#ရွှံ့နွံသခင်ကြီး၊ တစ္ဆေကလန်၏ ဆန်းကြယ်မှု#
Vol. 74 Ch. 1038
ကွေးနေသည့်သစ်ပင်ရှေ့တွင် နှစ်ရက်ကုန်ဆုံးသွားခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက် ပန်းနုရောင်အော်ရာနှင့် လင်း၀င်းနေသည့် သစ်ခေါင်း၌ ထွင်းထုထားသော ပုံရိပ်ယောင်ဗဟိုချက်ကို ကြည့်နေကြ၏။ သူတို့မျက်နှာများက လေးနက်နေကြပြီး သူတို့၏မျက်လုံးများက ပူပန်မှုနှင့် ပြည့်နှက်နေသည်။
အစီအရင်များ၌ ဖန်ချန်းတွင် အတော်လေးကြောက်စရာကောင်းသည့် ပါရမီရှိပြီး ပုံရိပ်ယောင်အစီအရင်အပေါ် သူ့နားလည်မှုနှင့် ကျွမ်းကျင်မှုက အင်မော်တယ်တွေ့ဆုံခြင်း ပုံရိပ်ယောင်အစီအရင်နှင့်အတူ မဆိုးဘူးဟု ဆို၍ရသော်လည်း ပုံရိပ်ယောင်မြူ၏ အဆင့်က အရမ်းမြင့်မားသည်။
ဒါက အသက်ကန့်သတ်ဇုန်ထဲက ပုံရိပ်ယောင်တစ်ခုဖြစ်သည်။ နတ်အင်ပါယာနယ်ပယ်အထွတ်အထိပ်အဆင့်တစ်ယောက်ပင်လျှင် ဒါကို ခုခံနိုင်မည်မဟုတ်။
လက်ရှိဖန်ချန်း အမှန်တကယ်ပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်လား။
ဘေးက ရှုလောင် ရုတ်တရက်သက်ပြင်းချသည်။
"သူကအရမ်း စိတ်လိုက်မာန်ပါလုပ်လွန်းတယ်၊ သူ့လို နတ်ဘုရင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဒီလိုပုံရိပ်ယောင်မျိုးကို ဘယ်လိုခုခံနိုင်မှာလဲ...."
လော့ဖုန်းကလည်း ခေါင်းခါယမ်းလိုက်သော်လည်း ယွန်ဇီ၏မျက်လုံးများတွင်မူ ပါရမီကို သဘောကျသည့်အကြည့်တစ်ခု ပြသသည်။
ယခုလိုပါရမီရှင်မျိုးက မကြီးထွားလာနိုင်သေးခင်မှာပင် သေဆုံးသွားရတာက နှမျောစရာပင်။
တု၀မ်ဟန်ကလည်း စိတ်မကောင်းစွာ ခေါင်းခါယမ်းသည်။
"ကြည့်ရတာ နောက်တစ်ယောက် ဒီနေရာကို ၀င်လာတာကို စောင့်ရဦးမယ်ထင်တယ်"
တု၀မ်ဟန်၏စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်အံကြိတ်ရင်း သူ့အော်ရာက ထိုးထွက်လာပြီး တု၀မ်ဟန်အား တိုက်ခိုက်ချင်သည်။
ယဲ့ချိုးပိုင်ပင်လျှင် တိမ်ပြာဓားကို ဆွဲထုတ်ရန်အတွက် ပြင်ဆင်ထားသည်။
မုဖူရှန်းကလည်း ဒီတစ်ကြိမ်တွင် မတားဘဲ သူ့လက်ထဲက မိုးကြိုးစွမ်းအားလေးခုက စတင်လင်း၀င်းလာခဲ့သည်။
သို့စေကာမူ ဒီအခိုက်အတန့်မှာပင် သစ်ခေါင်း၌ ပုံပျက်နေသည့်အလင်းတစ်ခု ပွင့်လာပြီး လက်တစ်ဖက်က ရုတ်တရက်ဆန့်ထွက်ကာ သစ်ခေါက်ထဲတွင် မြှုပ်နှံထားသည့် ပုံရိပ်ယောင်ဗဟိုချက်ကို ဖမ်းလိုက်၏။
လူတိုင်း၏ ကြက်သေသေနေသည့် အကြည့်များအောက်တွင် ဖန်ချန်း ပုံရိပ်ယောင်ဗဟိုချက်နှင့်အတူ ထွက်လာသည်။
ဒီမြင်ကွင်းက ရှုလောင်နှင့်ကျန်သောသူများကို ထိတ်လန့်သွားစေသည်။
သူတို့အားလုံးစိတ်ပျက်အားငယ်နေချိန်တွင် ဖန်ချန်း အမှန်တကယ်ပုံရိပ်ယောင်ကို ချိုးဖျက်ပြီး မထိခိုက်ဘဲ ထွက်လာနိုင်သည်လား။
ဒါ့အပြင် သူက ပုံရိပ်ယောင်ဗဟိုချက်ကိုလည်း ရခဲ့သေးတာလား!
သူဘယ်လိုလုပ်ခဲ့တာလဲ!
ရှုလောင်သိချင်စိတ်ပြင်းပြနေသော်လည်း အစီအရင်ဆရာမဟာမိတ်တွင် အားအကောင်းဆုံးလူများအနက်တစ်ဦးတဖြစ်လဲ သူ့မာနတရားနှင့် မောက်မာသည့် စရိုက်က သူ့ကို ဒီလိုလုပ်ဖို့ ခွင့်မပြုပါ။
လော့ဖုန်းစိတ်သက်သက်သာရာရစွာ သက်ပြင်းချသည်။
ယွန်ဇီ၏စိတ်ဓာတ်ကြံ့ခိုင်သည့် မျက်နှာ၌ ရှားပါးသည့်အပြုံးလေးတစ်ပွင့် ပေါ်လာခဲ့သည်။
ဒီလူက ထူးခြားသည့်ဖြစ်တည်မှာတစ်ခု ဖြစ်လာမယ်ဆိုတာ သူတို့သိပါသည်။
ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့ သူတို့၏ တိုက်ခိုက်မှုများကို ရုပ်သိမ်းပြီး ဖန်ချန်းထံသို့ အလျင်အမြန်ရောက်လာကြသည်။
"အားလုံးအဆင်ပြေလား"
ဖန်ချန်းခေါင်းခါယမ်းရင်း ပြုံးသည်။
"ဒါတွေအားလုံးက ဆရာ့ရဲ့ကျေးဇူးကြောင့်ပါ"
ဆရာလား!
သူတို့တစ်ဦးကိုတစ်ဦးကြည့်ပြီး ပြုံးလိုက်ကြသည်။
သူတို့ဆရာက ဖြောင့်မတ်သည့်လူတစ်ယောက် ဖြစ်နေဆဲပင်။ သူက အရေးကြီးသည့်အချိန်ကာလတွင် သူတို့ကို သေခွင့်မပေးခဲ့ပါ။
ဒီအချိန်တွင် တု၀မ်ဟန် အပြုံးတစ်ပွင့်နှင့်အတူ လျှောက်လာသည်။
ရှောင်ဟိုင်၏ ရှည်လျားသည့်ပုံရိပ်က သူ့ရှေ့တွင် ပိတ်ဆို့ထားသည်။
ဒါကိုမြင်သော် တု၀မ်ဟန်ရပ်ကာ ပြုံးသည်။
"ငါ့မှာ ပုံရိပ်ယောင်ဗဟိုချက်ကို လုယူဖို့ ရည်ရွယ်ချက်မရှိပါဘူး၊ ဒါက ရတနာတစ်ခုဆိုရင်တောင် ငါ့အတွက် အရမ်းကြီး အသုံးမ၀င်ဘူး"
"ငါညီလေးဖန်ကို ကျေးဇူးတင်ချင်ရုံပဲ၊ မင်းအကူအညီကြောင့်သာ မဟုတ်ဘူးဆိုရင် ကျန်တာတွေကို ငါပြီးမြောက်နိုင်မှာမဟုတ်ဘူး"
ဒီတဒင်္ဂမှာပင် ပတ်၀န်းကျင်က ပုံရိပ်ယောင်မြူခိုးများက အမှန်တကယ်စတင် ဖြည်းဖြည်းချင်းမှေးမှိန်လာသည်။
သို့စေကာမူ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တစ်ခုလုံးတွင် ပုံရိပ်ယောင်နှင့်မြူ အများအပြား ရှိနေလေရာ ပျောက်ကွယ်ရန်အတွက် နှစ်ရာချီထောင်ချီတော့ လိုအပ်မည်သာ။
သို့သော် ဒီအနီရောင်မြေကမူ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်သည်။
ထို့နောက်တု၀မ်ဟန်ပြောသည်။
"ဒီလိုဆိုမှတော့ မင်းတို့ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကနေ ထွက်သွားဖို့အတွက် ဘာပြဿာနာမှ ရှိမှာမဟုတ်ဘူး၊ ဒါဆိုငါအရင်ထွက်သွားတော့မယ်"
ထို့နောက် တု၀မ်ဟန်လှည့်ပြီး အနက်ပိုင်းသို့ ဆက်လျှောက်သွားသည်။
သူ့နောက်ကျောကို ကြည့်ရင်း လော့ဖုန်း လေးနက်စွာပြောသည်။
"သူအနက်ပိုင်းကိုသွားနေတာလား"
ရှုလောင်အနည်းငယ်မျက်မှောင်ကြုတ်သည်။
"သူ့ပန်းတိုင်ကဘာလဲ"
ယွန်ဇီခေါင်းခါယမ်းသည်။
"သူ့စေ့ဆော်မှုကဘာပဲဖြစ်ဖြစ် အခုငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး၊ ငါတို့ပိုနက်နက်သွားမယ်ဆိုရင် ငါတို့ကိုင်တွယ်နိုင်မယ့် နေရာတစ်ခုတော့ မဟုတ်လောက်ဘူး"
လော့ဖုန်းနှင့် ရှုလောင်ခေါင်းညိတ်သည်။
သူတို့ထွက်သွားရန်ပြင်နေစဉ် ဖန်ချန်း ပုံရိပ်ယောင်ဗဟိုချက်ကို စုပ်ယူနေတာကို သဘောပေါက်လိုက်ကြ၏။
ထို့ကြောင့် သူတို့သူ့ကို အကူအညီမဲ့စွာ ကာကွယ်ပေးရုံသာ တတ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဖန်ချန်း၏ အမြင့်ဆုံးတွင်ရှိနေပြီး ယခုအချိန်ဒါကို စုပ်ယူရာ၌ အောင်မြင်နှုန်းကလည်း အမြင့်ဆုံးဖြစ်သည်။
အင်မော်တယ်တွေ့ဆုံခြင်းပုံရိပ်ယောင်အစီအရင်ကို အားဖြည့်ရန်အတွက် ဖန်ချန်း ပုံရိပ်ယောင်ဗဟိုချက်ကို သုံးရန်လိုအပ်သည်။
ပုံရိပ်ယောင်ဗဟိုချက်၏ အနှစ်သာရက တကယ်တမ်းတွင် အစီအရင်ဝိဉာဉ် သို့မဟုတ် အစီအရင်အုတ်မြစ်ဖြစ်သည်။
ထို့ကြောင့် ဒါက မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်နှင့် အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာတို့အတွက် စုပ်ယူကာ အသုံးပြုရန် အသင့်တော်ဆုံးပင်။
သို့စေကာမူ ဒီစုပ်ယူခြင်းဖြစ်စဉ်အတွင်း ဖန်ချန်း၏အသိစိတ်က ရုတ်တရက် ဗလာကျင်းကာ အရောင်မဲ့နေသည့် နေရာတစ်ခုကို အတင်းဆွဲသွင်းခံလိုက်ရသည်။
သူ့ရှေ့တွင် တောင်တန်းတစ်ခုအရွယ်အစားခန့်ရှိသည့် ဧရာမသားရဲတစ်ကောင် ပေါ်လာခဲ့သည်။
ဧရာမသားရဲကြီး၏ကိုယ်ထည်က တောင်တစ်တောင်ကဲ့သို့ မြေပေါ်၌ လဲနေပြီး ကိုယ်တွင် အမှန်တကယ် ခေါင်းကိုးလုံးရှိပြီး ခေါင်းတစ်လုံးစီတိုင်က ကောင်းကင်ထိ ရောက်နေသည့် ဧရာမမြွေတစ်ကောင်အလားပင်။
ခေါင်းတစ်လုံးစီက ဧရာမတောင်ကြီးတစ်လုံးပေါ်၌ တွယ်ကပ်နေသည်။
"ခင်ဗျားကဘယ်သူလဲ" ဖန်ချန်းအထိတ်တလန့်မေးသည်။
"ငါ့နာမည်က ရှန်းလျို၊ မင်းတို့ပြောပြောနေကြတဲ့ ရွှံ့နွံသခင်ကြီးပေါ့"
ရွှံ့နွံသခင်ကြီး ရှန်းလျို!
ဖန်ချန်းထိတ်လန့်သွား၏။
"မင်းမဆိုးဘူးဘဲ၊ ငါချထားခဲ့တဲ့ ပုံရိပ်ယောင်ကို မင်းဖြတ်ကျော်နိုင်ခဲ့တယ်" ရှန်းလျို၏အသံက တိုးသော်လည်း မိုးကြိုးသံအလား ထင်ရသည်။
"ဒီလိုဆိုမှတော့ မင်းငါ့ကိုကူညီပေးနိုင်မလား"
ဖန်ချန်းကြက်သေသေသွားသည်ာ
နတ်သခင်နယ်ပယ်ခွန်အားရှိတဲ့ ရွှံ့နွံသခင်ကြီးက ငါ့အကူအညီကို လိုနေတာလား!
ဖန်ချန်းခါးသီးစွာပြုံးသည်။
"စီနီယာ ကျွန်တော့်ကို အရမ်းကြီးတွေးထားတာပဲ၊ ကျွန်တော့်လက်ရှိခွန်အားနဲ့ ဒါက နည်းနည်းတော့ ခက်ခဲလိမ့်မယ်"
ရှန်းလျို ခေါင်းခါယမ်းသည်။
"မင်းကူညီနိုင်တယ်"
ဖန်ချန်းတစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းပြန်သည်။
"စီနီယာ၊ ကျွန်တော့်စီနီယာအစ်ကိုတစ်ယောက်ကို တစ်ခုခုရှာဖို့အတွက် ကျွန်တော်ကူညီဖို့လိုသေးတယ်၊ ဒီတော့...."
"ဒီရွှံ့နွံထဲမှာလား" ရှန်းလျိုပြောသည်။
"ရွှံ့နွံထဲမှာရှိနေသရွေ့ မင်းလိုချင်တာကို ငါပေးနိုင်တယ်"
ဖန်ချန်း တစ်ခဏမျှတုံ့ဆိုင်းနေပြီး ရှောင်ဟိုင်လိုအပ်တာကို ဖွင့်ဟပြလိုက်သည်။
ဒါကိုကြားသော် ရှန်းလျိုအနည်းငယ် ကြက်သေသေသွားပြီးနောက် သက်ပြင်းချသည်။
"မျှော်လင့်ထားတဲ့အတိုင်း မင်းတို့ရောက်လာကြပြီးပဲ၊ ဒါက ကံတရားပဲပေါ့"
"စီနီယာသိလား" ဖန်ချန်းပူပန်စွာမေးသည်။
ရှန်းလျိုခေါင်းညိတ်သည်။
"ဒီပစ္စည်းကငါနဲ့အတူရှိတယ်၊ ဒီအကျပ်အတည်းကို ကျော်လွှားဖို့အတွက် မင်းငါ့ကို ကူညီနေသရွေ့ ငါမင်းကို ဒါကိုပေးနိုင်တယ်"
ဖန်ချန်းခေါင်းညိတ်သည်။
"ဒီလိုဆိုရင်တော့ ကျွန်တော်သဘောတူပါတယ်၊ ကျွန်တော့်ကို စီနီယာ့ကို ဘယ်လိုကူညီစေချင်သလဲဆိုတာ သိလို့ရမလား"
ရှန်းလျိုပြောသည်။
"အတိုချုပ်ပြောရရင် ငါတို့မှာ အချိန်အများကြီး မကျန်တော့ဘူးဆိုတော့ မင်းတစ္ဆေကလန်အကြောင်း သိလားဆိုတာ သိချင်မိတယ်"
တစ္ဆေကလန်!
ဖန်ချန်းအနည်းငယ်မျက်မှောင်ကြုတ်သည်။ သူအဆင့်မြင့်ကြယ်နယ်မြေက အင်အားစုများအကြောင်း အများကြီးမသိပါ။
"တစ္ဆေကလန်က ရှေးခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့တဲ့ မျိုးနွယ်စုတစ်ခုပဲ၊ သူတို့ဘယ်ကနေလာသလဲ ဒါမှမဟုတ် ဘာကြောင့်မွေးဖွားလာသလဲဆိုတာ ငါမသိပေမယ့် ငါ့ရဲ့မှော်ကလာပ်စည်းဗဟိုချက်ကို ရဖို့အတွက် ငါ့ကိုဒီမှာထောင်ချောက်ဆင်ဖို့ စပြီးရေးဆွဲခဲ့ကြတယ်၊ တစ်ချိန်တည်းမှာပဲ သူတို့ငါခွန်အားကို နှစ်တစ်သောင်းကျော်ကြာ ချေဖျက်ပစ်ဖို့အတွက် တစ္ဆေမီးတောက်အစီအရင်ကို သုံးခဲ့ကြတယ်"
"ငါ့မှာအခု ငါ့ခွန်အား၁၀ရာခိုင်နှုန်းတောင် မကျန်တော့ဘူး၊ တစ္ဆေကလန်က မှော်ရုပ်ကလာပ်စည်းဗဟိုချက်ကို လုယူဖို့အတွက် နည်းလမ်းတွေကို စပြီးတွေးနေပြီ၊ ငါဒီမှာ ပုံရိပ်ယောင်တစ်ခုချပြီး ဒီနေရာကို ၀န်းရံဖို့နဲ့ တစ္ဆေကလန်ရဲ့ခရီးပေါက်မှုကို နှောင့်နှေးစေဖို့အတွက် စက်ဝိုင်းတစ်ခုအဖြစ် ရွှံ့နွံ့ကို အသုံးပြုထားတာပဲ၊ ပုံရိပ်ယောင်ဗဟိုချက်က စစ်ဆေးမှတ်တွေထဲက တစ်ခုပဲ"
"မင်းပြောခဲ့တဲ့ နတ်ဆိုးသခင်ရဲ့ စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုက လွန်ခဲ့တဲ့နှစ်သောင်းချီက အမည်မသိပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက် ငါ့ဆီကိုပို့ပြီး သိမ်းဆည်းထားဖို့အတွက် တောင်းဆိုခဲ့တယ်၊ ငါဒါကို အခုပဲသိမ်းဆည်းထားနိုင်ပြီး ဒီတာအိုဝိဉာဉ်နဲ့ ပိုင်ရှင် ဒီကိုလာတဲ့အခါကျရင် သူတို့က ငါ့ရဲ့ကယ်တင်ရှင်ဖြစ်လာလိမ့်မယ်လို့လည်း သူငါ့ကိုပြောခဲ့တယ်"
ဖန်ချန်းထိတ်လန့်သွားသည်။ တစ်ယောက်ယောက်က ဒါကို နှစ်သောင်းချီကတည်းက ကြိုတင်ဟောကိန်းထုတ်ခဲ့သည်လား။
အပိုင်း(1039) coming။