← Chapters

#‌ငရဲဘုံအရှင်သခင်အဖြစ် အမွေဆက်ခံခြင်း၊ ဇီရှင်းတစ်ခုခု ဖြစ်ပျက်သွားခဲ့သည်#

Vol. 74 Ch. 1047

#‌ငရဲဘုံအရှင်သခင်အဖြစ် အမွေဆက်ခံခြင်း၊ ဇီရှင်းတစ်ခုခု ဖြစ်ပျက်သွားခဲ့သည်#

Vol. 74 Ch. 1047

ထာ၀ရသက်တမ်းကမ္ဘာတွင် လုချန်ရှန်း ယဲ့ချိုးပိုင်ဆီကနေ သတင်းကိုရရှိပြီးနောက် ချက်ချင်းဆိုသလို ကျောက်စိမ်းဆွဲသီးကို ထုတ်ယူလိုက်၏။ 

လုချန်ရှန်းတွင် သူ့တပည့်တစ်ယောက်ချင်းစီအတွက် အတားအဆီး၌ ပိတ်မိနေခြင်းကနေ ကာကွယ်ရန် အထူးပြင်ဆင်ထားသည့် ကျောက်စိမ်းဆွဲသီးတစ်ခုစီရှိသည်။ ဒါကိုအသံပို့ရန်နှင့် သူ့ဓမ္မခန္ဓာကို ဆင့်ခေါ်ရန်အတွက် အသုံးပြုနိုင်သည်။ တစ်ချိန်တည်းမှာပင် ဒါက အတားအဆီးကို ထိုးဖောက်နိုင်သဖြင့် လုချန်ရှန်း တစ်ဘက်လူ၏ တည်ရှိမှုကို အာရုံခံနိုင်သည်။ 

အာရုံခံကြည့်ပြီးနောက် ရှောင်ဟိုင်ရှိနေသည့်နေရာကို ကြည့်ရင်း လုချန်ရှန်း အနည်းငယ် မျက်မှောင်ကြုတ်သည်။ 

ဘာလို့ဒီနေရာက အရမ်းရင်းနှီးနေရတာလဲ!

ရုတ်တရက် သိုလှောင်လက်စွပ်ထဲကနေ အသံတစ်သံထွက်လာခဲ့သည်။ 

လုချန်ရှန်း ထုတ်ယူလိုက်သောအခါ 'အဝါရောင်စမ်း'ဟူသော စကားလုံးများကို ရေးထွင်းထားသည့် တုံကင်တစ်ခုဖြစ်နေတာကို တွေ့လိုက်ရသည်။ 

"စီနီယာ၊ ခင်ဗျားတပည့်က အဆင့်မြင့်ကြယ်‌နယ်မြေက ငရဲကိုးဘုံမြေအောက်နန်းတော်ကို ရောက်နေပါပြီ၊ ခင်ဗျားဒီကိစ္စကို မေ့သွားပြီလို့ ကျုပ်ထင်ခဲ့တာ"

လုချန်ရှန်းစိတ်ရှုပ်ထွေးသွားသည်။ 

"မင်းကဘယ်သူလဲ"

"....." အဆင့်နိမ့်ကြယ်နယ်မြေ ငရဲကိုးဘုံမြေအောက်နန်းတော်ထဲတွင် လူတစ်ယောက်၏ မျက်နှာက တုံကင်ကို ကိုင်ထားရင်း မည်းမှောင်နေသည်။ 

ငါက လုချန်ရှန်းငါ့အကြောင်းကို ဘာမှမတွေးမိလောက်တဲ့အထိ အရမ်းအားမနည်းသင့်ဘူးမလား!

ထိုလူ မည်းမှောင်သည့် အမူအရာနှင့် လေးနက်စွာ ရှင်းပြသောအခါမှသာ လုချန်ရှန်းသတိရသွားသည်။ 

"အိုး၊ တောင်းပန်ပါတယ်၊ အသက်ကြီးလာတာနဲ့အမျှ ငါ့မှတ်ဉာဏ်တွေက မကောင်းတော့ဘူး"

"......" ထိုလူ၏မျက်ခုံးများက ရှုံ့တွသွား၏။ 

"အတိုချုပ်ပြောရင် စီနီယာ ကျုပ်တို့ရဲ့ သဘောတူညီချက်ကို မှတ်မိနေ‌သေးတာ ကောင်းပါတယ်၊ မစိုးရိမ်ပါနဲ့၊ ခင်ဗျားတပည့် အဲဒီမှာ ဘာမှမဖြစ်စေရပါဘူး"

လုချန်ရှန်းခေါင်းညိတ်သည်။ 

"ငါလည်းအဲလိုပဲမျှော်လင့်ပါတယ်"

ဒါကိုကြားသော် ထိုလူ၏အမူအရာက လေးနက်သွားသည်။ 

"သူ့လုံခြုံမှုကို ကျုပ်ကိုယ်တိုင်ကိုယ်ကျ ကာကွယ်စောင့်ရှောက်ပေးပါမယ်"

ထိုလူက ဒီအသံကိုကြားပြီးနောက် သူ့တပည့်တစ်ခုခုဖြစ်ပျက်သွားပါက လုချန်ရှန်း ငရဲကိုးဘုံမြေအောက်နန်းတော်ကို တိုက်ခိုက်မည်ကို ကြောက်နေသည့်အသွင်။ 

ထိုအချိန်က သေမျိုးကမ္ဘာတစ်ခုလုံး၏ ပြန်လည်မွေးဖွားခြင်းအစီအရင်က ပျက်ပြားသွားမည်ဖြစ်ပြီး ကြီးမားသည့် ပြဿာနာများဖြစ်လာပေလိမ့်မည်။ 

တိုကင်ကို သိမ်းဆည်းပြီးနောက် လုချန်ရှန်း ယဲ့ချိုးပိုင်တို့ကို စိတ်မပူရန်ပြောခဲ့ပြီး ကျင့်ကြံခြင်းသို့ ပြန်သွားခဲ့သည်။ 

ဒီမြင်ကွင်းက ဟွမ်ချင်းနှင့် မိုးမခပင်တို့ကို အံ့ဩသင့်သွားစေသည်။ 

လုချန်ချန်း ဘယ်တုန်းက ကျင့်ကြံခဲ့လို့လဲ!

အစီအရင်၊ ဆေးလုံးများ၊ အဆောင်များနှင့် ကျင့်ကြံခြင်းနည်းစနစ်များကလွဲ၍ သူ့ကိုယ်ပိုင်ခွန်အားကို သူတစ်ခါမှ မကျင့်ကြံခဲ့ဖူးပါ။ 

.....

တခြားတစ်ဘက်တွင် သတင်းကိုရရှိပြီးနောက် ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက် စိတ်သက်သာရာရသွားကြသည်။ 

"ဒီလိုဆိုမှတော့ တိမ်အိပ်မက်မြို့ကို ပြန်သွားကြရအောင်၊ ဂျူနီယာညီလေးရှောင်ဟိုင် ပြီးသွားတဲ့အခါကျရင် ပြန်လာမှာပါ"

မုဖူရှန်းနှင့် ဖန်ချန်းခေါင်းညိတ်သည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် တိမ်အိပ်မက်မြို့သို့ပြန်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်များကို ပြင်ဆင်ကာ သီးသန့်ကျင့်ကြံတော့မည့်အချိန်တွင် ယဲ့ချိုးပိုင်၏ အသံလွှင့်ကျောက်စိမ်းဆွဲသီး၌ အသံတစ်သံရုတ်တရက် ရောက်လာခဲ့သည်။ 

"ချိုးပိုင်၊ ဇီရှင်း အန္တရာယ်ထဲမှာ ရှိနေတယ်လို့ ငါထင်တယ်၊ မင်းသွားပြီးတစ်ချက် ကြည့်ပေးလို့ရမလား"

ဒါက မုဇီရှင်းအဖေ၏ အသံဖြစ်သည်။ 

ဒီအသံကိုကြားသော် ယဲ့ချိုးပိုင်အနီးတစ်ဝိုက်က ဓားဆန္ဒက ပေါက်ကွဲသွားခဲ့သည်။ 

"အန်ကယ်၊ ကျွန်တော့်ကို တည်နေရာပြောပါဦး"

"ဒါက ဇီရှင်းနောက်ဆုံးရှိခဲ့တဲ့နေရာပဲ...." 

တည်နေရာကိုရရှိပြီးနောက် ယဲ့ချိုးပိုင်လှည့်ပြီး ထိုနေရာသို့ ဦးတည်ရန်အတွက် ပြင်ဆင်သည်။

ဒါကိုမြင်သော် မုဖူရှန်းနှင့် ဖန်ချန်းတို့ကလည်း အလျင်အမြန်လိုက်ပါလာကြသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင်ဘာတစ်ခုမှမပြောဘဲ သူ့နှလုံးသားထဲကနေ ဒီကျေးဇူးကြွေးကို လက်ခံခဲ့သည်။ 

သူတို့က ဒီနေရာ၌ သီးသန့်ကျင့်ကြံရေန် သေချာပေါက် သဘောတူမှာမဟုတ်တာကို သူသိပါပါသည်။ 

သူတို့၏ပန်းတိုင်ကလည်း အဆင့်မြင့်ကြယ်နယ်မြေဖြစ်ပြီး မြောက်၀င်ရိုးစွန်းကြယ်ဒေသဟု ‌လူသိများသည့် နေရာတစ်ခုဖြစ်သည်။ 

.....

အဆင့်မြင့်ကြယ်နယ်မြေ ငရဲကိုးဘုံမြေအောက်နန်းတော်၌ ရှောင်ဟိုင်တဖြည်းဖြည်းနိုးလာသည်။ သူမျက်လုံးဖွင့်ပြီး လှည့်ပတ်ကြည့်လိုက်သည်။ 

ပတ်၀န်းကျင်က အဝါရင့်ရောင်ရှိပြီး အသက်မဲ့နေသည်။ တစ်ချိန်တည်းမှာပင် နံရံထောင့်များ၌ ကျောက်တိုင်များရှိသည်။ ကျောက်တိုင်များပေါ်၌ အပြာနုရောင်မီးတောက်စများ လွင့်မြောနေသည်။ 

"မင်းနိုးလာပြီလား"

မနီးမဝေးတစ်နေရာသို့ ရှောင်ဟိုင် လှမ်းကြည့်လိုက်သောအခါ လူတစ်ယောက်က ဦးခေါင်းခွံများနှင့် ပြုလုပ်ထားသည့် ထိုင်ခုံတစ်ခုံတွင် ထိုင်နေသည်။ 

ထိုလူ၏အော်ရာကို ထိန်းချုပ်ထားသည့်တိုင် တစ်ချက်ကြည့်ရုံမျှနှင့် သူ့အသက်ဓာတ်က ဖယ်ထုတ်ခံနေရသည့်ပမာ ရှောင်ဟိုင်ခံစားနေရသည်။ 

ရှောင်ဟိုင်၏မျက်လုံးများထဲမှ သတိထားသည့် အမူအရာကိုမြင်သောအခါ စွေ့ဖူရယ်မောသည်။ 

"မစိုးရိမ်ပါနဲ့၊ ငါမင်းကိုထိခိုက်အောင် မလုပ်ပါဘူး"

"ဒါပေမယ့် မင်းရဲ့သွေးကြောနဲ့ ရုပ်ခန္ဓာက နည်းနည်းထူးဆန်းတယ်၊ မင်းကိုယ်ထဲက ကြမ်းကြုတ်တဲ့အော်ရာကို မဖြေရှင်းဘူးဆိုရင် အနာဂတ်မှာ ဒါက ပြဿာနာတစ်ခု ဖြစ်လာလိမ့်မယ်"

ရှောင်ဟိုင်ကြက်သေသေသွားသည်။ 

သူ့ကိုယ်ထဲက ကြမ်းကြုတ်သည့်အော်ရာက စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုကို စုပ်ယူပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်းပင်။ 

"ငါတောင်မှ ဒါကိုမဖြေရှင်းနိုင်ဘူး၊ စိတ်၀င်စားစရာပဲ"

ရှောင်ဟိုင်မဖြေဘဲ ယင်းအစားမေးသည်။ 

"စီနီယာ၊ ခင်ဗျားရဲ့ရည်ရွယ်ချက်ကဘာလဲ"

သူ့၏ထူးခြားသည့်ခန္ဓာနှင့် သွေးကြောကြောင့် သူ့ကိုဒီကို ခေါ်လာရန်ဟူသည် မဖြစ်နိုင်ပေ။ တခြားအကြောင်းရင်းများ ရှိရပေမည်။ 

"တကယ်ပဲ တခြားတစ်ခုရှိပါတယ်" စွေ့ဖူထရပ်ကာပြောသည်။ 

"မင်း ငရဲလောကအရှင်သခင်လောင်းရာထူးကို ရဖို့အတွက် တခြားသူတွေရဲ့ ယှဉ်ပြိုင်ဖို့လိုတယ်"

ရှောင်ဟိုင်က မြေအောက်လောကအရှင်သခင်ရာထူးအတွက် ကိုယ်စားလှယ်လောင်းဖြစ်သော်လည်း တိုက်ရိုက်ဆက်ခံလိုပါက တခြားသူများကို စည်းရုံးရန်ဟူသည် မဖြစ်နိုင်ပေ။ အကယ်၍ သူသာ ငရဲကိုးဘုံမြေအောက်နန်းတော်ရှိ လူထုကို မစည်းရုံးနိုင်ပါက ဒါကအတော်လေးပြဿာနာဖြစ်လာပေလိမ့်မည်။ 

(ငရဲဘုံအရှင်သခင်တဖြစ်လဲ ငရဲလောကအရှင်သခင်ကို မြေအောက်လောကအရှင်သခင်လို့လည်း သုံးပါတယ်)

ရှောင်ဟိုင်က သူ့လက်အောက်ခံများ ရွေးချယ်ထားသည့် အရှင်သခင်လောင်း ဖြစ်သဖြင့် သူ့ခွန်အားကို စိုးရိမ်နေစရာမလိုပါ။ 

သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။ 

"ကျုပ် မြေအောက်လောကအရှင်သခင်တွေ ဘာတွေမဖြစ်လာချင်ပါဘူး၊ ကျုပ်မှာ ပြီးမြောက်ဖို့ တခြားအရေးကြီးကိစ္စတွေ ရှိပါသေးတယ်"

စွေ့ဖူပြုံးရင်း သူ့လက်ထဲတွင် စာအုပ်လေးတစ်အုပ် ရုတ်တရက်ပေါ်လာသည်။ 

"နတ်ဆိုးဘုရင်ပိုင်နက်က အရင်နတ်ဆိုးသခင်က ယင်ယန်ဂိုဏ်းနဲ့ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်းတို့နဲ့ သစ္စာဖောက်သုံးယောက်ပူးပေါင်းမှုကြောင့် သေဆုံးခဲ့ရတယ်၊ မင်းဝိဉာဉ်က လွတ်မြောက်သွားခဲ့တယ်ဆိုပေမယ့် မင်းလက်စားချေချင်မယ်လို့ ငါယုံတယ်"

ဒါကိုကြားသော် ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။ 

"ကျုပ်ရဲ့ကိုယ်ပိုင်အထောက်အထားတွေကို ခင်ဗျားဘယ်လိုသိတာလဲ"

စွေ့ဖူလက်ထဲက စာအုပ်လေးကို ဝှေ့ယမ်းပြီးပြုံးသည်။ 

"နတ်သခင်တွေကနေ သာမန်လူတွေအထိ ငါအားလုံးကို သိနိုင်တယ်"

နတ်သခင်တွေအကြောင်း သတင်းအချက်အလက်တွေတောင် ရှိတာလား!

ရှောင်ဟိုင်ထိတ်လန့်သွား၏။ 

ဒီငရဲကိုးဘုံမြေအောက်နန်းတော်က ဘယ်လိုတည်ရှိမှုမျိုးလဲ!

"ငရဲကိုးဘုံမြေအောက်နန်းတော်က ပြန်လည်မွေးဖွားမှုကို တာ၀န်ယူထားတယ်၊ ဒါကြောင့် သူတို့ရဲ့အတိတ်တွေနဲ့ ပစ္စုပ္ပန်ဘ၀တွေကို ငါတို့သိတယ်" စွေ့ဖူ ရှောင်ဟိုင်ဘေးကို ရောက်လာပြီး သူ့ပခုံးကိုပုတ်သည်။ 

"ဒါ့အပြင် မင်း မြေအောက်လောကအရှင်သခင်ရဲ့ဆက်ခံသူရာထူးကို ရနိုင်နေသရွေ့ ငါတို့ရဲ့ ငရဲကိုးဘုံမြေအောက်နန်းတော်က မင်းကို အစွမ်းကုန်ကူညီထောက်ပံ့ပေးမှာပါ"

"အဲဒီအချိန်ကျရင် လက်စားချေဖို့အတွက် ခက်ခဲမှုက ကြီးကြီးမားမားလျော့သွားလိမ့်မယ်"

"မင်းရဲ့ကိုယ်ပိုင်ခွန်အားနဲ့ လက်စားချေချင်တယ်ဆိုရင် ဒီအတွေ့အကြုံနဲ့ နောက်ဆက်တွဲဆုလာဘ်တွေက မင်းရဲ့ခွန်အားမှာ ထူးခြားတဲ့တိုးတက်မှုတစ်ခု ဖြစ်လာစေလိမ့်မယ်"

"ဘယ်လိုလဲ၊ တွေးကြည့်ပါဦး"

စွေ့ဖူ၏စကားလုံးများကို ကြားသောအခါ ရှောင်ဟိုင်တိတ်ဆိတ်သွားခဲ့သည်။ 

ဒါကသူမငြင်းနိုင်သည့် အရာတစ်ခုဖြစ်သည်။ 

ဒါ့အပြင် ငရဲကိုးဘုံမြေအောက်နန်းတော်၏ စွမ်းအားနှင့်ဆိုပါက သူတို့တွင် ဒီလိုစကားများကို ပြောဆိုရန်အတွက် အရည်အချင်း ပြည့်မီပါသည်။ 

"ဘာကြောင့်ကျုပ်လဲ"

စွေ့ဖူးပြုံးသည်။ 

"အနာဂတ်မှာ မင်းသိလာမှာပါ၊ ငါမင်းကို ထိခိုက်အောင်မလုပ်ဘူးဆိုတာကိုတော့ မင်းယုံရမယ်"

ရှောင်ဟိုင်ခေါင်းညိတ်သည်။ 

"ဒီလိုဆိုရင် ကျုပ်သဘောတူတယ်"

"ကောင်းပြီ၊ အဆင်သင့်ပြင်ထားပါ၊ ပထမအဆင့်က ခုနှစ်ရက်အတွင်း စတင်လိမ့်မယ်"

ရှောင်ဟိုင်မေးသည်။

"သူတို့က အတော်လေးအားကောင်းကြမယ်မလား"

"ဘာလို့လဲ၊ မင်းထပ်ပြီးယုံကြည်မှု မရှိတော့ဘူးလား" စွေ့ဖူ ရှောင်ဟိုင်ကို စိုက်ကြည့်သည်။ 

"မင်းရဲ့ခွန်အားကို နတ်အင်ပါယာနယ်ပယ် အထွတ်အထိပ်အဆင့်အောက်က နယ်ပယ်နဲ့ပဲ ကန့်သတ်ထားတယ်"

ရှောင်ဟိုင်ပြုံးသည်။ 

"ကျုပ်လုံလောက်အောင် အားမကောင်းမှာကိုပဲစိုးရိမ်မိတာပါ၊ ဒါဆိုအချိန်ကျလာရင် ကျုပ်ပျော်မိမှာ မဟုတ်တော့ဘူး"

.....

မြောက်၀င်ရိုးစွန်းကြယ်ဒေသက ရေခဲနှင့် နှင်းကမ္ဘာကြီးဖြစ်ပြီး ကြယ်ဒေသတစ်ခုလုံးက အဖြူရောင်အဆင်းရှိသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် ဒီကို ရောက်လာသောအခါ သူတို့ခွန်အားနှင့် မုဖူရှန်းအပြင် သူတို့အရိုးခိုက်လုနီးပါး အအေးဓာတ်ကို ခံစားရသည်။ 

အပိုင်း(1048) coming။ 

All Chapters