#ရက်စက်သည့်ရှောင်ဟိုင်၊ ငရဲကိုးဘုံမြေအောက်နန်းတော်#
Vol. 74 Ch. 1045
ရှောင်ဟိုင်၏ စကားလုံးများက မှတ်ဉာဏ်အပိုင်းအစများထဲတွင် နားကွဲလုမတတ် ကျယ်လောင်နေသည်။ နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များ ထိတ်လန့်သွားသည်သာမက နတ်ဆိုးဘုရင်ပိုင်နက်က လူများ၏ သွေးကိုလည်း ဆူပွက်လာစေသည်။
ဒီကမ္ဘာကြီးထဲတွင် နယ်သခင်နယ်ပယ်အောက်က တခြားဘယ်သူကများ နတ်သခင်အဆင့်နှစ်ဦးကို တစ်ယောက်တည်း ဆန့်ကျင်တိုက်ခိုက်နိုင်မည်နည်း။
ယင်ယန်နတ်သခင်နှင့် အဖော်မဲ့ရှစ်ခွင်နတ်သခင်တို့၏ အမူအရာများက ကြည့်ရဆိုးသွားကြ၏။
ထို့နောက် ယင်ယန်နတ်သခင် နှလုံးတုန်လှုပ်ဖွယ်ရာ ရယ်မောသံတစ်သံကို ထုတ်လွှတ်သည်။
"အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို နာမည်နဲ့တင် တုန်လှုပ်သွားစေခဲ့တဲ့ နတ်ဆိုးသခင်ဆိုတဲ့အတိုင်းပါပဲ၊ မင်းရဲ့ရဲတင်းမှုနဲ့ ခွန်အားက တကယ်ကိုထူးခြားတာပဲ"
"ဒါပေမယ့် ငါအခုပိုပြီးသိချင်လာမိတယ်၊ ဘာကမင်းကို အရမ်းအားကောင်းစေတာလဲ၊ အထဲကပစ္စည်းမှာ သေချာပေါက် ဒီလို ကောင်းကင်ကိုဆန့်ကျင်နိုင်တဲ့ သက်ရောက်မှုတစ်ခုရှိနိုင်လောက်တယ်မလား"
အဖော်မဲ့ရှစ်ခွင်နတ်သခင် အေးစက်စွာ နှာခေါင်းရှုံ့သည်။
"သူနဲ့စကားပြောဖို့ ဘာလို့အချိန်အများကြီး ဖြုန်းတီးနေရတာလဲ၊ သူ့ကိုဖမ်းကြမယ်၊ အချိန်ကျလာတဲ့အခါကျရင် ငါတို့စိတ်ဝိဉာဉ်ရှာဖွေပြီး အဲဒါကိုဖွင့်ဖို့အတွက် နည်းလမ်းတစ်ခုရှာကြမယ်"
"ရှင့်ပြောတာမှန်တယ်"
ယင်ယန်နတ်သခင်နှင့် သခင်ဟွမ်တို့၏ နတ်သခင်နယ်ပယ်အော်ရာများက ပေါက်ကွဲထွက်လာပြီး လေဟာနယ်ကို ဖြတ်သန်းသွားကြ၏။ ရလဒ်အဖြစ် မြေကြီးတစ်ခုလုံးက စတင်အက်ကွဲကာ ချိုင့်၀င်သွားပြီး မရေမတွက်နိုင်လောက်သည့် အဆောက်အအုံများက အဆက်မပြတ် ပြိုကျပျက်စီးနေကြသည်။
နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက ပေါက်ကွဲတော့မည့်အခြေအနေကို ကျရောက်သွားသည့်အလား ထင်ရသည်။
သို့စေကာမူ ရှောင်ဟိုင်၏မျက်နှာထဲတွင် အကြောက်တရားမရှိဘဲ တင်းပုတ်ကိုကိုင်ပြီး အော်ဟစ်ကာ နတ်သခင်နှစ်ဦးဆီသို့ ကြောက်စိတ်ကင်းမဲ့စွာ ပြေး၀င်သွား၏။
"နတ်ဆိုးဘုရင်ပိုင်နက်က အဖွဲ့ဝင်အားလုံး၊ နားထောင်ကြ"
"ငါသေရမယ်ဆိုရင်တောင် မတ်တပ်ရပ်ပြီးပဲသေမယ်"
ရှောင်ဟိုင်၏အသံက နတ်ဆိုးဘုရင်ပိုင်နက်က လူတိုင်း၏နားထဲသို့ ပဲ့တင်ထပ်သွားခဲ့သည်။
အပြင်းအထန်ဒဏ်ရာရပြီး စိတ်ပျက်အားငယ်နေကြသည့် မရေမတွက်နိုင်လောက်သောသူများမှာ ဒီတဒင်္ဂ၌ အံကြိတ်ကာ ထရပ်ကြသည်။ သူတို့လက်ထဲက လက်နက်များကို မြှောက်ကြပြီး လက်နက်မရှိသောသူများကမူ သွေးသံတရဲရဲလက်သီးများကို မြှောက်ကြသည်။
"ဟုတ်ကဲ့ အရှင်"
တစ်ခဏအကြာတွင် နတ်ဆိုးဘုရင်ပိုင်နက်တစ်ခုလုံးက မီးတောက်တိုက်ပွဲတစ်ခုအတွက် ဆူညံသံများဖြင့် ထပ်မံပြည့်နှက်သွားခဲ့သည်။
နတ်သခင်နှစ်ဦး၏တိုက်ခိုက်မှုက တစ်ချိန်တည်းတွင် ကျဆင်းလာသောအခါ ဖျက်ဆီးခြင်းတိုက်ခိုက်မှုတစ်ခုက ရှောင်ဟိုင်၏ တင်းပုတ်ကို အရူးအမူးတွေ့ဆုံသည်။
သံသယမရှိ ဒဏ်ရာများနှင့် ပြည့်နှက်နေပြီဖြစ်သည့် ရှောင်ဟိုင်မှာ မြေပေါ်သို့ အရိုက်ခံရသည်။
သူတို့အော်ရာကို အာရုံခံကြည့်သောအခါ အသက်ရှူသံလေးယဲ့ယဲ့ကျန်နေသေးတာကို သဘောပေါက်သွားသဖြင့် ဒါက နတ်သခခင်နှစ်ဦးကို အတော်လေးဒေါသထွက်သွားစေသည်။
နတ်သခင်နယ်ပယ်ကိုပင် မရောက်သေးသည့် ဂျူနီယာလေးတစ်ယောက်က သူတို့နှစ်ယောက်ဆီက တိုက်ခိုက်မှုများစွာကနေ အမှန်တကယ် ရှင်ကျန်နိုင်သည်လား။ အကယ်၍ ဒီသတင်းသာ ပြန့်သွားပါက သူတို့တွင် ဘာများမျက်နှာရစရာရှိတော့မည်နည်း။
ဒေါသထွက်လာသည်နှင့်တစ်ပြိုင်နက် နှစ်ဦးသား ထပ်မံအားအစွမ်းကုန် တိုက်ခိုက်လိုက်ကြ၏။
သို့စေကာမူ သူတို့တိုက်ခိုက်မှုများက သေရတော့မည့်ရှောင်ဟိုင်အပေါ် ကျရောက်တော့မည့်အချိန်တွင် အမျိုးသမီးတစ်ဦး ရှောင်ဟိုင်ရှေ့တွင် ရုတ်တရက်ပေါ်လာခဲ့သည်။ အလင်းနက်တစ်ချက် လင်း၀င်းသွားပြီး အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ယင်ယန်နတ်သခင်နှင့် အဖော်မဲ့ရှစ်ခွင်နတ်သခင်တို့ ထိတ်လန့်သွားကြသည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
သူတို့နှစ်ယောက် တစ်ချိန်တည်းတွင် တွေးလိုက်မိကြသည်။
အမျိုးသမီးက ဖြူရော်နေသည့်မျက်နှာနှင့်အတူ ရှောင်ဟိုင်ကို လက်မောင်းထဲတွင် ထွေ့ပွေးထားသည်။
ရှောင်ဟိုင်မျက်လုံးကို အတင်းဖွင့်ကာ ရေရွတ်သည်။
"အစ်မကြီး...."
သို့စေကာမူ အမျိုးသမီး၏ အားနည်းနေသည့်မျက်နှာလေးက ပြုံးလာသည်။
"နင်နတ်သခင်နယ်ပယ်ကို ရောက်တဲ့အခါကျရင် လက်စားချေရမယ်..."
ထို့နောက် အမျိုးသမီးက သူမ၏လက်ကို ရှောင်ဟိုင်ခေါင်းပေါ်သို့ ညင်သာစွာ တင်လိုက်၏။
အနည်းငယ်ဆွဲထုတ်မှုနှင့်အတူ သူ့၏ စိတ်ဝိဉာဉ်သုံးခုနှင့် ဝိဉာဉ်ခုနှစ်ခုက ဒီတဒင်္ဂမှာပင် ဆွဲထုတ်ခံရသည်။
ထို့နောက် အနက်ရောင်ကျောက်တုံးတစ်တုံးက ၎င်းတို့ကို လွှမ်းခြုံသွားပြီး ပစ်လွှတ်လိုက်၏။ ထိုစဉ် ၎င်းတို့က အလင်းတန်းဆယ်ခုအဖြစ် ပြောင်းလဲကာ မတူညီသည့်နေရာများသို့ လင်း၀င်းပျောက်ကွယ်သွားကြသည်။
မြင်ကွင်းက ဒီနေရာတွင် အဆုံးသတ်သွားခဲ့သည်။
ရှောင်ဟိုင်၏မျက်နှာက အမှုမဲ့အမှတ်မဲ့ မျက်ရည်စများနှင့် ပြည့်နှက်နေသည်။
ဒီတစ်ကြိမ်တွင်မူ နောက်ဆုံးတော့ ထိုအမျိုးသမီး၏မျက်နှာကို သူမြင်ရပြီး သူမ၏ ကိုယ်ပိုင်လက္ခဏာကို သိလိုက်ရသည်။
သူ့အတွင်းအင်္ဂါများနှင့် ခြေလက်များထဲသို့ ပေါင်းစပ်သွားသည့် ပြင်းထန်သည့်အော်ရာက ရှောင်ဟိုင်တစ်ကိုယ်လုံးသို့ တဖြည်းဖြည်း ပြည့်နှက်သွား၏။ သူ့မျက်လုံးများက သွေးရောင်တောက်ပသွားသည်။
အား........!
ရှေးဦးသားရဲဟိန်းသံကဲ့သို့ အသံတစ်သံက ရှောင်ဟိုင်လည်မြိုကနေ ထွက်လာခဲ့သည်။
"ယင်ယန်ဂိုဏ်း၊ အဖော်မဲ့ရှစ်ခွင်နတ်ဂိုဏ်း"
လက်သီးတစ်ချက် ရှေ့သို့ ထိုးနှက်လိုက်စဉ် သေခြင်းအဝါရောင်အလင်းနှင့် ပြည့်နှက်နေသည့် မရေမတွက်နိုင်လောက်သော တစ္ဆေများက ဒီဖျက်ဆီးခြင်းအားကြောင့် ချေမွခံရသည်။
ဂူတစ်ခုလုံးက စတင်တုန်ခါလာပြီး မရေမတွက်နိုင်လောက်သည့် ကျောက်တုံးများ လိမ့်ကျကာ မကြာမီပြိုကျသွားတော့မည့်အလားထင်ရသည်။
အပြင်ဘက်တွင် စောင့်ကြပ်ပေးနေကြသည့် ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်မှာ ဒီဆူညံမှုကို ချက်ချင်းအာရုံခံမိသဖြင့် သူတို့၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားကြပြီး ဂူ၀င်ပေါက်ဆီသို့ ပြေးလွှားသွားကြ၏။
သို့စေကာမူ သူတို့၀င်ချင်သောအခါ အဝါရောင်အတားအဆီးတစ်ခု ပေါ်လာခဲ့သည်။
ယဲ့ချိုးပိုင်၏ အမူအရာက မည်းမှောင်သွားသည်။ သူငွေနဂါးဓားကို ထုတ်လိုက်သောအခါ ဓားနတ်ဘုရားနယ်ပယ်က ပေါက်ကွဲသွားပြီး အတားအဆီးကို ပိုင်းချလိုက်၏။
ဖန်ချန်းကလည်း အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်ကို တစ်ချိန်တည်းတွင် အသုံးပြုသည်။
မုဖူရှန်း တခြားဘာတစ်ခုကိုမှ ဂရုမစိုက်တော့ဘဲ နတ်သခင်နယ်ပယ်တစ်၀က်အဆင့်ခွန်အားကို ရှင်းလင်းစွာပြသသည်။
သို့စေကာမူ သူတို့သုံးဦး၏ တိုက်ခိုက်မှုများက အတားအဆီးပေါ် ကျသွားသောအခါ အတားအဆီးက မလှုပ်ရှားဘဲ ရှိနေသည်။ ၎င်းက လှိုင်းပင်အနည်းငယ် မထသွားပါ။
ဒါကသူတို့သုံးယောက်စလုံးကို ထိတ်လန့်သွားစေသည်။
ဂူထဲတွင် ရှောင်ဟိုင် စိတ်ဝိဉာဉ်သုံးခုထဲက တစ်ခုကို လုံး၀စုပ်ယူပြီးနောက်တွင် အောက်၌ အသူရာချောက်တနက်ကဲ့သို့ တွင်းနက်ကြီးတစ်ခုရှိနေခဲ့သည်။
အဝါရောင်တစ္ဆေများနှင့် သေခြင်းအော်ရာများကမူ ဂူထဲကနေ ထွက်လာကြပုံရသည်။
သို့သော် ကြမ်းကြုတ်သည့် အခြေအနေတွင် ကျသွားခဲ့သည့် ရှောင်ဟိုင်မှာ အသိစိတ်ကို ဆုံးရှုံးသွားသည့်အသွင်။ သူ့တွင် သတိအများကြီး မရှိတော့ပါ။
ဒီအချိန်မှာပင် တစ္ဆေများက ဝိဉာဉ်နက်၏ ဖိနှိပ်မှုကနေ လွတ်ကင်းသွားသည့် တွင်းနက်ထဲကနေ အရူးအမူး ထိုးထွက်လာကြပြီး ရှောင်ဟိုင်၏ကိုယ်ကို ဆက်လက် ၀န်းရံနေကြသည်။
အစက ရှောင်ဟိုင် သူ့၏ကြမ်းတမ်းသည့် အခြေအနေကို မထိန်းချုပ်နိုင်ပေ။
မကြာမီ တစ္ဆေများက အတော်လေးများပြားလာပြီး ရှောင်ဟိုင်အား လုံး၀လွှမ်းခြုံပစ်လေတော့သည်။
လုံး၀လွှမ်းခြုံခံလိုက်ရသည့် ရှောင်ဟိုင်မှာလည်း တွင်းနက်ကြီးထဲသို့ ဆွဲချခံရသည်။
ဒီအချိန်မှာပင် ဂူထဲက အဝါရောင်တစ္ဆေများက လုံး၀ပျောက်ကွယ်သွားကြပြီး အတားအဆီးကလည်း အလားတူ ပျောက်ကွယ်သွားခဲ့သည်။
ဒါကိုမြင်သော် ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက် တုံ့ဆိုင်းမနေကြဘဲ ဂူထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားကြ၏။
သို့သော် တွင်းနက်ကြီး၏ အလယ်တစ်နေရာ၌ ရှေ့ကလမ်းကြောင်း ကျောက်တုံးများ၏ အတိပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။
ဖန်ချန်း နက်မှောင်သည့်အမူအရာဖြင့် မေးသည်။
"စီနီယာအစ်ကိုရှောင်ဟိုင် အဆင်ပြေမှာလား"
ယဲ့ချိုးပိုင် တည်ငြိမ်စွာနှင့် ချက်ချင်းခေါင်းခါယမ်းသည်။
"သူ့ခွန်အားနဲ့ဆိုရင် ဘယ်အရာမှ သေချာပေါက်ဖြစ်လာမှာမဟုတ်ဘူး" ဒီနေရာတွင် ယဲ့ချိုးပိုင် မုဖူရှန်းကို လှည့်ကြည့်ပြီး ပြောသည်။
"ဂျူနီယာညီလေးမု၊ ငါတို့သုံးယောက်ထဲမှာ မင်းရဲ့ဝိဉာဉ်စွမ်းအားက အားအကောင်းဆုံးပဲ၊ မင်းဂျူနီယာညီလေးရှောင်ဟိုင်ရဲ့ အော်ရာကို စမ်းကြည့်လို့ရမလား"
ယဲ့ချိုးပိုင်ဘာတစ်ခုမှ ပြောစရာမလိုခင်မှာပင် မုဖူရှန်းလုပ်ဆောင်နေပြီဖြစ်သည်။
သို့စေကာမူ အထဲကနေ သူဘာအော်ရာကိုမှ မခံစားရပါ။
"ဟင့်အင်း၊ အကြွင်းအကျန်အော်ရာမရှိဘူး"
ယဲ့ချိုးပိုင်အနည်းငယ်ခေါင်းညိတ်သည်။
"သူသေသွားမယ်ဆိုရင်တောင် သူ့အော်ရာကို အာရုံမခံနိုင်ဘူးဆိုတာက မဖြစ်နိုင်ဘူး၊ ကြည့်ရတာ သူတခြားနေရာတစ်ခုခုကို တယ်လီပို့ခံလိုက်ရတာဖြစ်မယ်"
"ဒီလိုဆိုမှတော့ ဆရာ့ကို ဒီအကြောင်းပြောလိုက်ကြရအောင်၊ သူ ဂျူနီယာညီလေးရှောင်ဟိုင်ရှိနေတဲ့ နေရာကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်တာပဲလေ"
ဒီနေရာတွင် ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီးကို ထုတ်ယူပြီး လုချန်ရှန်းကို ဆက်သွယ်ရန်အတွက် ပြင်ဆင်လိုက်၏။
သို့စေကာမူ သူအနည်းငယ်စိတ်ဖိစီးနေသည်။
ဆရာက ယခုလေးတင်ပြဿာနာဖြေရှင်းရန်အတွက် ရောက်လာခဲ့ပြီး အခုသူက ထပ်ဆက်သွယ်ရန် လိုနေပြန်သည်။ အချိန်ကျလာသောအခါ သူကြီးမားသည့် ၀န်ထုပ်၀န်ပိုးကို ထပ်ပြီး သည်းခံရပေတော့မည်။
.....
တခြားတစ်ဘက်တွင် ရှောင်ဟိုင် သူ့အနီး၀န်းကျင်က အဝါရောင်တစ္ဆေများကို ဆက်လက်တိုက်ခိုက်နေသည်။
၎င်းတို့က လုံး၀ပျံ့သွားသောအခါတွင် ရှောင်ဟိုင်၏ ခန္ဓာကလည်း အထိန်းအချုပ်မဲ့ ကျဆင်းသွား၏။
ဒီနေရာက ပျံသန်းခြင်းကို တားမြစ်ကန့်သတ်ထားပုံရသည်။
ဘုန်း......!
သူမြေပေါ်ကျသွားသည်။
ရှောင်ဟိုင်ထရပ်သောအခါ သေခြင်းစွမ်းအင်နှင့် ပြည့်နှက်နေသည့် အဝါရောင်လောကတစ်ခု သူ့နီရဲနေသည့်မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။
အဝါရောင်မြစ်တစ်စင်းက စီးဆင်းနေပြီး မြစ်အလယ်ဗဟိုတွင် သစ်သားတံတားလေးတစ်ခုရှိသည်။
သစ်သားတံတား၏ တခြားတစ်ဘက်ကနေ လူသေကောင်အလား အသံတစ်သံ ထွက်လာခဲ့သည်။
"အိုး၊ သက်ရှိတစ်ယောက်က ငရဲကိုးဘုံမြေအောက်နန်းတော်ကို တကယ်ရောက်လာတာလား၊ ရှားပါးလိုက်တာ"
အပိုင်း(1046) coming။