နောက်တစ်ကြိမ်ရွှေ့ပြောင်းဖို့ပြင်ဆင်ခြင်း
Vol. 16 Ch. 229
မြင်ကွင်းတစ်ခုလုံးက တိတ်ဆိတ်သွားတယ်။ ပျံ့နှံ့လာတဲ့ ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲအရှိန်ပဲ ကျန်ခဲ့ပြီး မြည်သံ သံတိုးတိုးလေးတစ်ခုနဲ့ တုန်ခါမှုတစ်ခုကို ထုတ်လုပ်လိုက်တယ်။
ဖရိုဖရဲအင်မော်တယ်တောင် အထက်မှာ ချီမင် က ဒဏ်ရာမရသွားဘူး။ သူက တကယ်ကြီး သွေးပင်လယ်ကောင်းကင်လှုပ်ခါခြင်းလက်ဝါးကို တိုက်ရိုက်လက်ခံလိုက်တယ်။ ဒါပေမယ့် ရလဒ်က ရှိနေတဲ့ အင်မော်တယ် တွေရဲ့ မျှော်လင့်ချက်ကို ကျော်လွန်သွားတယ်။
မူလကတော့ အင်မော်တယ် တွေ ခံစားရတာက ဖရိုဖရဲအင်မော်တယ်ဘုရင် ရဲ့ ကျင့်ကြံခြင်းအဆင့်က သွေးအရှင်အင်မော်တယ်ဘုရင်ထက် အများကြီးနိမ့်တယ်။ သူသာ ဒေါသတကြီး တိုက်ခိုက်ရင် ဖရိုဖရဲအင်မော်တယ်ဘုရင်က သေချာပေါက် ဒဏ်ရာအပြင်းအထန် ရသွားလိမ့်မယ်။ သူ့အတွက်တော့ သွေးအရှင်အင်မော်တယ်ဘုရင်ရဲ့ လက်ဝါးကို ခုခံဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
ထွက်လာတဲ့ အမှန်တရားက အင်မော်တယ် တွေအားလုံးရဲ့ မျှော်လင့်ချက်ထက် ကျော်လွန်သွားတယ်။ ဒါက သူတို့အကုန် မျှော်လင့်ထားတာမျိုး မဟုတ်ဘူး။ ဖရိုဖရဲအင်မော်တယ်ဘုရင်က သွေးအရှင်အင်မော်တယ်ဘုရင်ရဲ့ လက်ဝါးရိုက်ချက်ကို လက်ခံလိုက်တဲ့အပြင် သူက လုံးဝကို မထိခိုက်ဘဲ နောက်တောင် ခြေလှမ်းတစ်ဝက် ဆုတ်မသွားဘူး။
မယုံနိုင်စရာကောင်းတယ်။
အဲ့တာက မယုံနိုင်စရာကောင်းတယ်။
“မင်း...”
သွေးအရှင်အင်မော်တယ်ဘုရင်ရဲ့ အမူအရာက ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်သွားတယ်။ သူမနေနိုင်ဘဲ ထုတ်မေးလိုက်တယ် “ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း တကယ် အဲ့ဒီလက်ဝါးကို လက်ခံလိုက်တာလား။ မင်းလက်ခံနိုင်လိုက်တဲ့အပြင် ထိလည်းမထိခိုက်သွားဘူး။”
“ငါ့ရဲ့ ခွန်အားကုန်မသုံးထားပေမယ့် ငါ (၇၀)% တော့ သုံးထားသေးတယ်။”
“မင်း...”
ထိတ်လန့်ဖို့ကောင်းတယ်!
အရမ်းထိတ်လန့်ဖို့ကောင်းတယ်။
သွေးအရှင်အင်မော်တယ်ဘုရင်က မမျှော်လင့်ထားဘူး။
“ညှာတာပေးလို့ ကျေးဇူးတင်ပါတယ် သွေးအရှင်အင်မော်တယ်ဘုရင်”
ချီမင် ဦးညွတ်လိုက်တယ်။
“ဟူး...”
သွေးအရှင်အင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှုလိုက်တယ်။ သူ လုံးဝကို စိတ်တည်ငြိမ်သွားတယ်။ သူ ချီမင်ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး ပြောလိုက်တယ် “မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ငါ ဘာညှာတာမှုမှ မပြထားဘူး။ ဒါ မင်းကိုယ်ပိုင်ခွန်အားရဲ့ ရလဒ်ပဲ။”
“အစကနေအဆုံးထိ ဒီကမ္ဘာကြီးက အင်အားရှိမှ လေးစားခံကြတဲ့နေရာပဲ။”
“မင်းက ဝိညာဉ်ဖွဲ့တည်ခြင်းထိပ်ဆုံးအဆင့်မှာပဲရှိပေမယ့် ငါက စစ်မှန်ဝိညာဉ်တာအိုချိတ်စည်းကို သိပ်သည်းထားပြီး အဲ့တာကို ကမ္ဘာတစ်ခုစီကို ပေးအပ်ထားလို့ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်လာတယ်။”
“မင်းက ငါ့ရဲ့ (၇၀)% လက်ဝါးရိုက်ချက်ကို ဒဏ်ရာမရဘဲ ခုခံနိုင်တယ်။ ဒါက မင်းရဲ့အင်အားနဲ့ ပါရမီက ငါ့ရဲ့မျှော်လင့်ချက်ထက် ကျော်လွန်သွားတာကို သက်သေပြဖို့ လုံလောက်တယ်။”
“ငါ အရင်ကပြောခဲ့တဲ့အတိုင်းပဲ” သွေးအရှင်အင်မော်တယ်ဘုရင်က ဆက်ပြောတယ် “မင်း ငါ့ရဲ့လက်ဝါးကို ခုခံနိုင်တယ်ဆိုတော့ အရင်ကိစ္စအားလုံးကို ခွင့်လွှတ်လိုက်ပြီ။ ငါ မင်းကို နောက်ထပ်ပြသနာ မရှာတော့ဘူး။”
“မင်းက မခံမရပ်နိုင်ဖြစ်လို့ ငါ့ကို လက်စားချေချင်တယ်ဆိုလည်း ငါက သေချာပေါက် လက်ခံတယ်။ ဒီကိစ္စက ဒီမှာပဲ ပြီးပြီ။”
“သွေးအရှင်အင်မော်တယ်ဘုရင် ခင်ဗျားက အရမ်းလေးနက်လွန်းနေပါပြီ။” ချီမင်က ပြန်ဖြေတယ်။
“နှုတ်ဆက်ပါတယ်။”
သွေးအရှင်အင်မော်တယ်ဘုရင်က လေဟာနယ်ကို ဖြတ်သန်းပြီး တိုက်ရိုက် ထွက်ခွာသွားတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်က ကြည်လင်နေတယ်။ မသိလိုက်ဘဲနဲ့ သူက ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်လိုစိတ်ရဲ့ စွက်ဖက်မှုကနေ လွတ်မြောက်သွားတယ်။
နောက်တော့ အင်မော်တယ်ဘုရင်တွေ အကုန် ချီမင်ကို လာဂုဏ်ပြုကြပြီး သူ့ရဲ့အင်အားကို ချီးကျူးလာကြတယ်။ သူက ဝိညာဉ်ဖွဲ့တည်ခြင်းထိပ်ဆုံးအဆင့်နဲ့ သွေးအရှင်အင်မော်တယ်ဘုရင်ရဲ့ လက်ဝါးရိုက်ချက်ကို တားဆီးနိုင်တယ်။
မသိမသာနဲ့ ချီမင်ရဲ့ အဆင့်အတန်းက အင်မော်တယ်မျိုးနွယ်မှာ ပိုပြီး မြင့်မားလာတယ်။
နေ့တစ်ဝက်ကြာတော့ ပွဲက ပြီးဆုံးသွားတယ်။
အင်မော်တယ် တွေ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတယ်။ မြို့အရှင်တွေလည်း ထွက်သွားကြတယ်။ မူလက စည်ကားနေတဲ့ ဖရိုဖရဲအင်မော်တယ်တောင်မှာ အင်မော်တယ်အနည်းငယ်ပဲ ကျန်တော့တယ်။
“ဖရိုဖရဲအင်မော်တယ်ဘုရင်” အင်မော်တယ်ဘုရင် လင်းလုံက အသက်ပြင်းပြင်းရှုလိုက်တယ်။ အင်မော်တယ်ဘုရင်တိုင်း သူတို့ရဲ့ဘွဲ့ကို ရပြီးရင် အခြေခံအားဖြင့် ဒီလိုမျိုး ရင်ဆိုင်ကြရတယ်။ “သွေးအရှင်အင်မော်တယ်ဘုရင်က နောက်ဆုတ်သွားပေမယ့် ငါတို့ သတိထားဖို့လိုသေးတယ်။ မင်း ဒီကိစ္စကို နားလည်လာပြီး မြန်မြန် မင်းရဲ့အင်အားကို တိုးမြင့်တော့။”
“ဟုတ်” ချီမင် ခေါင်းညိတ်တယ်။
အင်မော်တယ်ဘုရင် လင်းလုံက ခေါင်းညိတ်ပြီးပြောတယ် “သွေးအရှင်အင်မော်တယ်ဘုရင်ပြောတာ အဓိပ္ပာယ်မရှိပေမယ့် ငါတစ်ခုတော့ သဘောတူသေးတယ်။”
“လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးမှာ...”
“ဒါမှမဟုတ်...”
“လေဟာနယ်စကြာဝဠာပင်လယ်တစ်ခုလုံးမှာ သန်မာမှ လေးစားခံရတယ်။ သန်မာတဲ့သူသာ သူတို့ရဲ့ ကံကြမ္မာကို ထိန်းချုပ်နိုင်ပြီး တခြားသူတွေရဲ့ ကံကြမ္မာကိုလည်း ထိန်းချုပ်နိုင်တယ်။ သူတို့က အရာအားလုံးကို ထိန်းချုပ်နိုင်တယ်။”
“အားနည်းတဲ့သူတွေအတွက်တော့...”
“ရေစီးကြောင်းအတိုင်း လိုက်ပါပြီး လက်ပါးစေနောက်လိုက် ဖြစ်လာတဲ့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ သူတို့တွေက သူတို့ရဲ့ဘဝကို ဘယ်တော့မှ အပြည့်အဝ မထိန်းချုပ်နိုင်ဘူး။”
“ဟုတ်ကဲ့” ချီမင် နောက်တစ်ကြိမ် ခေါင်းညိတ်လိုက်တယ်။
“ငါသွားတော့မယ်” အင်မော်တယ်ဘုရင် လင်းလုံကပြောတယ် “ဂရုစိုက်။”
“ဆရာလည်း ဂရုစိုက်ပါ”
အင်မော်တယ်ဘုရင် လင်းလုံရဲ့ ပုံရိပ်က အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကို တက်သွားကာ မိုးကုပ်စက်ဝိုင်းထဲမှာ ပျောက်ကွယ်သွားတယ်။ ချီမင်လည်း အကြာကြီး မမြင်လိုက်ရဘဲ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်သွားတယ်။
မသိမသာနဲ့ ချီမင် ဖရိုဖရဲအင်မော်တယ်တောင်ကို ထားခဲ့တယ်။
“ဘာတွေပဲဖြစ်ဖြစ် ငါ ဖရိုဖရဲမဟာတာအို ပထမတွဲ ကို ဖြစ်နိုင်သမျှ အရင် ကျွမ်းကျင်အောင် လုပ်ရမယ်။ ပြီးတော့ တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖြတ်ရမယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်သာ လုံလောက်နေသရွေ့ ငါ မူလအစအင်မော်တယ်ဘုရင်ကို ဖိနှိပ်နိုင်တယ်။” ချီမင် တွေးလိုက်တယ်။
မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို သူ့ရဲ့ကိုယ်ပိုင်အင်အားနဲ့ စီစဉ်ထားပြီး လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို သူ့အတွက် ကခုန်ခိုင်းထားတယ်။ သူက လျှို့ဝှက်နက်နဲကမ္ဘာထဲက သက်ရှိအကုန်ကို အထက်ကမ္ဘာကို ပြန်တိုက်ခိုက်သတ်ဖြတ်ဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်အစာနဲ့ ကံကြမ္မာဖြစ်အောင် ပြုလုပ်ထားတယ်။
မူလအစအင်မော်တယ်ဘုရင်သာ လုံလုံလောက်လောက် စွမ်းအားကြီးလို့ အစက မဖြစ်နိုင်ဘူးထင်ခဲ့တဲ့ အရာအားလုံးကို လုပ်နိုင်ခဲ့တာဖြစ်တယ်။
အချိန်အကြာကြီး ကြာသွားပြီးလို့ ဝေးကွာရှေးဟောင်းခေတ်နဲ့ မူလအစခေတ်တွေက အကြောင်းအရာတွေ အများကြီးကို မသိခဲ့ရဘူး။
အဲ့ဒီခေတ်နှစ်ခုမှာ မူလအစအင်မော်တယ်ဘုရင်က မနိုးထလာသေးဘူး။
ပိုပြီး အရေးကြီးတာက...
အဲ့ဒီခေတ်နှစ်ခုမှာ လျှို့ဝှက်နက်နဲကမ္ဘာက ဖရိုဖရဲဖြစ်နေတယ်။ မူလအစအင်မော်တယ်ဘုရင်ရဲ့ အင်မော်တယ်ခန္ဓာကိုယ်စွမ်းအားက ဓာတ်ငါးပါးလေဟာနယ်သားရဲ ငါးကောင်ရဲ့ စွမ်းအားနဲ့ ပေါင်းစပ်သွားပြီး ကောင်းကင်နဲ့မြေကြီး ကြောက်မက်ဖွယ်ကောင်းတဲ့ သားရဲအမျိုးမျိုးကို ဖန်တီးခဲ့တယ်။
အဲ့ဒီကောင်းကင်နဲ့မြေကြီး ကြောက်မက်ဖွယ်သားရဲတွေ အရမ်းကို မြင့်မားတဲ့ အရည်အချင်းမျိုးရှိပြီး လန့်ဖို့ကောင်းတဲ့ တိုက်ပွဲဝင်အင်အားမျိုးရှိတယ်။ သူတို့ထဲက အများစုက အတိဒုက္ခကျော်လွှားခြင်းအဆင့် ဒါမှမဟုတ် မဟာယနအဆင့်ရဲ့ ထိတ်လန့်ဖွယ်တိုက်ပွဲဝင်စွမ်းအားကို ပိုင်ဆိုင်ထားတယ်။
အဲ့ဒီကောင်းကင်နဲ့မြေကြီးသားရဲတွေက ဉာဏ်ရည်မရှိဘဲ သူတို့ရဲ့ မွေးရာပါသိစိတ်ကိုပဲ မှီခိုပြီး လုပ်ကိုင်ကြတယ်။ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းအတိဒုက္ခတွေ အကြိမ်ကြိမ် ရောက်လာပြီး အဲ့သားရဲတွေလည်း တဖြည်းဖြည်း သေသွားကြတယ်။
ဝေးကွာရှေးဟောင်းခေတ်ရဲ့ အဆုံးမတိုင်ခင်ကမှ နတ်ဘုရား၊ နတ်ဆိုး၊ မိစ္ဆာ၊ လူသား၊ သရဲမျိုးနွယ်တွေ တဖြည်းဖြည်း မွေးဖွားလာကြတာဖြစ်တယ်။
ရှေးဟောင်းခေတ်အစောပိုင်းမှာတော့ လျှို့ဝှက်နက်နဲကမ္ဘာကြီး တကယ် အစီအစဉ်ကျလာတယ်။ နောက်ပိုင်း မူလအစအင်မော်တယ်ဘုရင် ပြန်ရှင်သန်လာပြီး အင်မော်တယ်မျိုးနွယ် ဘိုးဘေးရဲ့ ခန္ဓာကိုယ်ကို ရသွားတယ်။ အရာရာကို နားလည်ပြီးတော့ သူ စတင်ပြီး အစီအစဉ်ချတော့တာဖြစ်တယ်။
ရန်ယင်ဖန် တည်ဆောက်ထားတဲ့ ဖရိုဖရဲအင်မော်တယ်တောင်က တကယ်တော့ သူရဲ့ အရင်းအမြစ်တွေ၊ အားစိုက်မှုတွေကို သိသိသာသာ သုံးထားတယ်။ တောင်ကြီးရဲ့ တကယ့်ကိုယ်ထည်က အရမ်းတန်ဖိုးရှိတဲ့ လေဟာနယ်ကျောက်တုံးတွေကနေ တည်ဆောက်ထားတယ်။ အဲ့ဒီအပြင် ဗဟိုနတ်ဘုရားတောင်ရဲ့ မူလအစစွမ်းအင်တစ်မျှင်ကို ပေါင်းစပ်ထားပြီး ကောင်းကင်မြေကြီးအနက်အဝါ ဝိညာဉ်စုစည်းအစီအရင်ကို ဖရိုဖရဲအင်မော်တယ်တောင်တစ်ခုလုံးမှာ တည်ဆောက်ထားတယ်။
ဒီလိုနဲ့ ဖရိုဖရဲအင်မော်တယ်တောင်ရဲ့ ဝိညာဉ်ချီက အရမ်းကို ကြွယ်ဝလာတယ်။
ဖရိုဖရဲအင်မော်တယ်တောင်မှာ ကောင်းကင်မြေကြီးအနက်အဝါ ဝိညာဉ်စုစည်းအစီအရင်အပြင် စုစုပေါင်း စိတ်ဝိညာဉ်သွေးကြော (၁၂၉,၆၀၀)၊ အဆင့်မြင့်စိတ်ဝိညာဉ်သွေးကြော (၁၀၈) ခုနဲ့ နဂါးသွေးကြောတစ်ခုကို သုံးထားတယ်။
ဖရိုဖရဲအင်မော်တယ်တောင်က မီတာတစ်ထောင်ပဲ မြင့်ပေမယ့် အဲ့ဒီမှာ ဟင်းလင်းပြင်အစီအရင် အမျိုးမျိုးပါတယ်။ နေရာရဲ့ တကယ့်အရွယ်အစားက သဘာဝအတိုင်းကို မီတာတစ်သောင်းကျော်တယ်။
တောင်ထိပ်မှာ တိမ်တွေနဲ့ မြူခိုးတွေက ရှေးဦးဖရိုဖရဲတွေသဖွယ် တွန့်ခေါက်နေတယ်။ အထဲမှာ ခန်းမတစ်ခုရှိတယ်။
အဲ့နေရာကို ဖရိုဖရဲအင်မော်တယ်ဘုရင် နန်းတော်လို့ ခေါ်တယ်။
ဒါက ချီမင်အတွက် တည်ဆောက်ထားတဲ့ အိမ်တော်ဖြစ်တယ်။
အဲ့တာက ကြီးမားပြီး ခမ်းနားတဲ့ အရှိန်အဝါမျိုး ရှိတယ်။ နေရာက အင်မော်တယ်နန်းတော်လိုမျိုး ခမ်းနားကြီးကျယ်တယ်။ အဲ့တာ့က အတော်လေး တုန်လှုပ်ဖို့ကောင်းပြီး ခန့်ညားတဲ့ အရှိန်အဝါမျိုး ရှိတယ်။ ချီမင် အရမ်း ကျေနပ်သွားတယ်။
ဖရိုဖရဲအင်မော်တယ်နန်းတော်ထဲကို ဝင်လိုက်တော့ သူ ကျင့်ကြံခြင်းအခန်းတစ်ခုကို တွေ့လိုက်ရတယ်။
ပြီးတော့ ချီမင် ကျင့်ကြံခြင်းအခန်းထဲမှာ စတင် ကျင့်ကြံတော့တယ်။
တစ်လကြာသွားတယ်။
တင်း!
“သာမန် ဝိညာဉ်သားရဲ လေဟာနယ်စစ်မှန်နဂါး ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ နယ်ပယ်က အခုလက်ရှိမှာ ကန့်သတ်ချက်ကို ရောက်သွားပါပြီ။ သူရဲ့ ဒုတိယမြောက် ကောင်းကင်အတိဒုက္ခကိုခံစားနိုင်ပါပြီ။ သင် ဒီ လေဟာနယ်စစ်မှန်နဂါး ကို အတိဒုက္ခခံယူဖို့ လွှတ်ပေးမှာပါလား။”
တင်း!
“ရှားပါးဝိညာဉ်သားရဲ ကပ်ဘေးဒုက္ခအရှင်ရဲ့ ကျင့်ကြံခြင်းနဲ့ နယ်ပယ်က အကန့်အသတ်ကို ရောက်သွားပါပြီ။ သူက ဒုတိယမြောက် ကောင်းကင်အတိဒုက္ခကို ခံစားနိုင်ပါပြီ။ သင် ဒီ ကပ်ဘေးဒုက္ခအရှင် ကို အတိဒုက္ခခံယူဖို့ လွှတ်ပေးမှာပါလား။”
အသိပေးချက်အနည်းငယ် ပေါ်လာတယ်။ အမှောင်မီးလျှံ နဲ့ ကပ်ဘေးလေး က ဝိညာဉ်သားရဲ ကြီးထွားတဲ့ နေရာထဲမှာ နေ့တိုင်း အဆ သန်း(၁၀၀)ကြီးထွားနေကြတယ်။
ဒါကြောင့် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အတိဒုက္ခကျော်လွှားခြင်းပထမအဆင့် အကန့်အသတ်ကို ရောက်သွားတာ ကြာပြီ။ ဒါပေမဲ့ သူတို့က ဒုတိယမြောက် ကောင်းကင်အတိဒုက္ခကို မခံစားရသေးလို့ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေက မချိုးဖြတ်သေးဘူး။ အခုတော့ သူတို့က ဒုတိယမြောက် ကောင်းကင်အတိဒုက္ခကို ခံစားနိုင်ပြီ။
သူတို့ အဆင့်ချိုးဖြတ်လို့ရပြီ။
ချီမင် က အခု အင်မော်တယ်မျိုးနွယ် မှာ ရှိနေတယ်။ အမှောင်မီးလျှံ နဲ့ ကပ်ဘေးလေး ကို လွှတ်ပေးလိုက်ရင် သူ့ရဲ့ စစ်မှန်တဲ့အထောက်အထား ပေါ်သွားနိုင်တယ်။ ဒါကြောင့် သူတို့နှစ်ကောင်ကို ခဏ မလွှတ်ပေးသေးဘူး။
နောက်ပြီး ချီမင် က အခု ဖရိုဖရဲအင်မော်တယ်ဘုရင် (၁၀၉)ပါးမြောက် အထွတ်အထိပ် အင်မော်တယ်ဘုရင်ဖြစ်နေပြီ။ သူ့ရဲ့ သွားလာလှုပ်ရှားမှုတွေကို သဘာဝအတိုင်း စောင့်ကြည့်ခံနေရတာဆိုတော့ သူ သာမန်အတိုင်း ထွက်သွားလို့မရဘူး။ သူ့ရဲ့ တကယ့်အထောက်အထားကို ရှာတွေ့မခံရဘဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း ကို ပြန်သွားဖို့ဆိုတာ ပိုဆိုးတယ်။
“ဒီလိုဆိုရင်...”
ချီမင် နှလုံးခုန်နှုန်းတစ်ချက် မြန်သွားစေမယ့်ဆုံးဖြတ်ချက်ချလိုက်တယ်။ သူ့ခေါင်းထဲမှာ အတွေးတစ်ခု ပေါ်လာတယ်။ “အင်မော်တယ်မျိုးနွယ် မှာ ဆက်နေတာ အဓိပ္ပာယ်မရှိတော့ဘူး။”
“အခု ငါအလိုအပ်ဆုံးက အချိန်ရယ်၊ တံခါးပိတ်ပြီး အဆင့်ချိုးဖြတ်လို့ရမယ့် နေရာတစ်ခုရယ်ပဲ။”
“ငါ အချိန်ကာလရတနာ ကမ္ဘာ့တံခါး ရဲ့ စွမ်းအားကို အပြည့်အဝသုံးပြီး တခြားကမ္ဘာတွေကို သွားလို့ရတယ်။ တခြားကမ္ဘာတွေမှာ တံခါးပိတ်ကျင့်ကြံရင်း အကန့်အသတ်ထိရောက်မှ လျှို့ဝှက်နက်နဲကမ္ဘာ ကို ပြန်လာမယ်။”
ဒီအတွေး ပေါ်လာတာနဲ့ ချီမင် ကိုယ်တိုင် ဘယ်လိုမှ ထိန်းချုပ်လို့မရတော့ဘူး။ လဝက်ကြာတော့ အားလုံး အဆင်သင့်ဖြစ်နေပြီ။
“ဒါဆိုရင် စမ်းကြည့်ရအောင်။”
ချီမင် က သူ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းကို လည်ပတ်လိုက်တယ်။ များပြားတဲ့ ဓမ္မစွမ်းအား တွေထွက်လာပြီး သူ့ရဲ့ ဒန်တျန်း ထဲက အချိန်ကာလရတနာ ကမ္ဘာ့တံခါး ရဲ့ ကိုယ်ပွား ထဲကို ဖြည်းဖြည်းချင်း စီးဝင်သွားတယ်။
ပြီးတော့ ချီမင် က အချိန်ကာလရတနာ ကမ္ဘာ့တံခါး ရဲ့ ကိုယ်ပွား စွမ်းရည်ကို အသက်သွင်းလိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ ချီမင် ပိုင်ဆိုင်တဲ့ ကိုယ်ပွား က မူလအစစွမ်းအားရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတယ်။ ချီမင် ကို တခြားကမ္ဘာတွေကို ရွှေ့ပြောင်းပေးနိုင်ပေမဲ့ သူ ရွှေ့ပြောင်းသွားတဲ့ ကမ္ဘာတွေက ကျပန်းဖြစ်ပြီး လုံးဝ ပုံသေမဟုတ်ဘူး။
ဒီလိုဆိုရင် မသေချာမှုက ပိုများတယ်။
ချီမင် က စွမ်းအားနိမ့်ကမ္ဘာတစ်ခုကို ရောက်သွားရင် အဓိပ္ပာယ်မရှိဘူး။ ချီမင် က အလိုအလျောက်ကျင့်ကြံခြင်းစနစ် ကိုသုံးပြီး ကျင့်ကြံလို့မရဘူး။ သူက လျှို့ဝှက်နက်နဲကမ္ဘာ နဲ့ ဆင်တူတဲ့ ကျင့်ကြံခြင်းကမ္ဘာတစ်ခုကို ရွှေ့ပြောင်းရမယ်။
“ဟုတ်ပြီ။”
ချီမင် ရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။ သူ နည်းလမ်းတစ်ခုကို စဉ်းစားမိတယ်။ သူ ဓမ္မစွမ်းအား တွေကို လည်ပတ်ပြီး ဖရိုဖရဲအင်မော်တယ်ဘုရင် တိုကင် ကို အသက်သွင်းလိုက်တယ်။ သူ အင်မော်တယ်ဘုရင် ရဲ့ စွမ်းအားကိုသုံးပြီး အချိန်ကာလရတနာ ကမ္ဘာ့တံခါး ရဲ့ တကယ့်ကိုယ်ထည်နဲ့ ဆက်သွယ်လိုက်တယ်။
သူက ဖရိုဖရဲအင်မော်တယ်ဘုရင် ဖြစ်နေပြီ။ အင်မော်တယ်မျိုးနွယ် ရဲ့ (၁၀၉)ပါးမြောက် အထွတ်အထိပ်အင်မော်တယ်ဘုရင်ဖြစ်တယ်။ သူက အချိန်ကာလရတနာ ကမ္ဘာ့တံခါး ကိုသုံးပြီး တခြားကမ္ဘာတွေကို ရွှေ့ပြောင်းသွားဖို့ အခွင့်အရေးရှိတယ်။
ချီမင် က သူ့ဘွဲ့နဲ့ လိုက်ဖက်တဲ့ အင်မော်တယ်ဘုရင် မဟုတ်ဘူး။ သင့်တော်တဲ့ ခွန်အားလည်း မရှိဘူး။ ဒါကြောင့် သူ အချိန်ကာလရတနာ ကမ္ဘာ့တံခါး ကိုသုံးလို့ရပေမဲ့ အဲဒီထဲမှာ မှတ်တမ်းတင်ထားတဲ့ ကမ္ဘာတွေဆီပဲ ရွှေ့ပြောင်းသွားလို့ရတယ်။
တနည်းအားဖြင့် အင်မော်တယ်မျိုးနွယ် က အရင်က သွားဖူးတဲ့ ကမ္ဘာတွေကိုပဲ သူ သွားလို့ရတယ်။