#ဉာဏ်ကြီးရှင်၊ လုချန်ရှန်းဒေါသထွက်ခြင်း#
Vol. 74 Ch. 1041
ညတာယံကဆင်းသက်လာပြီး တိမ်မည်းများက ကြယ်နှင့်လရောင်ကို ဖုံးထားသည်။
အေးစက်သည့်လေပြင်းက တဟူးဟူးမြည်ဟီးနေစဉ် တစ္ဆေဘုရင်၏ ရောက်လာမှုကို ကြိုဆိုနေသည့်အလား ဟိန်းသံတစ်ခုကို ထုတ်လွှတ်သည်။
တစ္ဆေဘုရင် လေထဲတွင် တိတ်တဆိတ် လွင့်မြောနေပြီး အဆုံးမဲ့အမှောင်ထုစွမ်းအားကို ဆောင်ကြဉ်းနေသည်။ ပတ်ပတ်လည်က လေထုက ထိတွေ့နိုင်သည့်အရိပ်တစ်ခု ဒီလေဟာနယ်ကို လွှမ်းခြုံပစ်သည့်အလား လေးလံကာ ငြိမ်သက်လာသည်။
အအေးဓာတ်က လူတစ်ယောက်၏ နှလုံးကိုပင် ထိခိုက်စေပြီး အလိုအလျောက် အကြောက်တရားကိုပင် ခံစားရစေသည်။
တစ္ဆေဘုရင်!
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ခေါင်းမော့ကာ ထိုလူအားကြည့်လိုက်ကြ၏။
တစ်ဘက်လူက မလှုပ်မယှက် လေထဲတွင် ရပ်နေသည်။ သူတို့အား တိတ်ဆိတ်စွာ ကြည့်နေရုံမျှနှင့် တစ္ဆေတစ်သောင်းခန့် သူတို့ထံ ပြေး၀င်လာနေသည်ဟု ယဲ့ချိုးပိုင်တို့ကို ခံစားရစေသည်။
၎င်းကသူတို့ကို၀န်းရံနေပြီး လက်ချောင်းလေးတစ်ချောင်းကိုပင် မလှုပ်ရှားနိုင်စေရန် လုပ်ဆောင်နေသည်။
နတ်သခင်နယ်ပယ်!
မုဖူရှန်း၏ လှုပ်ရှားမှုပင်လျှင် အင်မတန်ခက်ခဲလာသည်။ ဒါက နတ်သခင်နယ်ပယ် အစောပိုင်းအဆင့်က ဆောင်ကြဉ်းပေးနိုင်သည့် ဖိအားတစ်ခုမဟုတ်တော့ပါ။
အနည်းဆုံးတော့ သူက နတ်သခင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိပေလိမ့်မည်။
တိမ်အိပ်မက်ရွှံ့ဗွက်အိုင် အတွင်းဘက်နှင့် အပြင်ဘက်ရှိ အင်အားစုအားလုံး၏ ခေါင်းဆောင်များက မှောင်မိုက်သည့် ကောင်းကင်အောင်၌ အဖိုးအိုတိတ်တဆိတ် ရပ်နေတာကို လေးနက်သည့် အမူအရာများနှင့် ကြည့်နေကြ၏။
"အဆင့်မြင့်ကြယ်နယ်မြေက နတ်သခင်အဆင့်အင်အားစုခုနှစ်စုထဲမှာ ဒီလိုနတ်သခင်တည်ရှိမှုမျိုးရှိလား"
"မရှိဘူး၊ နတ်သခင်အဆင့်ဂိုဏ်းခှနှစ်ဂိုဏ်းအပြင် ဒီကမ္ဘာကြီးထဲမှာ တကယ်ပဲဒီလို အထွပ်အထိပ်အဆင့် တည်ရှိမှုတွေ ရှိနေသေူတာပဲ"
"ဒါပေမယ့် တခြားလောကက ကျွမ်းကျင်သူအနည်းငယ်ကတော့ အမြဲရှိမှာပဲလေ"
"ဘာလို့ ဒီလိုကျွမ်းကျင်သူတစ်ယောက်က တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ကို ရောက်လာရတာလဲ၊ ဒီနေရာမှာ သူ့ကိုဆွဲဆောင်နိုင်တဲ့ ဘယ်အရာမှ မရှိပါဘူး"
မည်သူမှ အဖိုးအို၏ကိုယ်ပိုင်လက္ခဏာကို မသိကြပါ။
ဒီအခိုက်အတန့်၌ တိမ်အိပ်မက်ရွှံ့ဗွက်အိုင်ထဲတွင် ရွှံ့နွံသခင်ကြီး၏ ဧရာမခေါင်းကိုးလုံးက အဖိုးအိုကို စူးစိုက်ကြည့်နေပြီး ကမ္ဘာတုန်လှုပ်ဖွယ်ရာ ဟိန်းသံတစ်ခုကို ထုတ်လွှတ်သည်။
ဒီဟိန်းသံက ကောင်းကင်တစ်ခုလုံး ပြိုကျပျက်စီးတော့မည့်အလား မိုးနှင့်မြေကို တုန်ခါစေသည်။
"တစ္ဆေဘုရင်"
တစ္ဆေဘုရင်ဟုခေါ်သည့် အဖိုးအိုက ရွှံ့နွံသခင်ကြီးကို ထူးမခြားနားစွာကြည့်သည်။
"ရှန်းလျို၊ မင်းဘယ်လိုပဲခုခံပါစေ အသုံးမ၀င်ဘူး၊ မင်းနှစ်သောင်းချီကြာ တစ္ဆေမီးတောက်အစီအရင်ရဲ့ တိုက်စားခြင်းကို ခံရပြီးပါပြီ၊ မင်းငါ့တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘူးဆိုတာ ငါယုံကြည်တယ်"
"ဒါပေမယ့် နည်းနည်းပိုကြာကြာစောင့်တာက ပိုကောင်းတယ်၊ ဒီပုရွက်ဆိတ်လေးတွေကို ကိုင်တွယ်ပြီးတဲ့အခါကျရင် ငါမင်းရဲ့မှော်ရုပ်ကလာပ်စည်းဗဟိုချက်ကို လာယူမယ်"
ထို့နောက် သူမုဖူရှန်းနှင့် ကျန်သောသူများကို လှမ်းကြည့်လိုက်၏။
ဒါဘယ်လိုမျက်လုံးများနည်း။
သူ့မျက်လုံးထဲတွင် တစ္ဆေရာချီက ချီတက်နေပြီး တစ္ဆေတစ်သောင်းက အော်ဟစ်နေသည့်အသွင်။
အကြည့်တစ်ချက်တည်းနှင့် မုဖူရှန်းနှင့် ကျန်သုံးယောက်မှာ ငရဲထဲတွင် အထပ်ထက်ပိတ်မိသွားပြီး သူတို့၏ခန္ဓာများနှင့် ဝိဉာဉ်များက မရေမတွက်နိုင်လောက်သည့် မိစ္ဆာဝိဉာဉ်များ၏ စားသောက်ခြင်းကို ခံရသည်။
"မင်းတို့က လူရိုင်းဒေသကလား"
ထိုအချိန်က မိစ္ဆာမျိုးနွယ်စုက တစ္ဆေကလန်၏ အင်အားကြီးပုဂ္ဂိုလ်ကို ဆင်းသက်လာစေရန်အတွက် ဓမ္မခန္ဓာကို ဖိတ်ခေါ်ရန် ချိပ်ပိတ်နည်းကိုသုံးခဲ့သည်။
"တစ္ဆေကလန်ရဲ့ ကြီးကျယ်တဲ့မဟာအစီအစဉ်ကို မင်းတို့ဘာကြောင့် တားချင်နေကြသလဲဆိုတာ ငါဂရုမစိုက်ဘူး" တစ္ဆေဘုရင်တည်ငြိမ်စွာပြောသည်။
"အဲဒီလူကိုခေါ်လိုက်၊ ငါသူ့ကိုလည်း အတူတကွကိုင်တွယ်မယ်"
တစ္ဆေဘုရင်ပြောဆိုနေသည့် ထိုလူဆိုတာကို ယဲ့ချိုးပိုင်တို့သိကြပါသည်။
ထိုလူက သူတို့ဆရာလုချန်ရှန်းပေတည်း။
တစ္ဆေဘုရင်၏ ဖိနှိပ်မှုအောက်တွင် မုဖူရှန်းစကားပြောနိုင်ရုံမျှသာ တတ်နိုင်သည်။
"ခင်ဗျားသေချာလား"
သူမေးလိုက်သော်လည်း မုဖူရှန်း ကျောက်စိမ်းဆွဲသီးကို ချေမွလိုက်ပြီဖြစ်သည်။
တစ္ဆေဘုရင်နှာခေါင်းရှုံ့သည်။
"ဘာလို့လဲ၊ အရင်က ငါဓမ္မခန္ဓာနဲ့ ဆင်းသက်လာခဲ့ရပြီး ငါ့ခွန်အားနဲ့ ၁၀ရာခိုင်နှုန်းပဲရှိခဲ့တယ်၊ အခုငါ့တကယ်ခန္ဓာက ဒီမှာရှိနေပြီဆိုတော့ အဲဒီဂျူနှယာလေးကို မကိုင်တွယ်နိုင်ဘူးထင်တာလား"
ရုတ်တရက် လေပြေလေညင်းတစ်ချက် ဖြတ်သန်းသွား၏။
ကောင်းကင်ကိုဖုံးလွှမ်းနေသည့် တိမ်မည်းအလွှာက ဒီအချိန်မှာပင် လွင့်မြောသွားပြီး မြူခိုးများက တွန်းဖယ်ပစ်ကာ လကို ပြန်မြင်ရစေသည်။
တောက်ပသည့် လရောင်က ရွှံ့နွံပေါ်၌ လင်းလက်နေသည်။
ဒါကိုမြင်သော် တစ္ဆေဘုရင်ထိတ်လန့်သွား၏။ သူ့ကိုယ်ခန္ဓာက အလျင်အမြန် တင်းကြပ်လာပြီး တစ္ဆေအော်ရာက ပေါက်ကွဲသွားခဲ့သည်။
"ဘယ်သူ့ကို ကိုင်တွယ်နိုင်တာလဲ"
အသံကျဆင်းလာသည်နှင့် ပုံရိပ်တစ်ရိပ်က မုဖူရှန်းနှင့်ကျန်သောသူများရှေ့တွင် ဆင်းသက်လာသည်။
သူ့ဆံပင်ရှည်များက လေထဲတွင် တလူလူလွင့်မြောနေသည်။
၀တ်စုံဖြူက လေနှင့်အတူ ကခုန်နေသည့်အလား ညင်သာစွာလွင့်မြောနေ၏။ ၀တ်စုံပေါ်က ခမ်းနားသည့်ပုံစံကွက်များက အင်မော်တယ်စွမ်းအင်ကနေ သိပ်သည်းထားသည့်အလား မှိန်ဖျော့သည့်အလင်းနှင့်အတူ တောက်ပနေသည်။
သူ့မျက်ခုံးများက လခြမ်းပမာ ကွေးကောက်နေပြီး သူ့မျက်လုံးများက ကြယ်ရောင်နှင့်ပြည့်နှက်နေသည်။
တစ္ဆေဘုရင် ဒီလူကိုကြည့်ပြီး ထိတ်လန့်နေသည့် အမူအရာကို ပြသပြီးနောက်တွင် အေးစက်စွာ နှာခေါင်းရှုံ့သည်။
"မင်းငါ့ကို အထင်သေးနေတာပဲ၊ ဒီလိုဓမ္မခန္ဓာလေးနဲ့ ဆင်းသက်လာတာလား"
ထိုလူက လုချန်ရှန်းဖြစ်သည်။
လုချန်ရှန်းရယ်မောသည်။
"ခင်ဗျား မြေအောက်ကမ္ဘာကို ဓမ္မခန္ဓာနဲ့ လာတုန်းက ကျုပ်ခင်ဗျားကိုသတ်ခဲ့တယ်၊ အခုခင်ဗျားကို ထပ်ကိုင်တွယ်ဖို့အတွက် ကျုပ်ရဲ့ဓမ္မခန္ဓာကိုသုံးမယ်"
"ခင်ဗျားရဲ့ဝိဉာဉ်က မြေအောက်ကမ္ဘာကိုတောင် မ၀င်နိုင်စေရဘူး...."
လုချန်ရှန်း မုဖူရှန်းနှင့် ကျန်သောသူများထံ အသံပို့လိုက်သည်။
"မင်းတို့ ကျွမ်းကျင်သူတစ်ယောက်ကို ထပ်ပြီးရန်စစော်ကားမိတာကို မပြောနဲ့ဦး၊ မင်းတို့ပြဿာနာရှာတဲ့အခါ ငါ့ကိုကြိုပြောပြီး ပြင်ဆင်ခွင့်ပေးလို့ရမလား"
"ငါ့အစစ်အမှန်ခန္ဓာဆင်းသက်လာတဲ့အခါကျရင် သူတို့ကိုကိုင်တွယ်တဲ့အခါ ငါပိုပြီး ယုံကြည်မှုရှိလာမယ်၊ ငါ့ဓမ္မခန္ဓာ(ကိုယ်ပွား)က သူ့ကိုမကိုင်တွယ်နိုင်ရင်ရော"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအားကိုးရာမဲ့စွာ ပြုံးလိုက်ကြသည်။
အခုလေးတင် ဆရာ့ရဲ့စကားလုံးတွေက အရမ်းလွှမ်းမိုးနေတာလေ၊ ဘာလို့ အခု အစစ်အမှန်ပုံစံကို ဖော်ပြနေရတာလဲ!
"ဟားဟားဟား၊ ဒါက ဒီဘုရင်ကြားဖူးသမျှထဲမှာ စိတ်အ၀င်စားစရာအကောင်းဆုံးဟာသပဲ" တစ္ဆေဘုရင်ရယ်မောသည်။
"မင်းက နည်းနည်းမောက်မာသားပဲ၊ အခုဒီဘုရင်ရဲ့ အစစ်အမှန်ခန္ဓာ ဆင်းသက်လာပြီဆိုတော့ မင်းရဲ့ရန်သူကို ဓမ္မခန္ဓာနဲ့ပဲ ဖော်ပြရဲတာလား၊ ဒီဘုရင်မင်းကိုသတ်ပြီး တစ္ဆေတစ်သောင်းရဲ့နာကျင်မှုအရဿာကို မြည်စမ်းခွင့်ပေးမှာကို မင်းကြောက်နေလို့လား"
လုချန်ရှန်းသူ့ကို လျစ်လျူရှုထားပြီး ယင်းအစား ဖန်ချန်းကို လေးနက်စွာကြည့်သည်။
ဖန်ချန်း ရှန်းလျိုသူ့ကို ပြောခဲ့တာကို ထပ်မံပြောပြလိုက်သည်။
လုချန်ရှန်းပို၍နားထောင်လာလေလေ၊ သူ့မျက်နှာက ပို၍လေးနက်လာလေလေပင်။
ဒါက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအဖို့ သူတို့ဆရာ ဒီလိုလေးနက်သည့်အမူအရာတစ်ခုကို ပထမဆုံးမြင်ဖူးခြင်းပေတည်း။
နှစ်တစ်သောင်းအကြာက တစ်စုံတစ်ယောက်က ရှောင်ဟိုင်ဒီကိုလာပြီး ရွှံ့နွံသခင်ကြီးရှန်းလျိုကို ကယ်တင်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။
သို့စေကာမူ ရှန်းလျိုက နတ်သခင်အဆင့်မှော်သားရဲတစ်ကောင်သာဖြစ်သည်။
ဒီလိုဆိုပါက တစ်ဘက်လူက ရှောင်ဟိုင် သူ့ကိုကယ်တင်နိုင်သည်ဟု ကောက်ချက်ချခဲ့လေသနည်း။
လုချန်ရှန်းတွင် ကြောက်စရာကောင်းသည့် မှန်းဆချက်တစ်ခုရှိနေခဲ့သည်။
တစ်ဘက်လူက ငါ့ကိုပါ ထည့်သွင်းခဲ့တာများလား!
ဒါကိုတွေးမိသော် လုချန်ရှန်း၏ အမူအရာက ဆက်တိုက်ပြောင်းလဲနေသည်။
ဒီလိုဆိုရင် အဲဒီလူက အတိအကျဘယ်သူလဲ!
အဲဒီတုန်းက ငါဒီကမ္ဘာကြီးထဲကို မလာသေးဘူးမလား!
သူဒါကို ဘယ်လိုကြိုတင်ဟောကိန်းထုတ်နိုင်ရတာလဲ!
တစ္ဆေကလန်ကရော!
တစ္ဆေကလန်က ဘယ်လိုစစ်တုရင်အရုပ်အမျိုးအစားအဖြစ် ပြုမူနေတာလဲ!
ဒီတဒင်္ဂ၌ သူ့ကိုနောက်ကနေ တွန်းနေသည့် လက်ကြီးတစ်ခုရှိနေသည်ဟု လုချန်ရှန်း နောက်ဆုံးတော့ ခံစားလာရသည်။
တစ်ဘက်လူက သူ့ကို ပုံစံထုတ်ထားသည့် လမ်းကြောင်းအတိုင်း လိုက်စေချင်သည်။
ဒီထဲတွင် သံသယဖြစ်စရာအချက်များစွာရှိနေသည်။
အကြည့်တစ်ချက်တည်းနှင့် လုချန်ရှန်း မြူခိုးတစ်ခုထဲတွင် ရှိနေသည့်ပမာ ခံစားနေရသည်။
ဒါက သူ့ကိုထိတ်လန့်နေသည်။
သူ့ကိုထိတ်လန့်စေသလို တစ်ချိန်တည်းမှာပင် တခြားသူများအားမဟုတ်ဘဲ သူ့ကိုယ်သူ ပို၍ ဒေါသထွက်လာသည်။
သူကျင့်ကြံခြင်းက မလုံလောက်သေးပါ။
သူ့ကျင့်ကြံခြင်းအဆင့်က လုံလောက်အောင် မမြင့်မားသေးပါ။
သူကမ္ဘာကြီးကို ကျော်လွန်နိုင်ပြီး တခြားသူများ၏ သက်ရောက်ခြင်းကို မခံရသည့် နယ်ပယ်တစ်ခုကို မရောက်နိုင်သေးပါ။
သို့သော် လုချန်ရှန်းတစ်ခုခုလွတ်သွားခဲ့သည်။
ထိုအချိန်က သူဒီကမ္ဘာကြီးထဲကို မလာသေးပါ။
ထို့ကြောင့် ဘယ်ကျင့်ကြံခြင်းနယ်ပယ်အကြောင်း ပြောရမည်နည်း။
ဒီအခိုက်အတန့်၌ လုချန်ရှန်း တစ္ဆေဘုရင်ကို အာရုံမစိုက်တာကို မြင်သောအခါ တု၀မ်ဟန်အော်ဟစ်သည်။
"တစ္ဆေဘုရင်ပြောတာကို မင်းမကြားဘူးလား"
လုချန်ရှန်းလှည့်ပြီးနောက် သူ့မျက်လုံးများက အားကိုးရာမဲ့မှုနှင့် ဒေါသများဖြင့် ပြည့်နှက်နေသည်။
ထို့နောက် သူရုတ်တရက် တု၀မ်ဟန်ကို ရိုက်ချလိုက်သည်။
မရေမတွက်နိုင်လောက်သည့် နိယာမတာအိုများက ဒီတဒင်္ဂ၌ အဆက်မပြတ်ဖိသိပ်ခံရပြီး နိယာမတောင်ကြီးတစ်ခုအဖြစ် ပြောင်းကာ တု၀မ်ဟန်အား ဖိနှိပ်ပစ်သည်။
ရှင်ခြင်းအော်ရာနှင့် ဝိဉာဉ်အတက်အကျများက လုံး၀ပျောက်ကွယ်သွားခဲ့သည်။
လုချန်ရှန်းအတော်လေးဒေါသထွက်နေသည်။
ပုံမှန်အားဖြင့် အရမ်းကြီးဒေါသမထွက်တတ်သည့် လူတစ်ယောက် ရုတ်တရက် ဒေါသထွက်လာသောအခါ အကျိုးဆက်များက အရမ်းပြင်းထန်တတ်သည်။
အပိုင်း(1042) coming။