#သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုး#
Vol. 74 Ch. 1040
မုဖူရှန်းက သဘာ၀အတိုင်း မလုံခြုံတတ်သော လူတစ်ယောက်ဖြစ်သည်။ အရာရာတိုင်းနှင့် ပတ်သက်ပြီး သူအတော်လေးသတိထားရန် လိုအပ်သည်။
ထို့ကြောင့် သူ့တွင် ဝှက်ဖဲတစ်ခုတည်းသာရှိမည်မဟုတ်။ ပုံမှန်အားဖြင့် ဝှက်ဖဲတိုင်းအပြီးတွင် သူ့တွင် နောက်ထပ်ပိုနက်ရှိုင်းသည့် ဝှက်ဖဲတစ်ခုရှိမည်ဖြစ်ပြီး အဆုံးမဲ့အလားထင်ရသည်။
သူ့ဝှက်ဖဲကို ထုတ်ဖော်ပြီး နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်သွားလျှင်ပင် သူဘေးကင်းသည်ဟု မခံစားမိခင် သူ့ခွန်အားကို ထပ်ပြီးတိုးစေရန်အတွက် ဖန်တီးခြင်းနတ်အဆောင်ကို သုံးရဦးမည်။
ဒါက ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် မုဖူရှန်းတို့အား ငိုရမလား၊ ရယ်ရမလားမသိ ဖြစ်သွားစေသည်။
မုဖူရှန်းက တု၀မ်ဟန်နှင့် အဆင့်တူဆိုလျှင်ပင် ရှုံးရန်ဟူသည် မဖြစ်နိုင်ဟု သူတို့ခံစားနေရသည်။
ဒီအချိန်မှာပင် ဖန်တီးခြင်းနတ်အဆောင်၏ အကူအညီဖြင့် မုဖူရှန်း၏ကျင့်ကြံခြင်းအဆင့်က နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ကို ချိုးဖျက်သွားခဲ့သည်။
နတ်သခက်နယ်ပယ်သို့ ချိုးဖျက်ရာ၌ အင်မတန်ခက်ခဲသည့် လိုအပ်ချက်တစ်ခုရှိသည်။ ဒါက ဝိဉာဉ်ချီကို အင်မော်တယ်ချီအဖြစ် လုံး၀ပြောင်းလဲရန်ပင်။
မဟုတ်ပါက ဖန်တီးခြင်းနတ်အဆောင်နှင့်ဆိုလျှင်ပင် ဒီအတားအဆီးအား ချိုးဖျက်နိုင်မည်မဟုတ်။ မည်သို့ပင်ဆိုစေကာမူ နတ်သခင်နယ်ပယ်နှင့် နတ်အင်ပါယာနယ်ပယ်က လုံး၀ကွဲပြားသည်မဟုတ်ပေလော။ ခြားနားချက်က ကြီးမားလွန်းသည်။
နတ်သခင်နယ်ပယ်အောက်က မည်သူမဆို ပုရွက်ဆိတ်တစ်ကောင်သာသာသာဖြစ်သည်။
ဒီစကားလုံးများက အချည်းနှီးစကားလုံးများမဟုတ်ပါ။
တု၀မ်ဟန် မုဖူရှန်း၏အော်ရာကို ကြည့်ပြီးနောက် သူ့အမူအရာက အတော်လေး ကြည့်ရဆိုးသွားသည်။
မုဖူရှန်းက သူ့ကိုယ်သူ ဒီလောက်ထိ နက်ရှိုင်းစွာ ဖုံးကွယ်ထားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
သူပြင်ပပစ္စည်းများကို သုံးခဲ့သော်လည်း ဒီလိုငယ်ရွယ်သည့် အသက်အရွယ်မှာပင် နတ်သခင်နယ်ပယ်အစောပိုင်းအဆင့်ကို ရောက်နေလေပြီ။ ဒါက အဆင့်မြင့်ကြယ်နယ်မြေ၏ အမြင့်ဆုံးလည်းဖြစ်သည်။
မုဖူရှန်း၏မျက်နှာပေါ်၌ ခပ်ရေးရေးအပြုံးတစ်ပွင့်ရှိနေပြီး မိုးကြိုးက သူ့ပတ်လည်တွင် လင်း၀င်းနေသည်။
မိုးကြိုးတာအိုနိယာမစွမ်းအားက သူ့ပတ်လည်၌ စုစည်းလာပြီး ကောင်းကင်က စတင်မှောင်မိုက်လာသည်။ တိမ်မည်းများက ကောင်းကင်ကို ဖုံးလိုက်စဉ် မိုးကြိုးများက တိမ်များကြား၌ ဧရာမနဂါးဟိန်းသံတစ်ခုအဖြစ် ပြောင်းသွားသည့်အလား ရောယှက်ကာ တဖျပ်ဖျပ်လက်နေသည်။
"မင်းတကယ်ပဲဘယ်သူလဲ၊ အဆင့်မြင့်ကြယ်နယ်မြေမှာ မင်းလိုလူမျိုးမရှိဘူး" ဒီမြင်ကွင်းကိုမြင်သော် တု၀မ်ဟန် အတော်လေးထိတ်လန့်နေသည်။
မုဖူရှန်းအဖြေမပေးပေ။ တကယ်တမ်း၌ သူမဖြေချင်ပါ။
ဖန်တီးခြင်းနတ်အဆောင်က အတော်လေး ကောင်းကင်ကိုပင် ဖီဆန်နိုင်ပြီး မုဖူရှန်းကို နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်ကို ၀င်ရောက်ခွင့်ပေးသော်လည်း သူက ကြာရှည်ခံမည်တော့မဟုတ်။
မည်သို့ပင်ဆိုစေကာမူ ခြားနားချက်က ကြီးမားလွန်းသည် မဟုတ်ပေလော။
တစ်ခဏမျှအာရုံခံပြီးနောက် ကနဦးစဉ်းစားစရာက အမွေးတိုက်တစ်တိုင်စာခန့် အချိန်ယူရမည့်အချိန်အထိ ကြာရှည်ခံရန်သာ လိုအပ်သည်။ သို့စေကာမူ ဘေးကငါးစေရန်အတွက် တိုက်ပွဲက အမွေးတိုင်တစ်၀က်စာအချိန်အတွင်း အဆုံးသတ်သွားသင့်သည်။
မုဖူရှန်းအနည်းငယ်ခေါင်းမော့လိုက်သည်။
သူ့လက်ဖဝါးပေါ်၌ မိုးကြိုးလေးမျိုးက စတင်ပေါ်ပေါက်လာကြ၏။
ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုးနှင့် တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုးတို့က မိုးကြိုးနဂါးလေးကောင်အဖြစ် ပြောင်းလဲပြီး မုဖူရှန်းပတ်လည်၌ ကူးခတ်နေကြသည်။
"အင်း...ဒါကမလုံလောက်သေးဘူး"
မုဖူရှန်းရေရွတ်ရင်း သူ့လက်ထဲက မိုးကြိုးစင်းလေးခုကို ကြည့်လိုက်သည်။
မလုံလောက်သေးတာလား!
တု၀မ်ဟန်၏မျက်လုံးများ ပြူးကျယ်သွား၏။ ဒါတွေ ရှေးဦးမိုးကြိုးလေးမျိုးလေ၊ မင်းတခြားဘာထပ်လိုသေးတာလဲ!
မုဖူရှန်းကိုယ်ထဲတွင် ရောင်စုံမိုးကြိုးအမျှင်စများက စတင်လင်း၀င်းလာသည်။ ဒါက ပို၍ပြင်းထန်လာသောအခါ ကမ္ဘာကြီးက တုန်ခါလာပုံရသည်။
လေဟာနယ်ထဲတွင် လူတိုင်း၀န်းကျင်၌ မိုးကြိုးစွမ်းအားအမျှင်စတစ်ခုက တစ်ကြိမ်ပြီးတစ်ကြိမ်ပေါ်လာနေသည်။
ဒီအခိုက်အတန့်မှာပင် လေဟာနယ်က အတော်လေးမတည်မငြိမ်ဖြစ်လာသည့်အသွင်။
မုဖူရှန်းလက်နှစ်ဖက်ကို အတူတကွရိုက်လိုက်လေရာ ခုနှစ်ရောက်စုံလျှပ်စီးတိုင်တစ်တိုင်က တိမ်မည်းများကြားကနေ ကောင်းကင်ပေါ်သို့ ပစ်လွှတ်သွား၏။
ကိုးသွယ်ရှေးဦးမိုးကြိုးကျင့်စဉ်မှ အဆင့်ငါး!
သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုး!
ဒီရောင်စုံနတ်မိုးကြိုးပေါ်လာသောအခါ သူ့၀န်းကျင်က အရာတိုင်းက တိတ်ဆိတ်မှုတစ်ခုထဲ ကျသွားပုံရသည်။
မိုးကြိုးစွမ်းအားကို ခံစားမိသော် တု၀မ်ဟန်၏ အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး နောက်လှည့်မကြည့်ဘဲ အဝေးတစ်နေရာသို့ ထွက်ပြေးသည်။
ဒါကိုမြင်သောအခါ မုဖူရှန်းတည်ငြိမ်စွာပြောသည်။
"ခင်ဗျားထွက်ပြေးနိုင်မှာလား...."
မုဖူရှန်းက တူညီသည့်နေရာတွင် ရပ်နေဆဲပင်။ သူလက်ကိုအနည်းငယ်မြှောက်ပြီး တု၀မ်ဟန်ထွက်ပြေးသွားသည့်နေရာဘက်သို့ အနည်းငယ်ဝှေ့ယမ်းလိုက်၏။
ရုတ်ချည်းဆိုသလို ငါးရောင်မိုးကြိုးက တိမ်မည်းအလွှာထဲတွင် စတင်အရူးအမူး ထိုးတက်လာသည်။
တု၀မ်ဟန် အထိတ်တလန့်လှည့်ကြည့်သည်။
ငါးရောင်မိုးကြိုးက မိုးကြိုးတိုင်များအဖြစ် သိပ်သည်းကာ လေဟာနယ်ကိုဖြတ်သန်းရင်း အောက်က တု၀မ်ဟန်အား ရိုက်ခတ်သည်။
ကြီးမားသည့်ဖျက်ဆီးခြင်းအော်ရာတစ်ခုက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တစ်ခုလုံး၌ ပြည့်နှက်သွား၏။
ရွှံ့နွံသခင်ကြီးရှန်းလျိုပင်လျှင် မျက်ခုံးပင့်ကာ တစ်ချက်ကြည့်လိုက်မိသည်။
ဒီလိုစွမ်းအားမျိုးက.... ဒီကလေးက တကယ်ပဲ ရှေးဦးမိုးကြိုးစွမ်းအားကို ဖမ်းဆုပ်နိုင်ခဲ့တာလား!
ဒါကိုမြင်သော် တု၀မ်ဟန်တွင် ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ရည်ရွယ်ချက်မရှိပေ။
သူနတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကို ရောက်နေပြီဖြစ်သော်လည်း နတ်သခင်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်သည့် မုဖူရှန်းကို ရင်ဆိုင်ရသောအခါ တစ်ဘက်လူ၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် မဖြစ်နိုင်ပါ။
သူသာအတင်းခုခံပါက သူ့ဝိဉာဉ်ပင်လျှင် ပျောက်ကွယ်သွားပေလိမ့်မည်။
ဒါကို တွေးမိသောအခါ တု၀မ်ဟန်၏ အမူအရာက ရက်စက်သွားသည်။ သူအနည်းငယ် အံကြိတ်ပြီးနောက် သူ့မျက်နှာပေါ်က အနက်ရောင်ပုံစံကွက်များက တစ္ဆေမီးတောက်ကို စတင်ထုတ်လွှတ်သည်။
တစ္ဆေမီးတောက်ထုတ်လွှတ်မှုနှင့်အတူ အနက်ရောင်မျဉ်းများက ဘက်ပေါင်းစုံ၌ စတင်ကျယ့်ပြန်လာပြီး သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွား၏။
ဒီတဒင်္ဂ၌ တု၀မ်ဟန်၏ တစ်ကိုယ်လုံးကို တစ္ဆေမီးတောက်နက်များက ရစ်ပတ်ထားပြီး သူ့အမြန်နှုန်းက ချက်ချင်းထိုးတက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူထိုနေရာကနေ ပျောက်ကွယ်သွားသည်။
သာမညဒြပ်စင်ငါးခုခေးအောစ့်အနှစ်သာရနတ်မိုးကြိုးကမူ ဗလာလေဟာနယ်ပေါ် ကျရောက်ပြီး ရွှံ့နွံထဲတွင် ဧရာမတွင်းကြီးတစ်ခုကို ဖန်တီးသည်။
ဧရာမတွင်းကြီးထဲတွင် မိုးကြိုးရည်များက ပျောက်မသွားနိုင်တော့သည့်အလား စီးဆင်းနေသည်။
နောက်အခိုက်အတန့်၌ တု၀မ်ဟန် တခြားတစ်နေရာတွင် ပေါ်လာပြီး လှည့်ကြည့်လိုက်စဉ် ဒီမြင်ကွင်းကို မြင်လိုက်လေရာ သူ့မျက်နှာက ထိတ်လန့်မှုနှင့် ပြည့်နှက်သွားခဲ့သည်။
ဒီလိုစွမ်းအားမျိုးက အမှန်တကယ်ပင် ကြောက်စရာကောင်းလွန်းသည်။
ဒါကိုမြင်သော် မုဖူရှန်းမျက်ခုံးပင့်လိုက်မိသည်။
"အိုး၊ နောက်တိုက်ခိုက်မှုကတော့ ခင်ဗျားကို ထွက်ပြေးဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး"
ထို့နောက် သူ တု၀မ်ဟန်ရှိရာဘက်သို့ လက်အစုံကို တွန်းလိုက်၏။
ကောင်းကင်ပေါ်က တိမ်မည်းများက ကောင်းကင်ကို ဖျက်ဆီးနေသည့် ကြမ်းကြုတ်သောနဂါးရိုင်းတစ်ကောင်အလား ပြင်းထန်သော ငါးရောင်စုံမိုးကြိုးနှင့်အတူ လင်း၀င်းနေသည်။
မိုးကြိုးက ရိုက်ခတ်လာစဉ် မိုးကြိုးနဂါးက တု၀မ်ဟန်ရှိရာဘက်သို့ တိုက်ခိုက်သည်။
၎င်းဖြတ်သွားသည့်နေရာတိုင်း ရွှံ့နွံက စတင်တုန်ခါလာပြီး ရေမျက်နှာပြင်က ရေနဂါးဟိန်းသံသဖွယ် လှိုင်းထလာသည်။
ချောမွတ်နေသည့် ရွှံ့နွံများက ပူပြင်းသည့်ချော်ရည်တစ်ခုအဖြစ် အရည်ပျော်သွားပြီး ကြီးမားသည့် အခိုးအငွေ့နှင့် မီးခိုးများကို ထုတ်လွှတ်သည်။
လေဟာနယ်ထဲတွင် တွင်းနက်များစွာ ပေါ်လာသည်။
လျှပ်စီးလက်လာပြီး မိုးကြိုးက တိမ်အိပ်မက်ရွှံ့ဗွက်အိုင်တစ်ခုလုံးအတွင်း ပစ်ခတ်နေပြီး ကမ္ဘာကြီးကို တုန်ခါစေသည်။
ဒီတုန်ခါမှုကိုခံစားမိသောအခါ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်အပြင်ဘက်က လူများပင်လျှင် အထိတ်တလန့် ခေါင်းမော့လိုက်မိကြသည်။
ဘယ်နတ်သခင်နယ်ပယ်ကျွမ်းကျင်သူ ဆင်းသက်လာတာလဲ!
တု၀မ်ဟန် သူ့တောက်ကနေ တိုက်ခိုက်လာနေသည့် မိုးကြိုးနဂါးဟိန်းသံကို ခံစားနေရသည်။ သူလှည့်ပင်မကြည့်ဘဲ ပိုမြန်ဆန်သည့်နှုန်းနှင့် ရှေ့သို့ပြေးလေတော့သည်။
သူ ဒီမိုးကြိုးနဂါးထက် ပိုမြန်မည်ကို မျှော်လင့်မထားဘဲ ဒါက အချိန်ဆွဲရန်ဖြစ်သည်။
တု၀မ်ဟန် ရင်ဘတ်က သံလှိုက်အိမ်မြှောင်ကို ထုတ်ယူပြီး ကောင်းကင်ထဲတွင် လွှဲယမ်းလိုက်၏။
ကောင်းကင်ထဲတွင် သံလိုက်အိမ်မြှောင်က စတင်လည်ပတ်သည်။ ၎င်းလည်ပတ်နေစဉ် ပုံပျက်နေသည့်တွင်းနက်ကြီးတစ်ခုက ဖြည်းဖြည်းချင်းပေါ်လာခဲ့သည်။
ထို့နောင် တွင်းနက်ကနေ တစ္ဆေမီးတောက်များနှင့် တောက်လောင်နေသည့် လက်မည်းကြီးတစ်ခုထွက်လာပြီး မိုးကြိုးနဂါးကို ကိုင်လိုက်၏။
နဂါးက နာကျင်စွာအော်ဟစ်ရင်း နောက်အခိုက်အတန့်၌ လက်မည်းကြီး၏ အပိုင်းပိုင်းအစစချေမွဖျက်ဆီးခြင်းကို ခံရသည်။
တု၀မ်ဟန် မြေပေါ်၌ဒူးထောက်ပြီး သူ့၏ မောက်မာသည့်ခေါင်းကို ငုံ့လိုက်သည်။
"တစ္ဆေဘုရင်ကို နှုတ်ဆက်ပါတယ်"
တွင်းနက်ထဲတွင် လက်မည်းကြီးက တဖြည်းဖြည်းကျုံ့သွားပြီး မုဖူရှန်းနှင့် ကျန်သောသူများ၏ လေးနက်နေသည့် အကြည့်များအောက်တွင် အဖိုးအိုတစ်ဦး ဖြည်းညင်းစွာ ဆင်းသက်လာခဲ့သည်။
အပိုင်း(1041) coming။