#စိတ်ဝိဉာဉ်ချည်နှောင်ခြင်း၊ ရုပ်သေးရုပ်#
Vol. 74 Ch. 1042
လက်ဖဝါးတစ်ချက်တည်းက နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ရိုက်ချေမှုန်းပစ်သည်။
တစ္ဆေဘုရင်ကို ပိုပြီးထိတ်လန့်စေတာက လုချန်ရှန်း၏ တိုက်ခိုက်မှုက ခုခံ၍မရနိုင်ဟု သူခံစားနေရခြင်းပင်။
ဒီလက်ဖဝါးချက်တွင် ဒီကမ္ဘာကြီးရှိ နိယာမစွမ်းအားအားလုံးကို သိပ်သည်းထားပုံရပြီး ဖိနှိပ်မှုပုံစံတစ်ခုအဖြစ် ကျုံ့ထားသည်။
အစကနေ အဆုံးထိ ဒီလိုကြောက်စရာကောင်းလွန်းသည့် တိုက်ခိုက်ရေးနည်းလမ်းမျိုးကို တစ္ဆေဘုရင်တစ်ခါမှ မကြားဖူးသလို အရင်က တစ်ခါမှ မြင်ခဲ့ဖူးခြင်းလည်းမရှိပါ။
ဒါက တစ္ဆေဘုရင်အတွက် ကြောက်စရာအကောင်းဆုံးအရာမဟုတ်သေး။
တစ်ဘက်လူက ဒါကို ကိုယ်ပွားလေးတစ်ခုတည်းနှင့် လုပ်နိုင်ပေသည်။
ဒါကပင် အကယ်၍ တစ်ဘက်လူကသာ အစစ်အမှန်ခန္ဓာနှင့် ဆင်းသက်လာပါက တစ္ဆေဘုရင်က သေချာပေါက် သူ့ပြိုင်ဘက်မဟုတ်တာကို ပြသရန် လုံလောက်နေလေပြီ။
"မင်းအဲဒီဒဏ္ဍာရီဆန်တဲ့နယ်ပယ်ကို ရောက်နေပြီလား"
တစ္ဆေဘုရင်နောက်ဆုံးတော့ တည်ငြိမ်ကာ ထူးမခြားနားသည့် အမူအရာကို စွန့်လွှတ်ပြီး ထိတ်လန့်မှုနှင့် ကြောက်စိတ်အပြည့် အမူအရာက အစားထိုး၀င်လာကာ သူ့မျက်သူငယ်အိမ်များက တုန်ယင်နေသည်။
ထိုဒဏ္ဍာရီဆန်သောနယ်ပယ်ဟူသည် နတ်သခင်နယ်ပယ်အထက်က အစစ်အမှန်နတ်ဘုရားနယ်ပယ်ဖြစ်သည်။
ဒီလိုဆိုပါက လုချန်ရှန်းကို ခုခံရင်ဆိုင်ရာ၌ သူ့တွင် အခွင့်အလမ်းမရှိပါ။
ဒါကိုတွေးမိသောအခါ တစ္ဆေဘုရင်နောက်လှည့်ပြီး ထွက်ပြေးချင်သည်။
လုချန်ရှန်း၏ ကိုယ်ပွားကို သူအနိုင်ယူနိုင်မည်ကို မဆိုထားနဲ့၊ သူအနိုင်ယူနိုင်လျှင်ပင် လုချန်ရှန်း၏ အစစ်အမှန်ခန္ဓာရောက်လာသောအခါ သူအသက်ရှင်နိုင်မည်မဟုတ်။
သို့စေကာမူ လုချန်ရှန်း ကျားကို တောင်ပေါ်ပြန်သွားခွင့်ပေးမည်လား။
လုချန်ရှန်း လက်ကိုဆန့်ထုတ်လိုက်ပြီး လေထဲတွင် ဆုပ်လိုက်သည်။
ရုတ်ချည်းဆိုသလို တစ္ဆေဘုရင်၀န်းကျင်က လေဟာနယ်က ထူးဆန်းသည့်ပုံပျက်မှုတစ်ခုထဲ ကျဆင်းသွားသည်။
လုချန်ရှန်း၏ လက်ဖဝါးက အရာရာတိုင်းကို ဝါးမြိုနိုင်သည့်အသွင်။ ၎င်းက ကမ္ဘာကြီးထဲက အရာတိုင်းကို ပြောင်းပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုကို ထုတ်လွှတ်သည်။
တစ္ဆေဘုရင်၏ အမူအရာက အတော်လေးထိတ်လန့်နေပြီး စွမ်းအားမဲ့နေသည်။ သူအစွမ်းကုန်ရုန်းကန်သည်။ မရေမတွက်နိုင်လောက်သည့်တစ္ဆေများက ပတ်၀န်းကျင်၌ ပေါ်လာပြီး သူ့၀န်းကျင်က မမြင်ရသည့် အချုပ်အနှောင်များကို ဝါးမြိုချင်နေကြသည်။
တစ္ဆေတစ်ရာစစ်ရေးပြညတာ!
သို့စေကာမူ သူပို၍ရုန်းကန်လေလေ၊ ချည်နှောင်ထားသည့်အားက ပို၍အားကောင်းလာလေလေဖြစ်သည်။ သံကြိုးများက သူ့ကိုယ်ခန္ဓာကို ချည်နှောင်ထားသည့်အသွင်။
သူ့အသက်ရှူသံက မြန်လာသလို နှလုံးခုန်သံကလည်း ပို၍ပင်မြန်ဆန်လာပြီး သူ့နှလုံးသားထဲက စိတ်ပျက်အားငယ်မှုက မျက်နှာပေါ်၌ တဖြည်းဖြည်းပေါ်လာသည်။
တစ္ဆေဘုရင် တဖြည်းဖြည်းရုန်းကန်နေတာကို ရပ်ပြီး လုချန်ရှန်းအားကြည့်ကာ မေးသည်။
"မင်းဘာလိုချင်တာလဲ"
တစ်ဘက်လူက သူ့ကိုချက်ချင်းမသတ်ဘဲ ထွက်ပြေးခြင်းကနေ တားဆီးကာကွယ်ရန်အတွင် သူ့လှုပ်ရှားမှုများကိုသာ ထိန်းချုပ်ထားလေရာ တစ်ဘက်လူတွင် လိုအပ်ချက်များရှိနေသည်မှာ ရှင်းနေသည်။
သူ့တွင် လိုချင်နေတာတစ်ခုခုရှိနေသည်။
လုချန်ရှန်း တစ္ဆေဘုရင်ကိုကြည့်ပြီး ထူးမခြားနားစွာမေးသည်။
"ခင်ဗျားရဲ့ရည်ရွယ်ချက်က အတိအကျဘာလဲ၊ ခင်ဗျားဘာလို့ ရွှံ့နွံသခင်ကြီးရဲ့ မှော်ရုပ်ကလာပ်စည်းဗဟိုချက်ကို လိုနေတာလဲ၊ တစ်ဘက်လူရဲ့ခွန်အားကို ဆုတ်ယုတ်စေဖို့အတွက် ခင်ဗျားဘာကြောင့် နှစ်သောင်းချီ ကုန်ဆုံးစေဖို့ ဆန္ဒရှိတာလဲ"
အရာရာတိုင်းက ဒီကနေစခဲ့လေရာ တစ္ဆေဘုရင်က တစ်ခုခုတော့သိသင့်ပေသည်။
တစ္ဆေဘုရင်၏ အမူအရာက အေးခဲသွား၏။
"မင်းမေးခွန်းကို ငါဖြေပေးနိုင်တယ်၊ ဒါပေမယ့် မင်းငါ့ကိုလွှတ်ပေးရမယ်"
"ခင်ဗျားမှာ ညှိနှိုင်းဖို့ အခွင့်အရေးမရှိဘူး" လုချန်ရှန်းအေးစက်စွာပြောသည်။
ဒါကိုကြားသော် တစ္ဆေဘုရင်ရယ်မောသည်။
အချည်ခံထားရပြီး လွတ်မြောက်ရန်အတွက် အခွင့်အရေးမရှိတော့လေရာ တစ္ဆေဘုရင်၏ စိတ်အခြေအနေက ပို၍ပင် တည်ငြိမ်လာသည်။
သူသေရမည်ကို ကြောက်သော်လည်း တိကျသည့် သေခြင်းတရားကို ရင်ဆိုင်ရသောအခါ တစ်ဘက်လူကို တောင်းဆိုချက်ကို ဖြည့်ဆည်းပြီး တစ်ဘက်လူကို ပျော်အောင် လုပ်မည့်အစား သူဂုဏ်သရေရှိရှိနှင့် သေရန် သို့မဟုတ် အသတ်ခံရမည်ကိုသာ ရွေးချယ်မည်ဖြစ်သည်။
မည်သူကမှ နောက်က အရာကို ရွေးမည်မဟုတ်တာ ရှင်းနေသည်။
"မင်းငါ့ကိုသတ်တော့မှာလေ၊ ဒါတောင် မင်းမေးခွန်းတွေကို ဖြေစေချင်တာလား"
"ဒီလိုဆိုမှတော့ ငါ့ကိုသတ်လိုက်" တစ္ဆေဘုရင် လုချန်ရှမ်းကို စိုက်ကြည့်သည်။
"မင်းငါ့ကိုသွားခွင့်မပေးဘူးဆိုရင် မင်းလိုချင်တဲ့အဖြေကို ငါပြောမှာမဟုတ်ဘူး"
လုချန်ရှန်းပြုံးသည်။
"ကျုပ်ခင်ဗျားကိုမေးရတာက ခင်ဗျားဝိဉာဉ်ကို ကာကွယ်ပေးချင်လို့ပဲ၊ ခင်ဗျားမဖြေချင်ဘူးဆိုမှတော့ ကျုပ်လုပ်ရတော့မှာပေါ့"
ထို့နောက် တစ္ဆေဘုရင်၏ ထိတ်လန့်သည့် အကြည့်အောက်တွင် လုချန်ရှန်း၏ ကိုယ်ပွားက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ထို့နောက် ကျောက်စိမ်းကဲ့သို့ အဖြူရောင်လက်တစ်ဖက်က သူ့ခေါင်းပေါ် ကျလာသည်။
လုချန်ရှန်း စိတ်ဝိဉာဉ်ရှာဖွေမှုတစ်ခုလုပိချင်တာကို တစ္ဆေဘုရင်ချက်ချင်းသဘောပေါက်သွားသည်။
"ငါမင်းကို ဘယ်လိုလုပ် ဒီလိုလွယ်လွယ်နဲ့ ရခွင့်ပေးနိုင်မှာလဲ"
တစ္ဆေဘုရင်အံကြိတ်ပြီး ခက်ခဲသည့်ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။
မရေမတွက်နိုင်လောက်သည့်တစ္ဆေများက တစ္ဆေဘုရင်၏ အသိစိတ်ပင်လယ်အတွင်း စတင်အဓိကရုဏ်းဖြစ်လာသည်။
ထိုတစ္ဆေများက သူ့အသိစိတ်ပင်လယ်ထဲက အရာရာတိုင်းကို စားသုံးနေကြသည်။
တစ္ဆေဘုရင် သူ့ဝိဉာဉ်အပါအ၀င် အသိစိတ်ပင်လယ်ကို ဖျက်ဆီးလိုခြင်းပင်။
ဒါကို လုချန်ရှန်း၏ စိတ်ဝိဉာဉ်ရှာဖွေမှုကို တားဆီးရန်လည်းဖြစ်သည်။
သို့စေကာမူ ဘာကြောင့်သူ့ဝိဉာဉ်ကို တိုက်ရိုက်မဖောက်ခွဲရလေသနည်း။ ဒါက ပိုမြန်သည်မဟုတ်ပေလော။
ဒါက တစ္ဆေဘုရင်၏ အထူးနည်းလမ်းတစ်ခုပင်။ သူပျိုးထောင်ခဲ့သည့်တစ္ဆေများကို ဝိဉာဉ်များအား ဝါးမြိုရန်အတွက် သူသုံးခဲ့သည်။ တစ်ချက်တည်းမှာပင် သူတို့က သေဆုံးပြီးသားဖြစ်သဖြင့် ဝိဉာဉ်များက ပျောက်ကွယ်သွားကြပေလိမ့်မည်။
သို့စေကာမူ တစ္ဆေများက ဝါးမြိုထားသည့်ဝိဉာဉ်ကို ပြန်လည်စုစည်းနိုင်သည်။ ထိုအချိန်တွင် ပြန်လည်မွေးဖွားလာရန်အတွက် ဒါကို ပိုင်ဆိုင်ရန်သာ လိုအပ်သည်။
သို့သော် သူပေးဆပ်ရမည့်တန်ဖိုးက အတော်လေးကြီးမားသည်။
လုချန်ရှန်းအမူအရာကင်းမဲ့နေသည်။
မိုးကြိုးတာအိုနိယာမစွမ်းအားက သူ့လက်ဖဝါးပေါ်၌ ပေါ်လာခဲ့သည်။
မိုးကြိုးတာအိုနိယာမစွမ်းအားက တစ္ဆေဘုရင်၏ အသိစိတ်ပင်လယ်ထဲသို့ နဂါးလေးတစ်ကောင်ပမာ ၀င်သွားခဲ့သည်။ ထို့နောက် ဓားသေးသေးလေးတစ်လက်အဖြစ် တဖြည်းဖြည်းသိပ်သည်းသွားပြီး တောက်ပသည့်လျှပ်စီးနှင့် လင်း၀င်းနေကာ အသိစိတ်ပင်လယ်ကနေ ပျောက်ကွယ်သွား၏။
အသိစိတ်ပင်လယ်ကို စားသုံးနေကြသည့် တစ္ဆေများအတွက်မူ မိုးကြိုးအမျှင်စတစ်စက ၎င်းတို့၏ ဝိဉာဉ်ခန္ဓာများတွင် ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။
မိုးကြိုးဓားလေးပြန်ပေါ်လာသောအခါ တစ္ဆေအားလုံးလည်း ပျောက်ကွယ်သွားကြလေပြီ။
တစ်ချိန်တည်းမှာပင် ဒါက တစ္ဆေဘုရင်၏ အသိစိတ်ပင်လယ်ကို မထိခိုက်ခဲ့ပေ။
တစ္ဆေဘုရင်ကြက်သေသေနေစဉ် လုချန်ရှန်းလက်ညိုးကို လှုပ်ရှားလိုက်၏။
ကမ္ဘာကြီးထဲက အရာရာတိုင်းကို ချိတ်ပိတ်ထားပုံရသည့် သံကြိုးများက တစ္ဆေဘုရင်၏ ဝိဉာဉ်ကို ချည်နှောင်ပစ်သည်။
အော်ရာက ပိတ်ဆို့ခံရပြီး ဝိဉာဉ်စွမ်းအားကလည်း ပိတ်လှောင်ခံရသည်။
"စိတ်ဝိဉာဉ်ချည်နှောင်ခြင်း....." လုချန်ရှန်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။
ထို့ကြောင့် တစ္ဆေဘုရင်၏ ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် ဝိဉာဉ်ကို စားသုံးစေသည့် နည်းစနစ်အားလုံးက ဒီတဒင်္ဂမှာပင် သက်ရောက်မှုကို ဆုံးရှုံးသွားရသည်။
သူ့အခြေအနေကို ကိုယ်တိုင်ခံစားနိုင်သည့်အပေါ် တစ္ဆေဘုရင် စိတ်ပျက်သွားရသည်။
သေခြင်းရှင်ခြင်းကို မထိန်းချုပ်နိုင်တာထက် ပိုစိတ်ပျက်စရာကောင်းသည့်အရာ ဘာများရှိနိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ သူက နတ်သခင်နယ်ပယ်အထွတ်အထိပ်အဆင့်ဖြစ်သည်။
သူက အဆင့်မြင့်ကြယ်နယ်မြေတွင်ပင် နတ်သခင်နယ်ပယ်အထွတ်အထိပ်အဆင့် တည်ရှိမှုတစ်ခုဖြစ်သည်။
သို့စေကာမူ လုချန်ရှန်းရှေ့တွင် သူက ကြက်ပေါက်စလေးတစ်ကောင်ပမာ။
လုချန်ရှန်း သူ့ကိုကြိုက်သလိုသတ်နိုင်သလို အရှင်ထား၍လည်းရသည်။ သူ့တွင် ရွေးချယ်စရာမရှိ။
လုချန်ရှန်းဘာတစ်ခုမှမပြောဘဲ ဝိဉာဉ်စွမ်းအင်က တစ္ဆေဘုရင်၏ အသိစိတ်ပင်လယ်ထဲသို့ ထောပတ်အား ဖြတ်တောက်နေသည့် ပူပြင်းသည့်ဓားတစ်လက်ပမာ ၀င်သွားသည်။
သူတစ္ဆေဘုရင်၏ စိတ်ထဲက အချက်အလက်အားလုံးကို ရက်စက်စွာပင် ရှာဖွေခဲ့သည်။
ပိုကြည့်လေလေ ပိုခံစားမိလေလေဖြစ်သည့်အသွင် လုချန်ရှန်း၏ အမူအရာက ပိုပို၍လေးနက်လာသည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ သူတို့ဆရာ၏ အမူအရာကို အောက်ကနေ ကြည့်ရင်း အံ့ဩသင့်နေကြသည့် အမူအရာများကို ပြသကြသည်။
"ဆရာဘယ်တုန်းကများ ဒီလောက်ထိ အလေးအနက်ဖြစ်ဖူးလဲ" ရှောင်ဟိုင်မေးသည်။
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ငါ့ကို တပည့်အဖြစ် လက်ခံခဲ့ကတည်းက ဆရာဒီလို အမူအရာမျိုးကို ဖော်ပြတာကို ငါတစ်ခါမှ မမြင်ဖူးဘူး"
ဖန်ချန်းပြောသည်။
"ကျွန်တော့်အမြင်အရဆိုရင်တော့ ဆရာက ဘယ်အရာကမှ သူ့ကိုမနှောင့်ယှက်နိုင်သလို အမြဲလိုလိုအေးဆေးနေတာပဲ"
မုဖူရှန်းတိတ်ဆိတ်နေသည်။
သူ့စရိုက်က လုချန်ရှန်းနှင့် အနီးစပ်ဆုံးဖြစ်သည်။
လုချန်ရှန်း ကံကြမ္မာဆိုးကျိုးများ၌ မပါ၀င်မိစေရန်အတွက် အားထုတ်မှုများစွာ လုပ်ခဲ့ပြီး အတော်လေးသတိထားခဲ့သည်။
သို့သော် ယခုတွင်မူ သူ့ကိုနောက်ကနေ စိုက်ကြည့်နေသည့် မျက်လုံးတစ်လုံးရှိနေတာကို သူတွေ့လိုက်ရသည့်အသွင်။ သူ့အထက်တွင် မျော့လွင့်နေသည့် လက်တစ်ဖက်ရှိပြီး လက်ငါးချောင်းက မျဉ်းများကိုကိုင်ကာ သူ့ကို ထိန်းချုပ်နေသည်။
သူကကြိုးဆွဲရုပ်သေးရုပ်အလား!
အပိုင်း(1043) coming။