ဘွဲ့ : ဖရိုဖရဲအင်မော်တယ်ဘုရင်
Vol. 16 Ch. 226
“အင်မော်တယ်ဘုရင်ကောင်းကင်ဂူဖွင့်တဲ့အကြိမ်တိုင်း အံ့ဖွယ်စွမ်းအားအဆင့်သတ်မှတ်ချက်စာရင်းက ဆုလာဘ်က ပုံသေမဟုတ်ဘူး။ အခြေအနေ အတိအကျပေါ် မူတည်ပြီး ငါတို့က မတူညီတဲ့ဆုလာဘ်ကို ပေးအပ်တယ်။”
“ဒါပေမယ့် ဒီတစ်ကြိမ်တော့ မင်းရဲ့အထူးအခြေအနေကြောင့် ငါတို့မင်းကို ရွေးချယ်ခွင့် သုံးခုပေးမယ်။ မင်းက မင်းရဲ့ဆုလာဘ်ကို သုံးခုထဲကနေ တစ်ခုကို ရွေးနိုင်တယ်။” ပထမအင်မော်တယ်ဘုရင်လင်းလုံကပြောတယ်။
“အင်မော်တယ်ဘုရင်တို့ ခင်ဗျားတို့ရဲ့ ကြင်နာမှုနဲ့ မြေတောင်မြှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်” ချီမင် ဦးညွတ်လိုက်တယ်။
“ဒီဆုလာဘ်တွေက မင်းနဲ့ ထိုက်တန်ပါတယ်” ပထမအင်မော်တယ်ဘုရင်ကပြောတယ်။
“ပထမအင်မော်တယ်ဘုရင် ပြောတာမှန်ပါတယ်။”
“ရန်ပေါင်ချီ မင်းရဲ့အလားအလာက ရှားတယ်။ အင်မော်တယ်မျိုးနွယ်တစ်ခုလုံးမှာ အင်မော်တယ်ဘိုးဘေးကို ဘေးဖယ်ထားရင် ငါကြောက်တာက မင်းက ပါရမီအမြင့်ဆုံးလူဖြစ်နေမှာပဲ။”
“အဲ့ဒါကြောင့် မင်းက အထူးအခွင့်အရေးတွေရဖို့ အရည်အချင်းပြည့်မီပါတယ်။”
“ကိုယ့်ကိုယ်ကိုယ် မနှိမ့်ချပါနဲ့။”
“ကြိုးစား။”
“ငါတို့အကုန် မင်းကို ယုံကြည်တယ်။”
အင်မော်တယ်ဘုရင်အကုန်လုံးက သူတို့ရဲ့ စေတနာကောင်းတွေကို ချီမင်ဆီမှာ ဖော်ပြလိုက်ကြတယ်။
အရင်က အင်မော်တယ်ဘုရင်ကောင်းကင်ဂူကို ပိတ်ချင်ခဲ့တဲ့ အင်မော်တယ်ဘုရင်တွေတောင် အရှက်မရှိ ချီမင်ကို ချီးမွမ်းနေကြတယ်။ သူတို့က သူ့ကို အရမ်းချီးမွမ်းနေကြတယ်။
သွေးအရှင်အင်မော်တယ်ဘုရင်တစ်ယောက်ရဲ့ အမူအရာကပဲ ရုပ်ဆိုးနေတယ်။ ချီမင်အယောင် ဆောင်ထားတဲ့ ရန်ပေါင်ချီက သွေးအရှင်အင်မော်တယ်ဘုရင်အမွေခံ ယွမ်ချင်းယွီတပည့်ကို သတ်ဖြတ်ထားတယ်။ အဲ့ဒါကြောင့် သူက ရန်ပေါင်ချီကို ဘာမှမလုပ်ချင်သလို သူ့ရဲ့အရည်အချင်းကို ချီးတောင်မကျူးချင်ဘူး။
ဒီခံစားချက်က တကယ်ကို မသက်မသာဖြစ်တယ်။
ရှိနေတဲ့လူတွေထဲမှာ ချီမင်ကိုယ်တိုင်ကလွဲရင် ဖြစ်နိုင်တာက အင်မော်တယ်ဘုရင်လင်းလုံက အကောင်းဆုံးစိတ်အခြေအနေမှာရှိတယ်။
ဒါကဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့အမွေခံတပည့်ရန်ပေါင်ချီက အံ့ဖွယ်စွမ်းအားအဆင့်သတ်မှတ်ချက်မှာ ပထမနေရာသွားလို့ဖြစ်ပြီး အင်မော်တယ်ဘိုးဘေးရဲ့အလားအလာမျိုး တောင်ရှိတယ်။ သူက အင်မော်တယ်ဘုရင်လင်းလုံကို လုံးဝဂုဏ်ယူလို့ရအောင်လုပ်ထားတယ်။
“မင်းက အင်မော်တယ်ဘုရင်အဆင့်ကို မရောက်သေးဘူးဆိုပေမယ့် ပထမဆုလာဘ်က မင်းရဲ့အလားအလာနဲ့ဆို ငါတို့မင်းကို ကြိုပြီး (၁၀၉)ပါးမြောက်အင်မော်တယ်ဘုရင်နဲ့ လုပ်ပိုင်ခွင့်နဲ့ ဘွဲ့မျိုးပေးမယ်။”
ပထမအင်မော်တယ်ဘုရင်က ဆက်ပြောတယ် “မင်း အင်မော်တယ်ဘုရင်ရဲ့ဘွဲ့နဲ့ လုပ်ပိုင်ခွင့်တွေရပြီးရင် မင်း အသင်္ချေအင်မော်တယ်တောင်နားမှာ (၁၀၉)တောင်မြောက် အင်မော်တယ်တောင်ကို တည်ဆောက်နိုင်တယ်။ မင်း အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့အကူအညီနဲ့ တခြားကမ္ဘာတွေကိုဝင်ဖို့ အရည်အချင်းပြည့်မီသွားပြီ။ ဒါ့အပြင် ငါတို့က မင်းနဲ့သင့်တော်တဲ့ကမ္ဘာတစ်ခုကို ရှာပေးမယ်။ ပြီးရင် မင်းကို အချိန်တိုဆုံးနဲ့ အင်မော်တယ်ဘုရင်အဆင့်ရောက်အောင် ကူညီပေးမယ်။”
“ကောင်းပြီ။ မင်း အင်မော်တယ်ဘုရင်ရဲ့ဘွဲ့နဲ့ လုပ်ပိုင်ခွင့်တွေရပြီးရင် မင်းကသက်ဆိုင်တဲ့ တာဝန်ယူမှုတာဝန်ခံမှုလည်း ယူရမယ်။ အဲ့ဒါဆို အင်မော်တယ်မျိုးနွယ်တစ်ခုလုံးရဲ့ အရင်းအမြစ်တွေ မင်းအတွက်ပဲ။”
“ကျွန်တော့်မှာ ဘယ်လိုတာဝန်မျိုးရှိတာလဲ။”
“အဲ့တာက အင်မော်တယ်ကမ္ဘာကို ပြီးဆုံးအောင် ကူညီပေးရတာနဲ့ပဲ ကန့်သတ်မထားဘူး။” ပထမအင်မော်တယ်ဘုရင်က ပြန်ဖြေတယ်။
ချီမင်ခေါင်းညိတ်တယ် “တခြားဆုလာဘ်နှစ်ခုက ဘာပါလဲ။”
“ဒုတိယမြောက်ဆုလာဘ်က မင်းပြီးပြည့်စုံတဲ့ကမ္ဘာ့မူလအစကို ရနိုင်တယ်။”
ပထမအင်မော်တယ်ဘုရင်က ဆက်ပြောတယ် “ကမ္ဘာ့မူလအစဆိုတာ ကမ္ဘာတစ်ခုရဲ့ ရင်းမြစ်ဇာစ်မြစ်ပဲ။ မူလအစမှာ တာအိုစာလုံးတွေ၊ ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ ဥပဒေသတွေ၊ စစ်မှန်ရည်ရွယ်ချက်တွေပါတယ်။ အဲ့တာတွေက မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်တဲ့နေရာမှာ ကူညီပေးတယ်။”
ပထမအင်မော်တယ်ဘုရင်က ဆက်ပြီး “တတိယမြောက်ဆုလာဘ်အနေနဲ့ မင်း အင်မော်တယ်မျိုးနွယ် ဘိုးဘေးရဲ့ လမ်းညွှန်မှုကို ရနိုင်တယ်။”
“အင်မော်တယ်ဘိုးဘေးရဲ့ လမ်းညွှန်မှု” ချီမင်ထိတ်လန့်သွားပြီး သူ အခုမှဒီလို ထိတ်လန့်စရာ ကောင်းတဲ့သတင်းကို ပထမဆုံးအကြိမ်ကြားလိုက်ရသလိုမျိုး ထိတ်လန့်သွားတဲ့ အမူအရာကိုအချိန်မီပြသလိုက်တယ်။ “အင်မော်တယ်ဘိုးဘေးက အသက်ရှင်နေသေးတာလား။”
“အဲ့လိုတော့လည်း မမှန်ဘူး။” ပထမအင်မော်တယ်ဘုရင်က ခေါင်းခါလိုက်တယ် “အင်မော်တယ် ဘိုးဘေးရဲ့လက်ရှိအခြေအနေအရ သူ့ကို အသက်ရှင်နေတယ်လို့ ယူဆလို့မရဘူး။ သူက လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်ရဲ့တန်ပြန်မှုကို ခံစားနေရတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ရုပ်တုတစ်ခုလိုဖြစ်သွားတယ်။ သူ့ရဲ့သိစိတ်နဲ့စစ်မှန်ဝိညာဉ်က လျှို့ဝှက်နက်နဲကမ္ဘာသိစိတ်နဲ့ တိုက်ခိုက်နေရတယ်။”
“အင်မော်တယ်ဘိုးဘေးက သူ့ရဲ့သိစိတ်အစိတ်အပိုင်းတစ်ခုကို ရုပ်တုထဲကနေ ပို့လို့ရသေးတယ်။ သူက အရမ်းတိုတဲ့အချိန်တစ်ခုစာလောက်တော့ နိုးထနိုင်တယ်။ ငါတို့အင်မော်တယ်ဘိုးဘေးရဲ့သိစိတ်ကို ဆင့်ခေါ်လို့ရပြီး သူကိုမင်းရဲ့ကျင့်ကြံခြင်းကို လမ်းညွှန်ပေးခိုင်းလို့ရတယ်။”
ဒီကနေကြည့်ရင် သိသာတယ်။ အင်မော်တယ်မျိုးနွယ်တစ်ခုလုံးက သူတို့ရဲ့အင်မော်တယ်ဘိုးဘေးကို ဘက်ပေါင်းစုံကနေ ယုံကြည်လာကြတာ ကြာပြီ။ သူတို့ယုံကြည်နေကြတဲ့ အင်မော်တယ်ဘုရင်က တကယ်တော့ မူလအစအင်မော်တယ်ဘုရင် ပြန်အသက်ရှင်လာတာဖြစ်တယ်။
“ဘယ်တစ်ခုကို မင်းရွေးချယ်ချင်တုန်း။” ပထမအင်မော်တယ်ဘုရင်က မေးလိုက်တယ်။
ချီမင်က ပြောလိုက်တယ် “ကျွန်တော်တို့ အင်မော်တယ်မျိုးနွယ်တစ်ခုလုံးအတွက်၊ ကျွန်တော်တို့တွေ စစ်မှန်တဲ့အင်မော်တယ်တွေဖြစ်လာဖို့အတွက်၊ အင်မော်တယ်တွေပါ လေးစားရမယ့် အထက်ကမ္ဘာနဲ့ယှဉ်နိုင်တဲ့ အင်မော်တယ်ကမ္ဘာတစ်ခုကိုဖန်တီးဖို့အတွက် အင်မော်တယ်ဘိုးဘေးက တကယ့်ကို အများကြီး အနစ်နာခံခဲ့ပါတယ်။ အဲ့တာကြောင့် သူကိုဒီလို့ကိစ္စသေးသေးလေးအတွက်နဲ့ နှောက်ယှက်ဖို့ မလိုအပ်ဘူးလို့ထင်ပါတယ်။”
“အင်မော်တယ်ဘိုးဘေးအတွက် လျှို့ဝှက်နက်နဲကမ္ဘာရဲ့သိစိတ်ကို ခုခံတာ တကယ့်ကို အရမ်းခက်ခဲပါလိမ့်မယ်။ သူ့ရဲ့သိစိတ်ကို အာရုံလွင့်ပြယ်အောင်လုပ်ဖို့ တကယ်မလိုအပ်ပါဘူး။”
“ပြောတာကောင်းတယ်”
“မျိုးစေ့ကောင်းလေးပဲ။ မင်းတကယ်တော်တယ်။”
“မင်းကမင်းရဲ့ပါရမီကြောင့် မာနမကြီးသွားဘူး။ အဲ့ဒီအစား မင်းကအင်မော်တယ်ဘိုးဘေးရဲ့ ခမ်းနားကြီးကျယ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုကို နားလည်တယ်။”
“အင်မော်တယ်ဘိုးဘေးကြောင့် ငါတို့အင်မော်တယ်မျိုးနွယ်တစ်ခုလုံး တိုးတက်လာတာ။ အရင်ကဆို လျှို့ဝှက်နက်နဲကမ္ဘာရဲ့ မျိုးနွယ်ခြောက်ခုမှာ အင်မော်တယ်မျိုးနွယ်ရဲ့အဆင့်က အောက်ခြေမှာပဲရှိတယ်။ အင်မော်တယ်ဘိုးဘေးရဲ့ ဦးဆောင်ပေးမှုကြောင့် ငါတို့ရဲ့လက်ရှိအဆင့်အတန်းကို ရလာတာ။ ငါတို့က လျှို့ဝှက်နက်နဲကမ္ဘာကို ထိန်းချုပ်နိုင်လာပြီး လျှို့ဝှက်နက်နဲကမ္ဘာမှာ မျိုးနွယ်စုအားလုံးရဲ့ ထိပ်မှာရပ်တည်နိုင်လာတယ်။”
“ငါတို့က အင်မော်တယ်ဘိုးဘေးရဲ့ ကြီးမြတ်မှုနဲ့ စွန့်လွှတ်အနစ်နာခံမှုကို သင်ယူရမယ်။”
အင်မော်တယ်ဘုရင်က ပြောတယ်။
“အင်မော်တယ်ဘုရင်တို့ ပြောတာမှန်ပါတယ်” ချီမင်က ပြန်ဖြေတယ် “ကျွန်တော် အပြည့်အဝသဘောတူပါတယ်။”
သူ စိတ်ထဲမှာတော့ အဲ့လိုမတွေးဘူး။
မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်မျိုးနွယ်တစ်ခုလုံးကို သူ့ပစ္စည်းတစ်ခုအနေနဲ့ပဲ ပြုမူပြီး လျှို့ဝှက်နက်နဲကမ္ဘာကို သူ့ရဲ့အထွတ်အထိပ်ကို ပြန်ရောက်ဖို့ အရင်းအမြစ်အနေနဲ့ပဲ အသုံးပြုတယ်။
ဒီအင်မော်တယ်တွေက အဲ့ဒီလှည့်ကွက်ထဲမှာ နစ်မြှုပ်နေပြီး မူလအစအင်မော်တယ်ဘုရင်ဆီမှာ အဲ့ဒါကို မသိဘဲ ဆက်တိုက်အသုံးပြုခံနေရတယ်။ သူတို့က ဘဝင်တောင်ခိုက်နေကြပြီး မူလအစအင်မော်တယ်ဘုရင်ကို သူတို့ရဲ့ယုံကြည်သက်ဝင်မှုအဖြစ် ကိုးကွယ်နေကြတယ်။
ဒါကတကယ့်ကို သနားစရာကောင်းတယ်။
ချီမင်ကတော့ သေချာပေါက် ထုတ်ပြောမှာမဟုတ်ဘူး။
အဲ့ဒီအပြင် ချီမင်က ထုတ်ပြောရင်တောင် ဘယ်အင်မော်တယ်ကမှ သူ့ကိုယုံမှာမဟုတ်ဘူး။ သူသာ စွန့်စားပြီး တခြားမျိုးနွယ်တွေကို ပြောရင်တောင် သူတို့က ယုံကြမှာ မဟုတ်ဘူး။
“ဒုတိယမြောက် ဆုလာဘ်ကိုတော့” ချီမင်က ဆက်ပြောတယ် “ကမ္ဘာမူလအစက သိပ်မဆိုးပေမယ့် ကျွန်တော်အဲ့တာကို မလိုအပ်ပါဘူး။ အဲ့တာသာမရှိရင်လည်း အချိန်တိုအတွင်းမှာ အဆင့်ချိုးဖြတ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
“ဟုတ်ပြီ။”
“မင်းရဲ့ ပါရမီနဲ့ဆို မင်းက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ အသိအမှတ်ပြုတာကိုလည်း ရထားတယ်။ အင်မော်တယ်ဘိုးဘေးရဲ့ ပါရမီကိုလည်း ပိုင်ဆိုင်ထားတယ်။ မင်း ကမ္ဘာမူလအစကို မင်းရဲ့ကျင့်ကြံခြင်းအဆင့်တိုးမြင့်ဖို့ တကယ်တော့လည်း မလိုအပ်ပါဘူး။ အနည်းဆုံးတော့ မင်း အခုအဲ့တာကို မလိုအပ်သေးဘူး။”
“ဒီလိုဆို မင်းပထမမြောက်ဆုလာဘ်ကို လိုချင်တာလား။”
“ကောင်းတယ်။”
အင်မော်တယ်ဘုရင်က ပြောတယ်။
ချီမင်က ခေါင်းညိတ်တယ် “ကျွန်တော် ပထမမြောက်ဆုလာဘ်ကို ရွေးချယ်ပါတယ်။ ကျွန်တော့်မှာ အင်မော်တယ်ဘုရင်ရဲ့ ကျင့်ကြံခြင်းအဆင့်မျိုး မရှိသေးပေမယ့် အင်မော်တယ်မျိုးနွယ်တစ်ခုလုံးရဲ့ ရင်းမြစ်နဲ့ အင်မော်တယ်ဘုရင်အမျိုးမျိုးရဲ့ အကူအညီနဲ့ဆိုရင် ကျွန်တော် အင်မော်တယ်ဘုရင်အဆင့်ကို အချိန်အတိုဆုံးနဲ့ ရောက်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။”
ပထမအင်မော်တယ်ဘုရင်က ခေါင်းညိတ်လိုက်တယ် “မင်းက ရည်မှန်းချက်ကြီးတယ်”
ပြီးတာနဲ့သူက အော်လိုက်တယ် “အခု ငါ အင်မော်တယ်ဘုရင် (၁၀၈) ပါးလုံးရဲ့ကိုယ်စား အင်မော်တယ်မျိုးနွယ်တစ်ခုလုံးကို ကြေညာလိုက်မယ်။ ငါ မင်းကို အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ဘွဲ့ဂုဏ်ပုဒ်နဲ့ လုပ်ပိုင်ခွင့်ကို ပေးအပ်တယ်။”
“မင်းရဲ့ဘွဲ့ကို စဉ်းစားထားလား။” ပထမအင်မော်တယ်ဘုရင်က မေးတယ်။
“ဟုတ်ကဲ့” ချီမင် က ပြန်ဖြေတယ် “ကျွန်တော်ရဲ့ ဘွဲ့ဂုဏ်ပုဒ်က ဖရိုဖရဲသောင်းပြောင်းမှု။ ဖရိုဖရဲအင်မော်တယ်ဘုရင်လို့ သမုတ်တယ်!!”
“အရမ်းကောင်းတယ်”
ပထမအင်မော်တယ်ဘုရင်က သူ့ညာလက်ကို ဝေ့ယမ်းလိုက်ပြီး ကြီးမားတဲ့လက်ချိတ်စည်းတစ်ခုကို ဖွဲ့စည်းလိုက်တယ်။ အဲ့တာကို အစီအရင်နဲ့ ပေါင်းစပ်ပြီး အသက်သွင်းလိုက်တာက ဗဟိုနတ်ဘုရားတောင်တစ်ခုလုံးကို တုန်ခါသွားစေတယ်။
“ဒါက...”
“ဗဟိုနတ်ဘုရားတောင်က လှုပ်ခါနေတယ်...” အင်မော်တယ်ဘုရင်အမွေခံတပည့်တွေက အော်ဟစ်လိုက်ကြတယ်။
တခြားအင်မော်တယ်ဘုရင် (၁၀၇) ပါးကလည်း လက်ချိတ်စည်းတွေဖွဲ့စည်းလိုက်ပြီး အထူးအစီအရင်ကို အပြည့်အဝ အသက်သွင်းလိုက်တယ်။ တကယ်တော့ အထူးအစီအရင်ရဲ့တကယ့်နာမည်က ဗဟိုနတ်ဘုရားတောင်အစီအရင်ဖြစ်တယ်။
လေဟာနယ်ကြေးမုံအပြင် ဗဟိုနတ်ဘုရားတောင်အစီအရင်ရဲ့ အမြူတေကလည်း ဗဟိုနတ်ဘုရားတောင်ဖြစ်တယ်။
အဲ့ဒီအချိန်မှာ အင်မော်တယ်ဘုရင် (၁၀၈) ပါးက တစ်ချိန်တည်းတိုက်ခိုက်ပြီး ဗဟိုနတ်ဘုရားတောင်အစီအရင်ကို အသက်သွင်းလိုက်တယ်။ အစီအရင်က လုံးဝကို အသက်ဝင်လာတယ်။ အစီအရင်တစ်ခုလုံးရဲ့အထက်မှာ ဓမ္မရုပ်တု (၁၀၈) ခုလုံးရဲ့ အရိပ်တွေပေါ်လာတယ်။
သေချာလေ့လာကြည့်ရင် အဲ့ဒီဓမ္မရုပ်တု (၁၀၈) ခုက အင်မော်တယ်ဘုရင် (၁၀၈) ပါးကို ကိုယ်စားပြုတယ်။
အခု တည်နေရာထဲကတစ်ခုမှာ ဓမ္မစွမ်းအားတွေလည်ပတ်လာပြီး ဝိညာဉ်ချီတွေလိမ့်တက်လာတယ်။
ဗဟိုနတ်ဘုရားတောင်ကြီး တုန်ခါသွားတယ်။
အဆုံးမှာ နောက်ထပ်အက်ကွဲကြောင်းတစ်ခုပေါ်လာတယ်။
အဲ့ဒီအက်ကြောင်းက (၁၀၉) ပါးမြောက်အင်မော်တယ်ဘုရင်ရဲ့နေရာကို ကိုယ်စားပြုတယ်။
(၁၀၉) ပါးမြောက် အင်မော်တယ်ဘုရင်ရဲ့နေရာက အရမ်းကို မရေမရာဖြစ်နေတယ်။ အဲ့နေရာက ဘွဲ့တစ်ခုသက်သက်ပဲရှိသေးပြီး တကယ့်အင်အားကို မပိုင်ဆိုင်သေးဘူး။ ဒါပေမယ့် အဲ့ဒါကတင် လုံလောက်နေပြီ။
ချက်ချင်းပဲ ဗဟိုနတ်ဘုရားတောင်က အင်မော်တယ်ဘုရင် (၁၀၉) ပါးရဲ့နေရာကနေ အနှစ်သာရတည်နေရာစွမ်းအင်တစ်ခု ခွဲခြားလိုက်ပြီး အင်မော်တယ်ဘုရင်အမိန်အမှတ်တံဆိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်တယ်။
“သွား”
ပထမအင်မော်တယ်ဘုရင်က သူ့ရဲ့ညာဘက်လက်နဲ့ညွှန်ပြလိုက်တယ်။
အင်မော်တယ်ဘုရင်အမိန်အမှတ်တံဆိပ်မွေးဖွားလာတာနဲ့ ပျံထွက်လာပြီး ချီမင်ဆီကို တိုက်ရိုက်ကျရောက်လာတယ်။ ချီမင် အမြန်သူ့လက်ကိုဆန့်ထုတ်ပြီး ယူလိုက်တယ်။
“ရန်ပေါင်ချီ မြန်မြန် သန့်စင်လိုက်”
ပထမအင်မော်တယ်ဘုရင်ကပြောတယ် “မင်းရဲ့အမှတ်အသားကိုဓမ္မစွမ်းအားနဲ့ ထည့်သွင်းလိုက်။ ဒီနည်းနဲ့ အင်မော်တယ်ဘုရင်အမိန်အမှတ်တံဆိပ်ကို ရလိမ့်မယ်။ မင်းက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ဘွဲ့နဲ့ လုပ်ပိုင်ခွင့်ကိုလည်း ရသွားပြီလို ယူဆလို့ရတယ်။”
“တကယ်လို့ မင်းသာအင်မော်တယ်ဘုရင်အမိန်အမှတ်တံဆိပ်ရဲ့ တကယ့်လုပ်ဆောင်ချက်တွေကို ထုတ်သုံးချင်ရင် မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို အင်မော်တယ်ဘုရင်အဆင့်ထိ တိုးမြှင့်ဖို့လိုအပ်တယ်။ ဒီလိုမှ မင်းစစ်မှန်တဲ့ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာလိမ့်မယ်။”
ချီမင် အသက်ပြင်းပြင်းရှုလိုက်ပြီး သူ့လက်ထဲက အင်မော်တယ်ဘုရင်အမိန်အမှတ်တံဆိပ်ကို ထုတ်ကြည့်လိုက်တယ်။ သူ တကယ်တော့ အနည်းငယ် ကြောင်သွားတယ်။ သူ အစက အင်မော်တယ်ဘုရင်ကောင်းကင်ဂူထဲကို ခိုးဝင်ပြီး မဟာတာအိုနည်းလမ်းကို လိုချင်ရုံဖြစ်တယ်။
အဆုံးကျတော့ ချီမင်က သူ့ရဲ့ပန်းတိုင်ကို အောင်မြင်သွားတယ်။
အဲ့ဒီအပြင် သူ အမှန်တရားတစ်ခုလည်း သိလိုက်ရတယ်။
ပိုပြီးမယုံကြည်စရာကောင်းတာက သူက (၁၀၉) ပါးမြောက်အင်မော်တယ်ဘုရင်ဖြစ်လာတာပဲ။
သူ မူလကတော့ ဟန်ဆောင်အသွင်ယူပြီး အင်မော်တယ်မျိုးနွယ်ဆီကို ဝင်မလို့ဖြစ်တယ်။
အဆုံးကျတော့ နှစ်တစ်ရာကြာသွားတယ်။ သူ အင်မော်တယ်မျိုးနွယ်ရဲ့ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာတာလား။
တခြားဘာများပြောစရာရှိသေးလို့လဲ။