← Chapters

ဖရိုဖရဲ အင်မော်တယ်တောင်ကို တည်ဆောက်ခြင်း

Vol. 16 Ch. 227

ဖရိုဖရဲ အင်မော်တယ်တောင်ကို တည်ဆောက်ခြင်း

Vol. 16 Ch. 227

ချီမင်က ဒီအပြောင်းအလဲတွေကြောင့် အတော်လေး အံ့အားသင့်သွားပေမဲ့ သူ့လုပ်နေတာကတော့ နှေးမသွားဘူး။ သူ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ် ကို ရပြီးတာနဲ့ ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့လက်ထဲက အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ကို စတင်သန့်စင်တော့တယ်။ သူက သူ့ရဲ့ ဓမ္မစွမ်းအား တွေကို လည်ပတ်ပြီး အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ထဲကို ထည့်သွင်းလိုက်တယ်။ သူ့ရဲ့ ဓမ္မစွမ်းအားတွေကို အဲ့ဒီထဲ ပေါင်းစပ်လိုက်ပြီး သူ့ရဲ့ ကိုယ်ပိုင် သင်္ကေတအဖြစ် သတ်မှတ်လိုက်တယ်။ အခြေခံအားဖြင့် သန့်စင်ပြီးသွားပြီ။

အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်က လင်းလက်သွားတယ်။ နာရီဝက်တောင် မကြာလိုက်ဘဲ ချီမင် သူ့ရဲ့ဓမ္မစွမ်းအင်ကို အောင်အောင်မြင်မြင် စွဲထင်နိုင်လိုက်တယ်။ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်က သက်မဲ့ အရာတစ်ခုဖြစ်ပြီး သက်ရှိမဟုတ်ဘူး။ အဲဒါကြောင့် ချီမင်ရဲ့ ဓမ္မစွမ်းအားက အင်မော်တယ်တွေရဲ့ ဓမ္မစွမ်းအား မဟုတ်တာကို ပြောဖို့ မဖြစ်နိုင်ဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်က အင်မော်တယ်ဘုရင်တွေတောင်မှ ချီမင်ရဲ့ တကယ့်အထောက်အ ထားကို မပြောနိုင်ဘူး။

အောင်အောင်မြင်မြင် သန့်စင်ပြီးတော့ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်က အနည်းငယ် ပြောင်းလဲသွားတယ်။ သက်ဆိုင်ရာမှာ အဆောင်စာလုံးတွေရဲ့ ကိုယ်ထည်မှာ ဖရိုဖရဲ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ် ဆိုပြီးတော့ ပေါ်လာတယ်။ ဖရိုဖရဲစာလုံးတွေက နောက်ကျောဘက်မှာ ပေါ်လာပြီးတော့ အထွတ်အထိပ် ပုံရိပ်တစ်ခုက ဖရိုဖရဲထဲမှာ ရပ်တည်နေတယ်။ အဲဒီအရာက ချီမင်တစ်ယောက်တည်း ပိုင်ဆိုင်တဲ့ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်အဖြစ် ပြောင်းလဲသွားတယ်။ ဖရိုဖရဲ အင်မော်တယ်ဘုရင် တိုကင်က ဖရိုဖရဲ အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ချီမင်ရဲ့ ညာဘက်လက်ပေါ် ကျရောက်သွားကာ ခြောက်ထောင့်ပုံစံ တိုကင်တစ်ခု ဖြစ်သွားတယ်။

အဲဒီအချိန်မှာ ချီမင်က ဗဟိုဒေသရဲ့ ဘယ်နေရာမဆို အင်မော်တယ်ဘုရင် တိုကင်ကနေတစ်ဆင့် သွားနိုင်တယ်လို့ ခံစားလိုက်ရတယ်။ မသိလိုက်မသိသာနဲ့ပဲ သူက ဖရိုဖရဲ အင်မော်တယ်ဘုရင် တိုကင်ကနေတဆင့် ဗဟို နတ်ဘုရားတောင် အစီအရင်ကို အာရုံခံမိလိုက်တယ်။ ချီမင်က ဗဟိုနတ်ဘုရားတောင်မှာ ထိပ်ဆုံးအဆင့် ဖြစ်နေပြီ။ သူ့ရဲ့ အရင်က သံသယတွေကလည်း အဖြေရသွားပြီ။ ဗဟိုနတ်ဘုရားတောင်က တကယ်မြင့်တယ်။ လျှို့ဝှက်နက်နဲ ကမ္ဘာရဲ့ ကောင်းကင်နဲ့ မြေကြီးကို ထောက်ပံ့ပေးနိုင်လုနီးပါးရှိတယ်။

တောင်ရဲ့ ထိပ်က နီဗားနား အလွှာကို ကျော်လွန်သွားပြီး လေဟာနယ် အလွှာထိကို ရောက်တယ်။ လေဟာနယ် အလွှာက လျှို့ဝှက်နက်နဲ ကမ္ဘာရဲ့ အပြင်ဘက်ဆုံး အလွှာဖြစ်တယ်။ တစ်ယောက်ယောက်သာ အမြင့်ကို တက်လှမ်းသွားရင် စစ်မှန်တဲ့ လေဟာနယ်စကြာဝဠာပင်လယ်ကို ရောက်သွားလိမ့်မယ်။ သာမန်အတိုင်းပြောရရင် ကမ္ဘာခြား နတ်ဆိုးအများစုက ကပ်ဘေးနဲ့ နီဗားနား အလွှာမှာ နေကြတယ်။ သူတို့ထဲက အရေအတွက်နည်းနည်းလေးကပဲ အရမ်းကို စွမ်းအားကြီးပြီး လေဟာနယ် အလွှာကို လာနိုင်တယ်။ ကမ္ဘာခြား နတ်ဆိုးတွေအတွက်တော့ တိုကင်ကို သန့်စင်နိုင်ရင်အရမ်း အကျိုးရှိတယ်။

ချီမင် အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ကို သန့်စင်ပြီးတာနဲ့ အင်မော်တယ်မျိုးနွယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရလိုက်တယ်။ အဲ့ဒါကြောင့် ချီမင်မှာ အခြေခံအားဖြင့် အင်မော်တယ်မျိုးနွယ် တစ်ခုလုံးရဲ့လျှို့ဝှက်ချက် မရှိတော့ဘူး။ သူကအခုဆို အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ကို သုံးပြီး အင်မော်တယ်တွေရဲ့ အင်အားနဲ့ အရင်းအမြစ် တစ်စိတ်တစ်ပိုင်းကို စုစည်းနိုင်တယ်။

“အရမ်းကောင်းတယ်” ပထမ အင်မော်တယ်ဘုရင်က စိတ်ကျေနပ်မှုအပြည့်နဲ့ ခေါင်းညိတ်ပြီးပြောတယ် “အင်မော်တယ်ဘိုးဘေးရဲ့ အလားအလာရှိတဲ့သူ ဆိုတဲ့အတိုင်းပဲ။ အရင်က ငါတို့ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ကို သန့်စင်တုန်းက အကြာဆုံးက ရက်အနည်းငယ်ပဲ။ အတိုဆုံးအချိန်တောင် နေ့တစ်ဝက် ယူရတယ်။”

“ငါ ဒါကို မမျှော်လင့်ထားဘူး။”

“မင်းက တကယ့်ကို နာရီဝက်လောက်သုံးပြီး မင်းရဲ့ ဓမ္မစွမ်းအား အမှတ်အသားကို အောင်အောင်မြင်မြင် ထည့်သွင်းနိုင်သွားတယ်။”

“ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ် ပထမ အင်မော်တယ်ဘုရင်” ချီမင် ပြန်ဖြေလိုက်တယ်။

“တကယ်တော့ အရင်က ငါ အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ကို သန့်စင်တုန်းက သုံးရက်အချိန် ယူခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ငါက အတိဒုက္ခ ကျော်လွှားခြင်း အဆင့်မှာ ရှိတယ်။”

“အင်မော်တယ်ဘိုးဘေးရဲ့ အလားအလာဆိုတဲ့အတိုင်းပဲ။”

အင်မော်တယ်ဘုရင်တွေ သက်ပြင်းချလိုက်ကြတယ်။

အင်မော်တယ်ဘုရင် လင်းလုံက လျှောက်လာပြီး ချီမင်ရှေ့မှာ ပေါ်လာတယ်။ သူ့ရဲ့ လေသံက အနည်းငယ် စိတ်ခံစားမှု ပြင်းထန်နေသလို ဖြစ်နေပြီး သူ့ရဲ့ အမူအရာကတော့ အရမ်းကို ကျေနပ်နေတယ် “ငါ မူလကတော့ မင်းကို ငါ့ရဲ့ ကိုယ်ပိုင်တပည့်အနေနဲ့ ခေါ်ယူဖို့ပဲ။ ဒါပေမဲ့ အခု ကြည့်ရတာ မလိုတော့ဘူးထင်တယ်။ မင်းက အင်မော်တယ်ဘုရင် အမိန့်အမှတ်တံဆိပ်ကို သန့်စင်ပြီးသွားတော့ ဖရိုဖရဲ အင်မော်တယ်ဘုရင်ဆိုတဲ့ ဘွဲ့နဲ့ လုပ်ပိုင်ခွင့်တွေကို ရသွားပြီ။ မင်းက အခု ငါနဲ့ တစ်တန်းတည်းဖြစ်သွားပြီ။”

“ဆရာ” ချီမင် ဦးညွှတ်လိုက်တယ်။ သူ့ရဲ့အသံက လေးစားမှုတွေ ပြည့်နှက်နေပြီး နှလုံးသားအောက်ခြေကနေ ထွက်ပေါ်လာပုံရတယ် “တစ်ရက်တာဆရာဆိုတာ တစ်ဘဝလုံးအတွက် အဖေပါပဲ။ ဘယ်အချိန်ပဲရောက်ရောက် ကျွန်တော်က အမြဲတမ်း ဆရာရဲ့ တပည့်ဖြစ်ပြီး ဆရာကလည်း ကျွန်တော့်ရဲ့ ဆရာ အမြဲဖြစ်နေမှာပါ။ ဒီအချက်ကတော့ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဆရာရဲ့ သင်ကြားပြသမှုနဲ့ ကာကွယ်ပေးမှုသာ မရှိရင် ဒီနေ့ ကျွန်တော်ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ကျွန်တော်က ဆရာရဲ့ သင်ကြားမှုနဲ့ ကြင်နာမှုတွေကို ထာဝရ အမှတ်ရနေမှာပါ။”

“ဟားဟားဟား”

အင်မော်တယ်ဘုရင် လင်းလုံက အကျယ်ကြီး ရယ်လိုက်တယ်။ သူက အရမ်းကို စိတ်အခြေအနေ ကောင်းနေတယ်။ သူက ချီမင်ရဲ့ ပခုံးကို ပုတ်ပြီး စိတ်ခံစားမှု အပြည့်နဲ့ ပြောတယ် “တော်တယ်။ တော်လိုက်တဲ့ ကလေး။ ငါ မင်းနဲ့ ပတ်သက်ပြီး တကယ်ပဲ မမှားခဲ့ဘူး။”

အဲ့ဒီနောက်မှာတော့ အင်မော်တယ်ဘုရင် (၁၀၈) ပါးက အင်မော်တယ်ဘုရင် ကောင်းကင်ဂူကို ပြန်ပိတ်လိုက်ကြတယ်။ တံခါးက ဝေဝါးတဲ့ ဖရိုဖရဲ မြူတွေထဲမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတယ်။

“ပြန်ကြစို့”

အလင်းစီးကြောင်းတွေက ကောင်းကင်ကို ဖြတ်သန်းသွားပြီး အင်မော်တယ်ဘုရင် (၁၀၈) ပါးက သူတို့ရဲ့ အင်မော်တယ် သင်္ဘော တွေကို အသက်သွင်းလိုက်တယ်။ ပြီးတော့ သူတို့ရဲ့ အမွေခံ တပည့်တွေကို ဗဟိုနတ်ဘုရားတောင် အစီအရင်ကနေ သယ်ထုတ်လိုက်ပြီး သူတို့ရဲ့ အင်မော်တယ် သင်္ဘော အသီးသီးဆီ ဝင်ရောက်လိုက်ကြတယ်။ ဗဟိုနတ်ဘုရားတောင် နားမှာ အင်မော်တယ် သင်္ဘောတွေကနေ ဖွဲ့စည်းသွားတဲ့ အလင်းစီးကြောင်းတွေက လေထုကို ထိုးခွဲဖြတ်သန်းသွားတယ်။ သူတို့က နေရာမှာတင် ပျောက်ကွယ်သွားပြီး တစ်စီးပြီး တစ်စီး သူတို့ရဲ့ အင်မော်တယ်တောင်တွေကို ပြန်သွားကြတယ်။ ချီမင်ကလည်း ထူးခြား အင်မော်တယ်တောင်ကို အင်မော်တယ်ဘုရင် လင်းလုံနဲ့အတူ ပြန်သွားတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ လဝက် ကြာသွားတယ်။

ထူးခြား အင်မော်တယ်တောင်ရဲ့ ဂူစံအိမ်အထက်မှာ ချီမင်ရှိတယ်။ ဒီနေ့မှာတော့ အလင်းတန်းနှစ်ခု သက်ဆင်းလာတယ်။ တံခါးမှာ အင်မော်တယ်ဘုရင် လင်းလုံနဲ့ မျက်နှာမကောင်းတဲ့ ရန်ပေါင်ချီရဲ့ အဖေ ရန်ယင်ဖန် ရောက်လာတယ်။

လွန်ခဲ့တဲ့ လဝက်လောက်က ဗဟိုနတ်ဘုရားတောင် အစီအရင်မှာ ဖြစ်ခဲ့တဲ့ သတင်းတွေက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လူတွေက ဖြန့်နေကြတယ်။ ရန်ပေါင်ချီရဲ့ အထူးဝါသနာက အသင်္ချေ အင်မော်တယ်တောင် တစ်ခုလုံးမှာ ဖော်ထုတ်ခံလိုက်ရတယ်။ ရန်ပေါင်ချီရဲ့ သွေးသားတော်စပ်တဲ့ အဖေ ရန်ယင်ဖန်နဲ့ ယွဲ့ယီလင်တို့ကလည်း အားလုံးကို သိသွားကြတယ်။ ဒီလိုအခြေအနေတွေအောက်မှာ ရန်ယင်ဖန်က သဘာဝအတိုင်း ဒေါသထွက်သွားတယ်။ ယွဲ့ယီလင်ကလည်း သူ့ရဲ့ချစ်လှစွာသော သားလေးကို ဘယ်လို ရင်ဆိုင်ရမလဲ မသိတော့ဘူး။ အဲ့ဒီလိုကိစ္စတွေအပြင် ရန်ပေါင်ချီက (၁၀၉) ပါးမြောက် အင်မော်တယ်ဘုရင် ဖြစ်လာတယ်။

ချီမင်က ဒီကိစ္စတွေကို အာရုံအများကြီး မပေးထားဘူး။ လွန်ခဲ့တဲ့ တစ်လလောက်က သူက ဖရိုဖရဲ မဟာတာအိုကျမ်း ပထမတွဲကို နေ့တိုင်း ကျင့်ကြံနေခဲ့တယ်။ ကောင်းကောင်းလည်း တိုးတက်လာတယ်။

အင်မော်တယ်ဘုရင် လင်းလုံက မထူးမခြားနား ပြောတယ် “မင်းက ရန်ပေါင်ချီရဲ့ မွေးဖခင်ဆိုပေမဲ့ သူ့ရဲ့ လက်ရှိ အဆင့်အတန်းက မင်းကို ကျော်သွားပြီ။ မင်းရဲ့ အပြုအမူတွေကို မင်း သတိထားရမယ်။”

ရန်ယင်ဖန်က ခေါင်းပဲညိတ်နိုင်တယ်။

ဂူစံအိမ်ထဲမှာ ချီမင်က အင်မော်တယ်ဘုရင် လင်းလုံနဲ့ ရန်ယင်ဖန် ရောက်လာတာကို အာရုံခံမိပြီးပြီ။ ချီမင် သူ့ရဲ့ ညာဘက်လက်ကို ဝေ့ယမ်းပြီးတာနဲ့ ဂူစံအိမ်ရဲ့ တံခါးက အလိုအလျောက် ပွင့်လာတယ်။

“ကျေးဇူးပြုပြီး ဝင်ခဲ့ပါ” ချီမင်ရဲ့ အသံက ထွက်ပေါ်လာတယ်။

အဲ့ဒီနောက်မှာ အင်မော်တယ်ဘုရင် လင်းလုံနဲ့ ရန်ယင်ဖန်က ရန်ပေါင်ချီရဲ့ ဂူစံအိမ်ထဲကို လျှောက်ဝင်သွားတယ်။ အထဲက ဘာမှ ကြီးကြီးမားမား မပြောင်းလဲသလို ချီမင်ကလည်း ဘာမှ လျှောက်မလုပ်ထားဘူး။

“ငွေကောင်းကင်မြို့အရှင် ရန်ယင်ဖန်က ဖရိုဖရဲ အင်မော်တယ်ဘုရင်ကို နှုတ်ဆက်ပါတယ်” ရန်ယင်ဖန်က ဦးညွှတ်လိုက်တယ်။

(အရင်က လအင်မော်တယ်မြို့ဆိုပြီး ပြောထားတယ်၊ အခုက နောက်တစ်မျိုး။ လအင်မော်တယ်က သူ့အမေမြို့ ထင်တယ်)

“ဖရိုဖရဲ အင်မော်တယ်ဘုရင်” အင်မော်တယ်ဘုရင် လင်းလုံကလည်း ခေါင်းအသာညိတ်ပြလိုက်တယ်။ ချီမင်က ခေါင်းညိတ်လိုက်တယ်။ “ဆရာ၊ အဖေ ဘာလို့ ဒီလာတာလဲ” အင်မော်တယ်ဘုရင် လင်းလုံက ပြောတယ် “မင်းရဲ့ အနာဂတ် တာအိုခြံဝင်းကို တည်ဆောက်ဖို့ ဖရိုဖရဲ အင်မော်တယ်တောင်က တည်ဆောက်ပြီးသွားပြီ။ မင်း နေရာ အတိအကျကို အတည်ပြုဖို့ လိုသေးတယ်။”

“အဲ့ဒါကြောင့်ကိုး” ချီမင်က ပြောတယ် “အစတည်းက ဖရိုဖရဲ အင်မော်တယ်တောင်ကို အရမ်းကြီး ရှုပ်ထွေးအောင် လုပ်ဖို့ မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က အခု အင်မော်တယ်ဘုရင်ရဲ့ ဘွဲ့နဲ့ လုပ်ပိုင်ခွင့်ပဲ ရှိသေးတယ်။ ကျွန်တော့်မှာ အဲ့ဒါနဲ့ ညီမျှတဲ့ ခွန်အား မရှိဘူး။ ဖရိုဖရဲ အင်မော်တယ်တောင်က အခု ယာယီ တာအို နေရာတစ်ခုပဲ ဖြစ်သေးတယ်။ ကျွန်တော်ရဲ့ အင်အားက ကျွန်တော့်ရဲ့ အဆင့်အတန်းရယ်အထောက်အထားရယ်နဲ့ ညီမျှတဲ့အချိန် ရောက်လာမှ ကျွန်တော်ကိုယ်တိုင် ဖရိုဖရဲ အင်မော်တယ်တောင်ကို ပြန်တည်ဆောက်မယ်။”

“အဲ့လိုလည်းရတယ်” အင်မော်တယ်ဘုရင် လင်းလုံက ခေါင်းညိတ်တယ်။

“ပြီးတော့” အင်မော်တယ်ဘုရင် လင်းလုံက ဆက်ပြောတယ် “ဖရိုဖရဲ အင်မော်တယ်တောင်ကို ရန်ယင်ဖန်က အဓိကဆောက်ထားတာ။ မင်းတို့ နှစ်ယောက် စကားပြောလိုက်ကြဦး။”

“ကျေးဇူးပါ အဖေ”

ရန်ယင်ဖန်က ခေါင်းညိတ်ပြီး ခဏလောက် တိတ်ဆိတ်သွားတယ်။ အဆုံးထိ သူ ဘာမှ မမေးတော့ဘူး။

ချီမင်ကလည်း ဒါကို ဂရုမစိုက်ဘူး။ တကယ်တော့ သူ ဗဟိုနတ်ဘုရားတောင်က ပြန်ရောက်လာတည်းက သူက ရန်ပေါင်ချီ စုစည်းထားတဲ့ မျိုးနွယ်အမျိုးမျိုးက အလှလေးတွေကို သတ်လိုက်ပြီ။ သူတို့ရဲ့ အလောင်းတွေတောင် မကျန်တော့ဘူး။ မျိုးနွယ်အသီးသီးက အလှလေးတွေကို ရန်ပေါင်ချီက အချိန်တော်တော်ကြာ လေ့ကျင့်ပေးထားပြီး နည်းစနစ်တွေနဲ့ ပြုစားထားတယ်။ သူတို့တွေရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ ပြန်ပြင်လို့ မရတော့တဲ့ ပြောင်းလဲမှုတွေ ခံထားရတယ်။ သူတို့တွေက လုံးဝကို အစေခံတွေ ဖြစ်သွားကြပြီ။ သူတို့တွေအတွက် သေတာနဲ့ ရှင်တာက မခြားတော့ဘူး။ ချီမင်က ရန်ပေါင်ချီလိုမျိုး ဝါသနာမရှိဘူး။ အဲ့ဒါကြောင့် သူက သူတို့ အကုန်လုံးကို လက်ဝါးတစ်ချက်တည်းနဲ့ ရိုက်သတ်လိုက်ပြီး သူတို့ ဒုက္ခရောက်နေတာတွေကနေ ကယ်တင်ပေးလိုက်တယ်။ သူတို့တွေက သိပ်မကြာခင်မှာပဲ ပြန်လည်မွေးဖွားလာလိမ့်မယ်။

ရန်ပေါင်ချီရဲ့ လက်ရှိ အဆင့်အတန်းနဲ့ အထောက်အထားအရဆို သူ ဘာပဲလုပ်လုပ် သူ့ကို ဘယ်သူမှ သံသယမဝင်တော့ဘူး။ နောက်ဆုံးတော့ သူက (၁၀၉) ပါးမြောက် အင်မော်တယ်ဘုရင် ဖြစ်လာတယ်။

ချီမင်က ရန်ယင်ဖန်ကို သေချာပြောလိုက်တယ် “အဖေ အတိတ်က ပြီးဆုံးသွားပြီ။ အခု ဘာမှ မကျန်တော့ဘူး။ ပြဿနာများအောင် မလုပ်တော့ပါနဲ့။”

“ဒါ..” ရန်ယင်ဖန်က ကြောင်သွားတယ်။ သူက ရန်ပေါင်ချီကို ကြည့်လိုက်ပြီး သူ ဘာဆိုလိုလဲဆိုတာ အကြမ်းအားဖြင့် နားလည်သွားတယ်။ သူ သက်ပြင်းချပြီး ဘာမှ မပြောတော့ဘူး။ တိတ်တဆိတ်နဲ့ ခေါင်းပဲ ညိတ်လိုက်တယ်။ အတိတ်က ဘာတွေ ဖြစ်ခဲ့ဖြစ်ခဲ့ ရန်ပေါင်ချီမှာ အဲ့လို အတွေးရှိတော့လည်း သူ ဘာမှ မလုပ်တော့ဘူး။ ရန်ယင်ဖန်က တကယ်လည်း ဦးထုပ်စိမ်း ဆောင်းလိုက်ရတာ မဟုတ်ဘူး။ ဆက်ပြီး ခေါင်းမာနေလည်း ဘာအကျိုးမှမရှိတော့ဘူး။ မဟုတ်ရင် သူ့ကို တခြား အင်မော်တယ်တွေက ဝ်ိုင်းရယ်ကြလိမ့်မယ်။

သူ ပိုပြီး ပေါ့ပါးသွားတယ်။

အတိတ်ကို အတိတ်မှာပဲ ထားပြီး ဆုပ်ကိုင်ထားတာကို လွှတ်ချလိုက်သင့်ပြီ။

မျက်စိတစ်မှိတ်အတွင်းမှာ တစ်လ ကြာသွားတယ်။

ဖရိုဖရဲ အင်မော်တယ်တောင်က ပြီးစီးသွားပြီ။ ချီမင် ထူးခြား အင်မော်တယ်တောင် ဂူစံအိမ်ကနေ ဖရိုဖရဲ အင်မော်တယ်တောင်ကို ပြောင်းလာလိုက်တယ်။ ဖရိုဖရဲ အင်မော်တယ်တောင် တည်ဆောက်ပြီးသွားတဲ့နေ့မှာ အင်မော်တယ်ဘုရင်တွေ တစ်ပါးပြီး တစ်ပါး လာဂုဏ်ပြုကြတယ်။ အင်မော်တယ်ဘုရင် (၁၀၈) ပါးမှာ စုစုပေါင်း တစ်ရာ လာတယ်။ ရှစ်ယောက်တော့ မလာခဲ့ဘူး။ အဲ့ဒါက သူတို့ အရေးကြီးတဲ့ တစ်ခုခု လုပ်ဖို့ရှိလို့ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ ဂုဏ်အယူရဆုံး အမွေခံ တပည့်တွေကို ချီမင်ကို ဂုဏ်ပြုဖို့ လွှတ်လိုက်ကြတယ်။ မြို့အရှင်တွေဆို ပိုပြီးတောင် ပြောစရာမလိုဘူး။

ဒီနေ့မှာတော့ ဖရိုဖရဲ အင်မော်တယ်တောင်က အရမ်း အသက်ဝင်နေတယ်။

ပွဲတစ်ခု ကျင်းပနေတယ်။

ပွဲက ကိုးရက် ကိုးည ကြာတယ်။

သူတို့က ချီမင် (၁၀၉) ပါးမြောက် အင်မော်တယ်ဘုရင် ဖြစ်လာတာကို ဂုဏ်ပြုကြတယ်။

ပွဲတစ်ဝက်လောက်မှာ အင်မော်တယ်ဘုရင် အမွေခံတပည့်တစ်ယောက်က ရုတ်တရက် မတ်တပ်ရပ်ပြီး ဗဟိုနတ်ဘုရားတောင် အစီအရင်မှာ သွေးအရှင် အင်မော်တယ်ဘုရင် ပြခဲ့တဲ့ မြင်ကွင်းက အမှန်လားဆိုတာ တမင်သက်သက် မေးလိုက်တယ်။

လူတိုင်း တိတ်ဆိတ်သွားကြတယ်။

အကြည့်တွေက ချီမင်ပေါ်ကို ကျလာတယ်။

သိပ်မဝေးတဲ့နေရာက ရန်ယင်ဖန်နဲ့ ယွဲ့ယီလင်တို့ရဲ့ အမူအရာက အနည်းငယ် ရုပ်ဆိုးသွားတယ်။

“ရိုင်းစိုင်းတယ်!”

ချီမင် ဘာရှင်းပြချက်မှ မပေးဘူး။ သူက အော်လိုက်ပြီး ညာဘက်လက်ကို ထိုးချလိုက်တယ်။ သူ့ရဲ့လက်ထဲမှာ ဖရိုဖရဲ ချီတွေ ပျံ့နှံ့လာပြီး လက်ဝါးတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။

အဲ့ဒီ အင်မော်တယ်ဘုရင် အမွေခံတပည့်က ထိတ်လန့်တကြား အော်လိုက်တယ်။ သူ့တစ်ကိုယ်လုံးက ဖရိုဖရဲချီအောက်မှာ ပြာအဖြစ် ပြောင်းလဲသွားပြီး လုံးဝ ဖျက်ဆီးခံလိုက်ရကာ အလောင်းတောင် မကျန်ဘူး။

အဲ့ဒီချိန်မှာ ရှိနေတဲ့ အင်မော်တယ်တွေ အကုန်လုံး တိတ်ဆိတ်သွားပြီး ချီမင်ကို လေးစားမှုနဲ့ ကြည့်လိုက်ကြတယ်။

သူက တစ်ဖက်လူနဲ့ ငြင်းခုံနေရင်း အချိန်မဖြုန်းတော့ဘူး။

သတ်ပစ်လိုက်တယ်။

All Chapters