← Chapters

ဖော်ထုတ်ခံရခြင်း! ကောင်းကင်လက်ဝါးနဲ့ ကောင်းကင်မျက်လုံး!

Vol. 16 Ch. 230

ဖော်ထုတ်ခံရခြင်း! ကောင်းကင်လက်ဝါးနဲ့ ကောင်းကင်မျက်လုံး!

Vol. 16 Ch. 230

ချီမင်က အင်မော်တယ်တွေ သွားဖူးတဲ့ကမ္ဘာကို သဘာဝအတိုင်းသွားလို့မဖြစ်ဘူး။ သူသွားချင်တဲ့ကမ္ဘာက သူတစ်ယောက်တည်းသိတဲ့ ကမ္ဘာမျိုးဖြစ်ရမယ်။

အဲ့ဒီကမ္ဘာက လျှို့ဝှက်နက်နဲကမ္ဘာနဲ့ ဆင်တူရမယ်။ ဒီလိုဆိုရင် ကျင့်ကြံဖို့နဲ့ အဆင့်ချိုးဖြတ်ဖို့ ပိုလွယ်ကူတယ်။မတူဘူးဆိုရင်တောင် ဒါက ကိစ္စကြီးကြီးမားမားတော့ မဟုတ်ဘူး။

ချီမင်က တာအိုကို ကျင့်ကြံနေတာဖြစ်ပြီး၊ အင်မော်တယ်လိုကျင့်ကြံနေတာမဟုတ်ဘူး။ သူဖြတ်သန်းသွားရမယ့်ကမ္ဘာက ကျင့်ကြံခြင်းကမ္ဘာမဟုတ်ရင်တောင်မှ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုက ထာဝရတည်ရှိနေပြီး သူက ကျင့်ကြံလို့ရဦးမယ်။

လောလောဆယ်တော့ ဖရိုဖရဲအင်မော်တယ်ဘုရင်တိုကင်ရဲ့ စွမ်းအားတစ်ခုတည်းနဲ့ ချီမင်ရဲ့ရည်မှန်းချက်ကို မပြည့်မီနိုင်ဘူး။ ကံကောင်းတာက သူ့မှာ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားရှိနေသေးပြီး အဲ့ဒါက မူလအစစွမ်းအင်ရဲ့ ဆယ်ပုံတစ်ပုံကို ပိုင်ဆိုင်ထားတယ်။

ချီမင်က ဖရိုဖရဲအင်မော်တယ်ဘုရင် တိုကင်ကနေရတဲ့ စွမ်းအားနဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီးအချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့တကယ့်ကိုယ်ထည်ကနေ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ငှားရမ်းလိုက်တယ်။ ပြီးတော့ သူ့ရဲ့ဒန်ထျန်းထဲက အချိန်ကာလရတနာ ကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားစွမ်းရည်နဲ့ ပေါင်းစပ်လိုက်တယ်။

အဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတဲ့နောက်မှာ ချီမင်တစ်ကိုယ်လုံး တုန်ခါသွားတယ်။ သူ့ဒန်ထျန်းထဲမှာ အချိန်ကာလရတနာ ကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားက လင်းလက်တောက်ပလာပြီး အရမ်းတောက်ပတဲ့မျက်စိကျိန်းလောက်တဲ့အလင်းရောင်တစ်ခု ပေါ်ထွက်လာတယ်။ ဒီလိုအခြေအနေမျိုးမှာ တစ်နည်းနည်းနဲ့ချီမင်က သတင်းအချက်အလက်တစ်ချို့ကို လက်ခံရရှိလိုက်တယ်။ သူက အချိန်ကာလရတနာ ကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားနဲ့ နီးကပ်တဲ့ဆက်သွယ်မှုတစ်ခု ပြုလုပ်နိုင်လိုက်တယ်။ သူက သူ့ရဲ့ဓမ္မစွမ်းအားတွေကို သုံးစွဲပြီး အချိန်ကာလရတနာကမ္ဘာ့တံခါး ကိုယ်ပွားကို အခြေခံအဖြစ်သုံးကာ ကမ္ဘာတွေဖြတ်ကျော်ဖို့ လမ်းကြောင်းတစ်ခု တည်ဆောက်နိုင်တယ်။ ဒါ့အပြင် သူက အချိန်ကာလရတနာ ကမ္ဘာ့တံခါးကိုသုံးပြီး သူဖြတ်ကျော်ချင်တဲ့ကမ္ဘာကို ရှာဖွေနိုင်တယ်။

ဥပမာ၊ အခုလိုဆို

ချီမင်က သူ့ရဲ့အနှစ်သာရဝိညာဉ် ဓမ္မစွမ်းအားကို အချိန်ကာလရတနာ ကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားထဲကို ထည့်သွင်းလိုက်တယ်။ သူ့ဒန်ထျန်းထဲက တံခါးက တောက်တောက်ပပလင်းလက်လာပြီး ပိုပိုပြီး တောက်ပခန့်ညားလာတယ်။

“လျှို့ဝှက်နက်နဲကမ္ဘာနဲ့ သိပ်မကွာခြားတဲ့ ကမ္ဘာတစ်ခုကိုရှာပေး။ ဒါ့အပြင် အဲ့ဒါက အင်မော်တယ်တွေ တစ်ခါမှမရောက်ဖူးတဲ့ ကမ္ဘာဖြစ်ရမယ်။”

အတွေးတစ်ချက်နဲ့ ချီမင်က သူ့အတွေးတွေကို အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားဆီကို ပို့လွှတ်လိုက်တယ်။

အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားက တုန်ခါသွားပြီး ချီမင်ကို မသဲမကွဲတုံ့ပြန်လိုက်တယ်။ အဲ့ဒါက ချီမင်ရဲ့ကိုယ်ထဲက ဓမ္မစွမ်းအားတွေကို စုပ်ယူပြီး အချိန်နဲ့နေရာလွတ်ရဲ့ စစ်မှန်တဲ့အနှစ်သာရကို ထိတွေ့နိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်တယ်။

ဒီခံစားချက်က အချိန်ကာလရတနာကမ္ဘာ့တံခါးက ရှာဖွေရေးအင်ဂျင်စက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေဟာနယ်စကြဝဠာပင်လယ် တစ်ခုလုံးထဲမှာ ချီမင်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ကမ္ဘာကို ရှာဖွေနေတယ်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ချီမင်ရဲ့ရှေ့မှာ သင်္ကေတတွေ တစ်ခုပြီးတစ်ခုပေါ်လာတယ်။ ဒီသင်္ကေတတွေက မရှင်းမလင်းနဲ့ နားလည်ရခက်တယ်၊ ရှေးဟောင်းချိတ်စည်းတစ်ခုနဲ့ ချိတ်ဆက်ထားသယောင်ထင်ရတယ်။

ဒါပေမဲ့ ချီမင်က အဲ့ဒီနောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်တယ်။ သင်္ကေတတိုင်းက လျှို့ဝှက်နက်နဲကမ္ဘာနဲ့ သိပ်မကွာခြားတဲ့ ကမ္ဘာတစ်ခုကို ကိုယ်စားပြုတယ်။

ကျင့်ကြံခြင်းကမ္ဘာ၊ နက်နဲချီတိုက်ကြီး၊ ထူးဆန်းကမ္ဘာ၊ သိုင်းတာအိုကမ္ဘာ၊ မဟာယိုယွင်းကမ္ဘာ...

လေဟာနယ်စကြဝဠာပင်လယ်ထဲမှာ ကမ္ဘာတွေအများကြီးရှိပြီး သူတို့ကို အသင်္ချေကမ္ဘာများလို့ခေါ်တယ်။ အသင်္ချေကမ္ဘာများ ရဲ့အထက်မှာ မဟာအထက်ကမ္ဘာကြီးကိုးခုရှိတယ်။ အသင်္ချေကမ္ဘာများထဲမှာ ကမ္ဘာရဲ့ကန့်သတ်ချက်ကို ချိုးဖျက်နိုင်တဲ့ ကျွမ်းကျင်သူအားလုံးက ဟင်းလင်းပြင်ကိုချိုးဖြတ်ပြီး မဟာအထက်ကမ္ဘာကြီးကိုးခုဆီကို တက်လှမ်းနိုင်တယ်။

အထက်ကမ္ဘာကြီးကိုးခု ဆီ တက်လှမ်းပြီးတဲ့နောက်မှာ အထက်ကမ္ဘာတွေရဲ့ နှစ်ခြင်းကို ရရှိနိုင်တယ်။ သက်ရှိအဆင့်ကနေ ပြီးပြည့်စုံတဲ့ ဆင့်ကဲပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းပြီး မတူညီတဲ့ နယ်ပယ်နဲ့အဆင့်ကို ရောက်ရှိသွားတယ်။

“ကျင့်ကြံခြင်းကမ္ဘာကို သွားမယ်။” ချီမင်က သေသေချာချာ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်ခဏမှာ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားက ချီမင်ဆီကို သတင်းတစ်ခုပို့လိုက်တယ်။ ကျင့်ကြံခြင်းကမ္ဘာက လျှို့ဝှက်နက်နဲကမ္ဘာနဲ့ အရမ်းဝေးလွန်းတယ်လို့ ပြောလာတယ်။ ချီမင်ရဲ့ကျင့်ကြံမှုနဲ့ ဓမ္မစွမ်းအားတွေနဲ့ဆိုရင် ကျင့်ကြံခြင်းကမ္ဘာဆီသွားဖို့ ရွှေ့ပြောင်းခြင်းလမ်းကြောင်းကို တည်ဆောက်ဖို့ထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူး။

“ငါ အခုသွားနိုင်တဲ့ ကမ္ဘာတစ်ခုကို ရှာပေး။”

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကမ္ဘာသင်္ကေတတွေရဲ့ (၉၉)% ကျော် ပျောက်ကွယ်သွားတယ်။ ချီမင်ရဲ့ရှေ့မှာ ကမ္ဘာသင်္ကေတတစ်ခုပဲ ကျန်တော့ပြီး အဲ့ဒါက ထူးဆန်းကမ္ဘာ ဖြစ်နေတယ်။

သူ့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။

“ထူးဆန်းကမ္ဘာ တစ်ခုပဲ ကျန်တော့တယ်။”

ချီမင်က ခဏလောက်စဉ်းစားလိုက်တယ်”ငါ အခု ဒီကမ္ဘာကိုပဲ သွားနိုင်တော့တယ်။”

တစ်ခဏအတွင်းမှာပဲ ချီမင်ရဲ့ကိုယ်ထဲက ဓမ္မစွမ်းအားတွေရဲ့ (၉၉)% ကို အချိန်ကာလရတနာကမ္ဘာ့တံခါးက တိုက်ရိုက်စုပ်ယူသွားတယ်။ ချီမင်ရဲ့မျက်နှာက ဖြူဖျော့သွားပြီး မြေပြင်ပေါ် လဲကျမတတ်ဖြစ်သွားတယ်။ ဒီလိုစုပ်ယူနှုန်းက အရမ်းရက်စက်လွန်းတယ်။

ပြီးတော့ အချိန်ကာလရတနာ ကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားက ချီမင်ရဲ့ ဓမ္မစွမ်းအား (၉၉)% ကျော်ကို စုပ်ယူပြီးတော့ အရမ်းတိုတောင်းတဲ့အချိန်အတွင်း မှာ ကမ္ဘာဖြတ်ကျော်ဖို့ လမ်းကြောင်းတစ်ခုကို တည်ဆောက်လိုက်တယ်။

ချီမင်ရဲ့ရှေ့မှာ ရှေးကျတဲ့သာမန်တံခါးတစ်ချပ် ပေါ်လာတယ်။ တံခါးက ပွင့်နေပြီး အတွင်းထဲကနေ ဟင်းလင်းပြင်လှိုင်းတွေ ထွက်ပေါ်လာနေတယ်။

အရမ်း နက်နဲတယ်။

အဲ့ဒီအချိန်မှာပဲ။

ခရက်! ခရက်!

ကမ္ဘာကြီး အကြီးအကျယ် ပြောင်းလဲသွားတယ်။

တစ်ခဏအတွင်းမှာပဲ ဖရိုဖရဲအင်မော်တယ်တောင်ရဲ့ အထက်မှာ ကမ္ဘာပေါ်မှာအကြောက်စရာအကောင်းဆုံး မိုးကြိုးအတိဒုက္ခကြီးတစ်ခု ဖြစ်ပေါ်လာတော့မယ့်အတိုင်း အဆုံးမဲ့မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေ ပေါ်လာတယ်။

“သေပြီ!” ချီမင်ရဲ့ မျက်နှာအမူအရာက အကြီးအကျယ်ပြောင်းလဲသွားတယ်။ သူ ခေါင်းနည်းနည်းမော့ကြည့်လိုက်တော့ ဒီမယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ မိုးကြိုးအတိဒုက္ခတိမ်တိုက်ထဲမှာ အဆုံးမဲ့ပြီး ခမ်းနားတဲ့ ပုဂ္ဂိုလ်တစ်ဦး တင်ပျဉ်ခွေထိုင်နေတာကို ခံစားလိုက်ရတယ်။ ဒါ့အပြင် ဒီပုဂ္ဂိုလ်က သူ့မျက်လုံးကို အနည်းငယ်ဖွင့်ပြီး သူ့ကို စိုက်ကြည့်နေတာကြောင့် ချီမင် တုန်လှုပ်သွားတယ်။

ကြောက်စရာကောင်းတယ်။

အရမ်းကို ကြောက်စရာကောင်းလွန်းတယ်!

သူက မူလအစအင်မော်တယ်ဘုရင်ဖြစ်တယ်!!! နောက်တစ်ခဏမှာ အဆုံးမဲ့အတိဒုက္ခတိမ်တိုက်တွေ စုစည်းလာတယ်။ လျှပ်စီးတွေလက်လာပြီး အရပ်မျက်နှာတိုင်းကို တုန်ခါသွားစေတယ်။ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ကောင်းကင်လက်ဝါး တစ်ခုက အတိဒုက္ခတိမ်တိုက်တွေထဲကနေ ထွက်ပေါ်လာပြီး အရပ်မျက်နှာတိုင်းက ဟင်းလင်း ပြင်ကို ချိတ်ပိတ်လိုက်တယ်။

အဲ့ဒါက ချီမင်ကို တိုက်ရိုက် ဖမ်းဆုပ်လိုက်တယ်။

“ဒါ... ဒါ...”

ချီမင် လှုပ်လို့မရတော့ဘူး။ မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်းကင်လက်ဝါးက နှိုင်းယှဉ်မရနိုင်တဲ့စွမ်းအားတွေပါဝင်ပြီး ပတ်ဝန်းကျင်က နေရာလွတ်ကို လုံးဝချိတ်ပိတ်ထားတယ်။

အရေးကြီးဆုံးက... ချီမင်ရဲ့ကိုယ်ထဲကဓမ္မစွမ်းအားတွေကို အချိန်ကာလရတနာ ကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားက တိုက်ရိုက်ယူသွားတယ်။ ကျန်ရှိနေတဲ့ ဓမ္မစွမ်းအားတွေနဲ့ ဘယ်လိုအံ့ဖွယ်စွမ်းအားမျိုးကိုမှ သုံးလို့မရတော့ဘူး။

ချီမင်က ကောင်းကင်လက်ဝါးရဲ့ ချည်နှောင်မှုကနေ မလွတ်မြောက်နိုင် တော့ဘူး။

အဲ့ဒီအချိန်မှာ မမြင်နိုင်တဲ့ကမ္ဘာထဲမှာ လျှို့ဝှက်နက်နဲကမ္ဘာ အသိစိတ်ရဲ့စွမ်းအားက ဆင်းသက်လာတယ်။ အဲ့ဒါကလည်း မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေနဲ့အတူ ခံစားချက်ကင်းမဲ့ပြီး နှလုံးသားမရှိတဲ့ ကောင်းကင်မျက်လုံးအဖြစ် ပြောင်းလဲသွားတယ်။ ခရမ်းရောင်အလင်းတစ်ခုက ကောင်းကင်မျက်လုံးထဲကနေ ထွက်ပေါ်လာပြီး ကောင်းကင်လက်ဝါးကို ထိမှန်ကာ တွင်းနက်ကြီးတစ်တွင်း ဖြစ်သွားစေတယ်။

ဒီလိုနဲ့ကောင်းကင်လက်ဝါးကြောင့်ဖြစ်ပေါ်နေတဲ့ စည်းခတ်ခံထားရတဲ့နေရာလွတ်က လျော့ရဲသွားတယ်။

“အခုပဲ!”

ချီမင်ရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။ ဘာမှတွေဝေမနေဘဲ သူ့တစ်ကိုယ်လုံးက အရမ်းမြန်တဲ့ အလင်းတန်းတစ်ခုလို အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားတံခါးထဲကို ပြေးဝင်သွားတယ်။

သူ့ပုံရိပ် ပျောက်ကွယ်သွားတယ်။ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာတယ်။

ကောင်းကင်လက်ဝါးရဲ့ ကျန်ရှိနေတဲ့စွမ်းအားက ကျရောက်လာပြီး ဖော်ပြလို့မရနိုင်တဲ့ စွမ်းအားတွေပါဝင်ကာ ဖရိုဖရဲအင်မော်တယ်တောင် တစ်ခုလုံးကို အမှုန့်ဖြစ်သွားစေပြီး လုံးဝဖျက်ဆီးပစ်လိုက်တယ်။

ကောင်းကင်နဲ့မြေကြီး တုန်ခါသွားတယ်။

အင်မော်တယ်မျိုးနွယ်ရဲ့ မြင့်မြတ်နယ်မြေတစ်ခုဖြစ်တဲ့ အသင်္ချေအင်မော်တယ်တောင်က ဒီကြောက်မက်ဖွယ်စွမ်းအားကြောင့် တုန်ခါသွားတယ်။

အဆုံးမဲ့ မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေထဲမှာ။

“လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အသိစိတ်၊ မင်းတောင် သေလုမျောပါး ရုန်းကန်နေရပြီ။ အဖြေက ဆုံးဖြတ်ပြီးသား။ မူလက ငါ့ဟာဖြစ်တဲ့စွမ်းအားက ငါ့ဆီပြန်လာသင့်တယ်။”

အဆုံးမဲ့ ခမ်းနားတဲ့ ပုဂ္ဂိုလ်က ပြောလိုက်တယ်။ “မင်းက ဝိညာဉ်ဖွဲ့တည်ခြင်းထိပ်ဆုံးအဆင့်က လူသားလေးတစ်ယောက်ကို တကယ်ယုံကြည်နေတာလား။ သူက ငါ့ရတနာရဲ့ မူလအစစွမ်းအင်တစ်စိတ်တစ်ပိုင်းကို ခိုးကြောင်ခိုးဝှက်ယူသွားတဲ့ သူခိုးလေးတစ်ယောက်ပဲ။ သူက ဘာကိုပြောင်းလဲနိုင်မှာလဲ။ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။”

ကောင်းကင်မျက်လုံးက မျက်လုံးအနည်းငယ်လှိမ့်လိုက်ပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားတယ်။

မကြာခင်မှာပဲ အင်မော်တယ်မျိုးနွယ်ရဲ့ မြင့်မြတ်နယ်မြေတစ်ခုဖြစ်တဲ့ အသင်္ချေအင်မော်တယ်တောင်ကို ဖုံးလွှမ်းထားတဲ့ မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

ဒီနေ့မှာ အင်မော်တယ်မျိုးနွယ်တစ်ခုလုံး တုန်လှုပ်သွားကြတယ်။

ဖရိုဖရဲအင်မော်တယ်တောင်က ပျက်စီးသွားပြီ။ ဖရိုဖရဲအင်မော်တယ်ဘုရင်က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားပြီး ပျောက်ဆုံးနေတယ်။ ဒါက အင်မော်တယ်တွေအတွက် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုဖြစ်သွားတယ်။ ဖရိုဖရဲအင်မော်တယ်တောင်က ဘာလို့ ဒီလောက်ကြောက်စရာကောင်းတဲ့ မိုးကြိုးအတိဒုက္ခတိမ်တိုက်တွေကို ဆွဲဆောင်ခဲ့တာလဲဆိုတာကို အင်မော်တယ်မျိုးနွယ်ထဲက လူတိုင်းမှာ ကိုယ်ပိုင်ဇာတ်လမ်းတွေ ရှိနေကြတယ်။

အဲ့ဒီည။

ဗဟိုနတ်ဘုရားတောင်ရဲ့ တောင်စောင်းမှာ အချိန်ကာလရဲ့ အပြောင်းအလဲပေါင်းများစွာကို ဖြတ်သန်းခဲ့တဲ့ ရှေးဟောင်းနန်းတော်တစ်ခုရှိတယ်။

အဲ့ဒါကို အင်မော်တယ်ဘိုးဘေးနန်းတော်လို့ ခေါ်တယ်။ နန်းတော်ထဲမှာ ဘာမှမရှိသလောက်ကိုဖြစ်တယ်။

ရှေ့ဆုံးမှာ ရုပ်တုတစ်ခုပဲရှိတယ်။ ဒီရုပ်တုက အင်မော်တယ်ဘိုးဘေးရဲ့ ရုပ်တုပေမဲ့ တကယ်တမ်းတော့ မူလအစအင်မော်တယ်ဘုရင်ဖြစ်တယ်။

ခန်းမထဲမှာ အင်မော်တယ်ဘုရင် (၁၀၈) ပါး စုဝေးနေကြတယ်။

နောက်တစ်ခဏမှာ စွမ်းအားကြီးမားတဲ့ စိတ်ဆန္ဒတစ်ခုက ဒီရုပ်တုထဲကို ဆင်းသက်လာပြီး အသက်ဝင်လာစေတယ်။ အဲ့ဒါက သက်မဲ့အရာကနေ သက်ရှိအရာဖြစ်လာပြီး မျက်လုံးတွေပွင့်လာတယ်။

“အင်မော်တယ်ဘိုးဘေးကို နှုတ်ခွန်းဆက်ပါတယ်။” ရှိနေတဲ့ အင်မော်တယ်ဘုရင် (၁၀၈) ပါးက ဒူးထောက်ပြီး အရိုအသေပေးလိုက်ကြတယ်။

“အင်မော်တယ်ဘုရင်တို့၊ နားထောင်ကြ။”

မူလအစအင်မော်တယ်ဘုရင်က ရှိနေတဲ့ အင်မော်တယ်ဘုရင် (၁၀၈)ပါးကို အပေါ်စီးကနေကြည့်လိုက်တယ်။ သူ့အကြည့်တွေက အေးစက်နေပြီး သူ့လေသံက မြင့်မြတ်တယ်။ “ဖရိုဖရဲအင်မော်တယ်ဘုရင် ရန်ပေါင်ချီက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်တစ်စိတ်တစ်ပိုင်းကို ခိုးယူသွားပြီ။ သူက အင်မော်တယ်မျိုးနွယ်ရဲ့ အကြီးမားဆုံးသစ္စာဖောက်ပဲ။ အခု သူက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ စွမ်းအားကိုသုံးပြီး တခြားကမ္ဘာတစ်ခုကို ထွက်ပြေးသွားပြီ။”

“အခုချက်ချင်း အင်မော်တယ်မျိုးနွယ်တစ်ခုလုံးရဲ့ အင်အားကိုစုစည်းပြီး ဖရိုဖရဲအင်မော်တယ်ဘုရင်၊ ရန်ပေါင်ချီနဲ့ ပတ်သက်တဲ့အရာအားလုံးကို စုံစမ်းစစ်ဆေးကြ။ ဒါ့အပြင် သူထွက်ပြေးသွားတဲ့ကမ္ဘာကိုရှာဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားကြ။”

“ငါတို့ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်တစ်စိတ်တစ်ပိုင်းကို ပြန်ယူရမယ်။”

တိတ်ဆိတ်သွားတယ်။

လူတိုင်း တိတ်ဆိတ်သွားကြတယ်။

အင်မော်တယ်ဘုရင် လင်းလုံဆိုရင်ရုတ်တရက်ခေါင်းမော့လာတယ်။ သူ့မျက်နှာက တုန်လှုပ်မှုနဲ့ မယုံနိုင်မှုတွေနဲ့ ပြည့်နေတယ်။ သူက ကိစ္စတွေ ဒီအခြေအနေထိရောက်သွားလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ထားခဲ့ဘူး။

ဒါ... ဒါ...

ဒါဘယ်လိုဖြစ်နိုင်မှာလဲ!

ရန်ပေါင်ချီက တကယ်ပဲ အင်မော်တယ်မျိုးနွယ်ရဲ့ အကြီးမားဆုံးသစ္စာဖောက်ဖြစ်နေတယ်။ သူက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်တစ်စိတ်တစ်ပိုင်းကိုတောင် ခိုးသွားတယ်။

သူ မယုံနိုင်ဘူး။ မူလအစအင်မော်တယ်ဘုရင်က ဒီလိုသတင်းနဲ့အမိန့်တွေကို သူတို့ဆီပို့ဖို့ ဆင်းသက်လာတာက ဒီကိစ္စရဲ့မှန်ကန်မှုကို သက်သေပြဖို့ လုံလောက်နေပြီ။

ဖရိုဖရဲအင်မော်တယ်ဘုရင် ရန်ပေါင်ချီက တကယ်ပဲ အင်မော်တယ်တွေရဲ့ အကြီးမားဆုံးသစ္စာဖောက်ဖြစ်တယ်။

တုန်လှုပ်သွားတယ်။

အင်မော်တယ်ဘုရင်အားလုံး လုံးဝတုန်လှုပ်သွားကြတယ်။

တစ်ရက်မတိုင်ခင်ကပဲ ဖရိုဖရဲအင်မော်တယ်ဘုရင်က အင်မော်တယ်မျိုးနွယ်ရဲ့ အထူးပါရမီရှင်တစ်ယောက်အဖြစ် ရှိနေသေးတယ်။ သူ့မှာ အင်မော်တယ်ဘိုးဘေးရဲ့ အရည်အချင်းမျိုး ရှိတယ်!!

မူလအစအင်မော်တယ်ဘုရင်က ဆက်ပြောတယ်။ “ငါအခု ဖရိုဖရဲအင်မော်တယ်ဘုရင် ရန်ပေါင်ချီရဲ့ တကယ့်အထောက်အထားကို သံသယဝင်နေပြီ။ မင်းတို့ ဘယ်လောက်ပေးရပါစေ ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းစစ်ဆေးရမယ်။”

“ဟုတ်ကဲ့ပါ။”

“ဟုတ်ကဲ့ပါ။”

အင်မော်တယ်ဘုရင် (၁၀၈) ပါးက သူတို့ရဲ့တုန်လှုပ်မှုကနေ တဖြည်းဖြည်း ပြန်လည်သက်သာလာကြတယ်။

မူလအစအင်မော်တယ်ဘုရင်ရဲ့ အသိစိတ်က ထွက်ခွာသွားပြီး မူလကအသက်ဝင်နေတဲ့ရုပ်တုက သက်မဲ့အရာအဖြစ် ပြန်ပြောင်းသွားကာ တုန်လှုပ်နေတဲ့ အင်မော်တယ်ဘုရင် (၁၀၈)ပါးကို ချန်ထားခဲ့တယ်။

နောက်တစ်ခဏမှာပဲ သူတို့တွေ အရမ်းပြင်းထန်တဲ့ ဆွေးနွေးမှုတစ်ခုထဲကို ရောက်သွားကြတော့တယ်။

All Chapters