အသင်္ချေဖုန်းကွယ် တားမြစ်ဇုံ
Vol. 16 Ch. 232
ချီမင်က ကောင်းကင်အတိဒုက္ခရဲ့ စက်ကွင်းကနေ အ မြန်နောက်ဆုတ်ပြီး ရှောင်တိမ်းလိုက်တယ်။ကောင်းတာတစ်ခုက အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ရဲ့ အတိဒုက္ခတွေက တစ်ခုနဲ့တစ်ခု ထပ်မနေဘူး။ မဟုတ်ရင် ဒီထက်ပိုပြီး ကြောက်စရာကောင်းတဲ့ ကောင်းကင်အတိဒုက္ခကို ဖြစ်စေလိမ့်မယ်။
ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခကြောင့် ဖြစ်လာတဲ့ လှုပ်ခတ်မှုက ကြီးမားပြီး သူ့ရဲ့ လွှမ်းမိုးမှုကလည်း ပိုပြီးကျယ်ပြန့်တယ်။ ရွှေတောင်ဂိုဏ်းက လူသားအင်ပါယာကြီး သုံးခုထဲက တစ်ခုဖြစ်တဲ့ မဟာချင်အင်ပါယာရဲ့ နယ်မြေထဲမှာ တည်ရှိတယ်။
မဟာချင်အင်ပါယာတစ်ခုလုံး သတိထားမိလိုက်ကြတယ်။
“ဘယ်သူလဲ”
“အနောက်တောင်ဘက်မှာပါ”
“ဘာလို့ ဒီလို မိုးကြိုးအတိဒုက္ခမျိုး ကျရောက်နေရတာလဲ။ ဘယ်လိုအခြေအနေမျိုးကြောင့် ဖြစ်တာလဲ”
“ချက်ချင်း သွားစုံစမ်းကြစမ်း”
မဟာချင်အင်ပါယာက လူသားမျိုးနွယ်ရဲ့ အင်ပါယာကြီး သုံးခုထဲက တစ်ခုဖြစ်တယ်။သန်မာမှု ကအထွတ်အထိပ်မှာဖြစ်ပြီးနိုင်ငံရဲ့အင်အားက ကြီးမားတယ်။ အပေါ်ယံမှာဆိုရင်တောင် အင်မော်တယ်ရွှေခန္ဓာအဆင့် ရှိတဲ့ အထွတ်အထိပ်ကျွမ်းကျင်သူ သုံးယောက်က ထိပ်ဆုံးမှာ ရပ်တည်နေတယ်။
အပေါ်ယံမှာအင်မော်တယ်ရွှေခန္ဓာအဆင့် စွမ်းအားကြီးသိုင်းပညာရှင် သုံးယောက်ရှိတယ်။
မဟာချင်အင်ပါယာရဲ့ ဧကရာဇ် ယင်ထိုက်ကျန့်၊ နတ်ဆိုးဖိနှိပ်ဌာနရဲ့သခင် ခွမ်မော့လင်၊ ပြီးတော့ မဟာချင်စစ်သူကြီးချုပ် ယုဝမ်ဝူကျီ တို့အသီးသီး ဖြစ်ကြတယ်။ သူတို့က မဟာချင်အင်ပါယာရဲ့ ထောက်တိုင်ကြီးသုံးခုဖြစ်တယ်။
အခုချိန်မှာ ကောင်းကင်နဲ့မြေကြီးတစ်ခုလုံး လှုပ်ခါနေတယ်။လျှပ်စီးတွေ လင်းလက်နေကာကောင်းကင်ရဲ့ အရှိန်အဝါကကြောက်စရာကောင်းပြီး ဖော်ပြလို့တောင်မရအောင် ကြီးမားတယ်။ ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခရဲ့ စွမ်းအားက ပထမအဆင့်ထက်ကျော်တာသိသာတယ်။ ဒါက အဆင့်တစ်ခု ထပ်တိုးသွားတာမျိုးမဟုတ်ဘဲ ပေါင်းစပ်ပြီး ပိုအားကောင်းလာတာမျိုးဖြစ်တယ်။
ခရက်! ခရက်!
လျှပ်စီးတွေက ကောင်းကင်နဲ့မြေကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲပစ်တော့မယ့်အတိုင်း သောင်းကျန်းနေတယ်။
“ အမှောင်မီးလျှံ၊ ကပ်ဘေးလေး”
ချီမင်က သူ့လက်ချောင်းတွေကို သုံးပြီးအံ့ဖွယ်စွမ်းအားနဲ့ တွက်ချက်လိုက်တယ်။ သူကထူးဆန်းကမ္ဘာ ထဲမှာ ရောက်နေပေမယ့် ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က ဘယ်ကမ္ဘာမှာမဆို အသုံးဝင်တဲ့အံ့ဖွယ်စွမ်းအားဖြစ်တယ်။
“မလိုအပ်တဲ့ ပြဿနာတွေကို ရှောင်လို့ရအောင် ကောင်းကင်အတိဒုက္ခကို အမြန်ဆုံး ကျော်ဖြတ်လိုက်”
“ထူးဆန်းကမ္ဘာက ကျွမ်းကျင်သူအများကြီး ဒီဘက်ကို ရောက်လာတော့မယ်”
“ဟုတ်ကဲ့”
“ဟုတ်ကဲ့ သခင်”
အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က တစ်ပြိုင်နက်တည်း ပြန်ဖြေကြတယ်။
အမှောင်မီးလျှံက ဟိန်းဟောက်ပြီး ပါးစပ်ကို ဖွင့်ဟလိုက်တယ်။လေဟာနယ်စွမ်းအားတွေ ထွက်ပေါ်လာပြီးနေရာလွတ်တစ်ခုလုံးကို တုန်ခါသွားစေတယ်။ အဲဒီ ကြောက်စရာကောင်းတဲ့စွမ်းအားက ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခအပေါ် တိုက်ရိုက် သက်ရောက်သွားတယ်။
ခရက်! ခရက်!
လျှပ်စီးတွေ ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ အမှောင်မီးလျှံရဲ့ စွမ်းအားကို ဘာမှမလုပ်နိုင်ဘူး။ အမှောင်မီးလျှံက တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခတစ်ခုလုံးကို တိုက်ရိုက် မျိုချပစ်လိုက်တယ်။
အမှောင်မီးလျှံက လေဟာနယ်ကျမ်းကို လည်ပတ်ပြီး ကောင်းကင်အတိဒုက္ခတစ်ခုလုံးကို သူ့ရဲ့ ကိုယ်ပိုင်ဓမ္မစွမ်းအားအဖြစ် ပြောင်းလဲ သန့်စင်လိုက်တယ်။ အဲဒီမြင်ကွင်းက တော်တော်လေးကို ထိတိလန့်စရာကောင်းတယ်။
“အသင်္ချေကပ်ဘေးဒုက္ခကျမ်း”
တစ်ချိန်တည်းမှာပဲ ကပ်ဘေးလေးလည်း သူ့ရဲ့ကျင့်ကြံမှုနည်းစနစ်ကို လည်ပတ်ပြီး အသင်္ချေအတိဒုက္ခစွမ်းအားကို ထိန်းချုပ်လိုက်တယ်။ သူမက ပါးစပ်ကို ဖွင့်ပြီး ဒုတိယအဆင့် ကောင်းကင်အတိဒုက္ခတစ်ခုလုံးကို စုပ်ယူလိုက်တယ်။ ပြီးတော့ အဲဒါကို သန့်စင်ပြီး သူမရဲ့ကိုယ်ပိုင်အင်အားအဖြစ် ပြောင်းလဲလိုက်တယ်။
တခြား အတိဒုက္ခကျော်လွှားခြင်းအဆင့်ကျွမ်းကျင်သူတွေဆိုရင် ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ရတဲ့အခါ အရမ်းကို သတိကြီးကြီးထားပြီး စိတ်လှုပ်ရှားကြတယ်။ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ရဲတဲ့အထိ ပြင်ဆင်မှုတွေ၊ နည်းလမ်းတွေအမျိုးမျိုးပြုလုပ်ကြတယ်။
ဒါပေမဲ့ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ကတော့ လုံးဝကို ကွဲပြားတယ်။
သူတို့က ကောင်းကင်အတိဒုက္ခကို တိုက်ရိုက် မျိုချပစ်လိုက်တယ်။ အမှောင်မီးလျှံနဲ့ကပ်ဘေးလေးရဲ့မျက်စိထဲမှာတော့ တခြားအတိဒုက္ခကျော်လွှားခြင်းအဆင့်ကျွမ်းကျင်သူတွေ ကြားတာနဲ့မျက်နှာဖြူဖျော့သွားလောက်အောင် ကြောက်ရတဲ့ ကောင်းကင်အတိဒုက္ခဆိုတာ အရသာရှိတဲ့ အစားအစာတစ်ခုဖြစ်တယ်။
ဒါက ကွာခြားချက်ဖြစ်တယ်။
အရမ်းကို သိသာထင်ရှားတယ်။
ကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ပြီးသွားတယ်။
ကောင်းကင်နဲ့မြေကြီးရဲ့ နှစ်ခြင်း ကျရောက်လာတယ်။ မသိလိုက်ခင်မှာပဲ များပြားတဲ့ ကောင်းကင်နဲ့မြေကြီးဝိညာဥ်ချီတွေ၊ ကောင်းကင်နဲ့မြေကြီးတာအိုစာလုံးတွေနဲ့ နက်နဲတဲ့ စွမ်းအားမျိုးစုံက အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့အပေါ်ကို ကျရောက်လာပြီး ဖုံးလွှမ်းသွားတယ်။
သူတို့က အဲဒီစွမ်းအားတွေကို စုပ်ယူပြီးပြောင်းလဲကာ သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်လိုက်တယ်။
အဲဒီအချိန်မှာပဲ အဝေးဆီကနေ ပုံရိပ်တွေက တစ်ခုပြီးတစ်ခု လေကိုထိုးခွင်းပြီး ပျံသန်းလာကြကာ သူတို့ရဲ့အမြန်နှုန်းက အကန့်အသတ်ထိ ရောက်နေကြပြီ။ ကောင်းကင်အတိဒုက္ခကြောင့်သတိထားမိလိုက်တာဖြစ်တယ်။ ထူးဆန်းကမ္ဘာမှာတော့ သူတို့ထဲကတစ်ယောက်ချင်းစီက ကျွမ်းကျင်သူတွေချည်းဖြစ်တယ်။
တကယ်တော့...
မဟာချင်အင်ပါယာရဲ့ကာကွယ်သူတမန် တော်တော်များများလည်း ပါလာတယ်။
မဟာချင်ကာကွယ်သူတွေရဲ့ အင်အားက ကြောက်မက်ဖွယ်ကောင်းပြီး သူတို့နောက်မှာ မဟာချင်နတ်ဆိုးဖိနှိပ်ဌာန ရှိတယ်။ အင်မော်တယ်ရွှေခန္ဓာအဆင့် သိုင်းပညာရှင်တွေရဲ့ အကာအကွယ်ကို ရထားပြီး သူတို့တစ်ယောက်ချင်းစီက အနည်းဆုံးတော့ သိုင်းပညာတာအိုသခင်အဆင့် ရှိကြတယ်။
သိုင်းပညာတာအိုသခင်ဆိုတာ အင်မော်တယ်ရွှေခန္ဓာအဆင့်ရဲ့ အောက်တစ်ဆင့်ဖြစ်တယ်။
သိုင်းပညာတာအိုသခင်တစ်ယောက်ဖြစ်ဖို့ ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ အနှစ်သာရဆိုတဲ့ အတိဒုက္ခသုံးမျိုးကို ကျော်ဖြတ်ရတယ်။ကပ်ဘေးဒုက္ခတစ်ခုစီမှာ အတိဒုက္ခအသေးစားသုံးခုစီ ထပ်ခွဲခြားထားသေးတယ်။အတိဒုက္ခကိုးခုလုံးကို ကျော်ဖြတ်ပြီးမှ လုံးဝပြောင်းလဲပြီး အင်မော်တယ်ရွှေခန္ဓာကို ရရှိနိုင်တယ်။
သူတို့က လျှို့ဝှက်နက်နဲကမ္ဘာက အတိဒုက္ခကျော်လွှားခြင်းအဆင့်နဲ့ အကြမ်းဖျင်း တူညီတယ်။
အခုချိန်မှာ အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့က စွမ်းအင်အားလုံးကို စုပ်ယူပြီး ဒုတိယအကြိမ်ကောင်းကင်နဲ့မြေကြီးနှစ်ခြင်းက ပြီးသွားတယ်။ သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မချိုးဖြတ်သေးပေမယ့် သိပ်မကြာတော့ဘူး။
“အချိန်ကျတော့မယ်”
ချီမင်က သူ့အနားက အခြေအနေကို သဘာဝအတိုင်းသတိထားမိတယ်။ အဝေးကနေ ကျွမ်းကျင်သူတွေ ပြေးလွှား ရောက်လာတာကို ခံစားမိလိုက်တယ်။အတွေးတစ်ချက်နဲ့ပဲ သူက ပြောလိုက်တယ်”ပြန်ဝင်တော့”
အမှောင်မီးလျှံနဲ့ ကပ်ဘေးလေးတို့ကိုဝိညာဉ်သားရဲ ကြီးထွားတဲ့နေရာထဲကို ပြန်ထည့်လိုက်တယ်။
“သွားမယ်!”
ချီမင်က ခြေတစ်လှမ်း လှမ်းပြီး ခြေရာမဲ့ပျံသန်းခြင်းဆိုတဲ့ အံ့ဖွယ်စွမ်းအားကို သုံးလိုက်တယ်။ မျက်စိတမှိတ်အတွင်းမှာပဲ သူ့ရဲ့ပုံရိပ်က အဲဒီနေရာကနေ ပျောက်ကွယ်သွားပြီးထွက်သွားလိုက်တယ်။
သိပ်မကြာခင်မှာပဲ ကျွမ်းကျင်သူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပေမယ့် ချီမင်က ထွက်သွားပြီ။ သူတို့ ဘာမှရှာမတွေ့နိုင်ဘဲ ကျန်ခဲ့တဲ့ အငွေ့အသက်နဲ့ သဲလွန်စတချို့ကိုပဲ တွေ့တော့တယ်။
“ဒါ ရွှေတောင်ဂိုဏ်းရဲ့ ဘိုးဘေး သံမဏ်ိတောင်ရဲ့ ဂူသင်္ချိုင်းပဲ”
“တခြားတစ်ဖက်က ထွက်သွားတာ ကြာပြီ”
“ဒီနေရာမှာ ကျန်ခဲ့တဲ့ အငွေ့အသက်အရ ပြောရရင် တစ်ဖက်သူက လူသားမဟုတ်ဘူးဆိုတာကိုငါတို့အတည်ပြုနိုင်တယ်။ ဒါပေမဲ့ နတ်ဆိုးလည်း မဟုတ်သလို ထူးဆန်းလည်း မဟုတ်ပြန်ဘူး”
“စွမ်းအင်ပြင်းအားအရ ကြည့်ရင် လာတဲ့သူက အနည်းဆုံးတော့ သိုင်းပညာတာအိုသခင်အဆင့် ရှိတယ်။ ပြီးတော့ အတိဒုက္ခအသေးစား နှစ်ခု ဒါမှမဟုတ် ကပ်ဘေးဒုက္ခအကြီးစားတစ်ခုလောက်ကိုတောင် ကျော်ဖြတ်ပြီးသား ဖြစ်လောက်တယ်”
“အရမ်းသန်မာတယ်! အရမ်းသန်မာတယ်!”
“ဆက်ပြီး လူလွှတ်ပြီး စောင့်ကြည့်ထား။ တစ်ခုခုထူးရင် ချက်ချင်းသတင်းပို့!”
“ဟုတ်ကဲ့ပါ”
“ဟုတ်ကဲ့”
တစ်နာရီလောက်ကြာတော့ မဟာချင်ကာကွယ်သူတွေ ထွက်သွားကြပြီး တခြားအဖွဲ့အစည်းတွေက ကျွမ်းကျင်သူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတယ်။ ဒီတစ်ခေါက် ကောင်းကင်အတိဒုက္ခ ပေါ်လာတာက ထူးဆန်းပေမယ့် သိပ်အရေးပါတဲ့ ကိစ္စကြီးတော့ မဟုတ်ဘူး။
ထူးဆန်းတွေက ဖရိုဖရဲဖြစ်အောင် လုပ်နေပြီး နတ်ဆိုးတွေကလည်း အထိန်းအကွပ်မဲ့ သောင်းကျန်းနေတယ်။
ကမ္ဘာကြီးတစ်ခုလုံးမှာ ထူးဆန်းတဲ့အရာတွေ နေရာအနှံ့ ဖြစ်ပျက်နေတာကြောင့် ဒီကောင်းကင်အတိဒုက္ခရဲ့စွမ်းအင်ပြင်းအားက သိုင်းပညာပညာတာအိုသခင်အဆင့်ထိ ရောက်နေလို့သာ သတိထားမိသွားကြတာဖြစ်တယ်။
“သူတို့ ရောက်လာတာ တော်တော်မြန်တာပဲ”
ချီမင်က ထွက်သွားပြီးပေမယ့် နောက်ပြန်လှည့်ပြီး အကြားအမြင်အာရုံအံ့ဖွယ်စွမ်းအားနဲ့ အခြေအနေကို လေ့လာလိုက်တယ်။ ပြီးတော့ ချီမင်က အံ့ဖွယ်စွမ်းအားကိုသုံးပြီး နေရာတစ်ခုကို တွက်ချက်လိုက်တယ်။ သူ့မျက်လုံးတွေက အရောင်လက်သွားတယ် “ဒါဆို အဲ့ဒီကို သွားကြတာပေါ့”
ချီမင်က ခြေရာမဲ့ပျံသန်းခြင်းကိုသုံးပြီး ပျံသန်းရင်း သူ့ကိုယ်သူ ဖုံးကွယ်ထားတယ်။ ဘယ်သူမှ သူ့ကိုမသိနိုင်သလို၊ ခြေရာခံလို့မရသလို၊ သတိမထားမိနိုင်ဘူး။ သူက ကမ္ဘာကြီးထဲမှာ ရှိနေပေမယ့် ကမ္ဘာကြီးထဲမှာ သူ့ကို ခြေရာခံလို့မရဘူး။
သူက ဟင်းလင်းပြင်ခုန်ကူးခြင်းတွေကိုတောင် လုပ်ဆောင်နိုင်တယ်။ ဒါက နေရာလွတ်အံ့ဖွယ်စွမ်းအားရဲ့ သုံးပုံဖြစ်တယ်။
လူသားတွေရဲ့ မဟာချင်အင်ပါယာနဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ ကောင်းကင်ကိုးလွှာ နတ်ဆိုးအင်ပါယာတို့ရဲ့ နယ်စပ်မှာ...
တားမြစ်နယ်မြေတစ်ခု ရှိတယ်။
အဲ့ဒီနေရာကို အသင်္ချေဖုံးကွယ် တားမြစ်နယ်ဇုံ လို့ခေါ်တယ်။
ဒီတားမြစ်ဇုံထဲမှာ ထူးဆန်းတွေ ပေါ်ပေါက်တတ်တယ်။ ဒါကထူးဆန်းတွေရဲ့ကောင်းကင်ဘုံဖြစ်တယ်။သူတို့ထဲက အသန်မာဆုံး တွေဆိုရင် ကပ်ဘေးဒုက္ခအဆင့်အထိတောင် ရောက်နေပြီ။သဘာဝကျကျပြောရရင် ကပ်ဘေးဒုက္ခအဆင့် ထူးဆန်းတွေရဲ့ စွမ်းအားက ထူးဆန်းကမ္ဘာရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်တယ်။ သူတို့ကို နှိမ်နင်းဖို့ အင်မော်တယ်ရွှေခန္ဓာအဆင့် သိုင်းပညာရှင်တစ်ယောက် လိုအပ်တယ်။
အရေးကြီးဆုံးကတော့... အသင်္ချေဖုံးကွယ်တားမြစ်ဇုံထဲမှာ သဘာဝအစီအရင်တစ်ခု ရှိတယ်။ ဒီသဘာဝအစီအရင်ကြောင့် တားမြစ်ဇုံထဲက နေရာလွတ်ကဖရိုဖရဲ ဖြစ်နေတတ်တယ်။
တားမြစ်ဇုံထဲ ဝင်သွားပြီးရင် နေရာလွတ်က ဖရိုဖရဲဖြစ်နေတာကြောင့် ခြေတစ်လှမ်းလှမ်းလိုက်ရုံနဲ့ တားမြစ်ဇုံရဲ့ အနက်ရှိုင်းဆုံးနေရာကို တန်းရောက်သွားနိုင်တယ်။ သူတို့က တခြားနေရာက ကြောက်စရာကောင်းတဲ့ ထူးဆန်းတစ်ကောင်ရှေ့ကို ရုတ်တရက် ရောက်သွားနိုင်တယ်။
အခုတော့ ချီမင်က အဲ့ဒီ အသင်္ချေဖုံးကွယ်တားမြစ်ဇုံထဲကို ဝင်ဖို့စီစဥ်နေတယ်။
အကြောင်းပြချက်က ရိုးရှင်းပါတယ်။
ထူးဆန်းတွေက အားကောင်းပေမယ့် ချီမင်မှာ သန့်စင်ရွှေခန္ဓာရှိနေတော့ နည်းစနစ်အားလုံးကို ခုခံနိုင်တယ်။ ထူးဆန်းတွေက ချီမင်ကို ဘာမှမလုပ်နိုင်သလို အသင်္ချေဖုံးကွယ် တားမြစ်ဇုံရဲ့ အန္တရာယ်ကိုလည်း ဂရုစိုက်စရာမလိုဘူး။ သူ့ရဲ့ အစီအရင်စွမ်းအားနဲ့ ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်းကို သုံးပြီး အသင်္ချေဖုံးကွယ်တားမြစ်ဇုံရဲ့ သဘာဝအစီအရင်ကို အသုံးချကာ လုံခြုံတဲ့ သီးခြားနေရာတစ်ခု ဖန်တီးနိုင်တယ်။
ဒါက ချီမင်အတွက် တံခါးပိတ်ကျင့်ကြံဖို့ အသင့်တော်ဆုံးဖြစ်တယ်။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်က အသင်္ချေဖုံးကွယ်မြို့ကို ရောက်လာတယ်။ ဒါက မဟာချင်အင်ပါယာရဲ့ နယ်စပ်မြို့ ဖြစ်တယ်။ နယ်စပ်ဖြစ်တဲ့အတွက်ကြောင့် စစ်သည်တော်အများအပြားက စောင့်ကြပ်နေပြီး သိုင်းပညာတာအိုသခင်အဆင့် ရှိတဲ့ ကျွမ်းကျင်သူတချို့တောင် ရှိတယ်။
ချီမင်က အသင်္ချေဖုံးကွယ်မြို့ထဲကို မသွားဘဲ တား မြစ်ဇုံထဲကို တန်းသွားပြီး ပုံရိပ်ယောင်အံ့ဖွယ်စွမ်းအားကိုသုံးပြီး ဝင်ရောက်လိုက်တယ်။
ပြီးတော့ သူက တားမြစ်ဇုံရဲ့ သဘာဝအစီအရင်ကို တွက်ချက်ပြီး ဖြည်းဖြည်းချင်း ရှေ့ဆက်သွားတယ်။ သဘာဝအစီအရင်ရဲ့ အန္တရာယ်ကို ရှောင်ရှားပြီး ခြေချစရာနေရာတစ်ခုကို ရှာတွေ့သွားတယ်။
“ဒီနေရာပဲ”
ချီမင်က သူ့ရှေ့ကတောင်ကို ကြည့်လိုက်တယ်။အဲ့ တောင်ကမီတာ(၅၀၀)မြင့်တယ်။ အဲဒီနေရာက တားမြစ်ဇုံရဲ့ စိတ်ဝိညာဉ်သွေးကြောတွေ ဆုံတဲ့နေရာမှာ ရှိနေတာကြောင့် ဝိညာဉ်ချီတွေက အရမ်းကို ပေါကြွယ်ဝနေတယ်။
ချက်ချင်းပဲ ချီမင်က သူ့ရဲ့ပစ္စည်းစာရင်းကို ဖွင့်ပြီး ဓမ္မရတနာတစ်ခုကို ထုတ်ယူလိုက်တယ်။ အဲဒါက သူ့လက်ဖဝါးပေါ်မှာ ပေါ်လာပြီး ခမ်းနားတဲ့ အင်မော်တယ်စံအိမ်တစ်ခု ဖြစ်လာတယ်။
ပစ္စည်း: ချင်းပင် အင်မော်တယ်စံအိမ်
မိတ်ဆက်: ဧရာမသားရဲကျွန်းကလာတဲ့ ဓမ္မရတနာတစ်ခုဖြစ်တယ်။တံခါးပိတ်ကျင့်ကြံဖို့ သင့်တော်တဲ့ အင်မော်တယ်စံအိမ်တစ်ခုကို ဖန်တီးပေးနိုင်တယ်။ အရပ်မျက်နှာတိုင်းက ဝိညာဉ်ချီတွေကို စုစည်းပေးပြီး ကျင့်ကြံဖို့သုခဘုံအဖြစ် ပြောင်းလဲပေးတယ်။
“သွား!”
ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ လက်ဝါးပေါ်က ချင်းပင် အင်မော်တယ်စံအိမ်က လေကိုဖြတ်ပြီး အစိမ်းရောင်အလင်းတန်းတစ်ခုအဖြစ် တောင်ထိပ်ပေါ်ကို ကျရောက်သွားတယ်။
ချင်းပင်းအင်မော်တယ်စံအိမ်က လေနဲ့အတူကြီးမားလာပြီး ကြီးမားတဲ့အင်မော်တယ်စံအိမ်အဖြစ် ပြောင်းလဲသွားတယ်။ ပတ်ဝန်းကျင်က ဝိညာဉ်ချီတွေအားလုံးကို စုစည်းလိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲဒီနေရာက ကျင့်ကြံရေးသုခဘုံတစ်ခု ဖြစ်သွားတယ်။
“မဆိုးဘူးပဲ”
ချီမင်က တော်တော်လေး ကျေနပ်သွားတယ်။ သူ့ပုံရိပ်က ကောင်းကင်ပေါ် ပျံတက်သွားပြီး ချင်းပင် အင်မော်တယ်စံအိမ်ရှေ့ကို တန်းရောက်သွားတယ်။ တံခါးက အလိုအလျောက်ပွင့်သွားပြီး အထဲကဝိညာဥ်ချီတွေကလည်း အရမ်းပေါများလာတယ်။
အဲဒီနောက် သုံးရက်အတွင်းမှာ ချီမင်က သူ့ပစ္စည်းစာရင်းထဲက ပစ္စည်းတွေကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီးသန့်စင်လိုက်တယ်။သူစုစုပေါင်း အစီအရင်တိုကင်(၁၀၈)ခုကို သန့်စင်လိုက်တယ်။
ပြီးတော့ အစီအရင်ရဲ့ အမြူတေတစ်ခုကိုသန့်စင်လိုက်တယ်။
“ကောင်းကင်နဲ့မြေကြီး ဖုံးကွယ်အစီအရင်”
ချီမင်က အခြေခံအားဖြင့် အဆင်သင့်ဖြစ်နေပြီ။ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ အစီအရင်အမြူတေနဲ့ အစီအရင်တိုကင် (၁၀၈) ခုလုံးကတစ်ချိန်တည်းမှာ လေကိုဖြတ်ပြီး အနားက နေရာလွတ်ထဲကို ဝင်သွားကြတယ်။
အစီအရင်က စတင်အသက်ဝင်လာတယ်။
အဲ့ဒီ့အပြင် အသင်္ချေဖုံးကွယ်တားမြစ်ဇုံရဲ့ သဘာဝအစီအရင်နဲ့ပါ ပေါင်းစပ်သွားတယ်။
ချီမင်ရှိနေတဲ့ ချင်းပင် အင်မော်တယ်စံအိမ်၊ တောင်ထွတ်တစ်ခုလုံး၊အနားကမြင်ကွင်းနဲ့သိပ်သည်းတဲ့ဝိညာဉ်ချီလှိုင်းတွေအားလုံးကို လုံးဝဖုံးပစ်လိုက်တယ်။
“ပြီးသွားပြီ” ချီမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်တယ်။
နောက်ပိုင်းအချိန်တွေမှာ သူက ချင်းပင်အင်မော်တယ်စံအိမ်ထဲမှာပဲ အခြေခံအားဖြင့် နေထိုင်တယ်။ သူက ဖရိုဖရဲမဟာတာအိုကျမ်းနဲ့ တခြားအံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တွေကို နေ့တိုင်း ကျင့်ကြံပြီး လုံးဝ မပေါ့ဆရဲဘူး။
တကယ်လို့ မူလအအင်မော်တယ်ဘုရင် က သူ့ရဲ့အစီအစဉ်ကို အရင်ပြီးမြောက်သွားပြီးတော့ သူ့ရဲ့ကျင့်ကြံမှုအားလုံးကို ပြန်ရသွားရင် အတိတ်ကလို အထွတ်အထိပ်ပြန််ရောက်သွားရင် သူက အချိန်ကာလရတနာကမ္ဘာ့တံခါးရဲ့ ကိုယ်ထည်အစစ်ကို သုံးပြီး ချီမင်ရဲ့ တည်နေရာအတိအကျကို သေချာပေါက် တွက်ချက်နိုင်လိမ့်မယ်။
အဲဒီအချိန်ကျရင် သူက ချီမင်ကို ဖမ်းဖို့ ကမ္ဘာတွေကို ကျော်ဖြတ်ပြီး ရောက်လာမှာ သေချာတယ်။