းများက အတော်လေးတည်ငြိမ်သည်။ ခြေလှမ်းတိုင်းက ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်များအပေါ် ဖြည်းဖြည်းချင်းမြဲမြံစွာ ကျဆင်းသည်။ တစ်ချိန်တည်းမှာပင် သူက ဖိအားအများကြီး မခံနေရသည့်အလား သူ့အရှိန်က နှေးခြင်းလည်းမရှိသလို မြန်ခြင်းလည်းမရှိပါ။
"ဒါပေမယ့်....ရှင့်အဆင့်၂၀ဝကို ရောက်တဲ့အခါကျရင် အဲမှာအရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုရှိလာလိမ့်မယ်၊ ရှင်ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ ကျွန်မမျှော်လင့်ပါတယ်....."
မုဖူရှန်းနှင့် ဖန်ချန်းတို့က အောက်ကနေ ကြည့်နေကြသည်။
"စီနီယာအစ်ကိုမု၊ အစ်ကိုကြီးဘယ်အချိန်စပြီး ဖိအားကိုခံစားရမလဲ ခန့်မှန်းကြည့်ကြရအောင်၊ ကျွန်တော် အဆင့်၆၀၀မှာ ဖြစ်လိမ့်မယ်လို့ ထင်တယ်"
မုဖူရှန်းအပြုံးဖြင့် ခေါင်းခါယမ်းသည်။
"ငါမသိဘူး၊ ဘာပဲဆိုဆို ဒီရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်တွေကို ငါမမြင်နိုင်ဘူးလေ"
ဒီနေရာတွင် မုဖူရှန်း ဖန်ချန်းကိုကြည့်ပြီး သူ့အမူအရာက ရုတ်တရက်လေးနက်သွားကာ ညွှန်ကြားသည်။
"ပြီးတော့၊ ဂျူနီယာညီလေးမု၊ ဘာကိုမှလျှော့မတွက်ဖို့ သတိရပါ၊ မင်းတစ်ခါမှ မကြားဖူးတဲ့ ဒီဂိုဏ်းကိုတောင် သတိထားနေဖို့လိုတယ်"
အရင်ကတစ်ခါမှမကြားဖူးတာလား!
ကျန်းချင်းလန်၏မျက်ခုံးများက ရှုံ့တွသွား၏။
ရှင်တို့တစ်ခါမှ မကြားဖူးသည့် ကိုယ်ပိုင်တပည့်တစ်ယောက်ဖြစ်တဲ့ ကျွန်မက ဒီမှာရှိနေတုန်းပဲနော်!
သူတို့ပြောနေစဉ် ယဲ့ချိုးပိုင် အထပ်၂၀၀ကို တက်လှမ်းလိုက်လေပြီ။
ရုတ်ချည်းဆိုသလို ယဲ့ချိုးပိုင်၏အမူအရာက အေးခဲသွား၏။
ရေခဲနိယာမအော်ရာက ပို၍တက်ကြွလာပြီး သူ့ခြေဖဝါးများထဲကနေ ကိုယ်ထဲကို စိမ့်၀င်နေတာကို သူရှင်းလင်းစွာ ခံစားနေရသည်။
သူ့အရိုးများက ရေခဲပုံဆောင်ခဲအလွှာတစ်လွှာ၏ ဖုံးအုပ်ခြင်းကို ခံလိုက်ရပုံရသည်။ အနည်းငယ်လှုပ်ရှားမှုနှင့်ဆိုလျှင်ပင် အရိုးများအချင်းချင်းပွတ်တိုက်သံကို ကြားရသည်။
ဒါက ရေခဲသွားများ အရိုးကို ခြစ်နေသည့် တကယ့်ဆိုလိုရင်းပေတည်း။
အရိုးခြစ်နေသည့်နာကျင်မှုက အရိုးအထဲထိပင် နက်ရှိုင်းသည်။
ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်ရင်း မော့ကြည့်လိုက်၏။ စုစုပေါင်းအဆင့် ၉၉၉ဆင့်ရှိသည်။ သူဒီနေရာတွင် ဖိအားကို ခံစားနေရပါက ထိပ်ဆုံးကို ဘယ်လို ရောက်နိုင်မည်နည်း။
ယဲ့ချိုးပိုင်၏ နတ်ဘုရင်နယ်ပယ် အစောပိုင်းအဆင့်က ရုတ်တရက်ပေါက်ကွဲသွားခဲ့ပြီး အင်မော်တယ်ချီက အရူးအမူး ဟိန်းနေလေသည်။
ဒါကိုမြင်သော် ကျန်းချင်းလန် ထူးမခြားနားသည့်အသွင်ကို နောက်ထပ်မထိန်းသိမ်းထားနိုင်တော့ဘဲ အော်ဟစ်သည်။
"အင်မော်တယ်ချီလား၊ ရှင့်ရဲ့ဝိဉာဉ်ချီအားလုံးကို အင်မော်တယ်ချီအဖြစ် ပြောင်းပြီးသွားပြီလား၊ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
အားလုံးကို အင်မော်တယ်ချီအဖြစ် ပြောင်းလဲခြင်းက နတ်သခင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ သင်္ကေတများအနက်တစ်ခုပင်။
ဒါကအင်မော်တယ်ချီဟုတ်မဟုတ်ကို မဆိုထားနဲ့၊ ဒီအင်မော်တယ်ချီ၏ သိပ်သည်းမှုက နယ်ပယ်တူက လူများထက်ပင် အများကြီးသာလွန်နေလေပြီ။
ဒါက ယဲ့ချိုးပိုင်၏ တာအိုအခြေခံက ကြောက်စရာကောင်းလွန်းသည့် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေပြီဟု ဆိုလိုနေခြင်းပင်။
ယဲ့ချိုးပိုင်ထပ်မံခေါင်းမော့လိုက်ပြန်သည်။
အထပ်၃၀၀......!
အထပ်၄၀၀......!
အထပ်၅၀၀......!
ကျန်းချင်းလန်ထိတ်လန့်သွား၏။ ဒါက သူမစံချိန်ကိုပင် ကျော်လွန်သွားလေပြီ။
ဒါ့အပြင် ယဲ့ချိုးပိုင်၏ အမူရာက တည်ငြိမ်နေဆဲပင်။
ရေခဲပုံဆောင်ခဲလွင့်မြောလှေကားထစ်ထစ်များက ကျင့်ကြံသူ၏နယ်ပယ်ကိုလိုက်ပြီး တိုက်ခိုက်မှုများကိုညှိပေးသည်။
၎င်းတို့က ကျင့်ကြံခြင်းများ၏ နယ်ပယ်အကန့်အသတ် သို့မဟုတ် နယ်ပယ်ကျော်လွန်သော ကျင့်ကြံသူများကိုသာ စမ်းသပ်လိမ့်မည်ဖြစ်သည်။
ယဲ့ချိုးပိုင်က ဒီလိုပုံပေါ်သော်လည်း သူ့ပါရမီနှင့် တာအိုအခြေခံက ကြောက်စရာကောင်းသည့်အဆင့်တစ်ခုကို ရောက်နေသည်မှာ ရှင်းနေသည်။
သူအဆင့်၆၀၀ကို ရောက်သောအခါ ရေခဲနိယာမက သူ့အတွင်းအင်္ဂါများထဲသို့ စတင်ကျူးကျော်ကာ သူ့ဒန်တျန်ကိုပင် အေးခဲစေသည်။
ယဲ့ချိုးပိုင်လက်သီးကျစ်ကျစ်ဆုပ်ရင်း ငွေနဂါးဓားကို ဆွဲထုတ်ကာ ဓားပိုင်နက်ကို အသက်သွင်းလိုက်သည်။
"ဓားနတ်ဘုရားနယ်ပယ်လား"
ဖန်ချန်းပြုံးသည်။
"သူအကြိမ်ရေဘယ်လောက်တောင် ဒီလောက်ကျယ်ကျယ်အော်လိုက်ပြီလဲ"
အပိုင်း(1050) coming။