ထူးဆန်းကမ္ဘာ! နှစ်ထပ်ကွမ်းအတိဒုက္ခကျော်လွှားခြင်း!
Vol. 16 Ch. 231
ချီမင် တစ်ခုမမျှော်လင့်ထားတာက သူက မူလအစအင်မော်တယ်ဘုရင်ကို အထင်သေးလွန်းသွားခဲ့တယ်။ အထက်ကမ္ဘာက အင်မော်တယ်ဘုရင်တစ်ပါးအနေနဲ့ မူလအစအင်မော်တယ်ဘုရင်က အရမ်းကို အားနည်းနေပြီး အဆင့်တွေအများကြီး ကျသွားခဲ့ရင်တောင်မှ သူ့ကို လျှော့တွက်လို့မရဘူး။
ချီမင်က ဖရိုဖရဲအင်မော်တယ်ဘုရင် တိုကင်ကို သုံးပြီး အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ပွားစွမ်းအားနဲ့ ပေါင်းစပ်လိုက်တော့ သူ့ပန်းတိုင်ကို အောင်မြင်သွားပေမယ့် မူလအစအင်မော်တယ်ဘုရင်ကိုလည်း သွားပြီး သတိပေးလိုက်သလို ဖြစ်သွားတယ်။
မူလအစအင်မော်တယ်ဘုရင်ကအချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ စွမ်းအား (၉၀)% ကို ထိန်းချုပ်တယ်။ သူ့ကို အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ သခင်လို့တောင် ပြောလို့ရတယ်။
ချီမင်က အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင် ဆယ်ပုံတစ်ပုံကို ခိုးထားတာဖြစ်တယ်။
အချိန်ကာလရတနာကမ္ဘာ့တံခါးက သူ့လိုအပ်ချက်တွေနဲ့ ကိုက်ညီပြီး ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားလည်သဘောပေါက်သွားလို့ သူ့ကိုစပြီး ပေးလာတာဖြစ်တယ်။
ချီမင်က ဖရိုဖရဲအင်မော်တယ်ဘုရင်တိုကင်ရဲ့လုပ်ပိုင်ခွင့်ကိုသုံးပြီး အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ထည်စစ်က စွမ်းအားတစ်စိတ်တစ်ပိုင်းကို ချေးလိုက်တယ်။ ဒါက မူလအစအင်မော်တယ်ဘုရင်က အင်မော်တယ်တွေကို ပေးထားတဲ့ စွမ်းအားဖြစ်တယ်။
အခု ချီမင်က ဒီစွမ်းအားကိုသုံးပြီး တခြားမူလအစစွမ်းအင် ဆယ်ရာခိုင်နှုန်းနဲ့ ပေါင်းစပ်လိုက်တော့ မူလအစအင်မော်တယ်ဘုရင်ကို သတိပေးလိုက်သလို ဖြစ်သွားတယ်။
မူလအစအင်မော်တယ်ဘုရင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အသိစိတ်ကို နှိမ်နင်းဖို့ နည်းလမ်းအမျိုးမျိုးကို အမြဲတမ်း စဉ်းစားနေပေမဲ့ အဲ့ဒီအသိစိတ်က တည်ရှိနေသရွေ့တော့ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။
နှစ်ဖက်စလုံးက ဆက်ပြီး တိုက်ခိုက်နေကြသေးတယ်။
မူလအစအင်မော်တယ်ဘုရင်အတွက်လည်း သူ့အာရုံကို ခွဲပြီးအာရုံစိုက်ဖို့က အရမ်းခက်ခဲနေတယ်။
ဒီလိုအခြေအနေမျိုးမှာ မူလအစအင်မော်တယ်ဘုရင်က သက်ဆိုင်ရာအစီအစဉ်ကို ချမှတ်ခဲ့တယ်။ သူက ကောင်းကင်နဲ့မြေကြီးကပ်ဘေးဒုက္ခကိုသုံးပြီး အခြေအနေကို လုံးဝရှုပ်ထွေးသွားအောင် လုပ်ချင်တယ်။ သူက ဗဟိုဒေသကို ထိန်းသိမ်းထားပြီး နတ်ဘုရားတောင်လေးခုရဲ့ နောက်ဆုံးအရင်းအမြစ်ကို လုယူဖို့၊ ဒေသကြီးလေးခုကို ဖျက်ဆီးပြီး လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အသိစိတ်စွမ်းအားကို အနိမ့်ဆုံးထိဖိနှိပ်ပြီးမှ ဝါးမျိုဖို့ အစီအစဉ်ဆွဲထားတယ်။
ဒါက မူလအစအင်မော်တယ်ဘုရင်ရဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တယ်။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင်တစ်စိတ်တစ်ပိုင်း အခိုးခံလိုက်ရတယ်။ ချီမင်က အင်မော်တယ်တွေရဲ့လုပ်ပိုင်ခွင့်ကိုတောင် မျက်နှာပြောင်တိုက်ပြီးသုံးကာ အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ထည်အစစ်က စွမ်းအားကို ချေးငှားတယ်။
မူလအစအင်မော်တယ်ဘုရင်က တကယ်ပဲ သတိထားမိသွားတော့တယ်။
သူက တိုက်ခိုက်ပြီး ကမ္ဘာရဲ့စွမ်းအားကို စုစည်းကာ ချီမင်ကို လုံးဝချုပ်နှောင်တယ်။ သူ့ကို ဖျက်ဆီးလိုက်ပြီး အခိုးခံလိုက်ရတဲ့ မူလအစစွမ်းအင်တစ်စိတ်တစ်ပိုင်းကို ပြန်ယူချင်တာဖြစ်တယ်။
အရေးကြီးဆုံးအချိန်မှာ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အသိစိတ်က တိုက်ခိုက်ပြီး ချီမင်ကိုရှင်သန်ဖို့အခွင့်အရေးတစ်ခုကိုယူဖို့ကူညီပေးလိုက်တယ်။ သူက မူလအစအင်မော်တယ်ဘုရင်ရဲ့ ချုပ်နှောင်မှုကနေ လွတ်မြောက်သွားပြီး ကိုယ်ပွားက တည်ဆောက်ထားတဲ့ တံခါးထဲကို ပြေးဝင်သွားလိုက်တယ်။
သူ့ရဲ့ရွှေ့ပြောင်းခြင်း အောင်မြင်သွားပြီ!
ဒါကို အန္တရာယ်များပြီး တုန်လှုပ်စရာကောင်းတယ်လို့ ပြောလို့ရတယ်။
ချီမင်ရဲ့စိတ်ထဲမှာ တုန်ခါသွားတယ်။ သူက အခု ကမ္ဘာရွှေ့ပြောင်းရေးလမ်းကြောင်းထဲမှာ ရောက်နေတယ်။ သူ့ကို အချိန်နဲ့နေရာလွတ်ရဲ့ နက်နဲမှုတွေပါဝင်တဲ့ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုက ဝန်းရံထားတယ်။ အကြိမ်အနည်းငယ်လောက် ကြည့်လိုက်ရုံနဲ့ ချီမင်ကို ခေါင်းမူးသွားစေတယ်။
“ဟူး...”
ချီမင်က အသက်ပြင်းပြင်းရှူလိုက်ပြီး စိုးရိမ်စိတ်တွေ ခံစားနေရသေးတယ်။ကပ်ဘေးဒုက္ခကနေလွတ် မြောက်လာတဲ့အတွက် သူ တကယ်ပဲ စိတ်သက်သာရာရသွားတယ်။ “ခုနက အရမ်းအန္တရာယ်များတာပဲ။ ငရဲတံခါးဝကို ခြေတစ်လှမ်းလှမ်းမိတော့မလို့။”
“ငါ မူလအစအင်မော်တယ်ဘုရင်ကို အရမ်းအထင်သေးလွန်းသွားတာပဲ!”
ချီမင်က ပြောလိုက်တယ် “ပိုအရေးကြီးတာက ငါက အမြဲတမ်း အဆင်ပြေချောမွေ့လွန်းခဲ့တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲပြီး မောက်မာသွားတယ်။ ဒါကြောင့်ပဲ ဒီနေ့ ဒီကပ်ဘေးဒုက္ခနဲ့ ကြုံလိုက်ရတယ်။”
“ဘာပဲဖြစ်ဖြစ် မူလအစအင်မော်တယ်ဘုရင်က အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ အထဲကနေရာလွတ်ကို ရှာမတွေ့လို့ ဖရိုဖရဲအရောင် ကောင်းကင်နဲ့မြေကြီး မဟာတာအိုစာလုံးကို နားမလည်ခဲ့လည်းသူက အနည်းဆုံးတော့ ကမ္ဘာ့တံခါးရဲ့ စွမ်းအား (၉၀)% ကို သန့်စင်နိုင်တယ်။ သူ့ကို သခင်လို့ သတ်မှတ်ထားလို့ရတယ်။”
“အင်မော်တယ်တွေက အချိန်ကာလရတနာကမ္ဘာ့တံခါးကိုသုံးပြီး တခြားကမ္ဘာတွေကို ကူးပြောင်းနိုင်တာနဲ့ တခြားကမ္ဘာတွေရဲ့ အရင်းအမြစ်ကို လုယူနိုင်တာက မူလအစအင်မော်တယ်ဘုရင်က ပေးထားတဲ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ရမယ်။”
“ငါ ဒီလုပ်ပိုင်ခွင့်ကို သုံးလိုက်တော့ မူလအစအင်မော်တယ်ဘုရင်ကို သတိပေးမိသွားလိမ့်မယ်လို့ မျှော်လင့်ထားသင့်တယ်။”
ချီမင်က သက်ပြင်းချလိုက်တယ်”ကံကောင်းတာက ဖြစ်စဉ်က အရမ်းအန္တရာယ်များပေမယ့် ရလဒ်ကတော့ ကောင်းတယ်။ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အသိစိတ်က ဝင်ပါပေးခဲ့လို့လည်း ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ရလဒ်က ဘယ်လိုဖြစ်မလဲ ပြောရခက်တယ်။”
ဘာပဲဖြစ်ဖြစ် ချီမင်က လျှို့ဝှက်နက်နဲကမ္ဘာရဲ့ အသိစိတ်ကို အသက်ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကြွေးတစ်ခု တင်သွားပြီ။
သူက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ မူလအစစွမ်းအင် ဆယ်ပုံတစ်ပုံကို ခိုးယူခဲ့တယ်။ သူက မူလအစအင်မော်တယ်ဘုရင်နဲ့ ဆန့်ကျင်ဘက်ခြမ်းကို ရောက်နေပြီ။
နှစ်ဖက်စလုံးက ရန်သူတွေဖြစ်နေပြီ။
မူလအစအင်မော်တယ်ဘုရင်က သူ့ရဲ့အရင်အင်အားကို ပြန်မရအောင် ဘယ်လိုလုပ် ကြိုးစားဘဲ နေမလဲ။ ချီမင်က ဖယ်ရှားခံရတော့မယ်။
သူ အထက်ကမ္ဘာကို တက်လှမ်းသွားရင်တောင် မူလအစအင်မော်တယ်ဘုရင်ရဲ့ ပစ်မှတ်ထားတာကို ခံရဦးမယ်။
ချီမင်က မူလအစအင်မော်တယ်ဘုရင်ကို တားဆီးရမယ်။ သူက ပြန်ပြီးတန်ပြန်တိုက်ခိုက်နိုင်ရင်အကောင်းဆုံးဖြစ်လိမ့်မယ်။
စဉ်းစားနေတုန်းမှာပဲ ချီမင်ရဲ့မျက်လုံးရှေ့မှာ တောက်ပတဲ့အလင်းရောင်တစ်ခု လင်းလက်လာတယ်။ ကမ္ဘာ့လမ်းကြောင်းရဲ့ ထွက်ပေါက်ကိုရောက်တော့ သူ့အမြင်အာရုံက ကွယ်သွားတယ်။ သူ့ကိုယ်ကအလေးချိန်မရှိသလို ခံစားလိုက်ရတယ်။ ပြီးတော့ ချီမင်တစ်ကိုယ်လုံး တုန်ခါသွားပြီး ထူးဆန်းကမ္ဘာထဲကို တိုက်ရိုက်ဝင်ရောက်သွားတယ်။
သူ နည်းနည်းတော့ အသားမကျသေးဘူး။ ပတ်ဝန်းကျင်ကအလင်းရောင်က မပျောက်သေးဘူး။ဒါပေမယ့် နောက်တော့ အလင်းရောင်က လုံးဝပျောက်ကွယ်သွားတယ်။ သူ့ကိုယ်ထဲက မသက်မသာဖြစ်မှုတွေလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
ချီမင်က ပတ်ဝန်းကျင်ကအခြေအနေကို လေ့လာဖို့ အချိန်ရသွားတယ်။
“ဒါက...”
ချီမင်က ခဏလောက်စဉ်းစားလိုက်တယ် “သင်္ချိုင်းတစ်ခုလား!”
ပတ်ဝန်းကျင်က မြင်ကွင်းနဲ့ အပြင်အဆင်တွေအရ ချီမင်က အခု သင်္ချိုင်းဂူတစ်ခုထဲမှာ ရောက်နေတာ သိသာတယ်။ ဒါ့အပြင် အဓိကသင်္ချိုင်းခန်းထဲမှာ ရောက်နေတယ်။
အဓိကသင်္ချိုင်းက အရမ်းကျယ်တယ်။
ချီမင်ဘေးမှာ မည်းနက်နေတဲ့ ခေါင်းတလားတစ်ခုလည်း ရှိနေတယ်။
ချက်ချင်းဆိုသလိုပဲ ချီမင်ရဲ့ ဒန်ထျန်းထဲကအချိန်ကာလရတနာကမ္ဘာ့တံခါးက လင်းလက်လာတယ်။ သတင်းအချက်အလက်စီးကြောင်းတစ်ခု ချီမင်ရဲ့စိတ်ထဲကို စီးဝင်လာတယ်။ အဲ့ဒါက ထူးဆန်းကမ္ဘာနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေဖြစ်တယ်။
ခြုံပြောရရင် ထူးဆန်းကမ္ဘာမှာ မျိုးနွယ်သုံးခုရှိတယ်။
လူသား၊ နတ်ဆိုး၊ နဲ့ ထူးဆန်း။
ထူးဆန်းကမ္ဘာက လူသားတွေက အင်ပါယာသုံးခုနဲ့ နိုင်ငံကိုးခုကို တည်ထောင်ပြီး လူသားမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားတယ်။ နတ်ဆိုးတွေကလည်း နတ်ဆိုးအင်ပါယာကြီးသုံးခုနဲ့ နတ်ဆိုးနိုင်ငံကိုးခုကို တည်ထောင်ပြီး နတ်ဆိုးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားတယ်။
ထူးဆန်းမျိုးနွယ်ရဲ့ မွေးဖွားလာပုံကတော့ ပြောရခက်တယ်။ သူတို့က ကမ္ဘာဥပဒေသတွေရဲ့ ပုံပျက်နေတဲ့ ကိုယ်ထည်တစ်ခုနဲ့ ပိုတူတယ်။
လူသားတွေက သိုင်းပညာကို ကျင့်ကြံကြတယ်။ အမြင့်ဆုံးအဆင့်ဆို အင်မော်တယ်ရွှေခန္ဓာအဆင့်ထိ ရောက်နိုင်တယ်။ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ခွဲခြားမှုအရဆိုရင် အင်မော်တယ်ရွှေခန္ဓာ တည်ရှိမှုက မဟာယာနအဆင့်နဲ့ ညီမျှပြီး အကန့်အသတ်ကို ရောက်နေပြီ။
နတ်ဆိုးတွေက နတ်ဆိုးနည်းစနစ်တွေကို ကျင့်ကြံကြတယ်။
အမြင့်ဆုံးအဆင့်က နတ်ဆိုးပညာရှိအဆင့်ထိရောက်နိုင်ပြီး အင်မော်တယ်ရွှေခန္ဓာနဲ့ ယှဉ်နိုင်တယ်။တူညီစွာပဲ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ ခွဲခြားမှုအရ မဟာယနအဆင့်နဲ့ ညီမျှပြီး အကန့်အသတ်ကိုရောက်နေပြီ။
“ထူးဆန်းကမ္ဘာရဲ့ အခြေအနေက ငါနဲ့ဘာမှမဆိုင်ဘူး။ ငါ ဒီကမ္ဘာရဲ့ကိစ္စတွေမှာ ဝင်မစွက်ဖက်ဘူး။ ဒီမှာ ငါက ဖြတ်သွားဖြတ်လာတစ်ယောက်ပဲ။”
ချီမင်က နည်းနည်းလေးပဲ နားလည်ပြီး သိပ်အာရုံမစိုက်ထားဘူး” ငါ ထူးဆန်းကမ္ဘာကို လာရတဲ့ အဓိကအကြောင်းရင်းက လျှို့ဝှက်နက်နဲကမ္ဘာက လက်ရှိအခြေအနေက အရမ်းအန္တရာယ်များနေလို့ပဲ။ ပုံမှန်ကို မငြိမ်သက်မှုတွေကရှိနေတယ်။ ကောင်းကင်ရဲ့ကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။ပြီးတော့ တည်ငြိမ်ဖို့ခက်လာတယ်။ ဒါကြောင့် ငါက တခြားကမ္ဘာတွေကို သွားပြီး ကျင့်ကြံဖို့လိုအပ်တယ်။”
“ဒါ့အပြင်...”
“အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးလည်း အတိဒုက္ခကျော်ဖြတ်ဖို့ လိုတယ်။”
“ဒါပေမဲ့ ငါ မူလအစအင်မော်တယ်ဘုရင်ကို သတိပေးမိသွားလိမ့်မယ်လို့တော့ မထင်ထားဘူး။ လက်ရှိအခြေအနေအရ ငါ လောလောဆယ်တော့ ပြန်လို့မဖြစ်ဘူး။ မဟုတ်ရင် ငါပြန်သွားပြီးပြီးချင်း မူလအစအင်မော်တယ်ဘုရင်က ငါ့ကို ချက်ချင်းရှာတွေ့သွားလိမ့်မယ်။”
“ငါ့ရဲ့လက်ရှိအင်အားနဲ့ လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်သွားရင် သေသွားနိုင်တယ်။”
“လောလောဆယ်တော့ ပြန်လို့မဖြစ်သေးဘူး။” ချီမင်က ပြောလိုက်တယ် “အနည်းဆုံးတော့ ဖရိုဖရဲမဟာတာအိုကျမ်း ပထမတွဲကို လုံးဝကျွမ်းကျင်သွားမှ လျှို့ဝှက်နက်နဲကမ္ဘာကို ပြန်လို့ရမယ်။ အဲ့ဒီအခါမှ ငါ့မှာ မူလအစအင်မော်တယ်ဘုရင်ကို ခုခံဖို့ အင်အားရှိမှာ။”
“အမှောင်မီးလျှံ၊ ကပ်ဘေးလေး။” ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ ပုံရိပ်နှစ်ခုပေါ်လာတယ်။ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးက ဝိညာဉ်သားရဲ ကြီးထွားတဲ့နေရာကနေ ထွက်လာပြီး သူ့ရှေ့မှာ ရပ်လိုက်ကြတယ်။
အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးက ချီမင်ကို ဦးညွှတ်လိုက်ကြတယ်။
ချီမင်က ခေါင်းညိတ်လိုက်တယ်”မင်းတို့ ကောင်းကင်အတိဒုက္ခကို ခံစားမိသေးလား။”
“ဟုတ်ကဲ့။”
အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးက ခေါင်းညိတ်တယ် “သခင် ကျွန်တော်တို့ ကောင်းကင်အတိဒုက္ခကို ခံစားမိပါတယ်။ ကျွန်တော်တို့ရဲ့စွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်တာနဲ့ ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်နိုင်ပါတယ်။”
ချီမင်က ပြောလိုက်တယ် “ဒီလိုဆိုရင် ငါတို့ ထူးဆန်းကမ္ဘာကို ရောက်လာပေမယ့် ကောင်းကင်အတိဒုက္ခရဲ့ စည်းမျဉ်းတွေက မပြောင်းလဲဘူးပေါ့။ မင်းတို့ ကောင်းကင်အတိဒုက္ခကို ခံစားမိတုန်းပဲ။”
“ဒီလိုဆိုရင်တော့... အချိန်မဆွဲတော့ဘူး။ မင်းတို့နှစ်ယောက် အတိဒုက္ခကျော်လွှားခြင်းကို စလိုက်တော့။”
“ဟုတ်ကဲ့။”
“ဟုတ်ကဲ့။”
အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးက ပြန်ဖြေလိုက်ကြတယ်။
သူတို့နှစ်ယောက်က သူတို့ကိုယ်ပေါ်က စွမ်းအားတွေကို ထုတ်လွှတ်လိုက်ကြတယ်။ အတိဒုက္ခကျော်လွှားခြင်းပထမအဆင့်ရဲ့စွမ်းအားက တဖြည်းဖြည်း ထွက်လာပြီး အဓိကသင်္ချိုင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားစေတယ်။
ခရက်! ခရက်!
ပတ်ဝန်းကျင်က နံရံတွေပေါ်မှာ အက်ကြောင်းတွေ ပေါ်လာတယ်။ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးရဲ့ စွမ်းအားကို မခံနိုင်တော့ဘဲ သင်္ချိုင်းဂူတစ်ခုလုံး ပြိုကျလာတယ်။ ဧရာမကျောက်တုံးကြီးတွေ ကြေမွပြီး ပြုတ်ကျလာတယ်။
ချီမင်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ အဓိကသင်္ချိုင်းခန်းရဲ့ ကမ္ပည်းပြားကို တွေ့လိုက်တယ်။ ထူးဆန်းကမ္ဘာက လူသားတွေသုံးတဲ့ စကားလုံးတွေက လျှို့ဝှက်နက်နဲကမ္ဘာမှာသုံးတာနဲ့ မတူပေမယ့် ချီမင် ကမ္ဘာကူးပြောင်းလာပြီးတဲ့နောက်မှာအချိန်ကာလရတနာကမ္ဘာ့တံခါးက ချီမင်ကို လက်ရှိကမ္ဘာရဲ့ အခြေခံအချက်အလက်တွေကို ရရှိစေတယ်။ အဲ့ဒီထဲမှာ ထူးဆန်းကမ္ဘာရဲ့ ဘာသာစကားစနစ်လည်း သဘာဝအတိုင်း ပါဝင်တယ်။
“ရွှေတောင်ဂိုဏ်းရဲ့ ဘိုးဘေး၊ သံမဏိတောင်။”
ချီမင်က ကမ္ပည်းပြားပေါ်က နာမည်ကို ဖတ်လိုက်တယ် “ဒါဆို ဒီသင်္ချိုင်းက ရွှေတောင်ဂိုဏ်းရဲ့ ဘိုးဘေးသင်္ချိုင်းပဲ။ သင်္ချိုင်းထဲကို တိုက်ရိုက်ကူးပြောင်းလာတာတော့ နည်းနည်း ကံမကောင်းဘူး။”
နောက်တစ်ခဏမှာ အမှောင်မီးလျှံက မြေကြီးတုန်ခါသွားလောက်တဲ့ နဂါးဟိန်းသံနဲ့ ဟိန်းဟောက်လိုက်တယ်။ လေဟာနယ်စစ်မှန်နဂါးရဲ့စစ်မှန်ခန္ဓာက ပေါ်ထွက်လာပြီး မီတာတစ်သိန်းလောက် ရှည်လျားကာ သင်္ချိုင်းဂူတစ်ခုလုံးကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်တယ်။
ပြီးတော့ မယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ လေဟာနယ်နဂါးခန္ဓာက ကောင်းကင်ကို ထိုးတက်သွားတယ်။
နဂါးအရှိန်အဝါတွေ မြင့်တက်လာတယ်။
ပတ်ဝန်းကျင်ကို ဖိနှိပ်ထားတယ်။
နှိုင်းယှဉ်လို့မရလောက်အောင် ကြောက်မက်ဖွယ်ကောင်းတဲ့ တုန်ခါမှုတစ်ခု ပေါ်လာတယ်။
ချက်ချင်းဆိုသလိုပဲ ကပ်ဘေးလေးကလည်း ဟိန်းဟောက်လိုက်တယ်။ သူ့ကိုယ်က လေနဲ့အတူ ကြီးမားလာတယ်။ အရမ်းတိုတောင်းတဲ့အချိန်အတွင်းမှာ သူက ကပ်ဘေးဒုက္ခအရှင်ရဲ့ စစ်မှန်ခန္ဓာကို ထုတ်ဖော်ပြီး အမှောင်မီးလျှံနောက်ကနေ သင်္ချိုင်းဂူထဲက ထွက်လာတယ်။
ကပ်ဘေးဒုက္ခအရှိန်အဝါတွေ လည်ပတ်နေတယ်။
ကပ်ဘေးလေး ထုတ်လွှတ်လိုက်တဲ့ စွမ်းအားကြီးတဲ့အရှိန်အဝါက အမှောင်မီးလျှံထက် နည်းနည်းလေးပဲ အားနည်းတယ်။ ဒါလည်း အရမ်းစွမ်းအားကြီးတယ်။ ချီမင်က သူ့ကိုယ်ပတ်လည်မှာ ဓမ္မစွမ်းအားတွေ လည်ပတ်ပြီး အဆက်မပြတ်ပြုတ်ကျနေတဲ့ ကျောက်တုံးတွေကို တားဆီးထားတယ်။ သင်္ချိုင်းဂူတစ်ခုလုံးက လုံးဝပျက်စီးသွားပြီ။ ချီမင်ရဲ့ပုံရိပ်က ကောင်းကင်ကို ထိုးတက်သွားပြီး သူလည်း သင်္ချိုင်းဂူထဲက ထွက်လာတယ်။
“အရမ်းကောင်းတယ်။”
ချီမင်က လေထဲမှာရပ်ပြီး သူ့တို့ရဲ့ခန္ဓာကိုယ်အစစ်ကို ထုတ်ထားတဲ့ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ကို ကြည့်လိုက်တယ်။ သူတို့ကိုယ်ပေါ်က စွမ်းအားကြီးတဲ့အရှိန်အဝါကို ခံစားမိပြီး သူ ကျေနပ်သွားတာကို ပြလိုက်တယ်။
အဲ့ဒီအချိန်မှာ ကောင်းကင်မှာ ကောင်းကင်အတိဒုက္ခက စတင်ဖြစ်ပေါ်နေပြီ။
အတိဒုက္ခတိမ်တိုက်တွေ တစ်ခုပြီးတစ်ခု စုစည်းလာတယ်။ ခရမ်းနက်ရောင် အတိဒုက္ခတိမ်တိုက်တွေက အရမ်းကြောက်စရာကောင်းတဲ့ စွမ်းအားတွေပါဝင်တယ်။ ဒါက အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ ရင်ဆိုင်ရတော့မယ့် ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခဖြစ်တယ်။
မိုးကြိုးအတိဒုက္ခတိမ်တိုက် (၁၂၉,၆၀၀) တိုင်းက ပထမအဆင့်အတိဒုက္ခတိမ်တိုက်တစ်ခုအဖြစ် သိပ်သည်းတယ်။ အခုဆိုရင် အတိဒုက္ခတိမ်တိုက် စုစုပေါင်းနှစ်လွှာထပ်နေပြီ။
အဝေးကနေကြည့်ရင် ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခတစ်ခုလုံးက ကောင်းကင်နှစ်ထပ်နဲ့တောင်တူတယ်။
ဖြစ်ပေါ်လာတဲ့ အုတ်အုတ်သောင်းနင်းဖြစ်မှုက အရမ်းကို ကြီးမားတယ်။