← Chapters

စိတ်စွမ်းအင်အမြူတေ လမင်းတစ်ထောင်၏ကမ္ဘာစစ်ပွဲ

Vol. 16 Ch. 240

စိတ်စွမ်းအင်အမြူတေ လမင်းတစ်ထောင်၏ကမ္ဘာစစ်ပွဲ

Vol. 16 Ch. 240

“ကပ်ဘေးဒုက္ခခေတ်အနားသတ်ကို ဝင်ရောက်ပါ။”

ချီမင်၏ရှေ့တွင် ဂိမ်းမျက်နှာပြင်က မြင်ကွင်းထဲသို့ ခုန်ထွက်ပြီး ပေါ်ပေါက်လာ၏။ ဂိမ်းထဲမှမြင်ကွင်းက အသက်ဝင်လှပေသည်။ ဂိမ်းကမ္ဘာထဲကို သူကိုယ်တိုင် ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

ပထမဆုံးအနေဖြင့် ဂိမ်းမြေအောက်စခန်းတစ်ခုလုံး၏ နောက်ခံဖြစ်သည်။

ပို၍တိကျစွာဆိုရလျှင် ဤသည်မှာ ခမ်းနားထည်ဝါပြီး ထူးခြားပြောင်မြောက်သည့် မဟာနည်းပညာမြို့ကြီးပြကြီး အဖွဲ့အစည်းကြီးတစ်ခုဖြစ်၏။ ထိုနည်းပြမြို့အဖွဲ့အစည်းတွင် စိတ်စွမ်းအားဟုခေါ်သည့် နည်းပညာတစ်ခုရှိခဲ့ပြီး ယင်းကပင် တစ်မြို့လုံးကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုအခြင်းအရာက စိတ်စွမ်းအင်ခန္ဓာသို့ အသွင်ပြောင်းသွားနိုင်သည့် စိတ်စွမ်းအင်ထာဝရဘဝဆိုသော တခြားပုံစံတစ်မျိုးကိုပင် ရရှိပိုင်ဆိုင်နိုင်၏။ ထိုနည်းပညာမြို့ပြအဖွဲ့အစည်းကြီးကို စိတ်စွမ်းအင်ကမ္ဘာဟုခေါ်သည်။

အထွတ်အထိပ်တောက်ပအောင်မြင်မှုတို့မှ နည်းပညာမြို့ပြအဖွဲ့အစည်း၏ အဆုံးသတ်တို့ ရောက်ရှိလာပါတော့သည်။ ထိုနည်းပညာရှာဖွေတွေ့ရှိမှုကြီးကို စိတ်စွမ်းအင်ဖန်တီးခြင်းဟုခေါ်ဆိုပြီး စိတ်စွမ်းအားက နောက်ဆုံးမှာတော့ ထိန်းမနိုင်သိမ်းမရဖြစ်သွားတော့သည်။ ထိုအခြင်းအရာက ကပ်ဘေးဒုက္ခအစုအစည်းကို ဖြစ်ပေါ်လာစေသည်။ နောက်ဆုံး အလွန်တိုတောင်းသော အချိန်တိုအတွင်းမှာ ကပ်ဘေးဒုက္ခကြီးက စိတ်စွမ်းအင်ကမ္ဘာတစ်ခုလုံးကို သိမ်းကြုံးဖျက်ဆီးလာတော့သည်။ ယင်းက နည်းပညာမြို့ပြအဖွဲ့အစည်းတစ်ခုလုံးကို ပြိုကွဲသွားစေသည်။ မရေမတွက်နိုင်သော စိတ်စွမ်းအင်နည်းပညာများသည် ပျက်စီးယိုယွင်းသွားပြီး စိတ်စွမ်းအင်မွန်းစတားများက နောက်ဆက်တွဲအနေဖြင့် မွေးဖွားလာသည်။

စိတ်စွမ်းအင်လူ့အဖွဲ့အစည်းက ထာဝရအသက်ကို နားလည်ဆုပ်ကိုင်သွားချိန်မှာတော့ ထိုသူတို့က ဖန်တီးခြင်းကို နားလည်ကျွမ်းကျင်ချင်လာကြသည်။ သေမျိုးခန္ဓာကိုယ်နှင့် သူတို့က နည်းပညာကိုအသုံးပြုကာ ဖန်တီးခြင်းနတ်ဘုရား၏နယ်ပယ်ကို စူးစမ်းလာကြသည်။ အဆုံးသတ်မှာတော့ တားမြစ်ချက်ကို ထိတွေ့မိပြီး ပျက်စီးခြင်းကို ကြုံတွေ့လိုက်ရတော့သည်။

စိတ်စွမ်းအင်ကမ္ဘာမှာ ကပ်ဘေးဒုက္ခခေတ်ကို ဝင်ရောက်လာသည်။

ထိုသို့ဖြင့် ကမ္ဘာကြီးက ပျက်စီးခြင်းကို ကြုံတွေ့ရင်ဆိုင်လိုက်ရသည်။

ယခု ချီမင်က စိတ်စွမ်းအင်ကမ္ဘာကို ဆင်းသက်လာသည်။ သူပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က အင်မော်တယ်ခန္ဓာနှင့် သက်ရှိအင်မော်တယ်တစ်ပါးအဖြစ် လျှောက်ဝင်လာသည်။

စိတ်စွမ်းအင်ကမ္ဘာကလည်း သေချာပေါက်မရိုးရှင်းပေ။ နောက်ဆုံးမှာတော့ ထိုနည်းပညာမြို့ပြအဖွဲ့အစည်းက ထာဝရအသက်ကို ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီး ဖန်တီးခြင်း၏လျှို့ဝှက်ချက်ကို စူးစမ်းနိုင်ခဲ့ကြသည်။ ထိုကမ္ဘာက မယုံနိုင်စရာနည်းလမ်းအမျိုးမျိုးကို ပိုင်ဆိုင်ထားသည်။

ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်က စိတ်စွမ်းအင်ကမ္ဘာက ဂြိုဟ်တစ်ခုပေါ်သို့ သက်ဆင်းလာသည်။ ကြည့်လိုက်ရတော့ သူ့မျက်လုံးက အလွန်အမင်း ပျက်စီးယိုယွင်းမှုတွေကို မြင်တွေ့လိုက်ရသည်။

ဝေါင်း! ဝေါင်း!

ရုတ်တရက် ပတ်ဝန်းကျင်မှ ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

အနက်ရောင်အရိပ်များက အရပ်မျက်နှာအနှံ့ကနေ ချီမင်ထံသို့ ပြေးဝင်လာကြသည်။ ထိုအရာများက စိတ်စွမ်းအင်မွန်းစတားများ ဖြစ်ကြသည်။ စိတ်စွမ်းအင်မွန်းစတားဆိုသည်က စိတ်စွမ်းအား၏ ပြင်ပရုပ်သဏ္ဌာန်ဖြစ်သည်။ နက်မှောင်မည်းနက်ပြီး လူသားအလားပင်။ ကပ်ဘေးဒုက္ခခေတ်တွင် ထိုကောင်များက မြေပြင်ထက်မှ ရှင်သန်နေသော သွေးအေးသတ္တဝါအလားပင်။

မမြင်နိုင်သည့်ကပ်ဘေးချီက ချီမင်၏ကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်မွန်းစတားများ ချဉ်းကပ်မလာနိုင်ခင်မှာ မမြင်နိုင်သည့်ကပ်ဘေးချီကြောင့် ဖျက်ဆီးခံရပြီး သေဆုံးသွားကြသည်။

“ဒီကမ္ဘာကြီးက ညစ်ညမ်းနေပြီ။”

ချီမင်ပြောင်းထားသည့် ဂိမ်းဇာတ်ကောင်က ဂရုဏာအကြည့်တွေ ပေါ်ပေါက်လာသည်။ “အသင်လူသားတို့ကို အကျွန်ုပ် ကယ်တင်ဖို့ လိုအပ်နေပြီ။”

ချီမင်၏ပုံရိပ်က ကောင်းကင်ကို ခုန်တက်သွားသည်။ သူက ဂြိုဟ်ပေါ်မှာရပ်တည်လိုက်ပြီး စကြဝဠာသို့ ဝင်ရောက်လိုက်သည်။ သူက လေဟာနယ်စကြဝဠာမှာ ရပ်တည်ပြီး ဖရိုဖရဲစစ်မှန်ခန္ဓာက ပေါ်ပေါက်လာသည်။

နောက်တစ်ခဏမှာ ချီမင်က ဒီဂြိုဟ်ကြီးကို စတင်ဖျက်ဆီးတော့သည်။

သူသာ ကပ်ဘေးဒုက္ခခေတ်ဂိမ်းမြေအောက်စခန်းကို အဆုံးသတ်ချင်ရင် စိတ်စွမ်းအင်မွန်းစတားတွေကို လုံလောက်သည့်အထိ သတ်ရမည်။ အရေအတွက်အတိအကျမှာ (၁၂.၉၄) ထရီလီယန် ဖြစ်သည်။

လိုအပ်ချက်အရေအတွက်က ကြီးမားသည်။

ဂြိုဟ်တစ်ခုလုံးကို တိုက်ရိုက်ဖျက်ဆီးခြင်းအားဖြင့် သူက စိတ်စွမ်းအင်မွန်းစတားတော်တော်များများကို သဘာဝအတိုင်း သတ်ဖြတ်နိုင်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဒုတိယနေ့ရောက်လာသည်။

နေ့လည်ချိန်မှာ ချီမင် နောက်ထပ်အသိပေးချက်တစ်ခုကို လက်ခံရရှိခဲ့၏။ ဝိညာဉ်သားရဲကြီးထွားသည့်နေရာမှာ ဝိညာဉ်သားရဲခြောက်ကောင်လုံး နောက်ထပ်နှစ်တစ်ရာကြာ ကျင့်ကြံခဲ့ကြသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်က အကန့်အသတ်သို့ ရောက်ရှိသွားသည်။ ကောင်းကင်အတိဒုက္ခ နောက်တစ်ကြိမ်ကျရောက်လာတာကို အာရုံခံမိသွားကြသည်။

ထိုအခြေအနေအောက်ဝယ် ချီမင်က ဟော့ချန်ချင်းနှင့် တခြားသူတွေကို ဝိညာဉ်သားရဲကြီးထွားသည့်နေရာကနေ သဘာဝအတိုင်း ထုတ်ပေးလိုက်သည်။ ကောင်းကင်အတိဒုက္ခခံယူရန် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှ ထွက်ခွာခိုင်းလိုက်သည်။

လေဟာနယ်စစ်မှန်နဂါး၊ အမှောင်မီးလျှံနှင့် ကပ်ဘေးဒုက္ခအရှင် ကပ်ဘေးလေးတို့က အဆင့်ငါးကောင်းကင်အတိဒုက္ခကို ခံယူရမှာဖြစ်ပြီး ဟော့ချန်ချင်း၊ ယင်လေး၊ လင်းနို့လေးနှင့် သေမင်းတို့က အဆင့်သုံးကောင်းကင်အတိဒုက္ခကို ခံယူရမှာဖြစ်သည်။

နေ့လည်မှာတော့…

တင်း!

“သင် ကပ်ဘေးဒုက္ခခေတ်အနားသတ်ဂိမ်းမြေအောက်စခန်းကို တစ်ရက်ကြာ ရှင်းလင်းခဲ့ပါသည်။ သင် ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာနှင့် တစ်ကြိမ်ရှင်းလင်းခဲ့ပါသည်။ သင် စိတ်စွမ်းအင်အမြူတေ တစ်ခု၊ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် တစ်သန်းကို ရရှိပါသည်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

ပစ္စည်း: စိတ်စွမ်းအင်အမြူတေ

ဖော်ပြချက်: ကပ်ဘေးဒုက္ခခေတ်အနားသတ်ဂိမ်းမြေအောက်စခန်းမှ ထုတ်လုပ်သောပစ္စည်းဖြစ်သည်။ စိတ်စွမ်းအားအမြူတေတစ်ခုဖြစ်ပြီး ဝိညာဉ်သားရဲများကို သန္ဓေပြောင်းရန်နှင့် ဆင့်ကဲရန် ကူညီပေးနိုင်သည်။

ချီမင်က အချက်အလက်ကိုစစ်ဆေးပြီး ခဏလောက် တွေးတောခန်းဖွင့်လိုက်သည်။

သူက အမှောင်ကျဆုံးခြင်းနှလုံးသားကိုလည်း အမှောင်ချောက်နက်ဂိမ်းမြေအောက်စခန်းကနေ ရရှိထားသည်။ သူက ယိုယွင်းခြင်းသစ်သားအများအပြားနှင့် တခြားသောပစ္စည်းအမျိုးမျိုးကိုလည်း ရရှိထားသည်။

သိုင်းနည်းစနစ်နှင့် နည်းလမ်းပေါင်းစုံကိုလည်း ရထားသည်။

ချီမင်က အကုန်လုံးကို ကျင့်ကြံထားသည်။ အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏ အကူအညီဖြင့် သူက အဆသန်းတစ်ထောင်မြှင့်တင်မှုအောက်တွင် ကျင့်ကြံထားသည်။ အကုန်လုံးက အမြင့်ဆုံးအဆင့် ပြီးပြည့်စုံခြင်းအဆင့်ထိ ရောက်ရှိပြီးသွားပြီ။

ချီမင်က သိုင်းနည်းစနစ်တွေ၊ နည်းလမ်းတွေ ကျင့်ကြံထားသည့်အပြင် ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကလည်း ပိုတိုးတက်လာသည်။ တဖြည်းဖြည်းချင်း ပုံစံကျလာပြီး ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲသည်လည်း ပြီးဆုံးတော့မည်။

နှစ်တစ်ရာကြာ ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ်ကိုသုံးပြီး ဖရိုဖရဲမဟာတာအိုစာလုံးတွေကို နားလည်ဆင်ခြင်ခဲ့သည်။ သူ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည့်အခါတိုင်း ဖရိုဖရဲမဟာတာအိုကျမ်းထဲသို့ ထည့်ပေါင်းခဲ့သည်။

အချိန်သာ လုံလောက်နေသရွေ့ ဖရိုဖရဲမဟာတာအိုစာလုံးကို ပြီးပြည့်စုံသည်အထိ ကျိန်းသေပေါက် နားလည်နိုင်စွမ်းရှိသည်။ ဖရိုဖရဲမဟာတာအိုကျမ်းလည်း ပြီးပြည့်စုံလာပေမည်။ သို့ပေမယ့် သူက ယခုချိန်တွင် ထိုအဆင့်ထိတော့ မရောက်သေးပေ။

ညနေခင်းမှာတော့ အမှောင်မီးလျှံနှင့် တခြားသူတွေအကုန် ကောင်းကင်အတိဒုက္ခကို အောင်အောင်မြင်မြင် ဖြတ်ကျော်ပြီး ပြန်ရောက်လာကြသည်။ လမင်းတစ်ထောင်ကမ္ဘာတွင်လည်း ကြီးမားသည့်ပွက်လောရိုက်မှုတစ်ခု ဖြစ်ပေါ်လာပြီး ကြီးမားသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာသည်။

အရေးကြီးဆုံးကတော့ အမှောင်မီးလျှံတို့၏ အထောက်အထားနှင့် နောက်ခံကို ရှာမတွေ့ကြပေ။ လမင်းတစ်ထောင်ကမ္ဘာတွင် အတိဒုက္ခကျော်လွှားခြင်း ပုဂ္ဂိုလ်ခြောက်ယောက်ရှိသည်ကိုသိပြီးတော့ သွေးတစ်ထောင်ဂိုဏ်းကလည်း ကိုယ်ကိုယ်ကိုယ် အများအပြား ချုပ်တည်းလာကြသည်။ မြောလွင့်ဘုရားကျောင်း၊ မြူခိုးဝေဝေဂိုဏ်းနှင့် လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းတို့ကလည်း ပိုပြီးသတိထားလာကြသည်။

လမင်းတစ်ထောင်ကမ္ဘာက တည်ငြိမ်အေးချမ်းမှုဆီသို့ တစ်ဖန်ပြန်လှည့်လာသည်။

တည်ငြိမ်မှုက အပေါ်ယံမှာသာ ဖြစ်နိုင်သည်။

ပုန်းကွယ်နေသည့် လျှို့ဝှက်စီးကြောင်းများလည်း ရှိသေးသည်။

ချီမင်က ကျေနပ်မှုဖြင့် ခေါင်းညိတ်လိုက်ပြီး ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။ “ဝိညာဉ်သားရဲကြီးထွားတဲ့နေရာလွတ်ထဲကို ပြန်ဝင်ပြီး ကြီးထွားတော့။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

အမှောင်မီးလျှံနှင့် တခြားသူတွေက ပြန်ဖြေလိုက်ကြသည်။

အလင်းတွေ လင်းလက်လာသည်။

အမှောင်မီးလျှံနှင့် တခြားကောင်တွေက လေထုအလွှာပါးထဲမှာ ပျောက်ကွယ်သွား၏။

ချီမင်၏ကျင့်ကြံခြင်းအဆင့်က တာအိုပေါင်းစည်းခြင်းအစောပိုင်းအဆင့်ကို ချိုးဖြတ်ပြီး တာအိုပေါင်းစည်းခြင်းအလယ်ပိုင်းအဆင့်သို့ ချိုးဖြတ်သွားသည်။ အမှန်တကယ်တော့ အတော်လေးကိုကြီးမားသည့် ပွက်လောရိုက်မှုတစ်ခု ဖြစ်သွားသည်။ သူ အဓိကအဆင့်ကြီးတစ်ခုကို ဖြတ်ကျော်သလောက် မချဲ့ကားမကြီးမားသော်ငြား အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်သွားသေးသည်။

အဆင့်ချိုးဖြတ်နေစဉ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်စဉ်ကို ဖုံးကွယ်ဖို့အတွက် သူ လိုအပ်သည့်အစီအရင်တွေကို အထူးတလည် တည်ဆောက်ခဲ့ရသေးသည်။ အစီအရင်က ထူးခြားဖြစ်စဉ်ကို မဖုံးကွယ်မတားဆီးနိုင်ပေ။ သို့သော်လည်း အဆင့်ငယ်တစ်ခုချိုးဖြတ်ရာမှ ဖြစ်ပေါ်လာသည့် လှုပ်ရှားမှုကိုတော့ ဖုံးကွယ်နိုင်သေးသည်။

နောက်တစ်နေ့မှာ ချီမင် အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။ အမှောင်မီးလျှံတို့က အဆင့်ချိုးဖြတ်သွားကြပြီ။ အမှောင်မီးလျှံနှင့် ကပ်ဘေးလေးတို့က အတိဒုက္ခကျော်လွှားခြင်း ပဉ္စမအဆင့်ကို ချိုးဖြတ်တာဖြစ်သည်။ လင်းနို့လေး၊ ယင်လေး၊ ဟော့ချန်ချင်းနှင့် သေမင်းတို့က အတိဒုက္ခကျော်လွှားခြင်း တတိယအဆင့်ကို ချိုးဖြတ်သွားတာဖြစ်သည်။

သူတို့၏ အင်အားက ကြီးကြီးမားမား တိုးတက်သွားကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်တစ်ရာ ကုန်ဆုံးသွားသည်။

ပထမဆုံး လွန်ခဲ့သည့်ဆယ်နှစ်မှာတော့ လမင်းတစ်ထောင်ကမ္ဘာတွင် အဓိကိစ္စတစ်ခု ဖြစ်သွားသည်။

သွေးတစ်ထောင်ဂိုဏ်းက လမင်းတစ်ထောင်ကမ္ဘာအတွင်းရှိ နတ်ဆိုးဂိုဏ်းဝင် နတ်ဆိုးများနှင့် အင်အားပူးပေါင်းကာ နတ်ဆိုးမဟာမိတ်ကို ဖွဲ့စည်းခဲ့သည်။ သူတို့က မြောလွင့်ဘုရားကျောင်း၊ မြူခိုးဝေဝေဂိုဏ်းနှင့် လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းတို့ကို တရားဝင်စစ်ကြေညာလိုက်သည်။

ယင်းအခြေအနေတွေအောက်မှာ မြောလွင့်ဘုရားကျောင်း၊ မြူခိုးဝေဝေဂိုဏ်းနှင့် လေဟာနယ်စိတ်ဝိညာဉ်ဂိုဏ်းတို့ကလည်း ပူးပေါင်းလိုက်သည်။ ထို့အပြင် လမင်းတစ်ထောင်ကမ္ဘာမှ လမ်းမှန်ဂိုဏ်းတွေနှင့် လမ်းမှန်မဟာမိတ်ကို ဖွဲ့စည်းလိုက်ကြသည်။

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းက တတိယတန်းစားဂိုဏ်းဟု ဆိုရပေမယ့် မဟာမိတ်အတွက် တပည့်အများအပြား ထည့်ပေးလိုက်ရသည်။ ထို့ကြောင့် မဟာအကြီးအကဲသုံးပါးထဲမှ တစ်ပါးသာ ဂိုဏ်းကိုစောင့်ရှောက်ဖို့ ကျန်နေခဲ့သည်။

ချီမင်က စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်း၏ ဂရန်းမာစတာဖြစ်ပေမယ့် လမ်းမှန်ဂိုဏ်းတွေ၏ ခေါ်ယူမှုကို မတုံ့ပြန်ခဲ့ပေ။ ထိုအစား ပုံမှန်အတိုင်းသာ တိမ်စိမ်းဂူစံအိမ်တွင် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ထို့အပြင် ချီမင်က တိမ်စိမ်းဂူစံအိမ်တွင် လွန်ခဲ့သည့်နှစ်တစ်ရာလုံး အခြေခံအားဖြင့် တံခါးပိတ်ကျင့်ကြံနေခဲ့သည်။ အပြင်ထွက်တာ ရှားပါးပြီး စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းတွင် ထွက်ပေါ်လာမှုက အရမ်းရှားပါးသည်။

အမှန်တကယ်တော့…

စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းက တပည့်အများစုကလည်း သူတည်ရှိသည့်အကြောင်းကို မသိကြပေ။

“ငါ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှာ တံခါးပိတ်ကျင့်ကြံတာ နှစ်တစ်ရာရှိသွားပြန်ပြီ။”

ချီမင်က မျက်လုံးဖွင့်လိုက်တော့ အထဲမှာ အလင်းတစ်ချက်လက်သွားသည်။ သူက လက်ချောင်းတွေဖြင့် တွက်ချက်လိုက်သည်။ “ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်က တစ်ဆင့်တိုးသွားပြီ။ ဝိညာဉ်သားရဲခြောက်ကောင်ကလည်း အင်အားတွေ သိသိသာသာတိုးတက်လာပြီ။”

“ကံမကောင်းတာက ငါလိုချင်တဲ့ ငြိမ်းချမ်းမှုက နောက်တစ်ကြိမ် ပြိုကွဲတော့မယ်။”

ချီမင်၏တွက်ချက်မှုတွင် နတ်ဆိုးကမ္ဘာက အမှန်တကယ်တော့ လမင်းတစ်ထောင်ကမ္ဘာကို ပစ်မှတ်ထားလာတာဖြစ်သည်။ သည်နေရာမှာ လူသားများနှင့် နတ်ဆိုးများ၏ ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မည်။ အစပိုင်းမှာတင် နတ်ဆိုးကမ္ဘာ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် လမင်းတစ်ထောင်ကမ္ဘာ၏ ခံစစ်ကို ကျိုးပြတ်သွားစေပြီး လမ်းမှန်မဟာမိတ်ကို ရှုံးနိမ့်သွားစေသည်။

ထိုသို့ဖြင့် စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကလည်း ဖျက်ဆီးခံလိုက်ရသည်။

“ဘာပဲဖြစ်ဖြစ် ငါ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းမှာ နှစ်ရာပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့တာပဲ။ ငါက ဒီဂိုဏ်းဆီမှာ အကြွေးတင်သွားပြီ။ အဲ့ဒါကြောင့် ဒီလိုအခြေအနေတွေအောက်မှာ ငါ့ရဲ့စွမ်းရည်နဲ့ စိတ်ဝိညာဉ်တိမ်တိုက်ဂိုဏ်းကို ပျက်စီးခွင့်မပေးနိုင်ဘူး။”

“ငါ ကမ္မကို ပြန်ပေးဆပ်ရဦးမယ်။”

ချီမင် စဉ်းစားလိုက်သည်။

သုံးရက်ကြာပြီးနောက်မှာတော့ သူ အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။

နှစ်တစ်ရာကုန်ပြီးနောက်မှာ ချီမင်၏ ဝိညာဉ်သားရဲခြောက်ကောင်လုံးက လက်ရှိကျင့်ကြံခြင်းအဆင့် ကန့်သတ်ချက်ကို ရောက်ရှိသွားကြပြန်သည်။ သူတို့က ကောင်းကင်အတိဒုက္ခကို အာရုံခံနိုင်လာပြီး အတိဒုက္ခကို နောက်တစ်ကြိမ်ကျော်လွှားကာ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်ချိန် ရောက်လာသည်။

“ထွက်လာကြ။”

ချီမင် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။

အလင်းရောင်တွေ လင်းလက်လာသည်။

“သခင်ကို နှုတ်ဆက်ပါတယ်။”

ချီမင်က ခေါင်းညိတ်ပြီး ညွှန်ကြားလိုက်သည်။ “မင်းတို့က ကျင့်ကြံခြင်းအဆင့် အကန့်အသတ်ကို ရောက်လာကြပြန်ပြီ။ အတိဒုက္ခကို နောက်တစ်ကြိမ် ကျော်လွှားလို့ရပြီ။ ဒီတစ်ခါတော့ မင်းတို့ကို တာဝန်တစ်ခုပေးမယ်။”

“အတိဒုက္ခမကျော်လွှားခင် မင်းတို့ နတ်ဆိုးမဟာမိတ်နဲ့ လမ်းမှန်မဟာမိတ် စစ်မြေပြင်ကို သွားရောက်ပြီး လမ်းမှန်မဟာမိတ်ဘက်ကနေ ကူညီပေးရမယ်။”

“အဲ့ဒီအချိန်ကျရင်၊”

“မင်းတို့က နတ်ဆိုးမဟာမိတ်ဖက်က တိုက်ခိုက်မှုတွေကို တားဆီးပေးရုံပဲ။ လူသားကမ္ဘာက အချိန်တိုအတွင်းမှာ တပ်ကူပို့ပေးလာလိမ့်မယ်။ အဲ့ဒီအချိန်ကြရင် မင်းတို့တာဝန်က ပြီးဆုံးပြီ။”

“နားလည်ကြလား။”

“ဟုတ်။”

“ဟုတ်။”

“ဟုတ်။”

“သခင် စိတ်မပူပါနဲ့။”

အမှောင်မီးလျှံ၊ ဟော့ချန်ချင်းနှင့် တခြားသူတွေ ပြန်ဖြေလိုက်ကြ၏။

“အရမ်းကောင်းတယ်။”

ချီမင်က ‌စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ဒါဆို သွားတော့။”

“ဟုတ်။”

ဆွစ်ရှ်! ဆွစ်ရှ်!

ဟော့ချန်ချင်း၊ အမှောင်မီးလျှံနှင့် တခြားသူတွေက ခေါင်းထပ်ညိတ်လိုက်ကြ၏။ ပြီးနောက်မှာတော့ ပုံရိပ်တွေက လေထုကိုထိုးခွဲပြီး နေရာကနေ အလင်းစီးကြောင်းခြောက်ကြောင်းအဖြစ် ပြောင်းလဲကာ ချက်ချင်းပျောက်ကွယ်သွားကြသည်။

လမင်းတစ်ထောင်ကမ္ဘာက လက်အောက်ခံကမ္ဘာတစ်ခုသာ ဖြစ်သည်။ နတ်ဆိုးကမ္ဘာက မဟာယနအဆင့်ပုဂ္ဂိုလ်ကို မလွှတ်ထားပေ။ အသန်မာဆုံးက အတိဒုက္ခကျော်လွှားခြင်း နဝမအဆင့် မဟာနတ်ဆိုးသာ ဖြစ်သည်။

အမှောင်မီးလျှံ၊ ဟော့ချန်ချင်းနှင့် တခြားသူတွေ၏ အင်အားဖြင့်ဆိုလျှင် နတ်ဆိုးမဟာမိတ်ကို ခုခံဖို့ လုံလောက်သည်။

All Chapters