← Chapters

#‌အားကိုးရာမဲ့တံတားပေါ်တွင်၊ ငရဲဘုံအရှင်သခင်#

Vol. 74 Ch. 1046

#‌အားကိုးရာမဲ့တံတားပေါ်တွင်၊ ငရဲဘုံအရှင်သခင်#

Vol. 74 Ch. 1046

ရှောင်ဟိုင်၏မျက်လုံးများကို ကြိုဆိုနေတာက အညစ်အကြေးများနှင့် ပြည့်နှက်နေပုံရသည့် အဝါရင့်ရောင်မြစ်တစ်စင်းပင်။ ၎င်းက အနည်ထနေပြီး အေးနေသည်။ 

ထို့နောက် မြစ်သေတစ်စင်းအလား အနည်းငယ်မျှပင် လှိုင်းထခြင်းမရှိသလို အသံဗလံလည်းမရှိဘဲ ဖြည်းညင်းစွာ စီးဆင်းနေသည်။ မြစ်ရေက ထူထဲသည့် သေခြင်းအော်ရာနှင့် ပြည့်နှက်နေသည်။ ရှောင်ဟိုင်ပင်လျှင် အကန့်အသတ်မဲ့အေးစက်မှုနှင့် သေစေလောက်သည့်ငြိမ်သက်မှုကို ရှင်းလင်းစွာ ခံစားနိုင်သည်။ 

မရေမတွက်နိုင်လောက်သည့် ညစ်ပတ်သောရေနှင့် ဝိဉာဉ်များက မြစ်မျက်နှာပြင်၌ မျောလွင့်နေကြ၏။ ၎င်းတို့ထဲက ရုန်းကန်နေကြသော်လည်း သေခြင်းမြစ်၏ ထိန်းချုပ်မှုကနေ မလွတ်မြောက်နိုင်ပေ။ ၎င်းတို့က ရွှံ့ထူသည့်ဗွက်အိုင်တစ်ခုထဲကို ကျသွားပြီး အဆုံးမဲ့ဝေဒနာခံစားမှုနှင့် ကျော်လွှား၍မရနိုင်သည့် ကံကြမ္မာထဲတွင် ပိတ်မိနေသည့်အသွင်။ 

ထို့ထဲတွင် ပြိုကျနေသည့် သစ်သားတံတားတစ်ခုရှိသည်။ 

ဆိပ်ခံတံတားကို ဆိုးယုတ်သည့် တစ္ဆေပုံစံကွက်များနှင့် ရေးထွင်းထားပြီး တစ္ဆေများက ဆက်လက်ရုန်းကန်နေကြ၏။ 

ဆိပ်ခံတံတား၏ နှစ်ဘက်စလုံးတွင် ဧရာမရုပ်တုကြီးတစ်ခု ညာဘက်တစ်ချက်စီ၌ ရှိပြီး တံတား၏ ဝိဉာဉ်များကို စောင့်ကြပ်နေသည့်အလားပင်။ အဆုံးတွင် ရှေးဟောင်းရေညှိများနှင့်ဖုံးနေသည့် မြင့်မားသော မြို့မျှော်စင်တစ်ခုရှိသည်။ ဒါက မြေအောက်လောကသို့ တံခါးဖြစ်သည်။ 

"သေခြင်းမြစ်နဲ့ အားကိုးရာမဲ့တံတားကြောင့် မင်းဘာလို့ထိတ်လန့်နေရတာလဲ"

မှောင်မိုက်သည့်ညထဲက လာသည့် တီးတိုးသံတစ်သံအလား တိတ်ဆိတ်အက်ရှသည့် အသံတစ်သံက ရှောင်ဟိုင်နားထဲ ၀င်လာခဲ့သည်။ 

ရှောင်ဟိုင် အသံလာရာဘက်သို့ ကြည့်လိုက်သည်။ 

အားကိုးရာမဲ့တံတား၏ ဆန့်ကျင်ဘက်တွင် အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးရပ်နေသည်။ သူမ၏မျက်နှာက အရေးအကြောင်းများနှင့် သေခြင်းအော်ရာဖြင့် ပြည့်နှက်နေသည်။ 

မျက်နှာ၌ မိစ္ဆာဆန်သည့် အပြုံးတစ်ပွင့်နှင့်အတူ သူမနဂါးသစ်သားလမ်းလျှောက်တုတ်တစ်ချောင်းကိုကိုင်ထားပြီး တခြားလက်တစ်ဘက်တွင် ကျိုးပဲ့နေသည့်ခွက်တစ်လုံးကို ကိုင်ထားသည်။ 

"ဒါက ငရဲကိုးဘုံမြေအောက်နန်းတော်လို့ စီနီယာပြောလိုက်တာလား"

နိုးထလာပြီဖြစ်သည့် ရှောင်ဟိုင် မျက်မှောင်ကြုတ်ကာ မေးသည်။ 

"ဘာလို့လဲ၊ မင်းငရဲကိုးဘုံမြေအောက်နန်းတော်အကြောင်း မသိဘူးလား" အဖွားအိုက လည်မြိုကို တစ်ချက်ညှစ်ရင်း ထောင်ချီသောဓားများနှင့် ပိုင်းဖြတ်ခံထားရပုံရသည့် အသံဖြင့်ပြောသည်။ 

"မင်းတို့ယန်နယ်မြေက လူတွေက အားကိုးရာမဲ့တံတားကိုဖြတ်ပြီး ‌ငရဲလောကရဲ့ တံခါးကို ဖြတ်ကျော်ဖို့လိုတယ်၊ သေချာတာပေါ့၊ မင်းတို့သာ စည်းမျဉ်းတွေကို ချိုးဖျက်မယ်ဆိုရင်တော့....."

အဖွားအိုက သေခြင်းမြစ်ထဲတွင် ရုန်းကန်လှုပ်ရှားနေသည့်ဝိဉာဉ်များကို လက်ညိုးထိုးပြပြီး အပြုံးဖြင့်ပြောသည်။ 

"ဟီးဟီးဟီး၊ ဒီမြစ်ထဲက ဒီထာ၀ရထောင်ချောက်တွေလိုမျိုး ဖြစ်သွားပြီး သေခြင်းမြစ်အတွက် အာဟာရတွေ ထောက်ပံ့ပေးနေရလိမ့်မယ်"

"ဒါပေမယ့် ရှင်သန်နေတဲ့လူတစ်ယောက်အနေနဲ့ မင်းငရဲကိုးဘုံမြေအောက်နန်းတော်ကို ဘယ်လိုရောက်လာခဲ့တာလဲ"

ဒီနေရာတွင် အဖွားအို၏အမူအရာက တဖြည်းဖြည်းနက်မှောင်လာပြီး အဝါရောင်စမ်းချောင်းမှ လေများက တိုက်ခတ်လာသည်။ 

ရှောင်ဟိုင်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ 

ဒီလူ၏ခွန်အားကို သူမမြင်နိုင်သလို ဒီအဝါရောင်စမ်းလေအောက်တွင် သူ့၌ ခုခံရန်အတွက် နေရာမရှိပါ။ 

ဒါက ဂိတ်စောင့်တစ်ယောက်မှာ ရှိသင့်တဲ့ခွန်အားလား!

ထိုနတ်သခင်အဆင့်ဂိုဏ်းများတွင်ပင် ဒီလိုလူတစ်ယောက် ပေါ်လာရန်ဟူသည် မဖြစ်နိုင်ပေ။ 

ငရဲကိုးဘုံမြေအောက်နန်းတော်က ဘယ်လိုအင်အားစုမျိုးဖြစ်လေသနည်း။ မည်သည့်အတွက်ကြောင့် သူအရင်က တစ်ခါမှ မကြားခဲ့ဖူးရသနည်း။ 

ရုတ်တရက် ရှောင်ဟိုင်၏ အမူအရာက အေးခဲသွား၏။ 

ကောင်းကင်မြေအောက်နန်းတော်က လူ‌များက အရင်ကဒီအကြောင်းကို ပြောခဲ့ပုံရသည်။ 

ငါက ငရဲကိုးဘုံမြေအောက်နန်းတော်ရဲ့ ရွေးချယ်ထားခြင်းခံရသူဖြစ်ပုံပဲ!

ဒါကသူတို့ပြောခဲ့တဲ့ အဲဒီငရဲကိုးဘုံမြေအောက်နန်းတော်ဆိုတဲ့ နေရာလား!

"ဘာလို့လဲ၊ ရှင်သန်နေတဲ့ခူတစ်ယောက်အနေနဲ့ ငရဲကိုးဘုံမြေအောက်နန်းတော်ကို လာနိုင်တာဆိုတော့ မင်းမှာ စွမ်းအားတစ်ချို့ရှိမယ်လို့ ငါထင်နေတာ၊ ဒါပဲလား"

အဖွားအို၏မျက်နှာထက်၀ယ် သရော်နေသည့်အရိပ်အယောင်တစ်ခု ပေါ်လာသည်။ 

"ဒါ့အပြင် မင်းမျက်လုံးတွေထဲမှာ ဒေါသနဲ့ အမုန်းတရားအရိပ်အယောင်တစ်ခု ပုန်းကွယ်နေပုံပဲ၊ မင်းရဲ့ခွန်အားအဆင့်နဲ့ မင်းဒါကို ဘယ်လိုပြီးမြောက်အောင် လုပ်နိုင်ခဲ့တာလဲ"

ဒါကိုကြားသော် ရှောင်ဟိုင်၏ အတွေးများက ရုတ်တရက်ရပ်တန့်သွားရသည်။ 

သူ့ကိုယ်လက်အင်္ဂါများ၊ အရိုးများနှင့် အတွင်းအင်္ဂါများကနေ ပြင်းထန်သည့်အော်ရာအမျှင်စများက ရုတ်တရက် စိမ့်ထွက်လာပြီး ရှောင်ဟိုင်တစ်ကိုယ်လုံး၌ ဖြည်းဖြည်းချင်း ပြည့်နှက်သွား၏။ 

သူ့မျက်လုံးများက သွေးနီရောင်ပြောင်းသွားပြီး နတ်ဆိုးနက်ချီက ဒီတဒင်္ဂမှာပင် သူ့၀န်းကျင်၌ စတင်မျောလွင့်နေသည်။ ဒါကို ယခုသွေးချီဟုခေါ်သင့်သည်။ ၎င်းက ကြမ်းကြုတ်ကာ သွေးဆာနေသည့် အော်ရာနှင့် ပြည့်နှက်နေသည်။ 

မူလက တည်ငြိမ်နေသည့်ရှောင်ဟိုင်မှာ ဒီအခိုက်အတန့်၌ ရုတ်တရက် အော်ဟစ်လိုက်သည်။ 

ငရဲချီ၏ ပိတ်ဆို့ကာဖိနှိပ်ခြင်းကိုခံထားရသည့် ခန္ဓာက ဒီတဒင်္ဂတွင် အမှန်တကယ်ပင် အက်ကွဲနေသည့်အသံတစ်သံကို ထုတ်လွှတ်သည်။ 

ရှောင်ဟိုင် ဖြည်းဖြည်းချင်း ရှေ့သို့လှမ်းလာသည်။ 

"အိုး" အဖွားအိုအနည်းငယ် ကြက်သေသေသွားပြီးနောက် နှာခေါင်းရှုံ့သည်။ 

"စိတ်၀င်စားစရာပဲ"

ထို့နောက် သူမလက်ထဲက နဂါးသစ်သားတုတ်ကို အနည်းငယ်မြှောက်ပြီး မြေပေါ်သို့ ညင်သာစွာချလိုက်၏။ 

တစ်ခဏအကြာတွင် ငရဲချီက လေပွေတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်တစ်ကိုယ်လုံးကို စတင်လွှမ်းခြုံကာ ဖိအားက ရုတ်တရက် တိုးလာခဲ့သည်။ 

ဒီအချိန်မှာပင် ရှောင်ဟိုင်၏ ကျောက ရုတ်တရက် ကိုင်းညွတ်သွားသည်။ 

သို့စေကာမူ ကြမ်းကြုတ်ရက်စက်နေသည့် အခြေအနေတွင် ရှောင်ဟိုင်၏မျက်စိထဲတွင် အားကိုးရာမဲ့တံတား၏ တခြားတစ်ဘက်က အဖွားအိုသာရှိနေသည်။ သူသူမကို အပိုင်းပိုင်းအစစဆွဲဖြဲပစ်ချင်သည်။ 

ဒီသတိလွတ်နေသည့် ကြမ်းကြုတ်သည့် အခြေအနေတွင် ရှောင်ဟိုင်ဘာကိုမှ ဂရုမစိုက်ပါ။ သူ့ကိုယ်ပေါ်က ကြွက်သားများက အရူးအမူး ဖောင်းလာပြီး သူ့အရိုးများက ဖိသိပ်ခံနေရသည့်အသံများကို ထုတ်လွှတ်သည်။ 

ခရက်ခ်.....!

ဒါက အရိုးများကွဲအက်နေသည့်အသံပေတည်း။ 

ရှောင်ဟိုင်‌ရှေ့သို့ နောက်တစ်လှမ်းတိုးသည်။ 

အဖွားအို၏မျက်နှာပေါ်က တည်ငြိမ်မှုအား သူမထပ်မံထိန်းသိမ်းထားနိုင်ခြင်းမရှိတော့ပါ။ 

"ငါမင်းကို လျှော့တွက်မိတာပဲ၊ ဒီလိုရုပ်ခန္ဓာနယ်ပယ်နဲ့ ဒီလိုခွန်အားမျိုးကို ထုတ်လွှတ်နိုင်တယ်ဆိုတော့ မင်းကအတော်လေး ပါရမီရှိသားပဲ"

"ဒါပေမယ့် မင်းဆက်ပြီးတောင့်ခံနိုင်ပါ့မလား"

အဝါရောင်စမ်းလေ၏ ဖိနှိပ်မှုစွမ်းအားက အဆက်မပြတ်တိုးလာနေသည်။ 

သွေးများက ရှောင်ဟိုင်ကိုယ်ကနေ စတင်စိမ့်ထွက်လာကြ၏။ သူ့ကိုယ်ထဲက အရိုးများက တစ်လက်မချင်းကွဲအက်နေစဉ် အသံများကို ဆက်တိုက်ထုတ်လွှတ်နေသည်။ 

သူ့အရှိန်က နှေးကွေးသွားသော်လည်း ရှောင်ဟိုင်ရှေ့ဆက်နိုင်နေဆဲပင်။ 

ဒါက အဖွားအို၏အမူအရာကို ပို၍ပင် မည်းမှောင်သွားစေသည်။ 

ဖြစ်နိုင်တာက သူမရှက်သလိုခံစားရသည့်အတွက်ကြောင့် ဖြစ်ပေလိမ့်မည်။ 

သူမ၏ကျင့်ကြံခြင်းနယ်ပယ်က ဒီဂျူနီယာထက် အများကြီးပိုမြင့်သည်။ သူမအားနည်းသူကို အနိုင်ကျင့်နေသော်လည်း တစ်ဘက်လူအား ဖိနှိပ်နိုင်ခြင်းမရှိပေ။ 

အဖွားအို လက်ထဲကတုတ်ကို ထပ်မြှောက်ပြီး ချရန်ပြင်လိုက်စဉ် ငရဲကိုးဘုံမြေအောက်နန်းတော်တစ်ခုလုံး၌ တည်ငြိမ်သောအသံတစ်သံက ပဲ့တင်ထပ်သွားသည်။ 

"ဖွားဖွားမန်၊ ဒါလုံလောက်ပါပြီ"

အသံကတည်ငြိမ်ပြီး မငြင်းဆန်နိုင်သည့် ဂုဏ်ကျက်သရေများပါ၀င်သည်။ 

အဖွားမန်ဒါကိုကြားသော် သူမ၏ အမူအရာက ချက်ချင်းလေးနက်သွား၏။ သူမလက်ထဲက နဂါးသစ်သားတုတ်ကို ချပြီး ရှောင်ဟိုင်၀န်းကျင်က အဝါရောင်စမ်းလေက ရပ်သွားသည်။ 

ဖိနှိပ်မှုကို ဆုံးရှုံးသွားသည့် ရှောင်ဟိုင်မှာ အင်မတန်ဖိနှိပ်ထားရသည့် အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်သည်။ 

သူ့ကိုယ်ခန္ဒာက နှစ်သောင်းချီကြာသည့် သံကြိုးများကနေ လွတ်မြောက်လာသော ရက်စက်ကြမ်းကြုတ်သည့်သားရဲတစ်ကောင်ပမာ သွေးအလင်းတစ်ခုအဖြစ် ပြောင်းပြီး အဖွားမန်ဆီသို့ ပြေး၀င်သွား၏။ 

အဖွားမန်၏ အံ့ဩသင့်နေသည့် အကြည့်အောက်တွင် သူဘာအခုအခံမှမရှိဘဲ အားကိုးရာမဲ့တံတားကို အမှန်တကယ် ဖြတ်ကျော်ခဲ့ပြီး လက်သီးမြှောက်ကာ အဖွားမန်အား တိုက်ရိုက်တိုက်ခိုက်သည်။ 

သို့စေကာမူ သူအဖွားမန်နှင့် အတော်လေးနီးစပ်လာသည့်အချိန်တွင် အရပ်ရှည်ပြီး ဂုဏ်ကျက်သရေရှိသည့် လူတစ်ယောက် ရုတ်တရက် ရှောင်ဟိုင်ရှေ့တွင် ပေါ်လာကာ ရှောင်ဟိုင်မျက်ခုံးကို ညင်သာစွာ တို့လိုက်၏။ 

ဂျုန်း......!

ထိုလူကို ဗဟိုပြုရင်း အဝါရောင်သဲမုန်တိုင်းတစ်ခုက ပတ်၀န်းကျင်၌ ပြင်းထန်စွာ ထိုးတက်လာခဲ့သည်။ 

ဒီအခိုက်အတန့်၌ ရှောင်ဟိုင်၏ခန္ဓာက ရုတ်တရက်ရပ်သွားသည်။ သူ့ကိုယ်တစ်ဝိုက်က သွေးရောင်ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မျက်လုံးထဲက သွေးအရောင်ကလည်း တဖြည်းဖြည်းနှင့် ဒီရေကဲ့သို့ နောက်ဆုတ် ပျောက်ကွယ်သွား၏။ 

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ မျက်လုံးများက ဖြည်းဖြည်းချင်းပိတ်သွားကာ သွေးများနှင့်ဖုံးနေသည့် ခန္ဓာက ထိုလူ၏ လက်မောင်းထဲသို့ တည့်တည့်ကျသွားသည်။ 

ထိုလူနူးညံ့စွာရယ်မောသည်။ 

"အဆင့်နိမ့်ကြယ်နယ်မြေက ငရဲကိုးဘုံမြေအောက်နန်းတော်ရဲ့ ရွေးချယ်ထားတဲ့လူဆိုတဲ့အတိုင်းပဲ၊ သူ့မှာတကယ်ပဲ ဒီလိုသွေးကြောနဲ့ ဒီလိုအားကောင်းတဲ့ပါရမီမျိုးရှိတယ်၊ သူကမရိုးရှင်းဘူး"

ထိုလူနောက်တွင်ရှိနေသည့် အဖွားမန်မှာ ဒီစကားလုံးများကို ကြားသောအခါ ထိတ်လန့်သွား၏။ 

အဆင့်နိမ့်ကြယ်နယ်မြေက ငရဲကိုးဘုံမြေအောက်နန်းတော်က ရွေးချယ်ထားတဲ့သူလား!

ကြယ်နယ်မြေပိုနိမ့်လေလေ ငရဲကိုးဘုံမြေအောက်နန်းတော်၏ အင်အားက ပိုအားကောင်းလေလေဖြစ်သည်။ 

ကြယ်နယ်မြေသုံးခုအတွင်း သူတို့၏ အဆင့်မြင့်ကြယ်နယ်မြေက တကယ်တမ်းတွင် အားအနည်းဆုံးဖြစ်သည်။ 

"မဟာအကြီးအကဲ၊ သူက ‌ငရဲဘုံရဲ့ အရှင်သခင်လောင်းလား"

စွေ့ဖူဖြည်းညင်းစွာ ခေါင်းညိတ်သည်။ 

"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့"

အဖွားမန်တစ်ကိုယ်လုံးက ချွေးအေးများနှင့် စိုရွှဲသွားပြီး အလျင်အမြန်ခေါင်းငုံ့ထားသည်။ 

"ဟုတ်ကဲ့....."

အပိုင်း(1047) coming။ 

All Chapters