← Chapters

#‌ရှန်းလျိုနောက်လိုက်ခြင်း၊ မိုးမခပင်၏ စကားလုံးများ#

Vol. 74 Ch. 1043

#‌ရှန်းလျိုနောက်လိုက်ခြင်း၊ မိုးမခပင်၏ စကားလုံးများ#

Vol. 74 Ch. 1043

တစ္ဆေဘုရင်ဝိဉာဉ်ထဲတွင် ဉာဏ်ကြီးရှင်နှင့် ဆက်စပ်နေတာ ဘာတစ်ခုမှမရှိပါ။ သို့သော ဘာကြောင့် လုချန်ရှန်း ဒီလောက် အလေးအနက်ဖြစ်နေရလေသနည်း။ 

သူ့သတင်းစကားကနေ လုချန်ရှန်းနောက်ဆုံးတော့ မည်သည့်အတွက်ကြောင့် တစ္ဆေမျိုးနွယ်က အဆင့်မြင့်ကြယ်နယ်မြေ၌ တခြားအင်အားစုများ၏ ဖော်ထုတ်ခြင်းကို မခံရဘဲ နှစ်ထောင်ချီ ပုန်းကွယ်နေခဲ့ရသလဲဆိုတာကို နားလည်သဘောပေါက်လာရသည်။ 

မည်သည့်အတွက်ကြောင့် နယ်မြေအပြင်ဘက်က မိစ္ဆာများက နယ်မြေတစ်ခုကို အုပ်ချုပ်ချင်ရသနည်း။ 

မည်သည့်အတွက်ကြောင့် တစ္ဆေဘုရင်က ရွှံ့နွံသခင်ကြီး၏ မှော်ရုပ်ကလာပ်စည်းဗဟိုချက်ကို လိုအပ်ရသနည်း။ 

ဒီအကြောင်းရင်းအားလုံးက နတ်ဆိုးနယ်မြေကို ညွှန်ပြနေသည်။ 

တစ္ဆေကလန်က တကယ်တမ်းတွင် နတ်ဆိုးနယ်မြေက သေမျိုးကမ္ဘာတွင် စိုက်ပျိုးထားသည့် စစ်တုရင်ရုပ်တစ်ရုပ်ပေတည်း။ 

ရွှံ့နွံသခင်ကြီး၏ မှော်ရုပ်ကလာပ်စည်းဗဟိုချက်တွင် အင်မတန်ထူးခြားသည့် စွမ်းရည်တစ်ခုရှိသည်။ ဒါက အာကာသကို ပျော့ပျောင်းစေပြီး ဖိနှိပ်နိုင်ခြင်းပင်။ 

ရှန်းလျို၏ မှော်ရုပ်ကလာပ်စည်းဗဟိုချက်ကိုသာ သူရရှိနေသရွေ့ နတ်ဆိုးနယ်မေု၏ ချိုးဖျက်မှုနှင့် ဖိနှိပ်မှုကို အရှိန်တင်နိုင်မည်သာမက သေမျိုးနယ်မြေသို့ တိုက်ရိုက်လမ်းကြောင်းတစ်ခုဖွင့်နိုင်သည်။ 

အချိန်ကျလာသောအခါ နတ်ဆိုးနယ်မြေ စည်းတံဆိပ်ကို ချိုးဖျက်နိုင်ပါက သေမျိုးနယ်မြေကို တိုက်ရိုက်ကျူးကျော်မည်ဖြစ်သည်။ 

နယ်မြေပြင်ပက မိစ္ဆာကလန်များကမူ သေမျိုးနယ်မြေကို ဆန့်ကျင်တိုက်ခိုက်သည့် ရှေးတန်းတိုက်ပွဲတစ်ခုပမာဖြစ်ပြီး စမ်းသပ်မှုဖြစ်တစ်ခုဖြစ်ကာ သေမျိုးနယ်မြေကို ဖျက်ဆီးရန်အတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။ 

လုချန်ရှန်း အရင်ကကြားဖူးမြင်ဖူးသည့်အရာများနှင့် ဆက်စပ်ကြည့်သည်။ 

ဒီဉာဏ်ကြီးရှင်က နတ်ဆိုးနယ်မြေအတွက်လည်း အစီအစဉ်ချထားတာလား သို့မဟုတ် နတ်ဆိုးနယ်မြေက ဒီဉာဏ်ကြီးရှင်၏ စစ်တုရင်ရုပ်လား!

ဒီအကြောင်းတွေးတောမိသောအခါ သဲလွန်စအားလုံး အဆုံးသတ်သွားရသည်။ 

ဒါကလည်း လုချန်ရှန်း အတော်လေးပူပန်နေရသည့် အကြောင်းရင်းပင်။ 

လုချန်ရှန်း၏ ရက်စက်လှသည့် စိတ်ဝိဉာဉ်ရှာဖွေမှုအောက်တွင် တစ္ဆေဘုရင်၏ ဝိဉာဉ်က အညှာတာကင်းမဲ့စွာ ချေမွခံရပြီး ဝိဉာဉ်မဲ့အလောင်းတစ်ခုအဖြစ် ပြောင်းကာ ဘေထဲတွင် အားနည်းစွာကျဆင်းလာသည်။ 

လုချန်ရှန်း အလိုအလျောက် လက်ညိုးထိုးလိုက်စဉ် မီးတောက်တစ်ခုက တစ္ဆေဘုရင်၏ အလောင်းကို ချက်ချင်းလွှမ်းခြုံပစ်သည်။ 

ထို့နောက် လုချန်ရှန်း လက်ချောင်းကို ထပ်ပြီးမြှောက်လိုက်သောအခါ မိုးကြိုးက ကျဆင်းလာပြီး ပြာများပျောက်ကွယ်သွား၏။ 

ပထအအဆင့်က မီးသင်္ဂြိုဟ်ပစ်ခြင်းဖြစ်ပြီး ဒုတိယအဆင့်က ဖုန်မှုန့်များကို ပျောက်ကွယ်သွားစေခြင်းပင်။ 

ဒါကလုချန်ရှန်း၏ အလိုအလျောက်တုံ့ပြန်သည့် လုပ်ဆောင်မှုတစ်ခုဖြစ်လာသည်။ သူအရေးကြီးအရာများကို တွေးတောနေသောအခါတွင်ပင် သူခန္ဓာက ဒီလုပ်ဆောင်ချက်များကို အသိစိတ်က အလိုအလျောက်လုပ်ဆောင်နေသည်။ 

ရွှံ့နွံသခင်ကြီး၏ ခေါင်းကိုးခေါင်း၀န်းကျင်က တစ္ဆေမီးတောက်များကလည်း စတင်ပျောက်ကွယ်သွားသည်။ 

တစ္ဆေဘုရင်က အစီအရင်ကို ချမှတ်ထားသောသူဆိုတာ သိသာထင်ရှားနေသည်။ 

အစီအရင်ကိုချမှတ်ခဲ့သောသူ၏ ဝိဉာဉ်က ပျောက်ကွယ်သွားပြီး အစီအရင်ကို ဘယ်သူမှ မထိန်းချုပ်သောအခါ ရွှံ့နွံသခင်ကြီး ဒါကို အလွယ်တကူ ချိုးဖျက်နိုင်ပါသည်။ 

"ကျေးဇူးပါ" ရှန်းလျို ယဲ့ချိုးပိုင်နှင့် ကျန်သုံးယောက်ကို စိုက်ကြည့်ပြီးနောက် လုချန်ရှန်း၏ ကိုယ်ပွားကိုကြည့်သည်။ 

လုချန်ရှန်း ဒီအတွေးများကို ယာယီဖိနှိပ်ထားပြီး ရှန်းလျိုနှင့် ခေါင်းကိုးလုံးကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်နေသည်။ 

"ရှန်းလျိုလား"

ရှန်းလျို၏ခေါင်းကိုးလုံးက ခေါင်းညိတ်သည်။ 

"ဟုတ်ကဲ့ ကျွန်တော်ပါ၊ စီနီယာ ကျွန်တော့်ကို သိလို့လား"

လုချန်ရှန်းခေါင်းညိတ်သည်။ 

သူဘယ်လိုလုပ်မသိဘဲနေမည်နည်း။ 

ဒီမြွေတွင် ခေါင်းကိုးလုံးရှိပြီး မရေမတွက်နိုင်လောက်သည့်လူများကို စားသုံးနိုင်သည်။ ၎င်းသွားသောနေရာတိုင်းက ရွှံ့နွံတစ်ခုအဖြစ် ပြောင်းသွားရသည်။ 

ဒါက တောင်ပင်လယ်ဒဏ္ဍာရီ၌ ဖော်ပြထားသည့်အတိုင်း အတိအကျပင်။ နောက်ဆက်တွဲပုံရိပ်များကပင် အတူတူဖြစ်သည်။ 

ဒါက ကမ္ဘာမြေပေါ်က ရှေးဟောင်းဂန္တ၀င်နှင့်ဒဏ္ဍာရီထဲက ကြမ်းကြုတ်ရက်စက်တဲ့သားရဲမလား!

ဒါသာတိုက်ဆိုင်မှုတစ်ခုဟုပြောပါက လုချန်ရှန်းလုံး၀မယုံပေ။ 

ဒီကမ္ဘာထဲမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ်ရှိနိုင်မှာလဲ!

တောင်ပင်လယ်ဒဏ္ဍာရီစာအုပ်၏ စာရေးဆရာက ရှန်းလျိုကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့သည့်အလားပင်။ 

"သေစမ်း၊ ဘာလို့ပိုပိုပြီး ထူးဆန်းတဲ့အရာတွေ ရှိလာရတာလဲ"

လုချန်ရှန်း ကျိန်ဆဲလိုက်မိသည်။ 

လုချန်ရှန်း၏ ပုံမှန်မဟုတ်သည့် အပြုအမူကို ကြည့်ရင်း ယဲ့ချိုးပိုင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြ၏။ 

ရှန်းလျိုနားမလည်သော်လည်း သူ့၏ ဧရာမခန္ဓာကြီးကို လှုပ်ရှားသည်။ 

"ငါမင်းတို့ကို ကတိပေးထားတဲ့အတိုင်း လုပ်မှာပါ"

ထို့နောက် ရှန်းလျို၏ ဧရာမခန္ဓာကြီးက ဘယ်ဘက်ကို ရွေ့သွားသည်။ ဒီလှုပ်ရှားမှုနှင့်အတူ တိမ်အိပ်မက်ကြယ်ဒေသတစ်ခုလုံး တုန်ခါသွားပုံရပြီး ခန္ဓာအောက်တွင် အပေါက်တစ်ပေါက်ပေါ်လာခဲ့သည်။ 

အပေါက်ကို ကြည့်လိုက်စဉ် ရှောင်ဟိုင်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့ပြီး သွေးကြောစွမ်းအင်က အလိုအလျောက် စတင်ထိုးတက်လာခဲ့သည်။ 

"စိတ်ဝိဉာဉ်သုံးခုထဲမှာ တစ်ခုဒီမှာရှိတယ်"

ယဲ့ချိုးပိုင်ပြုံးရင်း ရှောင်ဟိုင့်ပခုံးကို ပုတ်သည်။ 

"အနည်းဆုံးတော့ ငါတို့အလဟာဿ လုပ်ခဲ့ကြတာမဟုတ်ဘူးဘဲ"

လုချန်ရှန်း ရှန်းလျိုကို ကြည့်သည်။ 

"မင်းတစ္ဆေကလန်အကြောင်းသိလား"

သို့စေကာမူ ရှန်းလျိုခေါင်းခါယမ်းသည်။ 

"သူတို့ ကျွန်တော့်ရဲ့မှော်ရုပ်ကလာပ်စည်းဗဟိုချက်ကို လိုချင်တာကိုပဲ ကျွန်တော်သိပါတယ်၊ သူတို့ဘာလုပ်ချင်သလဲဆိုတာကိုတော့ ကျွန်တော်လည်းမသိဘူး"

လုချန်ရှန်းတစ်ခဏမျှတွေးလိုက်သည်။ 

"မင်းငါ့နောက်လိုက်ချင်လား"

ဒီစကားလုံးများကို ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ရှန်းလျို၊ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ ကြက်သေသေသွားကြ၏။

ဆရာဒီလိုအရာတွေကို လွယ်လွယ်မပြောဘူးမလား!

တခြားတစ်ဘက်က ရှန်းလျို၏ကိစ္စက ဒီလောက်ထိ မရိုးရှင်းဟု လုချန်ရှန်းယုံကြည်သည်။ 

သူ့ကို ခေါ်သွားရမည့်အကြောင်းရင်းတစ်ခုက တစ်ဘက်လူကို သူ့ကိုယ်ပိုင်လက္ခဏာကို ဖော်ထုတ်ခြင်းကနေ ကာကွယ်တားဆီးရန်ဖြစ်သည်။ 

ဒုတိယအနေနှင့် ရှန်းလျိုက သူ့အရင်ဘ၀က တိမ်ပင်လယ်ဒဏ္ဍာရီနှင့် ဆက်နွှယ်နေပြီး ဉာဏ်ကြီးရှင်က ရှန်းလျုကို တမင်တကာ ပါ၀င်ပတ်သက်စေတာကို လုချန်ရှန်းယုံကြည်သည်။ 

သူတို့အကြား မရေမတွက်နိုင်လောက်သည့် ဆက်နွှယ်မှုများရှိရ‌ပေမည်။ 

ဒါက ဒီကံတရားထဲတွင် ပါ၀င်ရန်မဟုတ်ဘဲ ယင်းအစား သူပါ၀င်နေပြီးသားဖြစ်နေခြင်းပင်။ 

လုချန်ရှန်းဒီပြဿာနာကို ဖြေရှင်းရပေမည်။ မဟုတ်ပါက သူခြယ်လှယ်ခံနေရသကဲ့သို့ အမြဲတမ်းခံစားနေရပေလိမ့်မည်။ 

လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ ရှန်းလျိုအနည်းငယ် ကြက်သေသေသွားပြီးနောက် လေးနက်စွာခေါင်းညိတ်သည်။ 

ဧရာမခေါင်းကိုးလုံးကလည်း တစ်ချိန်တည်းတွင် လုချန်ရှန်းအား ဦးညွတ်ပြီး သူပါးစပ်ဟကာပြောသည်။ 

"ဆရာ"

ရှန်းလျိုအတွက် သူနတ်သခင်နယ်ပယ်တွင် အချိန်အတော်ကြာ ပိတ်မိနေခဲ့သဖြင့် အသွင်ပြောင်းရန်အတွက် အကောင်းဆုံးနည်းလမ်းက လုချန်ရှန်းကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်နောက်သို့ လိုက်ရန်ပင်။ 

ဒါကိုမြင်သော် လုချန်ရှန်းခေါင်းညိတ်ပြီး ယဲ့ချိုးပိုင်တို့ကို လှည့်ကြည့်သည်။ 

"အနာဂတ်မှာ မင်းတို့အရမ်းသတိထားဖို့လိုတယ်၊ နားလည်လား"

လုချန်ရှန်း၏ လေးနက်သောအမူအရာကို မြင်ရသောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လေးနက်စွာ ခေါင်းညိတ်ကြ၏။ 

ထို့နောက် လုချန်ရှန်းလက်ဝှေ့ယမ်းကာ ရှန်းလျိုရှေ့တွင် တယ်လီပို့အစီအရင်တစ်ခုကို ဖွင့်ပြီး ‌ကိုယ်ပွားက ပျောက်ကွယ်သွားသည်။ 

လုချန်ရှန်း ပျောက်ကွယ်သွားသည့်ဘက်သို့ သူတို့ဦးညွတ်လိုက်ကြသည်။ 

ရှောင်ဟိုင်ဂူ၀င်ပေါက်ဆီသို့ လျှောက်သွားသည်။ စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုကို စုပ်ယူပြီးနောက် ဘယ်မှတ်ဉာဏ်များကို နိုးထစေနိုင်မလဲဆိုတာ ရှောင်ဟိုင်သိချင်နေမိသည်။ 

သူ့မှတ်ဉာဏ်ထဲက အမျိုးသမီးရဲ့ ကိုယ်ပိုင်လက္ခဏာကို ရှင်းလင်းစွာ မြင်နိုင်မည်လား။ 

မုဖူရှန်းနှင့်ကျန်နှစ်ယောက်ကမူ ရှောင်ဟိုင်ကို ကာကွယ်ရန်အတွက် မလွတ်မြောက်နိုင်သည့် ကွန်ရက်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ 

ဒီတစ်ကြိမ် စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုကို စုပ်ယူခြင်းက သေချာပေါက်ရိုးရှင်းမည်မဟုတ်။ 

.....

ထာ၀ရသက်တမ်းကမ္ဘာတွင် အာကာသတယ်လီပို့အဆောင်ကို ဖွင့်လိုက်သည်နှင့် ရှန်းလျို၏ ဧရာမခန္ဓာကြီးက ကျလာသည်။ 

ဒီမြင်ကွင်းက ဟွမ်ချင်းနှင့် လှုပ်ယမ်းနေသည့် မိုးမခပင်ကို တုန်ယင်သွားစေသည်။ 

ဟွမ်ချင်းအံ့ဩသင့်တကြီးမေးသည်။ 

"ရွှံ့နွံသခင်ကြီးရှန်းလျိုလား၊ ဘာလို့ဒီမှာရှိနေရတာလဲ"

ရှန်းလျိုကလည်း တုန်လှုပ်သွားသည်။ 

"ဖီးနစ်ကလန်မှာ သားစဥ်မြေးဆက်ကျန်သေးတာလား၊ ပြီးတော့ နတ်ဖီးနစ်သွေးကြောကိုတောင် နိုးထနိုင်ခဲ့တာလား"

ဒီအခိုက်အတန့်မှာပင် လုချန်ရှန်းလျှောက်လာပြီး လေးနက်သည့်အသံဖြင့်ပြောသည်။ 

"ရှန်းလျို ငါ့နောက်ကလိုက်လိမ့်မယ်၊ အခုကနေစပြီး သူက ထာ၀ရသက်တမ်းကမ္ဘာရဲ့ အဖွဲ့၀င်တစ်ဦးဖြစ်လာမယ်၊ ဟွမ်ချင်း၊ သူ့ကို စည်းမျဉ်းတွေကို သင်ပေးလိုက်"

"ပြီးတော့မင်း" လုချန်ရှန်း ရှန်းလျို၏ ဧရာမခန္ဓာကြီးကို ပွတ်သပ်သည်။ 

"မင်းအာကာသနေရာအများကြီး ယူထားခဲ့တယ်"

ရှန်းလျိုအလျင်အမြန်ခေါင်းညိတ်ပြီး ၀ဖိုင့်ဖိုင့်လူတစ်ယောက်အဖြစ် အသွင်ပြောင်းသွားသည်။

ဟွမ်ချင်း သူ့ကို ထာ၀ရသက်တမ်းကမ္ဘာ၏ စည်းမျဉ်းများနှင့် ရင်းနှီးအောင် သင်ကြားပေးနေစဉ် လုချန်ရှန်း မိုးမခပင်ကို ကြည့်ပြီး အရာရာတိုင်းကို ရှင်းပြလိုက်၏။ 

"ရှောင်လု၊ မင်းမှာသဲလွန်စတွေရှိလား"

မိုးမခပင်က နူးညံ့စွာသက်ပြင်းချနေသည့်အလား မိုးမခကိုင်းများကို လေထဲတွင် ညင်သာစွာ လှုပ်ယမ်းသည်။ 

"လူတိုင်း ဒီကမ္ဘာကြီးထဲ မွေးဖွားလာကတည်းက ကံကြမ္မာကိစ္စက အနည်းနဲ့အများ ပါ၀င်ပတ်သက်နေပြီ"

"မင်းကံကြမ္မာကို အတတ်နိုင်ဆုံးရှောင်တိမ်းချင်လား၊ တကယ်တော့ ဒီအကြံကမှားတယ်၊ ကံကြမ္မာကို ရှာတွေ့ပြီး ဒါကို ဖြတ်တောက်ဖို့အတွက် စွမ်းအားရှိမှ မင်းဒါကိုလုပ်နိုင်မယ်"

"မင်းရဲ့လက်ရှိစွမ်းအားနဲ့တောင် မင်းကံကြမ္မာကို မရှောင်တိမ်းနိုင်ဘူး"

အပိုင်း(1044) coming။ 

All Chapters