#ဝိဉာဉ်ကြေမွလုနီးပါးနာကျင်မှု၊ မှတ်ဉာဏ်များပေါ်လာသည်#
Vol. 74 Ch. 1044
ရှောင်ဟိုင် ဂူထဲ၀င်သွားသောအခါ အတိမှောင်နေသည့် လမ်းကြောင်းတစ်ခုကနေ ဖြတ်သွားသည်။
သူ့မျက်လုံးများကို ကြိုဆိုနှုတ်ဆက်နေပါက သူစိတ်ကူးထားသည့် အမှောင်ထုမဟုတ်ဘဲ ဆန့်ကျင်စွာပင် ဒီနေရာ၌ လွင့်မြောနေသည့် အဝါရောင်တစ္ဆေများပင်။ တစ္ဆေများက အထီးကျန်ဆန်သည့် အဝါရောင်အလင်းကို ထုတ်လွှတ်ရင်း ဒီနေရာကို အလင်းပေးနေသည်။
အဆုံးမဲ့သေခြင်းချီနှင့် မြေအောက်ကမ္ဘာချီတို့က မြေအောက်ကမ္ဘာကို ရောက်လာသည့်အလား ဒီနေရာ၌ ထိုးထွက်နေပြီး ရှောင်ဟိုင်ကိုယ်ထဲက ရှင်ခြင်းလုပ်ဆောင်ချက်များကို အဆက်မပြတ် တိုက်စားနေသည်။
သူဒီနေရာတွင် အကြာကြီးမနေနိုင်ပေ။
ဒါက ရှောင်ဟိုင်စိတ်ထဲ ဖြတ်သန်း၀င်ရောက်လာသည့် ပထမဆုံးအတွေးဖြစ်သည်။
သူဒါကိုမြန်မြန်အဆုံးသတ်ရပေမည်။
ရှောင်ဟိုင်ခေါင်းမော့ပြီး ရှေ့သို့ကြည့်လိုက်သည်။ ဒီကျယ်လောင်သည့်ဂူအလယ်တွင် အနက်ရောင်ဝိဉာဉ်တစ်ခုက ဘယ်ညာလွင့်မြောနေသည်။
၎င်းကပုံရိပ်ယောင်ဆန်သော်လည်း ထုတ်ဖော်ထားသည့် နတ်ဆိုးနက်ချီက အလွန်အမင်းပြင်းထန်သည်။
တူညီသည့်အရင်းအမြစ်ကနေ လာသည့် ဒီအော်ရာကို အာရုံခံရုံမျှနှင့် ရှောင်ဟိုင်ကိုယ်ထဲက နတ်ဆိုးနက်ချီနှင့် သွေးကြောစွမ်းအားက စုစည်းသွား၏။
လေထဲတွင် စီးဆင်းနေသည့် နတ်ဆိုးနက်ချီက ဆက်တိုက်ပေါက်ကွဲနေပြီး ဘာတစ်ခုမှ အမှားအယွင်းမရှိပါ။
ရှောင်ဟိုင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ့ကိုယ်သူတွေးလိုက်မိသည်။ ဒါက စိတ်ဝိဉာဉ်သုံးခုအနက် တစ်ခုဖြစ်ရပေမည်။
ဒီဝိဉာဉ်က သူ့အရင်ဝိဉာဉ်များထက် အများကြီးပိုအားကောင်းသည်။
သူဒီတာအိုဝိဉာဉ်ကို သူ့ခွန်အားနှင့် စုပ်ယူနိုင်မည်လား။
ရှောင်ဟိုင်ခေါင်းခါယမ်းသည်။ ဒါက အခုအချိန်တွင် သူတွေးတောသင့်သည့် အရာတစ်ခုမဟုတ်ပေ။
သူ့ကိုယ်ထဲက အသက်ဓာတ်ဆုံးရှူံးမှုက သူ့ကို ဒီထက်ပိုမတွေးနိုင်အောင် လုပ်နေသည်။
ရှောင်ဟိုင် စိတ်ပိုင်းဖြတ်ထားသည့် အမူအရာဖြင့် ဝိဉာဉ်နက်ဆီသို့ လျှောက်လာပြီး ရုတ်တရက်အော်ဟစ်လိုက်သည်။
ဒီအခိုက်အတန့်မှာပင် နတ်ဆိုးနက်ချီက အရူးအမူးထိုးထွက်လာပြီး သူ့နောက်ဘက်တွင် နတ်ဆိုးဘုရင်ပုံရိပ်ယောင်တစ်ခုအဖြစ် သိပ်သည်းသွားခဲ့သည်။
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်နှင့် ထာ၀ရနတ်ဆိုးခန္ဓာက နတ်ဆိုးဘုရင်ပုံရိပ်ယောင်တို့ကို တစ်ချိန်တည်းတွင် ဖုံးအုပ်ပစ်လိုက်ကြသည်။
နတ်ဆိုးဘုရင်ပုံရိပ်ယောင်အနီးတွင် ရွှေရောင်အော်ရာအမျှင်စများက စတက်လည်ပတ်လာသည်။
ဒါကသွေးကြောစွမ်းအားဖြစ်သည်။
ရှောင်ဟိုင်၏မျက်လုံးများက အနည်းငယ် လှုပ်ရှားသွားသောအခါ နတ်ဆိုးဘုရင်ပုံရိပ်ယောင်က ဧရာမလက်ဖဝါးကို ဆန့်ထုတ်ပြီး ဝိဉာဉ်နက်ကို ဖမ်းကိုင်သည်။
ဝိဉာဉ်နက်၏အမျှင်စက တက်ကြွဖျတ်လတ်သည့် ရေချိုငါးလေးတစ်ကောင်ပမာ ချက်ချင်းဆိုသလို နတ်ဆိုးဘုရင်ပုံရိပ်ယောင်ဆီသို့ တိုး၀င်သွား၏။
ဘန်း.....!
ရှောင်ဟိုင် လုံး၀မပြင်ဆင်ထားသလို တုံ့ပြန်ရန်အတွက်ပင် အချိန်မရှိသဖြင့် သူ့မျက်လုံးများက ပြူးကျယ်သွားပြီး မျက်သူငယ်အိမ်များက အစွမ်းကုန်ကျုံ့သွားသည်။
ရုတ်ချည်းဆိုသလို သူ့အသိစိတ်က ပေါက်ကွဲတော့မည့်အလားပင်။
သူ့အသိစိတ်တင်မက သူ့ခြေလက်အင်္ဂါများ၊ အရိုးများနှင့် အတွင်းအင်္ဂါများကပါ ပြင်းထန်သည့် နတ်ဆိုးနက်ချီ၏ ကျူးကျော်ခြင်းကို ခံရသည်။
ကြီးမားသည့်နတ်ဆိုးဘုရင်ချီက ရှောင်ဟိုင်ကိုယ်ထဲတွင် သောင်းကျန်းနေသည်။
အရင်ဝိဉာဉ်ခုနှစ်ခုနှင့်ယှဉ်ပါက ဒီတစ်ခုက ပိုအားကောင်းပြီး ပိုဒေါသကြီးကာ ပြင်းထန်သည့်အော်ရာတစ်ခုက အရူးအမူး ထိုးတက်လာသည်။
တစ်ခဏအကြာတွင် ရှောင်ဟိုင်၏ ဝိဉာဉ်စင်မြင့်က ပြိုကျလုနီးပါးပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်လုံးများက သွေးနှင့်ပြည့်နှက်နေသည့် သွေးနတ်ဆိုးအလား ထင်ရသည်။
"မင်းဒါကိုတောင် မခံနိုင်ဘူးဆိုရင် ဘယ်လိုလက်စားချေနိုင်မလဲ"
ရှောင်ဟိုင်အံကြိတ်ထားသော်လည်း သူ့သွားဖုံးများက တုန်ယင်နေပြီး သွားဖုံးကနေ သွေးများစီးကျလာကြသည်။
ရှောင်ဟိုင်ကိုယ်က ပုံစံကွက်ခြောက်ခုက မှိန်ဝါးစွာလင်း၀င်းလာပြီး ခြောက်ရောင်အလင်းတစ်ခု ပွင့်လန်းလာသည်။
သူ့နှလုံးခုန်သံက ပို၍လေးလံအားကောင်းလာပြီး သူအမြန်နှုန်းက ပို၍မြန်ဆန်လာကာ သွေးကြောက တဖြည်းဖြည်း ရွှေရောင်အလင်းတစ်ခုကို ထုတ်လွှတ်သည်။
ကြောက်စရာကောင်းသည့်အရာတစ်ခုကို တွေ့လိုက်ရသည့်အလား ပြင်းထန်သည့်နတ်ဆိုးနက်ချီက သွေးကြောနှင့် နှလုံးကို စတင်ရှောင်ရှားလေသည်။
သို့စေကာမူ တစ်ချိန်တည်းမှာပင် ဒီပြင်းဖန်သည့်အော်ရာက နှလုံးနှင့် သွေးကြောများမှအပ တခြားနေရာများကို အဆက်မပြတ် အာရုံစူးစိုက်ကာ တိုက်ခိုက်သည်။
ခရက်ခ်......ခရက်ခ်!
ရုတ်တရက် အရိုးကျိုးသံများကို မရပ်မနားကြားနိုင်ပေသည်။ သူ့ကိုယ်ထဲက အရိုးအားလုံးက ဒီတဒင်္ဂ၌ ကျိုးကြေသွားပုံရသည်။
ရှောင်ဟိုင်၏ကိုယ်က အလိုမတူဘဲ မြေပေါ်လဲကျသွားသည်။
သူ့အရေပြားမျက်နှာပြင်က အဆက်မပြတ် စတင်စုတ်ပြဲလာပြီး သွေးများစိမ့်ထွက်လာကာ မြေပေါ်ကျသွားစဉ် မကြာမီ သွေးအိုင်တစ်ခုဖြစ်လာခဲ့သည်။
သူ့ဝိဉာဉ်ထဲသို့ပင် နက်ရှိုင်းစွာ၀င်သွားသည့်နာကျင်မှုက ရှောင်ဟိုင်ကို အော်ဟစ်ရန်အတွက် တွန်းအားပေးနေသည်။
နာကျင်မှုကို သူ့ကို သတိလစ်မတတ် ဖြစ်သွားစေသည်။
သူသာသတိလစ်သွားပါက ဒီကြမ်းတမ်းပြင်းထန်သည့်အော်ရာက ရှောင်ဟိုင်၏ အသိစိတ်ကို လုံး၀သိမ်းပိုက်သွားပေလိမ့်မည်။
ဒီနည်းနှင့် သွေးကြောစွမ်းအား၏ ပြန်လည်ကုသနိုင်သည့်စွမ်းရည်က ဘယ်လောက်ပင် အားကောင်းပါစေ အခြေအနေကို ပြောင်းပြန်လှန်ရန် နည်းလမ်းရှိမည်မဟုတ်တော့။
သူ့ကိုယ်ထဲက ဖျက်ဆီးခြင်းလှိုင်းများအား ရှောင်ဟိုင်သည်းခံရုံသာ တတ်နိုင်သည်။ ထို့နောက် သူကုသရန်အတွက် သွေးကြောစွမ်းအားကို သုံးသည်။
သို့စေကာမူ သူ့ကိုယ်ခန္ဓာဖျက်ဆီးခံနေရသည့် အမြန်နှုန်းက သွေးကြောစွမ်းအား၏ ပြန်လည်ကုသနိုင်သည့် အမြန်နှုန်းထက် သာလွန်နေသည်။
သူ့နှလုံး၊ သွေးကြောနှင့် ဝိဉာဉ်ကလွဲ၍ ရှောင်ဟိုင်၏ကိုယ်၌ အကောင်းပကတိ ကျန်နေသေးသည့် အစိတ်အပိုင်းတစ်ခုမှ မကျန်ရှိတော့ဟုဆို၍ရသည်။
သွေးကြောစွမ်းအားကို ပြန်လည်ကုသပြီးသည်နှင့် ချက်ချင်းချေမွကာ ဖျက်ဆီးခံရပြန်သည်။
ဒီကမ္ဘာကြီးထဲတွင် လူဘယ်နှစ်ယောက်ကများ ယခုလို ဝိဉာဉ်ကြေမွလုနီးပါးနာကျင်မှုကို ခံနိုင်ရည်ရှိမည်နည်း။
သို့စေကာမူ ရှောင်ဟိုင်သုံးရက်ကြာကြာ အတင်းတောင့်ခံခဲ့သည်။
သုံးရက်အကြာတွင် သွေးကြောစွမ်းအား၏ ပြန်လည်ကုသနိုင်စွမ်းက ပြင်းထန်သည့်အော်ရာ၏ ဖျက်ဆီးခြင်းနှုန်းနှင့် စတင်ကိုက်ညီလာသည်။
ဒါက သူ့သွေးကြောစွမ်းအားက အားကောင်းလာသည့်အတွက်ကြောင့် မဟုတ်ဘဲ သူ့ကိုယ်ခန္ဓာက အဆက်မပြတ်ပျက်စီးကာ ပြုပြင်ခံရပြီးနောက် အများကြီးပိုအားကောင်းလာခြင်းပင်။
နောက်ထပ်သုံးရက်ကုန်ဆုံးသွားသည်။ ဒီသုံးရက်အတွင်း ပြင်းထန်သည့်အော်ရာက အရိုး၊ သွေးနှင့် အတွင်းအင်္ဂါအသစ်များနှင့် စတင်ပေါင်းစပ်နေတာကို ရှောင်ဟိုင်ရှင်းရှင်းလင်းလင်းခံစားနေရသည်။
ဒီပြင်းထန်သည့်အော်ရာက ရှောင်ဟိုင်တစ်ကိုယ်လုံးနှင့် အပြည့်အ၀ပေါင်းစပ်သွားသောအခါတွင် ရှောင်ဟိုင်၏ ရုပ်ခန္ဓာနယ်ပယ်က နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့်နှင်ပင် ယှဉ်၍ရနေလေပြီ။
ထို့နောက် ပြင်းထန်သည့်အော်ရာက လုံး၀ပေါင်းစပ်သွားသောအခါ ရှောင်ဟိုင်၏ အသိစိတ်ကလည်း စတင် ပြင်းထန်စွာ တုန်ယင်လာခဲ့သည်။
မရေမတွက်နိုင်လောက်သည့် သတင်းအချက်အခက်များနှင့် မှတ်ဉာဏ်အပိုင်းအစများက ရှောင်ဟိုင်စိတ်ထဲ စတင်၀င်လာခဲ့သည်။
သူက မြင်းစီးနေရင်း ပန်းတစ်ပွင့်ကို ကြည့်နေသည့်အလား သူ့စိတ်ထဲတွင် ထိုမှတ်ဉာဏ်များက လင်း၀င်းနေခဲ့သည်။
သွေးနှင့် အမှောင်ထုဖြင့် ပြည့်နှက်နေသည့် စစ်မြေပြင်တစ်ခုတွင် အဆုံးမဲ့နီဗာန(နိဗ္ဗာန်)ချီက နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးအတွင်း ပြည့်နေသည်။
ဒီအချိန်တွင် နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်ကို ၀တ်ဆင်ထားသည့် ရှောင်ဟိုင်မှာ နတ်သခင်နယ်ပယ်ကျွမ်းကျင်သူနှစ်ဦးကြား ထိပ်တိုက်တွေ့ဆုံမှုတွင် မလွှဲရှောင်သာစွာနှင့် အရှုံးပေါ်ခဲ့သည်။
နတ်ဆိုးဘုရင်ဆန်းကြယ်ချပ်၀တ်က နေရာတိုင်းတွင် ကွဲအက်နေပြီး ဒဏ်ရာကနေ သွေးများစီးကျနေကြ၏။
သူ့လက်မောင်းတွင်မူ အဖြူရောင်အရိုးများ အသားထဲကနေ ပြူးထွက်နေသည့် မြင်ကွင်းများပင်လျှင် ပေါ်နေလေပြီ။
ရှောင်ဟိုင်၏အရေပြားက မီးတောက်နက်များကဲ့သို့ လောင်ကျွမ်းနေပြီး အရာရာတိုင်းကို ဖျက်ဆီးနိုင်သည့် အပူဓာတ်တစ်ခုကို ထုတ်လွှတ်သည်။ သူ့ကိုယ်ပေါ်က ပုံစံကွက်များက ရှုပ်ထွေးနေပြီး သွေးကြောစွမ်းအားသွားရာလမ်းက လူများကို ၎င်း၏ စွမ်းအားနှင့် ဆန်းကြယ်မှုအပေါ် အံ့ဩစေတုန်းပါ။
"ယင်ယန်နတ်သခင်၊ အဖော်မဲ့ရှစ်ခွင်နတ်သခင်၊ သူ့ကိုအမြန်ဆုံးရှင်းပစ်" ရှောင်ဟိုင်ကို မျက်နှာချင်းဆိုင်နေသည့် မိုဂျီမှာ ရှောင်ဟိုင်ကိုယ်ပေါ်က အော်ရာကို ကြောက်စိတ်လွှမ်းမိုးနေသည့် မျက်လုံးများနှင့် ကြည့်နေခဲ့သည်။
ယင်ယန်နတ်သခင်နှင့် အဖော်မဲ့ရှစ်ခွင်နတ်သခင်ခေါ် သခင်ဟွမ်တို့မှာ ဒီမြင်ကွင်းကို လေးနက်သည့် အမူအရာများနှင့် ကြည့်နေကြသည်။
"နတ်သခင်အဆင့်အောက်က စွမ်းအားက သေဆုံးခြင်းမရှိဘဲ ငါတို့တိုက်ခိုက်မှုများစွာကို တကယ်ခံနိုင်ရည်ရှိတာလား"
"ဒါကနည်းနည်းရယ်စရာကောင်းမနေဘူးလား၊ နတ်ဆိုးဘုရင်ပိုင်နက်ရဲ့သွေးကြောက ဘယ်လိုလုပ်ဒီအဆင့်ထိ ရောက်နိုင်မှာလဲ၊ မင်းတကယ်ပဲလယ်သူလဲ"
သို့စေကာမူ ရှောင်ဟိုင်မဖြေပါ။ အသားကိုပင် ထိုးဖောက်နေသည့် အရိုးဆူးများ၏ နာကျင်မှုကို သူလျစ်လျူရှုကာ ပေါင်သောင်းချီလေးသည့် တင်းပုတ်ကို အတင်းဆွဲယူပြီး ခေါင်းမော့ရင်း ရယ်မောသည်။
သူ့ရယ်သံက မောက်မာမှု၊ သရော်မှုများနှင့် ပြည့်နှက်နေသည်။
"နတ်သခင်တို့၊ မင်းတို့မှာရှိတာဒါအကုန်လား" ရှောင်ဟိုင်ကျယ်လောင်စွာ ရယ်မောရင်း နတ်သခင်နှစ်ဦးကို လှောင်ပြောင်နေသည့် အပြုံးဖြင့် ကြည့်ပြီး ခပ်ပေါ့ပေါ့ပြောသည်။
"ငါနတ်သခင်နယ်ပယ်ကို ရောက်တဲ့အခါကျရင် မင်းတို့နှစ်ယောက်က ဘာမှမဟုတ်ဘူး"
အပိုင်း(1045) coming။