#နှစ်တစ်သောင်းကြာဟောဟိန်း၊ ဉာဏ်ကြီးရှင်#
Vol. 74 Ch. 1039
ပုံရိပ်ယောင်ဗဟိုချက်ကို လုံး၀စုပ်ယူပြီးနောက် ဖန်ချန်းနှင့် ရှန်းလျိုတို့၏ စကားဝိုင်းက အဆုံးသတ်သွားခဲ့သည်။
ဖန်ချန်း၏ အမူအရာကလေးနက်နေသည်။ သူရှန်းလျို၏ စကားလုံးများကို ယဲ့ချိုးပိုင်တို့အား ထပ်ပြောပြလိုက်သည်။
သူတို့၏နှလုံးသားများကလည်း မတည်မငြိမ်ဖြစ်သွားကြ၏။
လွန်ခဲ့တဲ့နှစ်တစ်သောင်းက ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်က ဒီမြင်ကွင်းကို ကြိုတင်ဟောကိန်းထုတ်ခဲ့ပြီးပြီလား!
သို့စေကာမူမုဖူရှန်း ခေါင်းခါယမ်းသည်။
"နှစ်တစ်သောင်းကျော်က အရာတစ်ခုခုကို ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတာက အရမ်းရယ်စရာကောင်းတယ်၊ ဆရာ့ရဲ့ခွန်အားနဲ့သာဆိုရင် တစ်ဘက်လူကို ဒီလောက်အကြာကြီးကတည်းက ဘယ်လိုလုပ် ကြိုတင်ဟောကိန်းထုတ်ခွင့်ပေးမှာလဲ"
အကယ်၍ ဒါကကြိုတင်ဟောကိန်းတစ်ခုမဟုတ်ပါက ကြိုတင်စီစဉ်ထားခြင်းသာဖြစ်ရပေမည်။
သင့်လျော်သောအစီအစဉ်များကို အဆင့်ဆင့်ချမှတ်စီစဉ်ပြီးမှသာ ယခုလို အကျိုးသက်ရောက်မှုကို ရယူအောင်မြင်နိုင်မည်မဟုတ်ပေလော။
သို့စေကာမူ ဒါကအရမ်းဆန်းကြယ်လွန်းသည်။
"ဒီအကြောင်းကိုမပြောနဲ့တော့၊ ငါတို့ဒီအကြောင်းကို ဆရာကိုပြောပြီး သူ့ကို ဆုံးဖြတ်ခွင့်ပေးရမယ်၊ ဒါက ငါတို့အဆင့်နဲ့ ငါတို့၀င်ရောက်စွက်ဖက်နိုင်တဲ့ အရာတစ်ခုမဟုတ်တော့ဘူး" ယဲ့ချိုးပိုင်လေးနက်စွာပြောသည်။
"ငါတို့အခုလိုနေတာက ရွှံ့နွံသခင်ကြီးကို ကူညီဖို့ပဲ"
ရှောင်ဟိုင် ဖန်ချန်းကို ကြည့်လိုက်သည်။
"ရွှံ့နွံသခင်ကြီး ငါတို့ကို လုပ်စေချင်တာက တစ္ဆေကလန်၀င်တွေကို သုတ်သင်ပြီး တစ္ဆေမီးတောက်အစီအရင်ကို အပြင်ကနေ ချိုးဖျက်ပြီးတော့ သူ့ဒဏ်ရာတွေကိုလည်း ကုသပေးဖို့ ကူညီစေချင်တာလား"
ဖန်ချန်းခေါင်းညိတ်သည်။
"သူဒီလိုပြောခဲ့တာ"
မုဖူရှန်းမေးစေ့ပွတ်ရင်း အနက်ပိုင်းကို ကြည့်လိုက်၏။ ထိုနေရာ၌ မတိမ်မနက်သည့် ခြေရာများရှိသည်။ ဒီခြေရာများကို တု၀မ်ဟန်ချန်ထားခဲ့ခြင်းပင်။
"သူတစ္ဆေကလန်ကများ ဖြစ်နိုင်မလား"
တစ္ဆေကလန်က ရွှံ့နွံသခင်ကြီးကို ပစ်မှတ်ထားခဲ့သည့်အတွက်ကြောင့် ပုံရိပ်ယောင်ဗဟိုချက်ကို သူမချိုးဖျက်နိုင်ပေ။ ထို့ကြောင့်လည်း တု၀မ်ဟန်က တခြားပုံရိပ်ယောင်အစီအရင်ဆရာများ သူတို့ခွန်အားနှင့် ပုံရိပ်ယောင်မြူကို ချိုးဖျက်ရန်အတွက် သူ့ကိုကူညီရန် ဒီနေရာကနေ စောင့်ဆိုင်းနေခြင်းဖြစ်ရပေမည်။
ဒီလိုဆိုပါက တု၀မ်ဟန် တို့မဟုတ် တစ္ဆေကလန်က ဒီပါးစပ်ကြီးကို ဖန်တီးထားခဲ့တာ ဖြစ်နိုင်ချေပိုများသည်။
ပါးစပ်ကြီးကိုသုံးရင်း သူနှင့်ပူပေါင်းသူများ၏ ခွန်အားကိုစမ်းသပ်ပြီး တစ်ချိန်တည်းမှာပင် အောင်မြင်သူများကို အနီရောင်အမှတ်သား ပြုလုပ်ထားသည့် နေရာသို့ ပို့ဆောင်ပေလိမ့်မည်။
ဒီနေရာတွင် အရာရာတိုင်းက ရှင်းလင်းသွားခဲ့သည်။
မသိသေးသည့်အရာအားလုံးက အမှန်တရားကို ပုံဖော်ရန်အတွက် ဆက်စပ်နေသည်။
မုဖူရှန်းသက်ပြင်းတစ်ချက်ရှူလိုက်သည်။
"ဒီလိုဆိုမှတော့ သွားကြရအောင်"
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ခေါင်းညိတ်ကြပြီး သူတို့လေးယောက် အနက်ပိုင်းသို့ လျှောက်သွားကြသည်။
လော့ဖုန်းနှင့် ကျန်နှစ်ယောက် ကြက်သေသေသွားကြ၏။
"ဟေး၊ မင်းတို့လမ်းမှားကိုသွားနေပြီ၊ ထွက်ပေါက်က အဲဘက်မှာမဟုတ်ဘူး"
ယဲ့ချိုးပိုင်လှည့်ပြီးပြောသည်။
"ကျွန်တော်တို့မမှားပါဘူး၊ ကျွန်တော်တို့ လုပ်စရာတစ်ခုရှိသေးတော့ စီနီယာသုံးယောက် အရင်ပြန်သွားလို့ရပါတယ်"
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ယဲ့ချိုးပိုင်၏စကားလုံးများက သူတို့သုံးယောက်ကို ထိတ်လန့်သွားစေသည်။
သူတို့သာ အနက်ပိုင်းကိုဆက်သွားပါက သူတို့အားလုံးသေချာပေါက်သေဆုံးကြနိုင်ချေများသည်။
ထိုနေရာ၌ ပိုအားကောင်းသည့် စိမ့်မြေမှော်သားရဲများအပြင် နတ်သခင်အဆင့် ရွှံ့နွံသခင်ကြီးလည်းရှိသေးသည်။
"မင်းတို့သေချင်နေကြတာလား" ယွန်ဇီ၏ မျက်နှာက မည်းမှောင်သွားပြီး လူလေးယောက်၏ ကျောများက တဖြည်းဖြည်းသေးငယ်ကာ သူတို့မျက်လုံးထဲကနေ ပျောက်ကွယ်သွားနေတာကို ကြည့်နေသည်။
လော့ဖုန်းကလည်း အကူအညီမဲ့စွာပြောသည်။
"ဒါပေမယ့် ငါတို့မှာ ရွေးချယ်စရာမရှိဘူး၊ ငါတို့သာဆက်သွားနေမယ်ဆိုရင် တကယ်သေရလိမ့်မယ်"
ရှုလောင်မျက်မှောင်ကြုတ်သည်။
"ငါတို့တိမ်ပုံရိပ်ယောင်ဆေးလုံးကိုလည်း ဆုံးရှုံးလို့မရဘူး၊ သူတို့ကို အတင်းဆွဲထုတ်သွားမယ်ဆိုရင်ရော"
ယွန်ဇီနှင့်လော့ဖုန်းခေါင်းညိတ်သည်။
သူတို့သုံးယောက်က ယဲ့ချိုးပိုင်တို့သွားရာဘက်သို့ အလျင်အမြန်ပြေးသွားကြ၏။
သို့စေကာမူ သူတို့က ဒီမြင်ကွင်းကို ကြိုသိခဲ့ကြသည့်အလား ထိုနေရာ၌ပင် ပျောက်ကွယ်သွားကြသည်။
ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်!
ဒါကသူတို့သုံးယောက်ကို စိုးရိမ်ပူပန်သွားစေသည်။ သူတို့၏ရှာဖွေမှုက အချည်းနှီးဖြစ်သွားပြီး တိမ်ပုံရိပ်ယောင်ဆေးလုံး၏ သက်ရောက်မှုကလည်း ပျောက်ကွယ်လုနီးပါးပင်။ သူတို့လောလောဆယ် တိမ်အိပ်မက်မြို့ကိုပြန်သွားပြီး မြို့တော်၀န်နှင့် မျှော်စင်သခင်နှစ်ဦးနှင့်အတူ တန်ပြန်လုပ်ဆောင်မှုများကို ဆွေးနွေးရုံသာ တတ်နိုင်ကြတော့သည်။
.....
ရွှံ့နွံသခင်ကြီးပေးခဲ့သည့် မြေပုံအတိုင်း ယဲ့ချိုးပိုင် အလျင်အမြန် ရှေ့ဆက်လာကြသည်။
ဖန်ချန်း ပုံရိပ်ယောင်ဗဟိုချက်ကို စုပ်ယူပြီးနောက် ပတ်၀န်းကျင်က စိမ့်တောမှော်သားရဲများက ရွှံ့နွံသခင်ကြီး၏အော်ရာကို အာရုံခံမိပုံရသည်။ ၎င်းတို့က အဝေးကနေ စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြပြီး ဖန်ချန်းတို့ကို မတိုက်ခိုက်ခဲ့ပေ။
ထို့ကြောင့် သူတို့၏ခရီးစဉ်က ချောမွေ့နေခဲ့သည်။
မကြာမီ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တစ်ခုလုံး၌ ကမ္ဘာတုန်လှုပ်ဖွယ်ဟိန်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ရွှံ့နွံက မုန်တိုင်းထန်သည့်လှိုင်းများကို အမှန်တကယ်စတင်လှုံ့ဆော်ပြီး ပတ်၀န်းကျင်က ရှေးဟောင်းသစ်ပင်များက ပြန့်ကြဲသွားကြ၏။
မြေကြီးတစ်ခုလုံးက လှိုင်းများကဲ့သို့ နိမ့်လိုက်မြင့်လိုက်ရှိနေသလို တစ်ချိန်တည်းမှာပင် ကောင်းကင်၌ တစ္ဆေမီးတောက်နက်များ ဝဲပျံနေကြသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ရပ်လိုက်ကြပြီး မော့ကြည့်လိုက်ကြသည်။
ကောင်းကင်၌ ထိုးတက်နေသည့်တောင်ထိပ်ကိုးခုရှိသည်။ တောင်ထိပ်တစ်ခုစီတိုင်းတွင် ကြီးမားသည့်မြွေခေါင်းတစ်ခုစီရှိသည်။
မြွေခေါင်းတစ်ခုစီက ထူးဆန်းသည့်မီးတောက်နက်ထဲတွင် ရစ်ပတ်ခံထားရသည်။
ရွှံ့နွံသခင်ကြီး ရှန်းလျို!
"ကြည့်ရတာ စတင်နေပြီပဲ" ဖန်ချန်းလေးနက်စွာပြောသည်။
"ကျွန်တော်တို့ တစ္ဆေမီးတောက်အစီအရင်ကို ချိုးဖျက်ပြီး ပတ်၀န်းကျင်က အစီအရင်အခြေခံကိုအရင် ရှာဖွေရမယ်"
သာမန်အစီအရင်ဆရာတစ်ယောက်ဆိုပါက သူတို့နတ်အင်ပါယာနယ်ပယ်ကို ရောက်နေလျှင်ပင် တစ္ဆေမီးတောက်အစီအရင်ကို ချိုးဖျက်ရန်ဟူသည် ခက်ခဲပေလိမ့်မည်။
ငို့စေကာမူ အစီအရင်ဝိဉာဉ်ဖန်တီးခြင်းခန္ဓာနှင့် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ရှိသည့် ဖန်ချန်းကမူ အစီအရင်အခြေခံထဲက အစီအရင်ဝိဉာဉ်ကို စုပ်ယူကာ တစ္ဆေမီးတောက်အစီအရင်၏ သက်ရောက်မှုကို ဆုံးရှုံးသွားအောင် လုပ်နိုင်သည်။
မုဖူရှန်းခေါင်းညိတ်သည်။ သူ့မျက်ခုံးကြားတွင် အေးခဲဖြူဝိဉာဉ်မီးတောက်တစ်ခု စတင်ပေါ်လာခဲ့သည်။
သို့စေကာမူ ဒီအေးခဲဖြူဝိဉာဉ်မီးတောက်၏ အလယ်ဗဟို၌ ရဲရဲနီအရောင်အဆင်းတစ်ခု ရှိပုံရသည်။
သူ့နတ်အသိစွမ်းအားက အစွမ်းကုန်ပျံ့သွားပြီး သူပတ်၀န်းကျင်က အစီအရင်အခြေခံကို စတင်ရှာဖွေသည်။
မကြာနီ မုဖူရှန်း၏ အစွမ်းထက်အသိအောက်တွင် အစီအရင်အခြေခံကိုးခုကို ထုတ်ဖော်လိုက်နိုင်သည်။
ဖန်ချန်းနှင့် ကျန်သောသူများချက်ချင်းသွားသည်။
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ဦး၏ ကာကွယ်မှုအောက်တွင် ဖန်ချန်းအထဲက အစီအရင်ဝိဉာဉ်ချီကို စုပ်ယူရန်အတွက် မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်ကို အသုံးပြုလိုက်၏။
အမွေးတိုင်တစ်တိုင်စာအတွင်းမှာပင် အစီအရင်အခြေခံတစ်ခု ပြိုကွဲသွားပြီး ဖန်ချန်း၏ကျင့်ကြံခြင်းအဆင့်က ထပ်မံတိုးတက်သွားပြန်သည်။
အစီအရင်အခြေခံကိုးခုထဲက တစ်ခုပြိုကွဲသွားသောအခါ တောင်ကိုးလုံးပေါ်က မြွေခေါင်းတစ်ခုပေါ်ရှိ တစ္ဆေမီးက စတင်ပျောက်ကွယ်လာသည်။
အောက်က အနက်၀တ်လူတစ်ယောက် ဒီမြင်ကွင်းကို သတိထားမိသဖြင့် သူ့အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ ထို့နောက် သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြင့် စတုရန်းပုံသဏ္ဍာန်အစီအရင်ကို ကြည့်လိုက်သည်။
"ငါတို့တစ္ဆေကလန်ရဲ့ အရာကောင်းတစ်ခုကို ဘယ်သူဖျက်ဆီးရဲတာလဲ"
ထို့နောက် သူအစီအရင်အခြေခံရှိရာသို့ ပြေးသွားလေတော့သည်။
အနက်၀တ်လူ အစီအရင်အခြေခံကို ရောက်လာသောအခါ ဖန်ချန်း တတိယအစီအရင်အခြေခံကိုပင် ချိုးဖျက်ပြီးသွားလေပြီ။
"မင်းတို့လား" အနက်၀တ်လူ သူတို့လေးယောက်အား ကြည့်ရဆိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
"ငါ့ကလန်ရဲ့ကိစ္စတွေမှာ မင်းတို့ဘာလို့ ၀င်စွက်ဖက်နေရတာလဲ၊ ငါတို့မှာ ဘာရန်ငြိုးမှ မရှိပါဘူး"
ထိုလူက တု၀မ်ဟန်ပေတည်း။
ယဲ့ချိုးပိုင် တု၀မ်ဟန်အား မော့ကြည့်ပြီး ပြုံးသည်။
"ကျုပ်တို့ကို တစ်ယောက်ယောက်က အပ်နှံခဲ့လို့ပါ၊ ဒါ့အပြင် ကျုပ်တို့မှာတကယ်ပဲ ဘာရန်ငြိုးမှ မရှိဘူးလား"
အဆင့်နိမ့်အဆင့်ကြယ်နယ်မြေမှာတုန်းက နယ်မြေအပြင်ဘက်က မိစ္ဆာများက လျှို့၀ှက်နည်းလမ်းတစ်ခုကို သုံးခဲ့ပြီး တစ္ဆေကလန်၏ အထင်ကရပုဂ္ဂိုလ်တစ်ဦးကို ဖိတ်ခေါ်ခဲ့ကြသည်။
သူတို့ကို လုချန်ရှန်းအနိုင်ယူပစ်ခဲ့သော်လည်း သူတို့အကြား၌ အမုန်းတရားက ရှိနေဆဲပင်။
တု၀မ်ဟန်မျက်မှောင်ကြုတ်သည်။ သူဒီအကြောင်းကိုသိလျှင်ပင် ယဲ့ချိုးပိုင်တို့၏ ကိုယ်ပိုင်လက္ခဏာများကို မသိပါ။
"ဘာပဲဆိုဆို မင်းတို့ငါတို့တစ္ဆေကလန်ကို ဘာမှမလုပ်နိုင်အောင် တားဆီးရဲမှတော့ မင်းတို့အားလုံးသေရမယ်...."
ထို့နောင် တု၀မ်ဟန်ကိုယ်ထဲက အော်ရာက အကြမ်းပတမ်းပေါက်ကွဲသွားပြီး နတ်သခင်နယ်ပယ်တစ်၀က်အဆင့်အော်ရာက သံသယမရှိ ထွက်လာခဲ့သည်။
ယဲ့ချိုးပိုင် မုဖူရှန်းကိုကြည့်ပြီး ပြုံးသည်။
"ဂျူနီယာညီလေးမုက စွမ်းအားတွေကို ဖုံးကွယ်ထားတုန်းမလား၊ ဒီတော့ ဆရာ့ကို ဒုက္ခမပေးပါနဲ့တော့...."
သူနောက်တစ်ခါအပြစ်ဖျန်ဖြေသူတစ်ယောက် မဖြစ်ချင်တော့ပါ။
မုဖူရှန်း ယဲ့ချိုးပိုင်အား အကူအညီမဲ့စွာ ကြည့်သည်။ သို့စေကာမူ သူဘာမှမလုပ်နိုင်ပါ။ တိုက်ဆိုင်စွာပင် အနီးအနားတွင် ဘယ်သူမှမရှိသော်လည်း သတိထားရန်တော့ လိုပါသေးသည်။
ထို့နောက် မုဖူရှန်းလျှောက်သွားပြီး မရေမတွက်နိုင်လောက်သည့် အတားအဆီးအဆောင်များကို ပစ်ချလိုက်၏။ သူ့ကိုယ်ထဲက ဖိနှိပ်ထားသည့်အော်ရာက စတင်ထိုးတက်လာခဲ့သည်။
တု၀မ်ဟန်၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် မုဖူရှန်း၏အော်ရာက အမှန်တကယ်ပင် နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ထိ မြှင့်တက်သွားခဲ့သည်။
ဒါကိုမြင်သော် တု၀မ်ဟန်အော်ဟစ်သည်။
"မင်းကနတ်ဘုရင်နယ်ပယ်မှာ မဟုတ်ဘူးလား"
မုဖူရှန်းပြုံးသည်။
"ကျုပ်က လုံခြုံမှုသိပ်မရှိတဲ့လူတစ်ယောက်ဆိုတော့ စွမ်းအားကို ဖုံးကွယ်ထားရတာ သဘောကျတယ်၊ ဒါပေမယ့် ဒီလိုဆိုရင်တောင် ဒါက လုံလောက်တဲ့ လုံခြုံမှု မပေးနိုင်သေးဘူး"
မုဖူရှန်းစကားပြောနေရင်း နောက်ထပ်ဖန်တီးခြင်းနတ်အဆောင်တစ်ခုကို ရင်ဘတ်ပေါ်တွင် တင်လိုက်သည်။
အပိုင်း(1040) coming။